ဒီ Malwarebytes ဆော့ဝဲလ်လေးကတော့ စက်ကိုလေးအောင် ၊ ဟမ်းအောင်လုပ်တတ်တဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်ရှင်းလင်းပေးနိုင်တဲ့ နေရာမှာ အတော်လေး အသုံးဝင်ပါတယ်.. အရင်တုန်းကလည်း ဗါးရှင်းအဟောင်းတခု တင်ပေးထားဖူးပါတယ်..။ တချို့က ပြန်ဒေါင်းယူလို့ မရတော့တဲ့ အကြောင်း Cbox မှာ ခဏခဏ ရေးပေးထားပါတယ်..။ ဒီနေ့တော့ နောက်ထပ်အသစ်ထွက်လာတဲ့ ဗါးရှင်းအသစ်လေးကို ထပ်တင်ပေးလိုက်ပါတယ်..။ အသုံးပြုပုံ အစအဆုံးကို အရင်ပိုစ့်ဖြစ်တဲ့ Malwarebytes Anti-Malware PRO 1.65.0 ပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ ပြန်ကြည့်ပေးပါ..။ အသုံးပြုနည်း အတူတူပါပဲ..။ ဒီပိုစ့်မှာတော့ ဒီကောင်လေးကို ဖူးသုံးလို့ ရမယ့် Keygen လေး ထည့်ပေးထားပါတယ်..။ ဆော့ဝဲလ်ကို Install ထည့်ပြီးတာနဲ့ ပိတ်ပစ်လိုက်ပါ..။ Minimize ကျနေတဲ့ Task Bar မှ Trail Icon ထဲမှာပါ Exit နဲ့ ထွက်ပစ်လိုက်ပါ..။ ပြီးတော့မှ Keygen ကိုအရင်ဖွင့်ပါ.. Keygen ဖွင့်ပြီးမှ Install ထည့်ထားတဲ့ ဒီ Malwarebytes' Anti-Malware Pro 1.70.0.1100 Final ဗါးရှင်းကို ဖွင့်ပါ..။ Keygen ထဲက Key တွေကို copy-paste နဲ့ ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ.. အောက်မှာလည်း ပုံလေးတွေနဲ့ Keygen ထည့်တာကို ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.8 MB ရှိပါတယ်..။
AVG Internet Security Business Edition 2013 - 13.0.2793 Build 5877
ဒီကောင်လေးက မနေ့က တင်ပေးလိုက်တဲ့ ကောင်လေးထက်ပိုပြီး အစွမ်းထက်တဲ့ AVG Internet Security Business Edition 2013 ပါ..။ အသုံးပြုပုံကတော့ မနေ့က ကောင်လေးနဲ့ အတူတူပါပဲ..။ ဒီကောင်လေးက Business Edition မို့ မနေ့က ကောင်လေးထက် ဖိုင်ဆိုဒ်လည်း ပိုများပါတယ်..။ ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာလည်း နာမည်ရှိတဲ့ ဆော့ဝဲလ်ကောင်လေးမို့.. Windows 8 အသုံးပြုသူများ အတွက် အဆင်ပြေစေမယ့် ဆော့ဝဲလ်ကောင်းလေးလည်း ဖြစ်တာကြောင့် ဒီနေ့ဒီကောင်လေးကို ထပ်တင်ပေးလိုက်ပါတယ်..။ မိမိတို့ ဝင်းဒိုးနဲ့ အဆင်ပြေမယ့် ဗါးရှင် 32-bit လား၊ 64-bit ဆိုတာကို အောက်က ဒါရိုက်ဒေါင်းလော့လင့်မှာ ရေးပေးထားပါတယ်.. ဒီကောင်လေးအတွက် keys တွေကိုလည်း အရင်ဒေါင်းလော့လင့်ထားတဲ့ စာမျက်နှာမှာ တင်ပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. အောက်မှာလည်း Keys ထည့်ပြထားပြီး အသုံးပြုပုံကို မနေ့ကပိုစ့်မှာ ဖေါ်ပြထားပြီးသားမို့ ဒီနေ့ပိုစ့်မှာတော့ အနည်းအကျဉ်းမျှသာ လုပ်ပြထားပါတယ်..။ နောက်တခုက Patch /Crack/keygen တွေကို ဖွင့်သုံးချင်တဲ့အခါ အရင်ဆုံး ဒီကောင်လေးကို Temporary Disable ပေးထားမှ အဲ့ဒီဖိုင်တွေကို ဖွင့်သုံးလို့ ရမှာပါ..။ အဲ့လိုလုပ်တတ်အောင်လည်း ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..
