Nero Burning Rom 12.0.00900


 ဒီကောင်လေးကတော့ ဒီလထဲမှာမှ Update ထပ်ထွက်လာတဲ့ Nero Burning Rom 12.0.00900 ဗါးရှင်းအသစ်လေးပါ..။ အရင်တင်ပေးထားတဲ့ 12.0.00800 ဗါးရှင်းက ဒေါင်းမရတော့ဘူးဆိုလို့ ဒီဗါးရှင်းလေးကို ထပ်တင်ပေးလိုက်ပါတယ်..။ ဒီဗါးရှင်းလေးကို ဖူးဖြစ်အောင် crack ဖိုင်၂ခုနဲ့ Key ထည့်နည်းတွေကတော့ အရင် ဗါးရှင်းအဟောင်း Nero Burning Rom 12.0.00800 နဲ့ အတူတူပါပဲ..။ ဒီဗါးရှင်းလေးကို ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့ သူများကတော့ အရင်လုပ်ပြပေးထားတဲ့ ဗါးရှင်းအဟောင်းပိုစ့်မှာ ပြန်ကြည့်ပေးပါ..။ အရင်ပိုစ့်အဟောင်းမှာ မှာထား၊ ရေးပေးထားတဲ့ အတိုင်းပဲ Key တွေ၊ crack တွေနဲ့ ဖူးဖြစ်အောင် လုပ်နေတဲ့အချိန်မှာ အင်တာနက်ကို ပိတ်ပေးထားပါ..။ နောက်တခုက အသုံးပြုပုံ CD/DVD Burn နည်းကို သူ့ရဲ့မူရင်းဆိုဒ်မှာ Video လေးတွေနဲ့ ပြပေးထားတာရှိပါတယ်..။ အရင်တုန်းက Cbox မှာ ခဏ၊ခဏမေးခဲ့ဖူးတဲ့ CD/DVD ခွေကို Password နဲ့ Lock ချပြီး အခွေကူးနည်းကိုပါ အဲ့ဒီ Video ဖိုင်လေးတွေထဲမှာ လေ့လာသင်ယူလို့ ရပါသေးတယ်..။ ဒီ Nero Burning ROM 12 နဲ့ပဲ လုပ်ပြထားတာပါ..။ လေ့ကျင့်ခန်း Video လေးတွေ ကြည့်ချင်ရင်တော့ အောက်ကလင့်ကနေ သူ့ရဲ့မူရင်းဆိုဒ်မှာ လေ့ကျင့်ခန်း ဗွီဒီယိုများ ကြည့်ရန် နေရာကို ကလစ်ပြီး ဝင်ကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်က  97 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းပြီး တင်ပေးထားပါတယ်..။

Foxit Reader 5.4.5.01242 Final

saw minlwin     27 February 2013 02:15 
ဒီတစ်ခုအဆင်ပြေပါပြီအစ်ကို... တစ်ခုက reader မဖတ်တာပါ။ ဖိုင်ဖွင့်လိုက်ရင် Raise Without Handler ဆိုပီးကျလာပါတယ်.. ok ပေးလိုက်ရင် Adobe reader has stop working. နဲ့ အဆုံးသတ်သွားပါတယ်။ အစ်ကို့ရဲ့ Foxit Reader လေးလည်းဒေါင်းလို့မရ ဖြစ်နေလို့ပါ..။
ဒီကောင်လေးကတော့ PDF ဖိုင်တွေ ဖတ်ဖို့အတွက် Foxit Reader နောက်ဆုံးထွက်လေးပါ..။ ဒီအပေါ်က အစ်ကိုရေးထားတဲ့ ပိုစ့်တခုက Comment လေးပါ..။ ရေးထားတဲ့ စာတွေများတဲ့အတွက် တချို့တဝက်ကိုပဲ  ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီလိုမျိုး Adobe Reader Error တက်တဲ့ စက်တွေမှာ PDF ဖိုင်တွေကို ဖတ်လို့မရနိုင်ပါဘူး..။ Adobe Reader တွေကလည်း မကြာကြာ Error တက်တတ်တဲ့အတွက် ကျနော်လည်း အခုနောက်ပိုင်း ဒီ Foxit Reader လေးပဲ အသုံးများပါတယ်..။ ဖရီးဆော့ဝဲလ်လေးပါ..။ ၂ချက်တောက်ပြီး Install ထည့်ပြီးတာနဲ့ PDF ဖိုင်တွေကို ဖတ်လို့ ရသွားပါပြီ..။ Windows 8 အထိ Support လုပ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 13.5 MB ရှိပါတယ်..။ 

CCleaner Standard 3.28.1913 Final

CCleaner Standard ဗါးရှင်းလေးကတော့ ဖရီးပေးသုံးတဲ့ ဖရီးဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ ကွန်ပျူတာနဲ့ Browser တွေကို မြန်အောင် ၊ အမှိုက်တွေရှင်းလင်းပေးနိုင်တဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ အရင်တုန်းကလည်း ဒီလို CCleaner လေးတွေကို ဗါးရှင်းမျိုးစုံ တင်ပေးခဲ့ဖူးပါတယ်..။ အားလုံးလိုလို လင့်တွေပျက်ကုန်ပြီဖြစ်လို့ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို ဒါရိုက်လင့်နဲ့ ချိတ်ပြီး တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ပိုစ့်အဟောင်းတစ်ခုမှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ တစ်ခုသတိပြုရမှာက ဒီလို System Repair Tools လေးတွေကို အသုံးပြုပြီးတိုင်း မိမိတို့ရဲ့ စက်ကို Restart ချပေးပြီးမှ တခြားဆော့ဝဲလ်တွေ ထည့်တာ၊ သွင်းတာ ပြုလုပ်ရမှာပါ..။ အဲ့လိုသတိမထားမိရင်တော့ ဒီလို System Repair Tools လေးတွေကို အသုံးပြုပြီးတဲ့ နောက်ပိုင်းမှာ ဝင်းဒိုးမတက်နိုင်တော့တဲ့ Error မျိုးတွေ ကြုံရတတ်ပါတယ်..။ အားလုံးပဲ သတိပြုသင့်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ရှိပါတယ်..။

Angry Birds Star Wars 1.1.2 Final


ဒီဂိမ်းလေးကတော့ ခလေး၊လူကြီး အားလုံးကြိုက်ကြတဲ့ ဂိမ်းလေးပါ..။ ကျနော် Angry Birds ဂိမ်းလေးတွေ မတင်ပေးဖြစ်တာ ကြာသွားပြီဖြစ်လို့ ဒီနေ့တော့ ဒီဂိမ်းလေးကို စမ်းကစားကြည့်ရင်း အဆင်ပြေတာနဲ့ တင်ပေးလိုက်ပါတယ်..။ ဒီဂိမ်းလေးကို ဖူးဖြစ်အောင် Patch ဖိုင်နဲ့ အရင် patch ဖမ်းပြီး၊ သူ့အတွက် ထည့်ပေးထားတဲ့ key လေးတွေနဲ့ ဖူးဖြစ်အောင် လုပ်ပြီးမှ အဆင်ပြေပြေကစားလို့ ရမှာ ဖြစ်ပါတယ်..။ အောက်မှာတော့ ကျနော် patch ဖိုင်ထည့်ထားတာကို နမူနာ ပြပေးထားပါတယ်..။ key ထည့်တဲ့ပုံကတော့ ဓါတ်ပုံရိုက်ယူလို့ မရတော့တဲ့အတွက် ချန်ထားခဲ့ပါတယ်..။ ဂိမ်းကို ဖွင့်ကစားမှ key ထည့်ပေးရမှာပါ..။ ဒီဂိမ်းလေးကို ကစားချင်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 69 MB ရှိပါတယ်..။

Adobe Photoshop CS6 13.0.1.1 Extended Repacked Final



အရင်တုန်းက အစ်ကိုတစ်ယောက် Cbox မှာ မေးဖူးပါတယ်..။ Photoshop CS6 မှာ 3D ရှာမတွေ့လို့ ဘယ်လိုလုပ်ရမလဲလို့ ဆိုတာ.. အရင် Photoshop CS6 တွေမှာ 3D Tool လေးမပါပါဘူး..။ အခုဒီ CS6 ဗါးရှင်းလေးမှာတော့ 3D Tool လေးပါ ပါလာပါပြီ..။ ဒီကောင်လေးက Adobe Photoshop CS6 13.0.1.1 Extended နောက်ဆုံးထွက်လာတဲ့ Final Repacked ဗါးရှင်းလေးပါ..။ Portable မဟုတ်တဲ့ Install ထည့်ပြီးမှ အသုံးပြုလို့ရမယ့် CS6 ပါ..။ ဒီကောင်လေးကို Install ထည့်တဲ့ နေရာမှာတော့ ရိုးရိုး၂ချက်တောက်ယုံနဲ့မရပါဘူး..။ Right Click >> Run as Administrator ဝင်မှ Install မှာ ဝင်မှာဖြစ်ပြီး.. ဖွင့်သုံးတဲ့ အခါမှာလည်း Desktop မှာပေါ်လာတဲ့ ဒီ CS6 ရဲ့ Icon လေးပေါ်မှာ Right Click >> Run as Administrator နဲ့ ဖွင့်မှ ဒီ CS6 ကို အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ Repacked လုပ်ထားတာ ဖြစ်တဲ့အတွက် Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရသွားပါပြီ..။ အောက်မှာလည်း ကျနော် Install ထည့်ပြထားပြီး 3D Tool လေးပါ အသုံးပြုပြထားပါတယ်..။ အရင်တုန်းက Cbox မှာမေးဖူးတဲ့ အကိုတစ်ယောက်လိုပဲ Photoshop CS6 မှာ 3D Tool လေးနဲ့ပါ အသုံးပြုချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 276 MB ရှိလို့ ကျနော် အပိုင်းသုံးပိုင်းခွဲပြီး တင်ပေးထားပါတယ်..။ အပိုင်းသုံးပိုင်းလုံးကို ဒေါင်းယူပြီး part-1 ကနေ စပြီး ဖိုင်ဖြည်ပေးလိုက်ရင် ဒီကောင်လေးကို Install ဆွဲထည့်ဖို့ ဖိုင်လေး ရလာပါပြီ..။ ဖိုင်ဖြည်နည်းကတော့ အရင်တုန်းကပိုစ့်တွေမှာ တော်တော်များများ ပြပေးထားပြီးသားမို့ အားလုံးလည်း သိပြီးနေလောက်ပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်မှာ ဒေါင်းယူလိုက်ပါဗျာ..။

