Wise Care 365 Pro 2.74.216 Final

Wise Care 365 Pro 2.74.216 Final ဗါးရှင်းလေးကတော့ System Tool လေးတခု ဖြစ်ပြီးတော့ အသုံးပြုလို့ ရတဲ့ Features တွေ တော်တော်လေး များပါတယ်..။ ဒီကောင်လေးရဲ့ လုပ်ဆောင်ပုံတွေက Advanced System Care တို့လို၊ CCleaner တို့လို ပါပဲ..။ ဒီကောင်လေးမှာက အသုံးပြုလို့ရတဲ့ Features တွေ ပိုစုံတာ တွေ့ရပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အနည်းငယ်ကို ပုံလေးတွေနဲ့ ပြပေးထားပြီး အားလုံး အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ တဆင့်စီ လေ့လာပေးရမှာပါ..။ ဒီဗါးရှင်းလေးကို ဖူးသုံးလို့ ရအောင် patch နဲ့ keygen နှစ်မျိုးနဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်..။ patch ကို အရင် ထည့်ပြီးမှ keygen ကို အသုံးပြုပေးရမှာပါ..။ ဒါတွေ လုပ်ပေးပြီးရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ 
ကွန်ပျူတာနဲ့ Browser တွေ လေးနေ ၊ နှေးနေတယ်ဆိုရင်တော့ ဒီလို System Tool လေးတွေကို အသုံးပြုပေးလိုက်ရင် မိမိတို့ရဲ့ ဝင်းဒိုးဟာ ပြန်လည် မြန်ဆန်လာမှာ ဖြစ်ပါတယ်..။ အသုံးမပြုခင် အရင်ဆုံး Restore Points လေးတွေ ဖန်တီးထားသင့်ပါတယ်..။ Recover ဖြစ်အောင်လို့ပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8 MB ရှိပါတယ်..။ 


Install ထည့်ပြီးတဲ့ အချိန်မှာ အမှန်ခြစ်လေး ဖြုတ်ပြီးမှ Finish ပေးပါ..။ patch ထည့်နည်းကတော့ အရင်ပိုစ့်တွေမှာလည်း အများကြီး လုပ်ပြပေးခဲ့ပြီမို့ ဒီမှာတော့ လိုအပ်တဲ့ ပုံအနည်းငယ်ပဲ ပြပေးထားပါတယ်..။ မသိသေးတဲ့ သူများရှိခဲ့ရင် IDM ကို patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းပိုစ့် ညာဘက်အပေါ်ဆုံးမှာ ရှိပါတယ်..။ လုပ်နည်းအတူတူပဲမို့ အဲ့ဒီပိုစ့်ကို ကြည့်ပြီး ဒီကောင်လေးကို patch ဖမ်းပေးလိုက်ရင် အဆင်ပြေပါပြီ..။


အောက်ကတော့ patch ဖမ်းလို့ အဆင်ပြေသွားတဲ့ ပုံလေးတွေပါ..။




ဒီကောင်လေးကို ဖွင့်သုံးတဲ့ အခါမှာတော့ 1-2-3-4-5 အဆင့်တွေကို Next နှိပ်ပြီး ကျော်သွားလိုက်ပါ..။



အပေါ်ပုံအတိုင်း Finish ပေးပြီးရင်တော့ အောက်ကပုံအတိုင်း Register နေရာကနေ ကီးတွေ ထည့်ပေးလိုက်ရင် Free ဗါးရှင်းကနေ.. Pro ဗါးရှင်း ဖြစ်သွားပါပြီ..။ 



ကီးတွေကို keygen ကနေ ယူလို့ ရသလို ကျနော် Notepad နဲ့ ထည့်ပေးလိုက်တဲ့ ကီးတွေကိုလည်း အသုံးပြုလို့ ရပါတယ်..။ အဆင်ပြေရာနဲ့သာ လုပ်ပေးလိုက်ပါ..။
ဖူးဖြစ်သွားရင်တော့ အောက်ကပုံအတိုင်း အစိမ်းရောင်နေရာကို ကလစ်ပြီး အသုံးပြုလို့ ရသွားပါပြီ..။



အောက်ကပုံတွေ အတိုင်း ပေါ်လာရင်တော့ ကျနော် clean နဲ့ optimize စာသားတွေကို ရှာပြီး အရင် နှိပ်ပေးလိုက်ပါတယ်..။ နောက်ဆုံးမှ Fix Now နဲ့ ရှင်းပေးလိုက်ပါတယ်..။





အပေါ်ကပုံတွေ အတိုင်း ရှင်းပြီးရင်တော့ အောက်ကပုံတွေအတိုင်း Fix Now ကို နှိပ်ပြီး ဆက်ရှင်းပေးလိုက်ပါ..။





အပေါ်ကပုံအတိုင်း အမှန်ခြစ် အစိမ်းရောင် ပေါ်လာရင်တော့ ပထမအဆင့်တော့ ပြီးသွားပါပြီ..။ နောက်အဆင့်တွေကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ အောက်မှာပြထားတဲ့ နေရာတွေကနေ ဝင်ပြီး ဆက်လုပ်ပေးလိုက်ပါ..။ အားလုံး အသုံးပြုပြီးသွားရင်တော့ မိမိတို့ရဲ့ စက်ကို Restart ချပေးလိုက်ရင် အရင်ကထက် ပိုပြီး မြန်ဆန်လာတာ တွေ့ရပါလိမ့်မယ်..။





အောက်ဆုံးပုံအတိုင်း တခြား အသုံးပြုလို့ ရတဲ့ Features တွေကို မိမိတို့ ကိုယ်တိုင်ပဲ လေ့လာကြည့်ပေးပါ..။ အသုံးပြုရတာလည်း လွယ်တဲ့အတွက် အဆင်ပြေသွားပါလိမ့်မယ်..။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...