AVG Internet Security 2013 - 2013.0.2677a5774
AVG Antivirus ကို အရင်တုန်းက အစ်ကိုတစ်ယောက် တောင်းထားဖူးပါတယ်..။ ဖူးမရပဲ Trail ဗါးရှင်းတွေပဲ ရလာလို့ တင်မပေးတာပါ..။ ဒီကောင်လေးကတော့ AVG Internet Security 2013 အတွက်ပါ..။ Full သုံးလို့ ရမယ့် Keys တွေအများကြီး ထည့်ပေးထားပါတယ်..။ အောက်မှာ ဒီကောင်လေးကို Key ထည့်ပြထားးပြီ.. အသုံးပြုတတ်အောင်လို့ ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. မိမိတို့ ဝင်းဒိုးရဲ့ ဗါးရှင်းအလိုက် 32-bit or 64-bit သက်ဆိုင်ရာ ဗါးရှင်းကို ရွေးပြီး ဒေါင်းယူပါ..။ ဆော့ဝဲလ်ကို မူရင်းဆိုဒ်ကနေ ဒါရိုက်လင့်ကို ဒေါင်းယူလို့ ရအောင် လင့်ပြန်ချိတ်ပေးထားပါတယ်.. သူ့အတွက် keys တွေကို ဒေါင်းလော့လင့် တင်ပေးထားတဲ့ စာမျက်နှာမှာ ဖေါ်ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..
အရင်တုန်းက အကိုတစ်ယောက်လည်း Windows 8 မှာ Antivirus ထည့်သုံးလို့ မရဘူးလို့ မေးဖူးပါတယ်.. ဒီ AVG Internet Security 2013 ကို ကျနော် Windows 8 နဲ့ အသုံးပြုပြထားတာပါ.. Windows 8 အသုံးပြုသူများအတွက် အဆင်ပြေစေမယ့် Antivirus ပရိုဂရမ်လေး တစ်ခုပါပဲ.. နောက်တခုက ဒီကောင်လးကို ထည့်ပေးပြီးရင် IDM အလုပ်လုပ်ဖို့ သူ့ရဲ့ Setting ထဲမှာပါ လိုက်ပြောင်းပေးရပါတယ်..။ အားလုံး အစအဆုံး ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..
Kaspersky All Version Keys 2012-2013 (21 December 2012)
ဒီဇင်ဘာ ၂၁ ရက်နေ့ထွက် နောက်ဆုံး Kaspersky All Version Keys 2012-2013 ကီးတွေပါ..။ ဒီဖိုင်လေးထဲမှာ Kav Remover Tool လေးပါ ထည့်ပေးထားပါတယ်..ဒီ Tool လေးနဲ့ Kaspersky Products တွေကို ပြန်ထုတ်ချင်တဲ့အခါ အလွယ်လေး ပြန်ထုတ်ပစ်လို့ ရမှာဖြစ်ပါတယ်..။ Key Files တွေများလွန်းတဲ့အတွက် မိမိတို့ အဆင်ပြေရာနဲ့သာ ဖူးလုပ်ပြီး အသုံးပြုပါ.. Kaspersky ဆော့ဝဲလ်ကိုတော့ မူရင်းဆိုဒ်မှာပဲ နောက်ဆုံးဗါးရှင်းတွေကို ဒေါင်းယူလိုက်ပါ.. ဒီလင့်မှာပါ.. http://usa.kaspersky.com/downloads/product-updates ၊ အောက်ကလင့်မှာလည်း ဒေါင်းယူလို့ ရပါတယ်.. http://www.kaspersky.com/productupdates မိမိတို့ အသုံးပြုချင်တဲ့ ဗါးရှင်းကို ရွေးပြီးဒေါင်းယူပါ..။ ကျနော်နမူနာတခု ဒေါင်းယူပြထားတဲ့ ပုံလေးတွေကို အောက်မှာ ကြည့်ကြည့်ပါ.. Keys တွေ၊ Key Files တွေထည့်နည်းကို အရင်တုန်းက တင်ပေးဖူးတဲ့ Kaspersky Antivirus 2013 ပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ ပြန်ကြည့်ပေးပါ..။ ဒီ Keys တွေနဲ့ Key Files တွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်က 2 MB ပဲရှိပါတယ်..