Windows XP Professional SP3 Integrated and Corporate Student February 2013 X86


Windows XP ISO ဖိုင်လေးတွေ ကျနော်ရှာတွေ့လာလို့ XP သုံးတဲ့သူများအတွက် အဆင်ပြေအောင် ဒေါင်းယူလို့ ရတဲ့ လင့်လေးတွေကို ပြန်လည်ချိတ်ပေးလိုက်ပါတယ်..။ ဝင်းဒိုးခွေတစ်ခွေကို အပိုင်းသုံးပိုင်းစီနဲ့ တင်ပေးထားတာ ဖြစ်ပါတယ်..။ အောက်မှာလည်း ကျနော် ဒေါင်းယူထားတဲ့ XP တခွေကို ဖိုင်တွေ ပြန်ပေါင်းတဲ့အခါ ထည့်ရမယ့် Password ကို ထည့်ပြီး ဖိုင်ဖြည်ပြပေးထားပါတယ်..။ အဲ့ဒီအတိုင်းပဲ လုပ်ပေးရမှာ ဖြစ်ပါတယ်..။ CD/DVD ခွေကူးဖို့နဲ့ USB ထဲထည့်ပြီး Bootable USB ဖြစ်အောင် အသုံးပြုတတ်ဖို့ကို အရင်တစ်ပါတ်က တင်ပေးထားတဲ့ Windows 7 OS + Mac OS X 2013 ပိုစ့်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြပေးထားပါတယ်..။ မလုပ်တတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ အခုဒီ Windows XP အခွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ အပိုင်းသုံးပိုင်းစီရှိတဲ့ ဝင်းဒိုးတစ်ခွေကို 636 MB နဲ့ 658 MB စီရှိပါတယ်..။ အခွေကူးတဲ့အခါမှာ CD နဲ့တင် အခွေကူးလို့ ရပါတယ်..။

Internet Download Manager 6.15 Build 3 Final

IDM နောက်ဆုံးထွက်လေးပါ..။ patch နဲ့ဖူးဖြစ်အောင် လုပ်နည်းပိုစ့်ကို ကျနော့် Blog ရဲ့ ညာဘက်အပေါ်ဆုံးမှာ လင့်ချိတ်ပေးထားပါတယ်..။ အဲ့ဒီပိုစ့်ကအတိုင်း ဒီကောင်လေးကို ဖူးဖြစ်အောင်လုပ်ပြီး အသုံးပြုနိုင်ပါပြီ..။ IDM မရှိသေးတဲ့ သူများနဲ့ IDM ကို Serial key တောင်းနေလို့ ဖိုင်တွေ ဒေါင်းလော့ယူလို့ မရတော့တဲ့ သူများအတွက် ဒီလို နောက်ဆုံးထွက်လေးတွေကလည်း လိုအပ်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။ 

Windows 7 (48-in-1) OEM SP1 with Laptop Series (X86/X64) All Edition

(Windows 7 All-in-One) Windows 7 တစ်ခွေထဲမှာ 48 မျိုးပါတဲ့ Windows 7 (48-in-1) အခွေကို ကျနော်ဒေါင်းယူလို့ ရတဲ့ နိုင်ငံခြားဆိုဒ်တွေက လင့်တွေကို ပြန်လည်ချိတ်ပေးရင်း.. အားလုံးပဲ အလွယ်တကူ Windows 7 ဗါးရှင်းအားလုံးကို DVD တစ်ခွေထဲမှာ အသုံးပြုလို့ ရအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်..။ Laptop Series လို့ မူရင်းတင်ပေးထားတဲ့ ဆိုဒ်မှာ ရေးပေးထားပေမယ့် Desktop တွေမှာလည်း အသုံးပြုလို့ ရပါတယ်..။ 350 MB စီရှိတဲ့ အပိုင်းအားလုံးပေါင်း ၁၃-ပိုင်းကို ဒေါင်းယူပြီးရင်.. ဖိုင်တွေ ပြန်ပေါင်းတတ်အောင်နဲ့ WinRAR Password ထည့်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ Upload တင်ထားတဲ့ဆိုဒ်မှာ ဒေါင်းလော့ယူတတ်အောင်ပါ တဆင့်ချင်းစီ ပြပေးထားပါတယ်..။ ဒီဖိုင်တွေကို ဆိုဒ်သုံးခုမှာ ၁၃-ပိုင်းစီနဲ့ တင်ပေးထားတာ ဖြစ်ပါတယ်..။ ဘယ်ဆိုဒ်ကပဲ ဒေါင်းယူယူ ဖိုင်တွေ ပြန်ပေါင်းပေးတဲ့အခါမှာတော့ အပိုင်း ၁-ကနေ ၁၃-ထိ ရှိဖို့ လိုပါတယ်..။ ဟိုးအရင်တုန်းကလည်း ဒီလို Windows 7 (48-in-1) တစ်ခု ရှာတွေ့တုန်းက တင်ပေးဖူးပါတယ်..။ အဲ့ဒီတုန်းကတော့ ဒေါင်းလော့လင့်ကို အခုလိုမျိုး ကျော်ရမယ့် Web pages တွေ မခံပဲ ဒီအတိုင်း တင်ပေးလိုက်တာ ၃ရက်အတွင်း ဖိုင်တွေ အဖျက်ခံလိုက်ရပါတယ်..။ အခုတော့ အဲ့လို မဖြစ်အောင် ဆိုဒ်သုံးခုစလုံးက လင့်တွေကို အဆင့်ဆင့် Web pages တွေ ခံပေးထားပါတယ်..။ ဒေါင်းယူရမယ့် သူများအတွက် စိတ်ညစ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် ဖိုင်တွေတော့ ကြာကြာခံပါလိမ့်မယ်..။ 
နောက်ပြီး ဒီဖိုင်တွေကို ပြန်ပေါင်းပြီးလို့ ISO ဖိုင်နဲ့ ရလာရင် ကျန်ခဲ့တဲ့ တစ်ပါတ်က တင်ပေးထားတဲ့ Windows 7 OS + Mac OS X 2013 ပိုစ့်မှာ လုပ်ပြပေးထားတဲ့အတိုင်း ဝင်းဒိုးဖိုင်ကို DVD အခွေကူးနည်း၊ USB 8-GB ထဲထည့်နည်းတွေက အားလုံးအတူတူပါပဲ..။ အဲ့ဒီလိုလုပ်နည်းကို လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ ဒီ Windows 7 - 48in1 ကိုလိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ အပိုင်းအားလုံးပေါင်း 4.17 GB ရှိပါတယ်..။ အဲ့ဒီဖိုင်တွေထဲမှာ Windows 7 Loader လေးပါ ဒီဖိုင်တွေကို Upload တင်တဲ့သူက ထည့်ပေးထားပါတယ်..။

Trojan Killer 2.1.5.4 Final



Trojan Killer 2.1.5.4 နောက်ဆုံးထွက် Final ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို အသုံးပြုတဲ့အခါမှာတော့ Trojan လို့ခေါ်တဲ့ စက်ကို လေးအောင်၊ ဟမ်းအောင် လုပ်တတ်တဲ့ ဗိုင်းရပ်စ်တွေကို ဒီကောင်လေးက ဖယ်ရှားပေးနိုင်ပါတယ်..။ ဒီကောင်လေးကို အသုံးမပြုခင် မိမိတို့ စက်ထဲမှာ သိမ်းထားဖို့ လိုအပ်တဲ့ crack , patch , keygen တွေကို အရင်ဆုံး WinRAR နဲ့ ချုပ်ပြီး သေချာတဲ့ USB ထဲမှာ ပြောင်းပြီးသိမ်းထားလိုက်ပါ..။ ဘာလို့လဲဆိုတော့ ဒီ Trojan Killer ပရိုဂရမ်က အဲ့ဒီကောင်လေးတွေ အားလုံးကို ဗိုင်းရပ်စ်ဆိုပြီး ဖျက်ပစ်မှာပါ..။ အောက်မှာ ပုံလေးတွေနဲ့ ကျနော်အသုံးပြုထားတာကို ကြည့်နိုင်ပါတယ်..။  crack , patch , keygen တွေ မရှိတော့ရင် ကျနော်တို့အတွက် ဆော့ဝဲလ်တွေကို ဖူးသုံးဖို့ ခက်သွားပါလိမ့်မယ်..။ ဒီကောင်လေးတွေက မရှိလို့လည်း မဖြစ်၊ ရှိပြန်ရင်လည်း Antivirus နဲ့ မတည့်တဲ့အတွက် အကောင်းဆုံးနည်းက သီးသန့်ဒီကောင်လေးတွေကိုပဲ စုပြီး USB တခုနဲ့ ပြောင်းသိမ်းထားလိုက်ရင် ပိုအဆင်ပြေပါလိမ့်မယ်..။ အသုံးပြုနေတဲ့ အခါမှာ Trojan တစ်ကောင်တွေ့ရင် တခါ ဥြဿဆွဲပြီး အသံပေးပါလိမ့်မယ်..။ အသစ်တွေ့တိုင်း ဒီလို အသံမျိုးနဲ့ အချက်ပြပေးပါလိမ့်မယ်..။ အားလုံးပြီးသွားရင်တော့ အောက်ဆုံးပုံမှာ ပြထားတဲ့အတိုင်း ဗိုင်းရပ်စ်အားလုံးကို Remove နဲ့ ဖျက်ပေးလိုက်ပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့ အဆင်ပြေပါတယ်..။ အောက်မှာလည်း patch ထည့်ပြထားပြီး အသုံးပြုပုံပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 24 MB ရှိပါတယ်..။

