Nero Burning ROM 2014 15.0.02800 Final

ကျနော် အခွေ Burn တဲ့ Nero ဆော့ဝဲလ်လေးတွေကို မတင်ပေးဖြစ်တာ ကြာသွားပါပြီ..။ အရင်တင်ပေးခဲ့ဖူးတဲ့ Nero 12 ဆော့ဝဲလ်လည်း ဒေါင်းယူလို့ မရတော့တဲ့အတွက်.. ဒီ Nero 15 Update အသစ်လေးကို ထပ်တင်ပေးလိုက်ပါတယ်..။ ဖူးသုံးလို့ ရအောင် crack ဖိုင် ၃-ခုနဲ့ လုပ်နည်းက အရင်ပိုစ့်ဖြစ်တဲ့ Nero 12 လုပ်နည်းနဲ့ အတူတူပဲမို့ ဒီပိုစ့်မှာတော့ ပုံလေးတွေနဲ့ မပြပေးတော့ပဲ အရင်ဖူးဖြစ်အောင် လုပ်နည်းပိုစ့်မှာပဲ ပြန်ကြည့်ပေးပါ..။ Nero Burning ROM ဖူးဖြစ်အောင် လုပ်နည်းပိုစ့်ကို ကလစ်ပြီး ဝင်ကြည့်နိုင်ပါတယ်..။ အောက်ကလင့်မှာ crack ဖိုင်လေးတွေကို သီးသန့်ခွဲတင်ပေးထားပြီး ဖူးဖြစ်အောင် လုပ်နည်းကို Notepad နဲ့ အတိုချုပ်ရေးထည့်ပေးထားပါတယ်..။ ပုံနဲ့ ကြည့်လိုရင်တော့ အရင်ပိုစ့်မှာ ကြည့်နိုင်ပါတယ်..။ ဆော့ဝဲလ်ကို မူရင်းလင့်နဲ့ တိုက်ရိုက်ဒေါင်းယူလို့ ရအောင် လင့်တွေ ခွဲပြီး ပြန်ချိတ်ပေးထားလို့ အသုံးပြုလိုတဲ့ သူများကတော့ ဆော့ဝဲလ်နဲ့ crack ဖိုင် ၂-ခုစလုံးကို ဒေါင်းယူရမှာ ဖြစ်ပါတယ်..။
ကျန်ခဲ့တဲ့ တစ်ပါတ်က ပြန်တင်ပေးလိုက်တဲ့ Nero 8 ဖြင့် CD/DVD ထုတ်လုပ်နည်း စာအုပ်ကိုလည်း ဒီ Nero Burning ROM 15 နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး အဲ့ဒီစာအုပ်လေးကို မယူရသေးတဲ့သူများကတော့ ကလစ်ပြီး သွားပြန်ယူနိုင်ပါတယ်..။ ဒီနာမည်ကြီး အခွေကူးတဲ့ Nero Burning ROM ဆော့ဝဲလ်ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့  78 MB ရှိပါတယ်..။



Notepad နဲ့ ထည့်ပေးထားတဲ့ ဖူးဖြစ်အောင် လုပ်နည်းကို အောက်ကပုံလေးအတိုင်း တွေ့ရမှာပါ..။


2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. မိမိတို့ရဲ့ Computer ကိုကြိုတင်ကာကွယ်ရန် Windows တစ်ခုလုံးကို DVD ချပ်တွေနဲ့ သိမ်းထားရမယ့် Windows Image Backup File ပြုလုပ်နည်း အဲ့ဒီပို့ စ်ကနေ restore ပြန်လုပ်နည်းကိုတင်ပေးပါတော့ ကိုလွင်မင်းဗိုလ်ခင်ဗျ

    ReplyDelete

Related Posts Plugin for WordPress, Blogger...