ESET NOD32 Antivirus & ESET Smart Security - User Name and Password (Product Keys)
ESET NOD32 Antivirus နဲ့ ESET Smart Security ဆော့ဝဲလ်တွေကို မူရင်းဆိုဒ်တွေမှာ သွားဒေါင်းယူလို့ ရအောင် အောက်မှာ လင့်ချိတ်ပေးထားပါတယ်.. မိမိတို့ကြိုက်နှစ်သက်တဲ့ ဆော့ဝဲလ်ကို ရွေးပြီးဒေါင်းယူပါ.. ပြီးရင်တော့ အောက်က ဒေါင်းလော့လင့်ကနေ ဒီကောင်လေးတွေကို ၃လကျော် ဖူးသုံးလို့ ရမယ့် User Name နှင့် Password တွေကို သွားယူပြီးထည့်ပေးလိုက်ပါ.. ဒီကောင်လေးကို အသုံးပြုတတ်အောင်လို့ ကျနော် အစအဆုံး အောက်မှာ ပုံလေးတွေနဲ့ လုပ်ပြထားပါတယ်.. ဒီအမျိုးအစားကလည်း ဗိုင်းရပ်စ်သတ်တဲ့ ပရိုဂရမ်တွေထဲမှာ နာမည်ကြီးတဲ့ ဆော့ဝဲလ်ကောင်းတမျိုးပါပဲ.. အရင်တုန်းက ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် လိုက်ရှာဖူးပါတယ်.. သူ့အတွက်ရလာတဲ့ Crack တို့ ၊ Activator တို့က ရှာလို့တော့တွေ့တယ်..။ ဒီကောင်လေးတွေကို ဖူးသုံးလို့ ရအောင် လုပ်မပေးနိုင်ပါဘူး..။ ဒါကြောင့် တောင်းတဲ့လူရှိခဲ့ပေမယ့် ကျနော်တင်မပေးတာပါ.. အခုဒီ User Name နဲ့ Password တွေကျတော့ ကျနော်စမ်းသုံးကြည့်တာ အဆင်ပြေနေလို့.. ကျနော့်စက်မှာ Install ထည့်ထားပြီးသားကို ပြန်ထုတ်ပြီး.. အစအဆုံး ပုံလေးတွေနဲ့ လုပ်တတ်၊ အသုံးပြုတတ်အောင် ပြန်ပြပေးထားပါတယ်..။ လုပ်ရတာတော့ မခက်ပါဘူး.. အားလုံကို အစအဆုံးပြပေးထားလို့ ပုံတွေတော့ နည်းနည်းများပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ မူရင်းဆိုဒ်မှာ သွားဒေါင်းယူလိုက်ပါဗျာ.. User Name နဲ့ Password ကိုလည်း ဒေါင်းလော့လင့် နေရာကနေ သွားယူနိုင်ပါတယ်..။
Picture Collage Maker Pro 3.3.7.3600