Xilisoft Video Converter Ultimate 7.7.2.20130217 Final



ဒီကောင်လေးကတော့ အခုနောက်ပိုင်း ကျနော်အသုံးများတဲ့ Xilisoft Video Converter Ultimate 7 လေးပါ..။ နောက်ထပ် အသစ်ထွက်လာတဲ့ Final ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့အောင် Patch နဲ့ Key တွေအစအဆုံး ထည့်ပြပေးထားတဲ့ Xilisoft-video-converter-ultimate-7.7.1 ပိုစ့်မှာ အသုံးမပြုတတ်သေးတဲ့ သူများ ပြန်ကြည့်ပေးပါ..။ ဒီဗါးရှင်းနဲ့ လုပ်နည်း အတူတူပါပဲ..။ ဒီပိုစ့်မှာတော့ patch နဲ့ Key တစ်ပုံစီ အလုပ်လုပ်ကြောင်း ပြပေးထားပါတယ်..။ အသုံးပြုပုံ အစအဆုံကို Xilisoft-video-converter-ultimate v 7.6.0 ပိုစ့်မှာ အစအဆုံး လုပ်ပြပေးထားပါတယ်..။ နောက်ပြီး Video တွေ ၊ သီချင်းတွေထဲက မိမိတို့ လိုချင်တဲ့ အပိုင်းနေရာလေးကိုပဲ လိုသလောက် ဒီကောင်လေးနဲ့ ဖြတ်ယူလို့ ရပါသေးတယ်..။ အသုံးပြုပုံတွေကိုတော့ အဲ့ဒီပိုစ့်တွေမှာပဲ မလုပ်တတ်သေးတဲ့ သူများ ပြန်ကြည့်ပေးပါ..။  Key တွေကိုတော့ ဒေါင်းလော့လင့် ယူတဲ့ စာမျက်နှာမှာ ရေးပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 36 MB ရှိပါတယ်..။

Xilisoft DVD Ripper Ultimate 7.7.2.20130217 Final




Xilisoft DVD Ripper Ultimate 7 7.2.20130217 နောက်ဆုံးထွက် Final ဗါးရှင်းလေးကတော့ ကျနော်တို့ DVD အခွေထဲက ရုပ်ရှင်တွေ၊ Video တွေကို မိမိတို့ စိတ်ကြိုက် ပြန်လည်ပြုပြင် ကူးယူလို့ ရတဲ့ ကောင်လေးပါ..။ ဒီကောင်လေးအတွက် ဖူးသုံးလို့ ရမယ့် patch ဖိုင်လေးနဲ့ Key တွေကို အရင်တုန်းက ပိုစ့်အဟောင်းမှာ လုပ်ပြပေးခဲ့ ပြီးပါပြီ..။ အခုဒီပိုစ့်မှာတော့ patch နဲ့ key ထည့်နည်းကို တစ်ပုံစီပဲ ပြပေးထားပါတယ်..။ အစအဆုံး ဖူးဖြစ်အောင် လုပ်နည်းကို လိုအပ်တဲ့သူများကတော့ အရင်ပိုစ့် Xilisoft-dvd-ripper-ultimate-7.7.1 ပိုစ့်မှာ ပြန်ကြည့်ပေးပါ.။ အဲ့ဒီပိုစ့်မှာပဲ Subtitle စာတန်းထိုးနဲ့ တခြားအသုံးပြုနည်းတွေကို လေ့လာလို့ ရအောင် မူရင်းဆိုဒ်မှာ တင်ပေးထားတဲ့ Video လေးတွေကို သွားဝင်ကြည့်လို့ ရပါသေးတယ်..။ အခုဒီပိုစ့်မှာတော့ ကျနော်က ဖူးဖြစ်သွားတဲ့ အခါ DVD အခွေထဲက ရုပ်ရှင်တခုကို Youtube ဖေါ်မတ်နဲ့ တခါတည်း Convert ပြောင်းပြီး ထုတ်ယူပြထားပါတယ်..။ အောက်ဆုံးက ပုံလေးတွေမှာ ဆက်ပြီးလေ့လာနိုင်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 36 MB ရှိပါတယ်..။

Blogger များအတွက် အလွယ်ကူဆုံး အသုံးဝင် Animated စာလုံးများ ဖန်တီးခြင်း








Blogger တွေအတွက် ဒီလိုလုပ်နည်းလေးတွေကို Photoshop နဲ့ ဖန်တီးတတ်အောင် တင်ပေးချင်ပေမယ့် အဆင့်တွေများပြီး လုပ်နည်းက ရှုပ်တဲ့အတွက် တင်ပေးဖို့ အဆင်မပြေခဲ့ပါ..။ အခုတော့ အပေါ်မှာ ပြထားတဲ့ ဒီဇိုင်းတွေ အပြင် နောက်ထပ်ဒီဇိုင်းမျိုးစုံကိုပါ အလွယ်ကူးဆုံး ဖန်တီးယူလို့ ရမယ့် Website လေးတစ်ခု တွေ့ရှိခဲ့ပါပြီ..။ အဲ့ဒီဆိုဒ်လေးမှာ မိမိတို့ရဲ့ Blog နာမည်တွေနဲ့ Blog လိပ်စာလေးတွေကို Animated စာလုံးတွေကို အလွယ်ကူဆုံး ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ အဲ့ဒီဆိုဒ်လေးမှာ မြန်မာစာရေးလို့ ရတယ်ဆိုပေမယ့် ပုံမှန် Zawgyi-One ဖေါင့်နဲ့ ရေးလို့ မြန်မာစာ အမှန်မပေါ်ပါဘူး..။ ကမောက်ကမ စာလုံးတွေပဲ ပေါ်လာမှာ ဖြစ်ပါတယ်..။ ဒီဆိုဒ်လေးက ကျနော်တို့ Windows 8 မှာ ပါလာတဲ့ MM3 ဖေါင့်ကို Support လုပ်တဲ့အတွက် ကျနော်မြန်မာစာ အမှန်ပေါ်အောင်လို့ KaNaung Converter ကို အသုံးပြုပြီး မြန်မာစာ ပေါ်အောင် ဖန်တီး ပြထားပါတယ်..။ ဒီ KaNaung Converter လေးကို ဒေါင်းယူပြီး Zawgyi-One ကနေ Myanmar3 ဖေါင့်ပြောင်းသုံးတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ နောက်တခုက ဒီဆိုဒ်လေးမှာ Animated စာလုံးတွေအပြင် အရိပ်ပြန်ထင်နေတဲ့ 3D စာလုံးတွေပါ လုပ်ယူလို့ ရပါသေးတယ်..။ ကျနော်ဒီပိုစ့်မှာ ပြထားတဲ့ ဒီဇိုင်းတွေကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ 3D Text နဲ့ Animated စာလုံးတွေကို ဖန်တီးချင်တဲ့သူများကတော့ ဒီဆိုဒ်လေးကို အောက်ကလင့်တွေကနေ ဝင်သွားလိုက်ပါဗျာ..။

အလှဆုံး 3D Text စာလုံးများ ဖန်တီးခြင်း

ဒီလို အလွယ်ဆုံးနဲ့ အလှဆုံး 3D စာလုံးတွေကို ဖန်တီးဖို့ ရှာတွေ့ခဲ့တာကတော့.. ကျနော့် သူငယ်ချင်း တစ်ယောက်က Blog တစ်ခု စလုပ်ရင်း.. သူ့ Blog မှာအသုံးပြုဖို့ စာလုံးတွေကို 3D ဒီဇိုင်းနဲ့ စိတ်ကြိုက်ဖန်တီးချင်လို့.. သူကလည်း Photoshop ကိုစပြီးလေ့လာခါစပဲ ရှိသေးတယ်ဆိုတော့ ကျနော့်ဆီမှာ ရောက်လာတဲ့အခါ စိတ်ကူးပေါ်လာတာနဲ့ Google ကနေ အင်တာနက်ပေါ်လိုက်ရှာမိပါတယ်..။ ဒါနဲ့ပဲ ဒီဆိုဒ်လေးကို ရောက်သွားခဲ့တယ်..။ စမ်းသုံးရင်း ၊ စမ်းသပ်ရင်း စာလုံးဒီဇိုင်းတွေ အများကြီးလုပ်ယူလို့ ရတဲ့အပြင် လိုင်းပေါ်မှာတင် မိမိတို့ရဲ့ ပုံလေးတွေကိုပါ ပြုပြင်ယူလို့ ရတဲ့အတွက် ကျနော် အတော်လေး သဘောကျမိပါတယ်..။ ကျနော့် Blog ကိုနေ့စဉ် လာလည်နေတဲ့ သူငယ်ချင်းတွေပါ အလွယ်ဆုံး အသုံးပြုလို့ ရအောင် အဲ့ဒီဆိုဒ်လေးမှာ ကျနော် ဖန်တီးထားတဲ့ ပုံလေးတွေနဲ့ အောက်မှာ အသုံပြုပုံကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ Photoshop နဲ့ဆိုရင် စာလုံးဒီဇိုင်းတခုရဖို့ အဆင့်တွေ အများကြီးနဲ့ အချိန်တွေ အများကြီး ပေးရပါတယ်..။ ဒီဆိုဒ်လေးမှာ   ဆိုရင်တော့ အချိန်ကုန် သက်သာပြီး အလွယ်ကူဆုံးနဲ့ စာလုံးတွေကို အလှဆုံး ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ 3D စာလုံးလေးတွေ ဖန်တီးချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဝင်ပြီး မိမိတို့ရဲ့ နာမည်လေးတွေကို ကျနော် ပုံမှာ ပြထားတဲ့အတိုင်း ဖန်တီးယူလို့ ရသွားမှာ ဖြစ်ပါတယ်..။ အားနည်းချက် တခုကတော့ မြန်မာလို အသုံးပြုလို့ မရပါဘူး..။ အင်္ဂလိပ်လိုနဲ့ပဲ အဆင်ပြေပါတယ်..။

