Adobe CS6 အားလုံးကို Activator တခုတည်းနဲ့ Full ဖြစ်အောင်လုပ်နည်း



Adobe CS6 ကိုမှ သုံးချင်တဲ့သူများအတွက်ပါ..။ ဒေါင်းလော့ချရမယ့် ဖိုင်ဆိုဒ်ကတော့ နည်းနည်းများပါလိမ့်မယ်..။ CS6 တခုကို 1GB ကျော်စီရှိပါတယ်..။ သူ့ရဲ့ CS6 Downloader နဲ့ Adobe CS6 အားလုံးကို တခုပြီးတခု ဒေါင်းယူလို့ ရပါတယ်..။ အောက်မှာ CS6 Downloader ပါ တင်ပေးလိုက်ပါတယ်..။ Adobe CS6 အားလုံးအတွက် Activator လေးလည်း တင်ပေးထားပါတယ်..။ ဒီကောင်လေးကို ကျန်ခဲ့တဲ့ လတုန်းကတည်းက တင်ပေးထားခဲ့တာပါ..။ အခုမှ ပြန်စမ်းကြည့်ပြီး အဆင်ပြေလို့ တခါတည်း လုပ်နည်းလေးပါ ထပ်တင်ပေးလိုက်ပါတယ်..။ CS6 အားလုံးကို ဒီ Activator လေးတခုတည်းနဲ့ ဖူးဖြစ်အောင် လုပ်လို့ရပါတယ်..။ အောက်ကပုံတွေမှာ မြင်ရမှာပါ..။ ကျနော့်စက်ထဲ Adobe CS6 သုံးခုကို ဒီကောင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ထားပြီးပါပြီ.. အဲဒီတော့ လိုအပ်တဲ့သူများကတော့ အောက်ကပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။ အရင်ဆုံး ကျနော်တင်ပေးထားတဲ့ အောက်က ၂ခုစလုံးကို အရင်ဒေါင်းယူလိုက်ပါ..။ ၂ခုပေါင်းမှ 3 MB ကျော်ပဲရှိပါတယ်..။ ပြီးရင် Adobe CS6 Downloader ကို မိမိတို့စက်ထဲ Install ဆွဲထည့်လိုက်ပါ..။ ပြီးရင်တော့ Free Account တစ်ခုဖွင့်ပြီး မိမိတို့ နှစ်သက်ရာ အလိုရှိတဲ့ CS6 တွေကို တခုပြီးတခု ဒေါင်းယူလို့ ရပါပြီ..။ 

adfly စာမျက်နှာလေး ကြားခံထည့်ထားပါတယ်..။

Download Adobe CS6 Activator (1.2 MB)

All Adobe CS6 Downloader (2.3 MB) 

Adobe CS6 ဒေါင်းလော့ဒါကို Install ဆွဲထည့်ပြီးရင် အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်.. အဲဒီပုံမှာ Create an Adobe ID စာသားကို ကလစ်ပြီး မိမိတို့ Gmail နဲ့ ဖရီးအကောင့်တခု ဖွင့်လိုက်ပါ..။  အကောင့်တခုရပြီးရင် Sign In မှာဝင်ပါ.. ဝင်ပြီးရင် မိမိတို့ ဒေါင်းယူချင်တဲ့ CS6 အမျိုးအစားကို Photography စာသားနေရာကနေ ဝင်ရှာပါ.. တွေ့ပြီဆိုရင် English စာသားအောက်က Download စာသားအဝါရောင်လေးကို တချက်ကလစ်ပေးလိုက်ရင် မိမိတို့ လိုချင်တဲ့ CS6 အမျိုးအစားကို ဒေါင်းလော့ချပေးပါလိမ့်မယ်.. လိုင်းကောင်းရင် မြန်မြန်ရမှာဖြစ်ပြီး.. လိုင်းမကောင်းရင်တော့ ဖိုင်တခုကို ၂ရက်၊ ၃ရက်ခွဲဒေါင်းယူလို့ ရမှာဖြစ်ပါတယ်..။ ဒီဒေါင်းလော့ဒါလေးနဲ့ CS6 တွေကို ဒေါင်းယူပြီးတဲ့ အခါ မသိသေး၊ မလုပ်တတ်သေးတဲ့ သူများကတော့ အောက်ကပုံတွေအတိုင်း Activator လေးနဲ့ ဖူးဖြစ်အောင် လိုက်လုပ်ကြည့်လိုက်ပါဗျာ..


ဒီမှာတော့ ကျနော်က Photoshop CS6 နဲ့ ဖူးဖြစ်အောင် လုပ်ပြထားပါတယ်.. ဒီအောက်ကပုံကတော့ အရင်ဆုံး CS6 ကို Install ဆွဲထည့်ရမယ့်ပုံလေးပါ..။



အပေါ်ပုံအတိုင်း ကျနော်တို့ Try နဲ့ အရင်သွားပါမယ်..