Picture Collage Maker ဆိုတဲ့အတိုင်း မိမိတို့ရဲ့ ပုံလေးတွေကို စိတ်ကြိုက် ဒီဇိုင်းမျိုးစုံ ဖန်တီးပြီး သုံးလို့ရတဲ့အတွက် အားလုံးပဲ အကြိုက်တွေ့လိမ့်မယ် ထင်ပါတယ်..။ နောက်ခံဒီဇိုင်းမျိုးစုံ ၊ ဖရိန်မျိုးစုံကို မိမိတို့ ပုံလေးတွေ တပုံမက အများကြီး ထည့်ပြီး JPEG ဓါတ်ပုံဖေါ်မတ်နဲ့ ထုတ်ယူလို့ ရသလို.. မိမိတို့ ကွန်ပျူတာ Desktop မှာလည်း မိမိတို့ ဖန်တီးထားတဲ့ နောက်ခံဖရိန်ပုံလေးတွေကို Wallpaper အဖြစ်ပါ တခါတည်း ထုတ်သုံးလို့ ရတဲ့အတွက် ကျနော်လည်း သဘောကျတဲ့ ကောင်လေးပါ..။ ဖရိန်ဒီဇိုင်းမျိုးစုံပါတဲ့ အတွက် စိတ်ကြိုက်ရွေးပြီး အသုံးပြုလို့ ရအောင် အောက်မှာ ဖရိန်လေးတွေကို ပြပေးထားပြီး.. ဒီကောင်လေးအတွက် ဖူးသုံလို့ရမယ့် Key လေးကိုပါ Notepad လေးနဲ့ ထည့်ပေးထားပါတယ်.. အသုံးပြုပုံကို ပုံလေးတွေနဲ့ အစအဆုံး လုပ်တတ်အောင် ပြပေးထားပါတယ်..။ သွက်လက်တဲ့ လူတွေအတွက် အသုံးပြုပုံကို မလိုအပ်ပေမယ့်.. ကွန်ပျူတာကို ကျွမ်းကျင်စွာ အသုံးမပြုတတ်သေးတဲ့ သူများအတွက်တော့ ဒီကောင်လေးကို တခါတည်း အသုံပြုတတ်သွားအောင်လို့ ကျနော် ပုံလေးတွေနဲ့ နားလည်လွယ်အောင် လုပ်ပြပေးထားပါတယ်.. နောက်တခုက ကျနော်တင်ပေးထားတဲ့ ဘယ်ပိုစ့်ကိုပဲ ကြည့်ကြည့် ပုံတွေကိုပဲ ကြည့်တာမျိုးမဟုတ်ပဲ.. စာတွေပါ လော့လာဖတ်ပေးဖို့ လိုပါတယ်.. တချို့နေရာတွေမှာ ပုံတွေနဲ့ ပြပေးမှ အဆင်ပြေ၊ နားလည်နိုင်သလို တချို့နေရာတွေကျတော့ စာတွေလိုက်ဖတ်ပေးမှ နားလည်သဘောပေါက်မှာပါ..။ ဒါကြောင့်မို့ စာရော၊ ပုံရော တွဲပြီး လေ့လာမယ်ဆိုရင် မြန်မြန်ဆန်ဆန် လုပ်တတ်ကိုင်တတ်မှာ သေချာပါတယ်.. အခုဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 72.8 MB ရှိပါတယ်.. ကျနော့် Blog ညာဘက်အခြမ်း အပေါ်ဆုံးမှာ လင့်ချိတ်ပေးထားတဲ့ ဖိုင်တွေ ဒေါင်းလော့ချနည်းပိုစ့်အတိုင်း ဒီဖိုင်ကို ဒေါင်းယူရမှာပါ..