Windows Defaults Setting အသုံးပြုနည်း

16 Feb 13, 05:14 PM
မာဗရန်း(ဒ်): အကိုရေ တစ်ချက်လောက်ကူညီပါဦး ကျနော့်laptopက sleepလုပ်လိုက်ရင် restart ကျကျသွားလို့ပါဗျား. ဘာကြောင့်ဖြစ်တာပါလဲ အကိုသိရင်နည်းနည်းလောက် ရှင်းပြပေးပါလား ကျေးဇူးပြုလျက်
သိပ်မကြာခင်က ကျနော် ဖန်တီးထားတဲ့ PDF ဖိုင်လေးပါ..။ အခုမေးတဲ့လူနဲ့ တိုက်ဆိုင်လာလို့ ပိုစ့်တင်ပေးလိုက်ပါတယ်..။


ဒီပိုစ့်မှာ တင်ပေးထားတဲ့ နည်းအတိုင်း လုပ်ပေးလိုက်ပါ..။ ကျနော့် လက်တွေ့ ကွန်ပျူတာရဲ့ Sleep အယ်ရာ၊ စက်အသစ်မှာ Fun အလုပ်မလုပ်သေးတဲ့ အယ်ရာနဲ့ တခြား အယ်ရာ တော်တော်များများကို ပြန်ကောင်းစေပါတယ်..။ အပေါ်က ပုံနဲ့ စာနဲ့မှာ ပြထားတဲ့ အတိုင်း နားလည်အောင် သေချာကြည့်ပြီး လုပ်ပေးလိုက်ပါ..။ 
ဒီ PDF ဖိုင်လေးကို ဒေါင်းယူထားချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဝင်ပြီး ဒေါင်းယူနိုင်ပါတယ်..။

Advanced System Optimizer 3.5.1000.14975 Final



ဒီကောင်လေးကလည်း ကွန်ပျူတာကို လေးခြင်း၊ ဟမ်းခြင်း၊ Error များခြင်းမှ ပြန်လည်ကောင်းမွန်စေပြီး အမိုက်တွေရှင်း၊ မိမိတို့ရဲ့ သန့်ရှင်းရေး လုပ်ပေးနိုင်တဲ့ Advanced System Optimizer 3.5 နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ ဒီကုမ္ပဏီက ထုတ်တဲ့ ဆော့ဝဲလ်တိုင်း အသုံးဝင်တဲ့အတွက် လူတိုင်း ကြိုက်ကြပါတယ်..။ မိမိတို့ရဲ့ စက်ဟာ လေးနေ ၊ ဟမ်းနေ၊ အယ်ရာများနေတယ်ဆိုရင်တော့ ဒီကောင်လေးနဲ့ ရှင်းလင်းပေးလိုက်ပါ..။ အသုံးပြုပီးရင် Restart လုပ်ပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ အရင်ကထက် ပိုမို သွက်လက်မြန်ဆန်နေပါလိမ့်မယ်..။ လေးနေတတ်တဲ့စက်တွေမှာ ဒီကောင်လေးကို အသုံးပြုပြီးရင် ပိုပြီးသိသာပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒီဒေါင်းလော့ဖိုင်လေးထဲမှာ keygen လေးပါ ထည့်ပေးထားပါတယ်..။ keygen နဲ့ ဖူးဖြစ်အောင် လုပ်ပေးလိုက်ရင် ဒီကောင်လေးကို အမြဲတမ်း အသုံးပြုလို့ ရသွားပါပြီ..။ အောက်မှာလည်း ဖူးဖြစ်အောင် လုပ်ပြပေးထားပြီး အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 14.2 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည် တခုနဲ့ ပြောင်းပြီး တင်ပေးထားပါတယ်..။ 

TuneUp Utilities 2013 13.0.3020.8 Final



မိမိတို့ရဲ့ ကွန်ပျူတာနဲ့ Browser ကို ပိုမိုမြန်ဆန်အောင် ပြုလုပ်ပေးနိုင်တဲ့ ဆော့ဝဲလ်တွေထဲမှာ ဒီကောင်လေးက ထိပ်ဆုံးက ပါပါတယ်..။ ကွန်ပျူတာနဲ့ Browser က အမိုက်တွေကို ရှင်းလင်းပြီး ၊ ဟတ်ဒစ်ထဲက ဖိုင်တွေကို ပြန်စီပေးနိုင်တဲ့ အပြင် တခြား အသုံးဝင်တဲ့ Tools တွေအများကြီး ပါပါတယ်..။ ဒီကောင်လေးကတော့ Final ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒီဒေါင်းလော့ဖိုင်ထဲမှာ patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကတော့ IDM ဖူးဖြစ်အောင် လုပ်နည်းနဲ့ အတူတူပါပဲ..။ အောက်မှာလည်း ဖူးဖြစ်အောင် ပုံလေးတွေနဲ့ လုပ်ပြပေးထားပါသေးတယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံ၊ အသုံးပြုနည်းကိုတော့ အရင်ပိုစ့်တခုဖြစ်တဲ့ 2012/09 လပိုင်းမှာ တင်ပေးထားခဲ့တဲ့ TuneUp Utilities 2013 ပိုစ့်မှာ တချို့တဝက် လုပ်ပြပေးထားပါတယ်..။ အသုံးပြုနည်းကို အဲ့ဒီပိုစ့်မှာပဲ ပြန်ပြီး လေ့လာ ကြည့်ပေးပါဗျာ..။ ဒီလို ရှင်းလင်းတဲ့ Tools တွေကို အသုံးပြုပြီးတိုင်း စက်ကို Restart ချပြီးမှ ဆက်ပြီး အသုံးပြုဖို့ မမေ့ပါနဲ့..။ အဲ့ဒီပိုစ့်မှာတုန်းကတော့ crack ဖိုင်-၄ခု အသုံးပြုပြီး ဖူးဖြစ်အောင် လုပ်ရတာပါ..။ ဒီဗါးရှင်းမှာတော့ သူ့ဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားတဲ့ Patch ဖိုင်တခုနဲ့တင် ဖူးဖြစ်ပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းပြီး တင်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 26 MB ရှိပါတယ်..။

Internet Download Manager 6.15 Build 2 Final


IDM နောက်ဆုံးထွက်လေးပါ..။ IDM မရှိသေးတဲ့ သူများနဲ့ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများအတွက် ဒီနောက်ဆုံးထွက် Internet Download Manager 6.15 Build 2 Final ဗါးရှင်းလေးကို တင်ပေးလိုက်ပါတယ်..။ ဒီဖိုင်လေးထဲမှာ IDM ကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ patch နဲ့ IDM ကို ဖူးဖြစ်အောင် လုပ်နည်းပိုစ့်ကို ကျနော့် Blog ရဲ့ ညာဘက် အပေါ်ဆုံးမှာ ပုံလေးတွေနဲ့ ရှင်းပြထားပြီး တင်ပေးထားပါတယ်..။ အဲ့ဒီပိုစ့်ကို ကြည့်ပြီး ဒီနောက်ဆုံးထွက်လေးကို လုပ်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ ဒီနောက်ဆုံးထွက်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..

WebcamMax 7.7.1.8 Final - Multi Language



ဒီကောင်လေးကတော့ မိမိတို့ရဲ့ ကွန်ပျူတာ ကင်မရာကနေ မိမိတို့ရဲ့ ပုံလေးတွေကို စိတ်ကြိုက် ရုပ်ပြာင် ပုံလေးတွေ ဖြစ်အောင် Effect တွေအများကြီးနဲ့ ဖန်တီးယူလို့ ရတဲ့ ကောင်လေးပါ..။ အရင်တုန်းကလည်း ဒီကောင်လေးတွေကို တင်ပေးဖူးပါတယ်..။ ဒါကတော့ နောက်ဆုံးထပ်ထွက်လာတဲ့ Latest Version လေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒီဒေါင်လော့ဖိုင်ထဲမှာ patch ဖိုင်ရယ်၊ keymaker ရယ် ၂ခု ပေါင်းထည့်ပေးထားပါတယ်..။ ဒီ၂ခုနဲ့ ဒီကောင်လေးကို ဖူးဖြစ်အောင် အရင်တုန်းက ပိုစ့်မှာ လုပ်ပြပေးထားပါတယ်..။ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပြီး အဲ့ဒီနည်းအတိုင်း လုပ်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါလိမ့်မယ်..။ အရင်တုန်းက တင်ပေးထားခဲ့တဲ့ပိုစ့် WebcamMax 7.6.8.6 ကို ဒီပိုစ့်ကနေ ဝင်ပြီး ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 25.4 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းပြီး တင်ပေးထားပါတယ်..။ တခုသတိပြုရမှာက ဒီဒေါင်းလော့ဖိုင်ထဲမှာ ပါလာတဲ့ patch နဲ့ keygen ကို ဖွင့်သုံးတော့မယ်ဆိုရင် အရင်ဆုံး Antivirus တွေကို ပိတ်ထားပြီးမှ ဒီကောင်လေးတွေကို ဖွင့်သုံးပါ..။ မဟုတ်ရင် Antivirus တွေက ဒီဖိုင်လေးတွေကို ဗိုင်းရပ်စ်ထင်ပြီး ဖျက်ပစ်ပါလိမ့်မယ်..။ 

USB Disk Security 6.2.0.125 Final


ဒီဆော့ဝဲလ်လေးကတော့ USB Drive တွေကို မိမိစက်မှာ တပ်လိုက်တာနဲ့ ဗိုင်းရပ်စ်တွေ စစ်ပေးနိုင်တဲ့ ကောင်လေးပါ..။ ဒီ USB Disk Security လေးကို အရင်တုန်းကလည်း တင်ပေးဖူးပါတယ်..။ အခုဒီကောင်လေးကတော့ နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ Keygen လေးပါ ထည့်ပေးထားပါတယ်..။ ဒီ Keygen နဲ့ ဖူးဖြစ်အောင် လုပ်တတ်ဖို့ အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အရင်တုန်းက ပိုစ့်အဟောင်းမှာလည်း ဒီလို ဖူးဖြစ်အေင် လုပ်ပြပေးထားပြီး.. အသုံးပြုပုံ အနည်းငယ်ကိုပါ  အသုံးပြုတတ်အောင် ညွှန်ပြပေးထားပါတယ်..။ ဒီပိုစ့်မှာတော့ ကျနော်က Keygen နဲ့ ဖူးဖြစ်အောင် လုပ်ပြထားပြီး အနည်းငယ် ညွှန်ပြထားတဲ့ အသုံးပြုပုံကိုတော့ အရင်ပိုစ့်မှာပဲ ပြန်ကြည့်လိုက်ပါဗျာ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး Keygen နဲ့ ဖူးဖြစ်အောင် လုပ်တတ်ဖို့ကိုပါ ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 4.7 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည် တခုနဲ့ ပြောင်းပြီးတင်ပေးထားပါတယ်..။