Install ဆွဲထည့်ပြီးရင် အပေါ်ပုံအတိုင်း Close နဲ့ ပိတ်လိုက်ပါ..။ အောက်ကပုံကတော့ Desktop မှာ သူ့ရဲ့ Icon ပုံလေး ပေါ်လာအောင်လို့ Start >> All Programs >> Photoshop စာသားပေါ်မှာ Right Click ထောက်ပြီး အောက်ကပုံလေးအတိုင်း လိုက်လုပ်ပေးလိုက်ရင် Desktop မှာ Icon လေးပေါ်လာပါပြီ..။ ဒီနေရာမှာ မိမိတို့ စက်ရဲ့ ဝင်းဒိုးဟာ 32-bit လား ၊ 64-bit လားဆိုတာ သိဖို့လိုပါတယ်..။ ကျနော့်စက်မှာ 64-bit နဲ့ စမ်းထားတာ ဖြစ်တဲ့ အတွက် အောက်ကပုံလေးအတိုင်း Adobe Photoshop CS6 (64-bit) ပေါ်မှာ Right Click ထောက်ပါတယ်.. 32-bit သမားများကတော့ 64-bit စာသားမပါတဲ့ Adobe Photoshop CS6 စာသားပေါ်မှာ Right Click ထောက်ပြီး Icon လေးကို ထုတ်လိုက်ပါ..။ 



အောက်ကပုံကတော့ Activator ဖိုင်လေးကို အရင်ဖွင့်လိုက်ပါတယ်..။ အဲ့ထဲမှာ 64-bit နဲ့ 32-bit နှစ်ခုပါပါတယ်..။ မိမိတို့ ဝင်းဒိုးဗါးရှင်းအတိုင်း ဖိုင်တခုကို ဖွင့်ပြီး ဒီကောင်လေးနဲ့ ဖူးလုပ်လိုက်ပါ.. ကျနော်ကတော့ 64-bit ဆိုတော့ 64-bit ဖိုင်ကို ရွေးပြီး ဖွင့်ထားလိုက်ပါတယ်..။


နောက်တဆင့်အနေနဲ့ စောစောန Desktop မှာပေါ်လာတဲ့ Photoshop ပုံလေးပေါ်မှာ Right Click >> Properties ကိုကလစ်လိုက်ပါ..။ အောက်ပုံ..


နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်လေးထဲမှာ Open File Location စာသားကို ထပ်ကလစ်လိုက်ပါ..။ အောက်ပုံအတိုင်း မြင်ရပါလိမ့်မယ်..။


ပြီးရင်တော့ အပေါ်ပိုင်းပုံမှာ ဖွင့်ခိုင်းထားခဲ့တဲ့ Activator လေးကို အောက်ပုံအတိုင်း copy နဲ့ ယူပြီး paste နဲ့ အပေါ်ပုံမှာ ဖွင့်ထားတဲ့ ဘောက်စ်ထဲကို ထည့်လိုက်ပါတယ်..။ အောက်ပုံ


နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်လေးထဲမှာ အောက်ပုံအတိုင်း ကလစ်ပေးလိုက်ပါ..။


အပေါ်ပုံတွေအတိုင်း ပြီးသွားရင် ကြတ်ခြေခတ်နဲ့ ဘောက်စ်လေးတွေကို ပိတ်လိုက်ပါ..။ နောက်ဆုံးကျန်တဲ့ အောက်ကပုံက ဘောက်စ်လေးကိုတော့ Apply >> OK ပေးလိုက်ပါ..။


အားလုံးပြီးသွားရင် အောက်ကပုံအတိုင်း Desktop ပေါ်မှာ အောက်ကပုံအတိုင်း Refresh လေးငါးခါလောက် လုပ်ပေးလိုက်ပါ..


ပြီးရင်တော့ Desktop ပေါ်က Photoshop CS6 ပုံလေးကို ၂ချက်တောက်ပြီးဖွင့် ကြည့်လိုက်တဲ့အခါ အပေါ်ဆုံးပုံတွေမှာ ပြထားသလို ရက်၃၀ စာသား မပေါ်တော့ပါဘူး.. ဖူးဖြစ်သွားပါပြီ..။ ဒီနည်းနဲ့ CS6 သုံးခုကို ဖူးဖြစ်အောင် လုပ်ခဲ့ပြီးပါပြီ..။ (အပေါ်ပုံ) ကျနော်စက်ရဲ့ Desktop ပေါ်မှာ အိုင်ကွန်လေးတွေကို တွေ့မြင်နိုင်ပါတယ်..



အားလုံးပဲ လုပ်တတ်ကိုတတ်၍ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေဗျာ..။

8 comments:

  1. Activer Link တွေက အကုန်သေနေပြီအကို ပြန်တင်ပေးပါအုံးနော်။

    ReplyDelete
  2. အကို download link အားလုံးသေကုန်ပြီ .... အသစ်ပြန်တင်ပေးပါအုံး ....

    ReplyDelete
  3. Link ​သေ​နေတယ်
    အသစ်​ပြန်​တင်​​ပေးပါလား

    ReplyDelete
  4. အစ်ကိုlinkသေနေတယ်ဗျပြန်တင်ပေးပါအုံး

    ReplyDelete
  5. pls... bro ရေ... ပြန်တင် ပေးပါလား..... အားပေးလျှက်ပါဗျာ....

    ReplyDelete
  6. ကျေးဇူးအများကြီးတင်တယ်အကို

    ReplyDelete
  7. Bro Download linkတွေကပျက်နေတာများတည်နော်

    ReplyDelete
  8. link သေသွားပြီ...

    ReplyDelete

Related Posts Plugin for WordPress, Blogger...