Yamicsoft Windows7 Manager 4.1.9 Final (With Microsoft .Net Framework 4.0.30319)
အရင်ဆုံး သိဖို့လိုတာက ဒီကောင်လေးကို Install ထည့်တဲ့ အချိန်ကနေစပြီး အသုံးပြုလို့ ပြီးတဲ့အထိ အင်တာနက်လိုင်းကို ပိတ်ထားရပါမယ်.. လိုင်းဖွင့်လိုက်တာနဲ့ Full မဖြစ်တော့ပါဘူး..။ အဲ့ဒါလေးကို တချက်သတိပြုပါ..။ ဒီပရိုဂရမ်က ဖူးသုံးလို့ မရပါဘူးလို့ ပြောကြမှာ စိုးလို့ပါ.. ဒီကောင်လေးကို အသုံးပြုတိုင်းမှာ Connection ပိတ်ထားပြီးမှ အသုံးပြုရင် ဖူးသုံးလို့ ရပါတယ်..။ နောက်တခုက ဒီကောင်လေးကို အသုံးပြုဖို့နဲ့ သူ့ထဲမှာပါတဲ့ Keygen ကို ဖွင့်သုံးနိုင်ဖို့ဆိုရင်.. စက်တော်တော်များများမှာ Microsoft .Net Framework ဆိုတဲ့ ဆော့ဝဲလ်တခု လိုပါလိမ့်မယ်.. အရင်တုန်းက တင်ပေးခဲ့တဲ့ Windows 7 Manager တခြားဗါးရှင်းတွေမှာ ဒီ MS .Net Frame ကို တင်ပေးခဲ့ပေမယ့် လင့်တွေပျက်ကုန်လို့ ပြန်ဒေါင်းလို့ မရတော့ပါဘူး.. ဒါကြောင့် ကျနော် Microsoft .Net Framework 4.0.30319 ကို ဒီဆော့ဝဲလ်နဲ့အတူ ပြန်တင်ပေးထားပါတယ်.. မူရင်း Microsoft ဝဘ်ဆိုဒ်မှာလည်း ဒီ .Net Framework ကို သွားယူလို့ ရပါတယ်.. Free ပေးပါတယ်..။ အခုဒီ Windows7 Manager 4.1.9 အသုံးပြုပုံကို အရင်ပိုစ့်တွေဖြစ်တဲ့ Windows7 Manager 4.1.3 နဲ့ Windows7 Manager 4.0.5 Portable ပိုစ့်တွေမှာ သွားပြန်ကြည့်လိုက်ပါဗျာ.. ဒီကောင်လေးကတော့ နောက်ဆုံးထွက် Version လေးပါ..။ Windows 7 အတွက် အများကြီး သုံးလို့ရတဲ့အတွက် အားလုံးကို လုပ်ပြပေးဖို့တော့ မလွယ်ပါဘူး.. ဒါကြောင့် အရင်ပိုစ့်တွေမှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ အနည်းငယ် လုပ်ပြထားပါတယ်.. အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်တွေမှာ လေ့လာကြည့်ပေးပါ.. ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ .Net Framework က 41 MB ရှိပြီး.. Windows7 Manager 4.1.9 ကတော့ 9.1 MB ရှိပါတယ်..။ ဒေါင်းလော့ အဆင်မပြေသေးတဲ့ သူများကတော့ ဒေါင်းလော့ချနည်းပိုစ့်ကို Blog ညာဘက် အပေါ်ဆုံးမှာ ပြန်ကြည့်လိုက်ပါဗျာ..
ဒီပိုစ့်ရဲ့အောက်မှာတော့ ကျနော် ဖူးဖြစ်အောင် ဆော့ဝဲလ်နဲ့ .Net Framework ကို Install ထည့်ပြီးတဲ့အခါ Keygen နဲ့ ဖူးဖြစ်အောင် လုပ်ပြထားပါတယ်.. အသုံးပြုပုံကတော့ အရင်ပိုစ့်တွေမှာပဲ ပြန်ကြည့်ပေးပါ..
Internet Download Manager 6.14 Final Build 3
IDM က Update လေးထပ်ထွက်လာပြန်ပါတယ်..။ Internet Download Manager 6.14 Final Build 3 ပါ..။ ထုံးစံအတိုင်း ဒီဖိုင်လေးထဲမှာ Patch ဖိုင်လေးပါ ထည့်ပေးထားတယ်..။ Patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကို ကျနော့် Blog ရဲ့ ညာဘက် အပေါ်ဆုံးမှာ IDM ကို Patch ဖိုင်ဖြင့် ဖူးဗါးရှင်း ဖြစ်အောင်လုပ်နည်း နာမည်နဲ့ ရှာရလွယ်အောင် လင့်ချိတ်ပေးထားပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ IDM ကို Update ပေးမိလို့ ဖူးသုံးလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် အဆင်ပြေအောင်လို့ ဒီလို နောက်ဆုံးထွက် လေးတွေကို ယူရလွယ်အောင် တင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်.. ဒီဖိုင်ကို Blog ညာဘက်အခြမ်း အပေါ်မှာ လင့်ပြန်ချိတ်ပေးထားတဲ့ ဒေါင်းလော့ချနည်းပိုစ့်အတိုင်း ဒေါင်းယူရမှာပါ..။
Subscribe to:
Posts (RSS)






