Kaspersky Antivirus 2013 - kav 13.0.1.4190en

15 Oct 12, 01:22 PM
thuyein:
kaspersky 2013 KAV လေး လုပ်ပုံလုပ်နည်းလေးနဲပ software လေးတင်ပေးပါနော်
2013 အတွက် ထွက်လာတဲ့ ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ဒီကောင်လေးလည်း ပါပါတယ်.. ဆော့ဝဲလ်ကို မူရင်းဆိုဒ်မှာ ဒေါင်းယူလို့ ရပေမယ့် သူ့အတွက် ဖူးသုံးလို့ ရမယ့် Key တွေနဲ့ Key Files တွေကို ကျတော့ ရှာလို့ တွေ့ထားတဲ့ အများကြီးထဲက ပြန်လိုက်ရွေးနေရလို့ တခြားဆော့ဝဲလ်တွေထက် ပိုကြာ၊ အချိန်ပိုပေးရပါတယ်..။ အခုတော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ.. သူ့အတွက် Key Files တွေနဲ့ Key လေးတွေကို Winrar နဲ့ ချုပ်ပြီး သီးသန့် တင်ပေးထားပါတယ်.. Key Files သက်သက်ဆိုတော့ ဖိုင်ချုပ်လိုက်တာ 10 kb ပဲ ရှိတယ်၊ ဖိုင်ဆိုဒ် သေးလွန်းတဲ့ အတွက် Upload တင်ရတာ သိပ်အဆင်မပြေပြန်ဘူး.. ဒါကြောင့် ဒီအောက်က ကျနော်ကြိုက်တဲ့ သီချင်းလေးကို MP3 ဖေါ်မတ်နဲ့ စက္ကန့် ၅၀ စာလောက်ဖြတ်ပြီး Key Files ထဲမှာထည့်ပြီး Upload တင်မှ အဆင်ပြေသွားပါတယ်.. Key Files ရဲ့ဖိုင်ဆိုဒ်က 1.5 MB ရှိပါတယ်.. ကျနော် အမြဲနားထောင်ဖြစ်တဲ့.. Key Files ထဲမှာ ထည့်ပေးထားတဲ့ MP3 သီချင်းလေးကို You Tube ကနေ တိုက်ရိုက်ကြည့်လို့ ရအောင် လင့်ချိတ်ပေးထားပါတယ်.. ရုပ်ပုံပါ ကြည့်ရအဆင်ပြေအောင်လို့ပါ..


ဒီကောင်လေးကို ဖူးသုံးလို့ရအောင် လုပ်နည်းလေးကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..


 Kaspersky Antivirus 2013 (147 MB)

 Key Files And Serial Key
 Mediafire
 Sharebeast



အောက်ကပုံတွေကတော့ ဒီကောင်လေးးကို ၂ချက်တောက်ပြီး Install ဆွဲထည့်လိုက်တဲ့ ပုံတွေပါ.. မိမိတို့ စက်ထဲမှာ အရင်သုံးနေတဲ့ Antivirus တွေကို Uninstall နဲ့ ထုတ်ပစ်ပြီးမှ ဒီကောင်လေးကို Install ထည့်ပါ..






Install ပြီးသွားရင် အပေါ်ပုံအတိုင်း Reboot နေရာကို နှိပ်ပေးလိုက်ပါ.. စက်ပိတ်ပြီး ပြန်ပွင့်လာတဲ့ အခါ အောက်ကပုံလိုမျိုး ကီးတောင်းတဲ့ ဘောက်စ်လေးပေါ်လာပါလိမ့်မယ်.. အဲ့ထဲမှာ Notepad ထဲက Key တခုခုကို ထည့်ပေးလိုက်ပါ.. အရင်ဆုံး Internet လိုင်းကို ပိတ်ပြီးမှ ဒီကီးတွေကို ထည့်ပေးပါ.. အဲ့ဒါမှ နောက်တဆင့်မှာ Full ဖြစ်အောင်လုပ်လို့ ရမှာပါ..


အပေါ်ပုံမှာ Next ကိုနှိပ်လိုက်တော့ Connection မရှိတဲ့အတွက် အောက်ကပုံအတိုင်း Failed ဆိုတဲ့ စာသားနဲ့ ဘောက်စ်တခုပေါ်လာရင် မျှားပြထားတဲ့ နေရာက Browse ကိုနှိပ်ပါ.. အဲ့ဒီနေရာကနေ Key Files ကို သွားပြန်ရွေးပေးရပါမယ်..


