အန်းဂရီးဘတ် စပေ့စ် Game Free Download


ဒီနေ့တော့ ဒီဂိမ်းလေးရလာလို့ ဖူးဖြစ်အောင် လုပ်နည်းလေးပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီဂိမ်းလေးကိုတော့ အင်္ဂလိပ်လို မရေးပေးတော့ပါဘူး.. သူ့နာမည်ကို ပုံမှာပဲကြည့်လိုက်ပါ..။ အရင်တုန်းက တင်ပေးခဲ့တဲ့ အန်းဂရီးဘတ် ပေါတေးဘယ်ဂိမ်းလေးတွေက တချို့စက်တွေမှာ ဆော့လို့ ရပေမယ့်.. တချို့စက်တွေမှာ ကစားလို့ မရတာလေးတွေ ရှိခဲ့ပါတယ်.. ကျနော်နေတဲ့နားက သူငယ်ချင်းနှစ်ယောက်ရဲ့ စက်တွေမှာ ဆော့လို့ မရတာပါ..။ ဘာကြောင့်လဲဆိုတာ ကြည်ကြည့်တော့ သူတို့စက်မှာတင်ထားတဲ့ Windows7 ထဲက System32 ထဲမှာရှိတဲ့ .dll ဖိုင်တွေမစုံလို့ပါ..။ Windows7 တင်တဲ့ အချိန်တုန်းက ဒီ .dll ကောင်လေးတွေကျန်ခဲ့တာပါ..။ ဒါကြောင့်ဆော့လို့ မရကြတာပါ..။ အဲဒီဂိမ်းတွေကို ကျနော့်စက်မှာ ဆော့ကြည့်တော့ ရနေပါတယ်..။ ရလို့လဲတင်ပေးလိုက်တာပါ.. ဒါကြောင့် မိမိတို့စက်က ဝင်းဒိုးရဲ့ ချို့ယွင်းချက်ကြောင့် ဆိုရင်တော့.. အရင်တုန်းက တင်ပေးထားတဲ့ အန်းဂရီးဘတ် ပေါတေးဘယ် ဂိမ်းတွေ ကစားလို့ရမှာ မဟုတ်ပါဘူ.. 
ဒီနေ့တင်ပေးလိုက်တဲ့ အန်းဂရီးဘတ်စပေ့စ် ဂိမ်းလေးကတော့ Install ဆွဲထည့်ပေးရမယ့် ဂိမ်းလေးပါ.. ဖိုင်ဆိုဒ်ကတော့ 32.3 MB ရှိပါတယ်..။ Full Version ဖြစ်အောင် အထဲမှာပါတဲ့ Patch ဖိုင်လေးကို copy ကူပြီး .. Desktop မှာပေါ်လာတဲ့ အန်းဂရီးဘတ်စပေ့စ် ပုံလေးပေါ်မှာ Right Click ထောက်ပါ .. အောက်မှာပုံလေးတွေ ဆက်ကြည့်ပြီး ... Full Version ဖြစ်အောင် လုပ်ပြထားပါတယ်.. ကစားချင်တဲ့သူများကတော့ အရင်ဒေါင်းယူလိုက်ပါ.. ဖိုင်နာမည်ကို 007ABSE လို့နာမည်ပေးထားပါတယ်..





အနီဝိုင်းပြထားတဲ့ကောင်လေးကို ၂ချက်တောက်ဖွင့်လိုက်ပါ..


အောက်ပုံအတိုင်း မြင်ရရင်ခဏစောင့်ပေးပါ..


အောက်ပုံအတိုင်း Next ပေါ်တိုင်းနှိပ်ပေးပါ..



ပုံထဲကစာအတိုင်း Finish ကိုမနှိပ်ပါနှင့်အုန်း... Patch ဖိုင်ကိုအရင်ထည့်ပါ.. အောက်ကပုံတွေမှာ R/C ဆိုတာ Right Click ထောက်ပါလို့ ပြောတာပါ.. copy ကိုကလစ်ပါ..


Desktop မှာပေါ်လာတဲ့ သူ့ပုံလေးပေါ်မှာ Right Click ထောက်ပါ.. အောက်ပုံအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..


အောက်ကဖိုင်ပေါ်လာရင် Paste နဲ့ Patch ဖိုင်ကိုထည့်ပါ..


အောက်ပုံအတိုင်း ရောက်သွားတဲ့ ပါတ်ဖိုင်ပေါ်မှာ Right Click ထောက်ပြီ.. အနီဝိုင်းပြထားတဲ့ နေရာကိုကလစ်ပါ...


အောက်ပုံအတိုင်းပေါ်လာရင် Patch စာသားကို  တချက်ပဲ ကလစ်ပါ..



အပေါ်ပုံအတိုင်း Succefully စာသားကို မြင်ရရင်Exit နဲ့ ထွက်ပါ.. ပြီးရင်တော့ အောက်ပုံအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားပြီး Finish ကိုနှိပ်ပါ..


ပြီးရင်တော့ သူ့ထဲမှာပါတဲ့ ကီးကိုဖိုင်လေးကို ဖွင့်ပြီး  copy ယူလိုက်ပါ..



အပေါ်ပုံအတိုင်း ဂိမ်းကိုဖွင့်ပြီးပြီးချင်းတွေ့ရတဲ့စာသားကို နှိပ်ပါ.. ပြီးရင်တော့ အောက်ပုံအတိုင်း ကီးတွေကိုထည့်ပေးလိုက်ပါ.. 



ကဲ ဖူးဗါးရှင်းဖြစ်သွားလို့ အားရပါးရ ကစားနိုင်ပါပြီ...


အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ ဂိမ်းဆော့ရင်း ပျော်ရွှင်ကြပါစေဗျာ..

1 comment:

  1. dll မစုံတာကို ဘယ်လိုပြန်တင်ရမလဲ ကိုလွင်မင်းရေ
    နဲနဲလောက် ရှင်းပေးလို့ရမလားဗျ
    sniper elite ခွေကိုဝယ်တာ ကစားလို့မရဘူးဖြစ်နေလို့ပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...