K-Lite Mega Codec Pack BETA 3 9.9.9 Final Free


Windows Media Player နဲ့ ဖေါ်မတ်အားလုံးနီးပါး ဖွင့်လို့ရအောင် လုပ်နည်း ပိုစ့်မှာ ဒီဆော့ဝဲလ်ကို Install ထည့်တတ်အောင် အစ၊အဆုံး ပြပေးခဲ့ပါတယ်..။ ဒီကောင်လေးက ဝင်းဒိုးထဲမှာပါတဲ့ Windows Media Player အပြင်တခြား Player တွေကိုပါ Support လုပ်တဲ့အတွက်.. ဒီကောင်လေးကို Install ထည့်ပေးပြီးသွားရင် သီချင်း ၊ Video ဖေါ်မတ်အားလုံးနီးပါးကို မိမိတို့ စက်ထဲမှာ ရှိတဲ့ Player တွေနဲ့ အလွယ်တကူ ဖွင့်သုံးလို့ ရမှာ ဖြစ်ပါတယ်..။ ဒီကောင်လေးထဲမှာပါတဲ့ Media Player Classic နဲ့လည်း ဖွင့်သုံးလို့ ရသွားပါလိမ့်မယ်..။ အများကြီး လုပ်ပေးဖို့ မလိုပါဘူး.. ဒီဆော့ဝဲလ်ကို Install ထည့်တဲ့အချိန်မှာ အောက်ကပုံလေးတွေနဲ့ ပြပေးထားတဲ့အတိုင်း အမှန်ခြစ်လေးတွေ ပေးပြီး Install ထည့်ပေးလိုက်ရင် အဆင်ပြေပါတယ်..။ အရင်ပိုစ့်မှာ အစအဆုံး လုပ်ပြပေးခဲ့ပြီမို့ ဒီပိုစ့်မှာတော့ စာတွေ အများကြီး မရေးတော့ပဲ ပုံလေးတွေပဲ ပြပေးလိုက်ပါတယ်..။ ပုံလေးတွေ ကြည့်ပြီး လိုက်လုပ်ပေးလိုက်ယုံပါပဲ..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 29 MB ရှိပါတယ်..။





အောက်ကပုံနေရာမှာ မိမိတို့ စက်ထဲရှိသလောက် Player နာမည်တွေပဲ ပေါ်နေမှာ ဖြစ်ပြီး၊ ပေါ်သလောက်ကို အမှန်ခြစ်တွေ ပေးသွားလိုက်ပါ..။





အပေါ်ကပုံတွေအတိုင်း Select all နေရာတွေကို နှိပ်ပြီး အမှန်ခြစ်တွေ ပေးသွားလိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံတွေအတိုင်း ဆက်လုပ်ပေးလိုက်ယုံပါပဲ..။ ဒါဆိုရင် အဆင်ပြေသွားပါပြီ..။





No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...