Browse ကိုနှိပ်လိုက်လို့ ပေါ်လာတဲ့ အကွက်ထဲမှာ အောက်ကပုံအတိုင်း MP3 သီချင်းနဲ့ အတူပါလာတဲ့ အပေါ်ဆုံးက Key Files လေးကို တချက်ကလစ်ပေးပြီး Open ကိုနှိပ်ပါ..



အပေါ်ပုံအတိုင်း ပေါ်လာရင် Next ကိုနှိပ်ပေးပါ.. အောက်ကပုံအတိုင်း Thank you နဲ့ အမှန်ခြစ်လေး ပေါ်လာရင်တော့ ဖူးသုံးလို့ ရသွားပါပြီ.. အောက်ဆုံးက Finish ကိုနှိပ်ပေးလိုက်ပါ..


အောက်ကပုံအတိုင်း ပေါ်လာရင်တော့ ကျနော်တို့ အင်တာနက် Connection ပြန်ဖွင့်လိုက်လို့ ရသွားပါပြီ.. ဘာလို့လဲဆိုတော့ ကျနော် ဗိုင်းရပ်စ်မသတ်ခင် Update အရင်လုပ်ပေးဖို့ပါ.. အင်တာနက်လိုင်း ပြန်ဖွင့်ပြီးသွားရင်တော့ Update ဆိုတဲ့ စာသားလေးကို ကလစ်ပေးလိုက်ပါ..


အပေါ်ပုံမှာ အခုထည့်ပေးလိုက်တဲ့ Key Files ဟာ ရက်၃၀ အတွက်ပဲလို့ ရေးပြထားပါတယ်.. 30 days ပြည့်သွားရင်တော့ နောက်ထပ်ကျန်တဲ့ Key Files တွေကို အလှည့်ကျ အပေါ်ပုံတွေအတိုင်း တခုချင်းစီ ထည့်ပေးရမှာပါ..


အပေါ်ပုံအတိုင်း Run update နေရာကို ထပ်ကလစ်ပေးလိုက်ပါ..။ အောက်ကပုံမှာတော့ Update စလုပ်နေပါပြီ..


အောက်ကပုံလို up to date စာသားလေး ပေါ်လာရင်တော့ Update ပြီးသွားပါပြီ.. ကျနော့်စက်မှာတော့ Update ပြည့်ဖို့ တစ်နာရီနီးပါး ကြာပါတယ်.. Update ပြည့်သွားရင် Back ကို နှိပ်ပြီး ရှေ့စာမျက်နှာကို ပြန်သွားလိုက်ပါ..



အပေါ်ပုံအတိုင်း Database မှာ up to date စာသားပေါ်နေပါပြီ.. Scan ကိုနှိပ်ပြီး ဗိုင်းရပ်စ် စစ်လို့ ရသွားပါပြီ.. Scan ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းပေါ်လာရင် ကျနော်က Critical Area Scan အရင်စစ်ကြည့်ပါတယ်.. ဒီနေရာက အမြန်စစ်တာပါ.. မပြည့်စုံပါဘူး. ဒါကြောင့် အောက်ကပုံတွေ အတိုင်း Full Scan နဲ့ ထပ်စစ်ပါတယ်..



Full Scan နဲ့စစ်တဲ့ အခါမှာ Complete စာသားပေါ်တဲ့ အထိ စောင့်ပေးဖို့ လိုပါတယ်.. ဒါဆိုရင် ဒီကောင်လေးကို သုံးတတ်သွားပါပြီ..

6 comments:

  1. ကီးတွေသေနေပြီ အကိုရဲ့လုပ်ပါအုံး လုံးဝကိုထည့်လို့မရဘူးဖြစ်နေတယ်

    ReplyDelete
  2. ဟုတ်တယ်ဗျ...တန်းလန်ကြီးဖစ်နေဘီ...

    ReplyDelete
  3. အကိုnotepad ထဲကကီးကိုထည့်ပေးဆိုတာkey တွေကိုသီးသန့်ဒေါင်းလော့ဆွဲရဦးမှာလား

    ReplyDelete
  4. ကီးတွေကို ဒေါင်းလော့ဆွဲထားရင်လည်း ပိုကောင်းပါတယ်..။ တခုအဆင်မပြေရင် နောက်တခု ပြောင်းသုံးလို့ ရတာပေါ့ဗျာ..။

    ReplyDelete
  5. အကိုလွင်ရေ ..Serial And Key က ဒေါင်းမရဘူးအကို File Not Found ဖြစ်သွားပြီ...နောက်အသစ်ပြန်တင်ပေးပါလားနော်

    ReplyDelete
  6. kaspersky 2013 internet security key files please brother!

    ReplyDelete

Related Posts Plugin for WordPress, Blogger...