Windows 8 Manager 1.0.6 Final



ဒီ Windows 8 Manager 1.0.6 လေးကတော့ နောက်ဆုံးထွက် Final ဗါးရှင်းလေးပါ..။ အရင်တုန်းကလည်း ဒီလို Windows 8 Manager လေးတွေ တင်ပေးခဲ့ပါတယ်..။ လင့်တွေပျက်ကုန်လို့ တော်တော်များများကို ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီနောက်ဆုံးထွက်လေးကို ထပ်တင်ပေးလိုက်ပါတယ်..။ အားလုံးကို ရှင်းလင်းပြီး သန့်ရှင်းရေး လုပ်ပေးနိုင်တဲ့အတွက် ဒီကောင်လေး တခုရှိယုံနဲ့ Windows 8 မှာ တော်တော်လေး အဆင်ပြေပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack နဲ့ keygen ၂မျိုးထည့်ပေးထားပါတယ်..။ crack ဖိုင်လေးကို အရင်သွားထည့်ပေးပါ..။ ပြီးမှ keygen နဲ့ ဖူးဖြစ်အောင် လုပ်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အသုံးပြုနည်း အနည်းငယ်ကို Windows 8 Manager 1.0.0 ပိုစ့်နဲ့၊ crack နဲ့ keygen ထည့်နည်းကို Windows 8 Manager 1.0.1 ပိုစ့်တွေမှာ ပြန်ကြည့်လိုက်ပါဗျာ..။ လုပ်နည်းတွေ အတူတူပါပဲ..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းပြီးတင်ပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 9.1 MB ရှိပါတယ်..။

ဒေါင်းလော့လင့် ယူတဲ့နေရာမှ Get Unlock Code ကို ဒီလိုကျော်ရအောင်


 ဒါကတော့ Tiny Paste ဆိုဒ်က Get Unlock Code ကိုအလွယ်ကျော်လို့ရမယ့် နောက်မှရလာတဲ့ နည်းအသစ်လေးပါ..။ ကျနော့် Blog မှာ တင်ပေးထားတဲ့ ဆော့ဝဲလ်တွေကို ဒေါင်းယူဖို့ လင့်တွေ ဝှက်ပေးထားတဲ့ Tiny Paste ဆိုဒ်နေရာက Get Unlock Code ယူရမယ့် စာမျက်နှာကို အကောင့်ဖွင့်စရာ မလိုတော့ပဲ ဒီစာသားလေး /new.php ကို ၎င်းဝဘ်ဆိုဒ်ရဲ့ လိပ်စာ Browser Address Bar ရဲ့နောက်မှာ ထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ရင် ဒေါင်းလော့လင့်တွေကို ယူလို့ရသွားမှာ ဖြစ်ပါတယ်..။ ဒီနည်းက ပိုလွယ်တဲ့အတွက် ပိုစ့်တခုတင်ပြီး ပုံလေးတွေနဲ့ပါ ပြပေးလိုက်ပါတယ်..။ နားလည်လွယ်တဲ့ သူများကတော့ ဒီလောက်ရေးပေးလိုက်ရင် လုပ်တတ်သွားမှာ ဖြစ်ပေမယ့်.. သိပ်မရှင်းသေးတဲ့ သူများအတွက်တော့ ပိုပြီးနားလည်လွယ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အရင်ပိုစ့်တွေတုန်းကလို Get Unlock Code အတွက် အကောင့်ဖွင့်စရာ မလိုတော့ပါဘူး..။ ဒီ /new.php စာသားလေးကို အလွတ်မှတ်ထားလိုက်ရင် နောက်ပိုင်းပိုစ့်တွေက ဆော့ဝဲလ်တွေကိုလည်း ဒီနည်းနဲ့ အလွယ်ဒေါင်းယူလို့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်..။ ပါတ်စ်ဝါဒ့်ကတော့ အရင်တုန်းကလိုပဲ ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကျော်တဲ့နည်းကို သိပ်နားမလည်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။

Advanced Uninstaller Pro 11.17 Free


ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဆော့ဝဲလ် ပရိုဂရမ်တွေကို ပြန်ထုတ်ပစ်တဲ့ ဆော့ဝဲလ် Uninstaller တွေထဲမှာ နာမည်ရပြီးသား၊ လူကြိုက်များတဲ့၊ လူသုံးများတဲ့ ဆော့ဝဲလ်ကောင်လေး တစ်ခုပါ..။ ဆော့ဝဲလ်တိုင်းရဲ့ Registry ကီးတွေကို အကုန်လုံးနီးပါး ပြန်ထုတ်ပေးနိုင်တဲ့အတွက် လူကြိုက်များရ ခြင်းပါပဲ..။ ဒီဗါးရှင်းလေးက ဖရီးပေးသုံးတာ ဆိုပေမယ့် သူရဲ့ တည်ဆောက်ထားတဲ့ အပိုင်းက Pro ဗါးရှင်းကို အခြေခံထားလို့ သူရဲ့ မူရင်းဆိုဒ်က Advanced Uninstaller Pro Free ဗါးရှင်းလို့ ရေးထားတာပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်တုန်းက ပိုစ့်အဟောင်း မှာလည်း ပုံလေးတွေနဲ့ ရှင်းပြပေးထားခဲ့ပါတယ်..။ အခုဒီဗါးရှင်း အသစ်မှာတော့ Feature တွေ ပြောင်းလဲထားလို့ နောက်ထပ်အပို တွေပါ ပါလာတဲ့အတွက် ဒီ Uninstaller လေးကို ဆော့ဝဲလ်တွေ ပြန်ထုတ်တဲ့ လုပ်နည်းတခုကိုတော့ ပုံလေးတွေနဲ့ အောက်မှာ ပြပေးထားပါတယ်..။ အရင်တုန်းက ပိုစ့်နဲ့ အသုံးပြုနည်း အတူတူပါပဲ..။ တခြားအပို ပါလာတဲ့ တခြား Feature Tools တွေကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာပြီး အသုံးပြုကြပါ..။ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့ သူများကတော့ အောက်ကလင့်မှာ ဒေါင်းယူပြီး အသုံးပြုပုံကို ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 20 MB ရှိပါတယ်..။ 

Skype 6.2.32.106 Final


ဒီကောင်လေးကတော့ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ..။ VZO လိုပဲ Video Call / Voice Call နဲ့ Chatting တွေပါ အဆင်ပြေလို့ လူသုံးများ၊ လူကြိုက်များတဲ့ ဖရီးဆော့ဝဲလ်လေး တစ်ခုပါပဲ..။ ပိုပြီးလူကြိုက်များစေတဲ့ အချက်ကတော့ WIFI သုံလို့ရတဲ့ ဖုန်းတွေနဲ့ပါ Skype အကောင့်ရှိယုံနဲ့ ဆက်သွယ်လို့ရတဲ့အတွက်၊ Chat လို့ရတဲ့အတွက် သုံးဖူးသူတိုင်း ကြိုက်ကြပါတယ်..။ ဒီဆော့ဝဲလ်လေးကို သူငယ်ချင်းတစ်ယောက်က တင်ပေးဖို့ တောင်းထားလို့ နောက်ဆုံးထွက်လေးကို ရှာပြီးတင်ပေးလိုက်ပါတယ်..။ ကျန်ခဲ့တဲ့ တစ်ပါတ်ကလည်း Cbox မှာ အစ်ကိုတစ်ယောက်က Skype မှာ မြန်မာစာ ရေးလို့ ရပါသလားလို့ မေးဖူးပါတယ်..။ ဒါကြောင့် ဒီကောင်လေးကို အကောင့် ဖွင့်တတ်အောင်နဲ့ မြန်မာစာ ရေးလို့ရအောင် ဖေါင့်ပြောင်းပေးရမယ့် နေရာတွေကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 28.1 MB ရှိပါတယ်..။

Windows 7 Ultimate SP1 + Mac OS X Edition 2013 (x86/x64)


 ဒီဝင်းဒိုးကတော့ Windows 7 OS ကို Mac OS နဲ့ ပေါင်းစပ် ဖန်တီးပေးထားတဲ့ ဝင်းဒိုးအသစ်လေးပါ..။ အထိအတွေ့နဲ့ အမြင်အသစ်အဆန်းလေးမို့ အသုံးပြုရတာ တမျိုးတော့ လန်းနေပါတယ်..။ System အပိုင်းနဲ့ Settings တွေအားလုံးက Windows 7 ပါပဲ.. အမြင်တမျိုးပြောင်းပေးထားခြင်းသာ ဖြစ်ပါတယ်..။ ဒီဖိုင်ထဲမှာ 32-bit နဲ့ 64-bit ၂ခုကို ပေါင်းထည့်ပေးထားလို့ ဖိုင်ဆိုဒ်ကတော့ 4.25 GB ရှိပါတယ်..။ 350 MB စီရှိတဲ့ အပိုင်းအားလုံးပေါင်း ၁၃-ပိုင်းနဲ့ ဖိုင်တွေ ခွဲတင်ပေးထားတဲ့ ကျနော်ဒေါင်းယူလို့ ရထားတဲ့ နိုင်ငံခြား ဝဘ်ဆိုဒ်တခုက ဒါရိုက်လင့်ကိုပဲ ပြန်ပြီး လင့်တွေ ပြန်ချိတ်ပေးထားပါတယ်..။ ဒီဖိုင်တွေကို ဒေါင်းယူတဲ့ အခါမှာ အပိုင်း-၁ ပြီးမှ ၊ အပိုင်း-၂ ကိုဒေါင်းယူပါ..။ တချိန်ထဲမှာ အပိုင်း ၃၊၄ ခုကို ဒေါင်းမယ်ဆိုရင်တော့ ဒေါင်းယူလို့ အဆင်မပြေပါဘူး..။ ဒါကြောင့် အပိုင်းတခုချင်းစီ ၊ တခုပြီးမှ နောက်တခု၊ ဒေါင်းယူမှ ဒေါင်းလော့အဆင်ပြေပါလိမ့်မယ်..။ အောက်မှာ ကျနော် ဝင်းဒိုးတင်လို့ ရတဲ့အဆင့်ထိရောက်အောင် တဆင့်ချင်းစီ ဖိုင်တွေပြန်ပေါင်းတာက စပြီး ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ DVD နဲ့ အခွေကူးထားချင်တဲ့သူများနဲ့ USB 8-GB နဲ့ အသုံးပြုချင်တဲ့ သူများအတွက်ပါ တခါတည်း လုပ်တတ်အောင် အစအဆုံး ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီဝင်းဒိုးဒီဇိုင်း အသစ်လေးကို လိုအပ်တဲ့သူများနဲ့ အသုံးမပြုတတ်သေးတဲ့ သူများကတော့ အောက်မှာ ဒေါင်းယူပြီး အသုံးပြုရအဆင်ပြေအောင် ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဒေါင်းလော့လင့်တွေ တင်ပေးထားတဲ့ နေရာမှာ ဝင်းဒိုး Activate ဖြစ်အောင် လုပ်ပေးနိုင်တဲ့ Windows 7 Loader နဲ့ USB ဖြင့်ဝင်းဒိုးတင်လို့ ရအောင် လုပ်ပေးနိုင်တဲ့ WinUSB Maker လေးတွေကိုပါ ဒေါင်းယူလို့ရအောင် လင့်တွေ ချိတ်ပေးထားပါတယ်..။

Ashampoo Uninstaller 5 5.0.2 Final


ဒီကောင်လေးက Ashampoo ကထုတ်တဲ့ Uninstaller လေးပါ..။ မိမိတို့်ရဲ့ အသုံးမလိုတော့တဲ့ Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေကို ဒီကောင်လေးနဲ့ ပြန်ထုတ်ပစ်လို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးပါ သူ့ရဲ့ ဒေါင်းလော့ဖိုဒါလေးထဲမှာ ထည့်ပေးထားပါတယ်..။ အောက်မှာလည်း crack ဖိုင်လေးနဲ့ ဖူးသုံးလို့ရအောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ crack ထည့်နည်းကတော့ အရင်တုန်းက ပိုစ့်တွေအတိုင်း အတူတူပါပဲ..။ crack ဖိုင်မထည့်တတ်သေးတဲ့ သူများနဲ့ မသိသေးတဲ့ သူများကတော့ အောက်မှာ အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 17.4 MB ရှိပါတယ်..။ ဒီကောင်လေးကို ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းပြီး တင်ပေးထားပါတယ်..။

FotoSketcher Setup and Portable 2.41 Final


ဒီကောင်လေးက မိမိတို့ရဲ့ ပုံလေးတွေကို အပေါ်ကပုံလိုမျိုး ခဲခြစ် ပန်းချီလိုလို၊ ရေဆေး၊ ဆီဆေး ပန်းချီလိုလို စိတ်ကြိုက်  ပုံစံလေးတွေ ဖြစ်အောင် ပြုပြင် ဖန်တီးယူလို့ ရတဲ့ ကောင်လေးပါ..။ အသုံးပြုရတာလည်း လွယ်ကူပြီး အောက်မှာ ကျနော် သုံးတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရပါပြီ..။ Install မဆွဲချင်တဲ့ သူများကတော့ Portable လေးနဲ့လည်း အဆင်ပြေပါတယ်..။ အောက်ကလင့်မှာ ၂မျိုးစလုံး ထည့်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ ၂ခုပေါင်း 9.8 MB ရှိပါတယ်..။ 

Nero Video 12.0.8.000 Repack

Nero Video 12 လေးကို Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရပါပြီ..။ ဒီကောင်လေးနဲ့ မိမိတို့ရဲ့ ဓါတ်ပုံတွေနဲ့ Video တွေကို အလွယ်တကူ ဆလိုက်ရှိုးလေးတွေ ပြုလုပ်လို့ ရမှာ ဖြစ်ပါတယ်..။ မိမိတို့ ဖန်တီးပြီးသား ဆလိုက်ရှိုးလေးတွေကို MP4 လိုဖေါ်မတ်တွေနဲ့ ထုတ်ယူလို့ ရသလို ၊ တခါတည်း အခွေကူးထုတ်လို့ပါ ရပါသေးတယ်..။ သူ့ထဲမှာ ပါတဲ့ Features လေးတွေက အများကြီးပဲမို့ တခုချင်းစီ လုပ်ပြပေးဖို့လည်း အဆင်မပြေပါ..။ အောက်မှာတော့ သူ့ရဲ့မူရင်းဆိုဒ်မှာ အသုံးပြုတတ်အောင် Video လေးတွေ တင်ပေးထားပါတယ်..။ သွားဝင်ကြည့်လို့ ရအောင် လင့်ပါ ချိတ်ပေးထားပါတယ်..။ အောက်မှာလည်း ကျနော် အသုံးပြုထားတဲ့ ဓါတ်ပုံဆလိုက်ရှိုးလေးကို ဥပမာ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 64 MB ရှိပါတယ်..။ ဒီကောင်လေးကို ဖရီးဆော့ဝဲလ် နာမည် တခုနဲ့ ပြောင်းပြီးတင်ပေးထားပါတယ်..။

Ashampo Burning Studio 2013 11.0.6.40 Final



ဒီ Tools လေးက Burning Tools တွေထဲမှာ အတော်လေး ကောင်းတဲ့ တူးလေး တစ်ခုပါပဲ..။ အရင်တုန်းကလည်း Ashampo Burning Studio လေးတွေ အများအပြား တင်ပေးဖူးပါတယ်..။ လင့်တွေ ပျက်ကုန်လောက်ပြီဖြစ်လို့ ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ ရမယ့် Key အမှန်လေးနဲ့ တင်ပေးလိုက်ပါတယ်..။ တခြား Burning တူးတွေထက်စာရင် ဒီကောင်လေးနဲ့ အခွေကူးတဲ့အခါ ထက်ဝက်ပိုမြန်တာကို ကျနော်လက်တွေ့ အသုံးပြုရင်း သိခဲ့ရပြီးပါပြီ..။ သုံးဖူးတဲ့သူများ သိပါတယ်..။ နောက်ပြီး ဒီကောင်လေးမှာ အသုံးပြုလို့ ရတဲ့ အသုံးဝင် Feature တွေ အများကြီးပါပါတယ်..။ အားလုံးကို အသုံးပြုတတ်ဖို့ ဆိုရင်တော့ အချိန်ပေးပြီး လေ့လာမှ အားလုံးကို လုပ်တတ်မှာပါ..။ ဒါကြောင့် Feature တွေ များတဲ့အတွက် အသုံးပြုပုံကို မိမိတို့ ကိုယ်တိုင်ပဲ ဖြေးဖြေးချင်း လေ့လာပြီး သင်ယူကြပါ..။ CD/DVD  အခွေဘမ်းနည်း ပိုစ့်မှာတော့ အနည်းငယ်လုပ်ပြထားတာ ရှိပါတယ်..။ လိုအပ်တဲ့သူများ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ ဒီပိုစ့်မှာတော့ အောက်မှာ ပုံလေးတွေနဲ့ ဒီကောင်လေးကို ဖူးသုံးလို့ ရမယ့် Key လေးတွေ ထည့်ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 74.7 MB ရှိပါတယ်..။ ဒီကောင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်နဲ့ ပြောင်းပြီး တင်ပေးထားပါတယ်..။ 

SolveigMM Video Splitter 3.6.1301.16 Final



ဒီကောင်လေးက ကျနော်တို့ ရုပ်ရှင်တွေ ၊ Video တွေကို မိမိတို့ လိုချင်တဲ့ အပိုင်းလေးကိုပဲ ရွေးပြီး ဖြတ်ယူလို့ ရတဲ့ ကောင်လေးပါ..။ အရင်တုန်းကလည်း Video Cutter လေးတွေ တင်ပေးဖူးပါတယ်..။ ဒီကောင်လေးကတော့ Video Splitter လေးပါ..။ သူ့အတွက် ဖူးသုံးလို့ ရမယ့် ကီးလေးတွေပါ ထည့်ပေးထားပါတယ်..။ မိမိတို့ရဲ့ Video လေးတွေကို စိတ်ကြိုက်ဖြတ်ယူချင်တဲ့သူများ အတွက် အောက်မှာ အသုံးပြုပုံနဲ့ အတူ Key လေးပါ ထည့်ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဒေါင်းယူပြီး ဆက်ကြည့်ပေးပါ..။ ဖိုင်ဆိုဒ်ကတော့ 21.8 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းပြီး တင်ပေးထားပါတယ်..။

ပျက်သွားတဲ့ ဒေါင်းလော့လင့်မှ ဆော့ဝဲလ်ဖိုင်များ ပြန်တင်ပေးလိုက်ပါပြီ

ဒီနေ့ ပြန်တင်ပေးလိုက်တဲ့ ဖိုင်တွေကတော့ အောက်မှာ ဖေါ်ပြထားတဲ့ အတိုင်းပါပဲ..။ ပြန်တင်ပေးဖို့ တောင်းထားတဲ့ ဖိုင်တွေထဲက မှတ်မိသလောက်နဲ့ ပြန်ရှာတွေ့တဲ့ ဖိုင်တွေကိုပဲ အရင်တင်ပေးထားတာပါ..။ တချို့ဆော့ဝဲလ်တွေကတော့ ဖျက်လိုက်တဲ့ထဲ ပါသွားလားတော့မသိ၊ ဘယ်နေရာရောက်သွားမှန်းမသိလို့ ပြန်ရှာလို့ မရတော့ပါဘူး..။ ကျနော့် Blog မှာ တင်ပေးဖူးတဲ့ ဖိုင်တွေထဲက နောက်ထပ်လိုအပ်တဲ့ ဆော့ဝဲလ်တွေကို Cbox နဲ့ Comment နေရာတွေမှာ ထပ်တောင်းနိုင်ပါတယ်..။ ဒီ၃၊၄ရက်မှာ တောင်းထားတဲ့ ထဲက ပြန်ရှာလို့ ရသလောက် ဆော့ဝဲလ်တွေကို ဒီပိုစ့်မှာ ထပ်တင်ပေးထားပါမယ်..။ Connection တော့ သိပ်ကောင်းသေးတာ မဟုတ်ပါ..။ ဒါပေမယ့် တောင်းထားတဲ့ ဆော့ဝဲလ်တွေ ပြန်တင်ပေးဖို့ ကြာနေတဲ့အတွက်ကြောင့် ဒီနေ့ သီးသန့်အချိန်ပေးပြီး ပြန်တင်ပေးလိုက်ပါတယ်..။ အောက်က ပြန်တင်ပေးထားတဲ့ ဖိုင်တွေမှာ မိမိတို့ တောင်းထားတဲ့ ဆော့ဝဲလ်တွေပါခဲ့ရင် အမြန်သာ ဒေါင်းယူထားကြပါဗျာ..။ ဒီဖိုင်တွေ အားလုံးကို ဖရီးဆော့ဝဲလ်နာမည်တွေ ပြောင်းပြီး တင်ပေးထားပါတယ်..။
အရင်တုန်းက Cbox နဲ့ Comment တွေမှာ ပြန်တင်ပေးဖို့ တောင်းထားတဲ့ ဆော့ဝဲလ်တွေထဲက မှတ်မိသလောက်နဲ့ ပြန်ရှာလို့ ရသလောက်ကိုပဲ ပြန်တင်ပေးထားပါတယ်..။
---Photoshine 4.2.0 + Patch
---ProShow Gold 4.5.2949
---Cyberlink You Cam5 
---TVU Player 2.5.3.1 - တစ်ကမ္ဘာလုံးရှိ မြန်မာပြည်သားများ မြန်မာပြည်TVလိုင်း Skynet ကို Channel နေရာတွင် 99221 ရိုက်ထည့်ပြီး ကြည့်လို့ရပါပြီ..။ အသုံးပြုနည်းပိုစ့် ဒီမှာဝင်ကြည့်ပါ..။
----StellarPhoenix Windows Data Recovery Pro 5.0
---Power Director Editing PDF (မြန်မာလို)
---PC Hardware by MyoThuya PDF (မြန်မာလို)
---Sonne Screen Video Capture 7.1.0.563
---Tuneup Untilies 2013
---Portable VZO Chat and Setup
---WonderShare DVD Slideshow Builder (Setup-English)
---WonderShare DVD Slideshow Builder (Russia-Portable)
---Cyberlink Power DVD 12
---Portable Adobe Illustrator CS5
---Win7 any time upgrade keygen
---CW windows7 active 2010 - ဝင်းဒိုး Genuine ကာရန်
---Windows 7 Loader
---Speaking English Software -Talk it
---Driver Backup
---WinUSB Maker - USB ဖြင့်ဝင်းဒိုး တင်လို့ရအောင် လုပ်ရန်
---Malwarebytes Anti-Malware PRO 1.65.0.1400 
---PowerISO v5.2
---Portable Apps Maker v1.0 - Portable ဆော့ဝဲလ်များ ဖန်တီးရန်
---AusLogics Boot Speed up 5.2.0.0 
---Mp3 Music Editor 7.0.1
---Active File Recovery 9.5.4
  အဆင်သင့်သုံး Photoshop PSD Template ဖိုင်များ
---5in1-files Photoshop PSD Template 
---5in1-files(s) Photoshop PSD Template
 (အသစ်ထပ်တင်ပေးလိုက်တဲ့ PSD Template ဖိုင်များ)
---3in1 PSD Template
---65in1 Professional Photoshop PSD Web Template
---Photoshop PSD Template Blue Romantic

Windows တွေအတွက် Microsoft ကပေးတဲ့ အကောင်းဆုံးဆေးတစ်ခွက် - SC Command

 Kolin Lin     28 January 2013     06:44
F8 ကို နှိပ်ပြီး Last Known Good Configuration ထဲကနေဝင်မှ ဝင်းဒိုးတက်တယ်. ခက်နေတာက Start Normal Window ကနေဝင်ရင် ဝင်းဒိုးမတက်ဘူး. အကိုပြောသလို နောက်ဆုံး Install ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်တယ်။ အဲလိုပဲ..CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်မိတယ်။ ကျနော်က System Tools တွေသုံးပြိးတဲ့ အခါတိုင်းတစ်ခါမှ Restart မချမိဘူး. ကျနော် သိလိုက်တော့ နောက်ကျသွားပြီ။ 
လိမ်ဖယ်၊လိမ်ဖယ်နဲ့ ဒီနေ့ ကျနော့် Blog လေး တစ်နှစ်ပြည့်သွားခဲ့ပါပြီ..။ ဒီ Blog လေးစစချင်း ရည်ရွယ်ချက်ပိုစ့်လေးမှာ ပါခဲ့တဲ့၊ ရေးခဲ့တဲ့ သူငယ်ချင်းတောင် အခုဆိုရင် ဒီ Blog လေးကနေ ပညာတွေ တတ်သွားလို့ သူ့သူငယ်ချင်းတွေ ကြားမှာ ဆရာတစ်ယောက် ဖြစ်နေပြီ..။ ဒီ Blog လေးကနေ ပညာတွေ တတ်သွားတဲ့ တခြား သူငယ်ချင်းတွေလည်း မနည်းတော့ပါ..။ မသိတာနဲ့ သိပ်နားမလည်တဲ့ အပိုင်းတွေကို ကျနော့်ဆီမှာ ဆက်သွယ်ပြီး မေးလာကြလို့ သူတို့က ပိုအတတ်မြန်တာ ထင်ပါတယ်..။ ကျနော့် Blog လေး တစ်နှစ်ပြည့်အနေနဲ့ Windows တွေအားလုံးအတွက် ဆေးတစ်ခွက်လို့ ပြောလို့ရတဲ့ SC Command လေးနဲ့ ဝင်းဒိုးတွေကို ပြန်လည်ပြုပြင်၊ သို့မဟုတ် ပုံမှန်ထက် ပိုမိုသွက်လက်စေမယ့် နည်းလမ်းလေးကို ကွန်ပျူတာနဲ့ ဝင်းဒိုးသုံးစွဲသူတိုင်း မဖြစ်မနေ ဆောင်ထားသင့်တဲ့ ၊ သိထားသင့်တဲ့ နည်းလမ်းလေး တခုအဖြစ် ပြန်လည် မျှဝေလိုက်ပါတယ်..။ ဒီအပေါ်က Comment လေးကတော့ Startup Repair အသုံးပြုနည်း ပိုစ့်မှ ကို Kolin Lin  ရေးထားခဲ့တဲ့ စာသားတွေထဲက အနည်းငယ်ကို ဒီပိုစ့်နဲ့ သက်ဆိုင်တဲ့အတွက် ပြန်လည် ဖေါ်ပြပေးလိုက်တာပါ..။ ဒီအစ်ကိုလိုပဲ ကျနော်အရင်တုန်းက ကြုံဖူးခဲ့ပါတယ်..။ ဒီနည်းကို မသိခင်တုန်းကတော့ ခဏခဏဝင်းဒိုး အသစ်တင်ခဲ့ရပါတယ်..။ ဒီလိုမျိုး Error ကြောင့် ဝင်းဒိုးမတက်နိုင်တော့တဲ့အခါ - F8 ကို နှိပ်ပြီး Last Known Good Configuration ထဲကနေဝင်မှ ဝင်းဒိုးတက်တယ်. ဆိုရင် ဒီနည်းနဲ့ Sc Command တွေကို ရိုက်ထည့်ပေးလိုက်ရင် ဝင်းဒိုးပြန်ကောင်းသွားပါလိမ့်မယ်..။ ကျနော့်လက်တွေ့ ကျနော့်ဆရာဆီမှာ ကျနော့်စက်က ဒီလိုဖြစ်သွားတယ်ဆိုတာ ဆရာ့ကို ပြောပြတော့ ကျနော့်ဆရာက ဒီနည်းနဲ့ လုပ်ပေးလိုက်တာ Starting Windows ပြန်ကောင်းသွားပြီး ပုံမှန်အတိုင်း ဝင်းဒိုးပြန်တက် လာပါတယ်..။ ဒါကလည်း ဒီ Comment လေးကို တွေ့မှ ဒီပိုစ့်ကို တင်ပေးဖို့ သတိရပြီး၊ စိတ်ကူးပေါ်လာတာ..။ နောက်ပိုင်းတော့ System Tools တွေကို အသုံးပြုပြီးတိုင်း စက်ကို Restart ချပြီးမှ ဆက်အသုံးပြုခဲ့လို့ ဒီလို Starting Windows မတက်နိုင်တော့တဲ့ error တွေကနေ ကင်းဝေးခဲ့ပါတယ်..။ အခုပြောမယ့် ဒီနည်းလေးက အခုလက်ရှိ ဝင်းဒိုးကောင်းနေတဲ့ အချိန်မှာလည်း Sc Command တွေကို CMD ထဲမှာ ရိုက်ထည့်ပေးဖို့ လိုအပ်ပါတယ်..။ အဲ့လိုလုပ်ထားတဲ့ ဝင်းဒိုးတွေမှာ Error တွေနည်းပြီး ၊ ဝင်းဒိုးကြောင်တာ၊ ဝင်းဒိုးပျက်တာတွေ အတော်လေးနည်းသွားတာကို ကျနော့်လက်တွေ့ သိခဲ့ရပြီးပါပြီ..။ တော်ယုံ ဗိုင်းရပ်စ်ကြောင့် မဟုတ်ရင်၊ Error ကြီးကြီးမားမား မဖြစ်ရင် ဝင်းဒိုးက သွက်လက်ပြီး သုံးလို့ ကောင်းနေပါလိမ့်မယ်..။ Starting ဝင်းဒိုးမတက်နိုင်တော့တဲ့ စက်တွေမှာလည်း F8 နဲ့ Windows Repair ကနေ Last Known Good Configuration သို့မဟုတ် Safe Mode and Command Prompt ထဲကို ဝင်လို့ ရခဲ့မယ်ဆိုရင် ဒီ Sc Command တွေကို ရိုက်ထည့်ပေးလိုက်ရင် ဝင်းဒိုး Error တော်တော်များများကို ပြန်ကောင်းစေပါတယ်..။ 
ဒီနည်းက Microsoft ကပေးထားတဲ့ ဝင်းဒိုးပြုပြင်နည်းတွေထဲက တခုပါပဲ..။ အခုဒီနည်းကို လက်ရှိဝင်းဒိုးကောင်းနေတဲ့ အချိန်မှာကတည်းက လုပ်ပေးထားကြပါ..။ ဝင်းဒိုးထဲမှာ ရှိနေတဲ့ Setting တွေနဲ့ System အပိုင်းတွေကို အားလုံး ပုံမှန်အတိုင်း အလုပ်လုပ်နိုင်အောင် CMD ထဲကနေ ကွန်ပျူတာကို ပြန်ပြီး လုပ်ခိုင်းတာ ဖြစ်တဲ့အတွက် ဆော့ဝဲလ်တွေ သုံးစရာ မလိုတဲ့ အတော်လေး ကောင်းတဲ့ ၊ အသုံးဝင်တဲ့ နည်းလေးပါ..။ ဒီ Sc Command တွေအားလုံး ရိုက်ထည့်ပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ..။ အောက်မှာ ဒီ Sc Command တွေကို ရေးပေးထားပါတယ်..။ ဒီစာသားတွေကို မိမိတို့ဝင်းဒိုးရဲ့ Notepad မှာ copy-paste နဲ့ ကူးထည့်ပြီး သေချာ သိမ်းထားလိုက်ပါဗျာ..။ ကွန်ပျူတာဝိစ္စာလို့ ပြောရမယ့် PRO တစ်ယောက်ဖြစ်ချင်ရင်တော့ ဒီ Sc Command တွေနဲ့ နောက်ပိုင်း တင်ပေးမယ့် CMD အသုံးပြုနည်းတွေမှာ ပါလာမယ့် စာသားတွေကို အာဂုံဆောင် အလွှတ်ရအောင် ကျက်မှတ်ထားဖို့ လိုအပ်ပါတယ်..။ ရိုးရိုးအပျော်တမ်းသမား တွေနဲ့ နည်းပညာ လေ့လာလိုက်စားတဲ့ ဝါသနာရှင်တွေကတော့ ဒီစာသားတွေကို Notepad ကနေ copy-paste နဲ့ CMD လို့ခေါ်တဲ့ ဝင်းဒိုး Command Prompt ထဲမှာ ကူးထည့်ပြီး Enter ခေါက်သွားလိုက်ရင် အဆင်ပြေပါပြီ..။ Command Prompt မှာလည်း Internal Command Prompt နဲ့ External Command Prompt ဆိုပြီး ခွဲထားတာမို့ ဒီးနည်းကို Internal Command Prompt မှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဝင်ဒိုးဆေးရဲ့ အာနိသင်ကို ရှင်းပြရင်း စာလည်း ရှည်သွားပြီမို့ ဆက်လက်ပြီး အသုံးပြုနည်းကို  အားလုံးပဲ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အမှားမဖြစ်နိုင်တဲ့အတွက် ကွန်ပျူတာကိုင်တာ သိပ်မကျွမ်းကျင်သေးတဲ့သူများပါ အောက်ကပုံလေးတွေ အတိုင်း တခုချင်းစီ လုပ်ပေးနိုင်ပါတယ်..။ ဝင်းဒိုးတိုင်းမှာ လုပ်ရမှာ ဖြစ်တဲ့အတွက် အားလုံးပဲ ဆက်ကြည့်ပေးပါ..။

အလွယ်ကူဆုံး Proxy ကျော်နည်း


ဒီပိုစ့်ကို ''အလွယ်ကူဆုံး Proxy ကျော်နည်း'' လို့ပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်..။ ဘာလို့လဲဆိုတော့ တခြား Proxy ကျော်နည်းတွေလို Proxy နံပါတ်တွေနဲ့ Port နံပါတ်တွေ လိုက်ပြောင်းထည့်ပေးဖို့ မလိုပဲ ဒီအောက်ကလင့်လေးကို Notepad နဲ့ ကူးမှတ်ထားပြီး မိမိတို့ အသုံးလိုတဲ့အခါ Browser ရဲ့ Address Bar မှာ copy-paste နဲ့ ထည့်၊ Enter ခေါက်လိုက်ရင် နေ့စဉ် Proxy ကျော်ပေးနိုင်တဲ့ Websites တွေကို တွေ့ရပါလိမ့်မယ်..။ နေ့စဉ် Proxy ကျော်ပေးနိုင်တဲ့ Websites ၁၀ခုလောက်ကို ဒီအောက်ကလင့်မှာ ဖေါ်ပြပေးထားလို့ တခုမရ၊ နောက်တခုနဲ့ ပြောင်းသုံးပေးလိုက်ရင် ကျနော်တို့လို Blogspot တွေကိုပါ အလွယ်တကူ ဝင်ကြည့်လို့ ရမှာ ဖြစ်ပါတယ်..။ Proxy ကျော်တယ်ဆိုတာ ဘာကို ပြောတာလဲ..။ တချို့က မသိသေးပါဘူး..။ မိမိတို့ အသုံးပြုနေတဲ့ အင်တာနက်လိုင်းကို ထိန်းချုပ်ထားတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရပိုင်းတွေက ၎င်းတို့ မကြည့်စေချင်တဲ့ ဝဘ်ဆိုဒ်တွေကို ပိတ်ထားတတ်ကြပါတယ်..။ အရင်တုန်းက မြန်မာပြည်မှာဆို ကျနော်တို့လို Blogspot တွေနဲ့ တခြား ဖရီး ဆိုဒ်တွေကို ဝင်ကြည့်လို့ မရအောင် ပိတ်ထားတတ်ပါတယ်..။ အခုနောက်ပိုင်းတော့ သေချာမသိတော့..။ နောက်ပြီး လိုင်းကျတဲ့အခါမျိုးတွေမှာလည်း မိမိတို့ ကြည့်ချင်တဲ့ ဆိုဒ်တွေကို ဝင်လို့ မရတတ်ပါဘူး..။ အဲ့လိုအခါမျိုးတွေမှာ Proxy ကျော်မှ အဆင်ပြေပါတယ်..။ Proxy ကျော်နည်းတွေ အများကြီးရှိတဲ့ထဲက ဒီနည်းလေးက အလွယ်ဆုံးမို့ နောက်ပြီး Google ကလည်း Support လုပ်ပေးထားလို့ အားလုံးအတွက် အဆင်ပြေမယ်ထင်တဲ့အတွက် ဒီ Proxy ကျော်နည်းပိုစ့်မှာ ဒီအောက်ကလင့်လေးကို ဝင်ပြီးအသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ Blogspot တွေနဲ့ တခြား ဝဘ်ဆိုဒ်တော်တော်များများကို ဝင်လို့ မရတတ်တဲ့ သူများ အောက်မှာ ဆက်ကြည့်ပေးပါ..။

Nature Wallpapers Desktop


ဒီပုံလေးတွေကတော့ မိမိတို့ ကွန်ပျူတာ Desktop မှာ သဘာဝ ရှု့ခင်းပုံလေးတွေကို တင်ထားချင်တဲ့သူများအတွက် အဆင်ပြေစေမယ့် Wallpapers လေးတွေပါ..။ Resolution ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့အတွက် ကြည်လင်ပြီး၊ အရောင်အသွေး စိုပြေတဲ့ သဘာဝပုံလေတွေကို တခါတည်း အသုံးပြုတတ်အောင်၊ မိမိတို့ ကွန်ပျူတာမှာ တခါတည်း ဓါတ်ပုံ ဆလိုက်ရှိုးနဲ့ လုပ်တတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ Wallpaper ပိုစ့်လေးမှာလည်း အခုလိုမျိုး အသုံးပြုတတ်အောင် လုပ်ပြပေးခဲ့ ဖူးပါတယ်..။ အဲ့ဒီနည်းအတိုင်း လုပ်ပေးလိုက်ယုံပါပဲ..။ မသိသေးတဲ့သူများနဲ့ မလုပ်တတ်သေးတဲ့ သူများတော့ အောက်မှာ ဆက်ကြည့်နိုင်ပါတယ်..။ ဒီ Nature Wallpapers ပုံလေးတွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 21.4 MB ရှိပါတယ်..။

Plants Vs. Zombies Portable


ဒါလေးက Plants Vs. Zombies Portable ဂိမ်းလေးပါ..။ ၂ချက်တောက်ပြီး တန်းကစားယုံပါပဲ..။ ကျနော်လည်း စမ်းကစား ကြည့်ပြီးပါပြီ..။ အဆင်ပြေပါတယ်..။ ဒီပိုစ့်ကနေ စပြီး နောက်ပိုင်းပိုစ့်တွေမှာ ကျနော့် Blog ရဲ့ Password မခံပေးတော့ပါဘူး..။ ဘာလို့လဲဆိုတော့ tny paste ဆိုဒ်က Unlock Code တွေခံထားပေးနေလို့ ဒေါင်းလော့လင့် နေရာကို အဲ့ဒီကုတ်တွေ အကောင့်ဖွင့် ဝင်ပြီး ယူမှ ဖိုင်တွေကို ဒေါင်းယူလို့ ရမှာပါ..။ Get Unlock Code ယူနည်းကို မနေ့က ပိုစ့်တင်ပေးထားတဲ့အတိုင်း လုပ်ပြီး ကုတ်တွေယူထည့်ပေးလိုက်ရင် ဒေါင်းလော့လင့်တွေကို မြင်ရ၊ယူလို့ရသွားပါလိမ့်မယ်..။ ဒီ Portable ဂိမ်းလေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.။ ဖိုင်ဆိုဒ်ကတော့ 33.3 MB ရှိပါတယ်..။ 
Related Posts Plugin for WordPress, Blogger...