Computer နဲ့ Hand Phone, Bluetooth ဘယ်လိုသုံးမလဲ

ဒီနည်းလေးကတော့ Cbox မှာ မေးထားတဲ့ အစ်ကို ၂ယောက်လောက်ရှိတာကြောင့်.. နောက်ပြီး မသိသေးတဲ့ သူများလည်း သုံးတတ်အောင်လို့ ဒီပိုစ့်ကို တင်ပေးလိုက်ပါတယ်..။ (အခုတလော ကျနော့်ဆီမှာ Connection ကျနေလို့ Software တွေမတင်ဖြစ်ပဲ.. လုပ်နည်းကိုင်နည်း ပိုစ့်လေးတွေပဲ တင်ဖြစ်သွားတာပါ..။ Connection ပြန်ကောင်းလာတော့မှပဲ ဆော့ဝဲလ်တွေ ပြန်တင်ပေးသွားပါမယ်..) မိမိတို့ ကွန်ပျူတာနဲ့ ဟမ်းဖုန်းတွေကို Bluetooth နဲ့ ချိတ်ပြီး သီချင်းတွေ၊ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေကို ဘယ်လို သွင်း၊ထုတ် လုပ်ရမလဲဆိုတာ သိအောင်၊ လုပ်တတ်အောင်လို့ပါ..။ Bluetooth မပါတဲ့ ကွန်ပျူတာတွေမှာ Bluetooth သုံးချင်ရင်တော့ USB Bluetooth Device (External Bluetooth) တွေကို ကွန်ပျူတာ ပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာ သီးသန့်ဝယ်လို့ ရပါတယ်..။ USB ဂေါင်းနဲ့ သူ့ရဲ့ဆော့ဝဲလ်ကို CD ROM အသေးလေးနဲ့ ထည့်ထားပေးပါလိမ့်မယ်..။ ဟိုးအရင်တုန်းက ဝယ်ဖူးတာကို ပြောတာပါ..။ အခုတော့ ဘယ်လိုပုံစံမျိုးနဲ့ လာမလဲ သေချာမသိတော့ပါဘူး..။ အသုံးပြုနည်းက အခုဒီပိုစ့်မှာ ဖေါ်ပြတဲ့ သုံးနည်းနဲ့ အတူတူပါပဲ..။ ကွန်ပျူတာအတွက် Bluetooth ဆော့ဝဲလ် သီးသန့်ကို အင်တာနက်မှာ မတွေ့မိသေးပါဘူး..။ ရှိကောင်းရှိနိုင်ပါတယ်..။ ကျနော်တို့ မသိတာလည်း ဖြစ်ချင်ဖြစ်မှာပါ..။ နောက်ပိုင်းရလာရင်တော့ ပြန်လည်မျှဝေပေးသွားပါမယ်..။ Bluetooth အသုံးပြုနည်းတွေ အများကြီးထဲက သီချင်းတွေ၊ ဓါတ်ပုံတွေကို ဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုပုံလေးကို တင်ပြပေးသွားပါ့မယ်..။
များသောအားဖြင့် Bluetooth ပါတဲ့ ကွန်ပျူတာတွေမှာ Bluetooth ကိုတခါတည်း တန်းသုံးလို့ ရပေမယ့် acer computer တွေမှာတော့ Bluetooth နဲ့ Wireless (Wifi) ကို ရှော့ကပ်ကီး Fn+F3(F1) စသဖြင့် ကီးဘုတ်ပေါ်မှာ ပြထားတဲ့ အတိုင်း တလှည့်စီ ပြောင်းသုံးရတာတွေလည်း ကြုံဖူးပါတယ်..။ ဒါကြောင့် Bluetooth ပါတဲ့ဆိုပေမယ့် အဲဒီ Bluetooth ကို ဖွင့်တတ်ဖို့လည်း လိုပါတယ်..။ သိထားရပါမယ်..။ Bluetooth ပါပြီး သုံးလို့မရသေးရင်တော့ Bluetooth နဲ့ ဆိုင်တဲ့ Driver Software တွေကို မူရင်း Driver ခွေထဲကနေ Install ဆွဲထည့်ပေးရပါမယ်..။ သူ့ Driver Software တွေစုံသွားရင်တော့ အသုံးပြုလို့ ရသွားပါလိမ့်မယ်..။ အောက်မှာတော့ Bluetooth ပါပြီးသား စက်တစ်လုံးနဲ့ လုပ်ပြထားပါတယ်..။ ဆက်ကြည့်ပါ..။ အရင်ဆုံး ကွန်ပျူတာမှာ Bluetooth နဲ့ Send Files / Receive Files လုပ်လို့ရဖို့အတွက်.. Bluetooth File Transfer ဆိုတဲ့ ကောင်လေး မိမိတို့ စက်မှာ ရှိဖို့လိုပါတယ်..။ အဲကောင်လေးကို ဘယ်လိုရှာရမလဲဆိုတော့ အောက်ကပုံတိုင်း Start >> Search နေရာမှာ bluetooth လို့စာရိုက်လိုက်တာနဲ့ Start မီနူးဘောက်စ်ရဲ့ အပေါ်ဆုံးမှာ Bluetooth File Transfer ဆိုတဲ့ စာသားလေး Bluetooth ပုံလေးနဲ့ အောက်ပုံအတိုင်း ပေါ်လာရင် တချက်ကလစ်လိုက်ပါ..။ ကျနော်က ဖုန်းထဲက သီချင်းတွေကို ကွန်ပျူတာထဲ ထည့်မှာ ဖြစ်တဲ့ အတွက် Receive Files ကို တချက်ကလစ်ပါတယ်..။ တကယ်လို့ ကွန်ပျူတာထဲက Data တွေကို ဖုန်းထဲထည့်မှာ ဆိုရင်တော့ Send Files ကို ကလစ်ပြီး အဲဒီမှာ ပေါ်တဲ့စာသားတွေ အတိုင်း အဆင့်ဆင့် လုပ်သွားပေးလိုက်ပါ..။ အခုဒီမှာတော့ ဖုန်းကနေ ကွန်ပျူတာထဲထည့်မှာ ဖြစ်တဲ့ အတွက် Receive Files ကိုကလစ်ပြီး လုပ်ပါတယ်..။ အောက်ပုံမှာ ဆက်ကြည့်ပါဗျာ..




အပေါ်ပုံမှာ မျှားပြထားတာက နှိပ်ဖို့မဟုတ်ပါဘူး..။ ကွန်ပျူတာက သူ့ Bluetooth နဲ့ လာပြီး ချိတ်ဆက်မယ့် Devices ကို စောင့်နေတာပါ..။ အဲလိုပုံမျိုးပေါ်လာပြီဆိုရင် ဖုန်းထဲက မိမိတို့ ပို့ချင်တဲ့ Data တွေကို Bluetooth နဲ့ ပိုလို့ ရပါပြီ.. ဒါကြောင့် ဖုန်း Bluetooth ကိုဖွင့်ပြီး စပို့တဲ့အခါ အောက်ကပုံမျိုး ပေါ်လာပါလိမ့်မယ်..။


မိမိတို့ ပို့ချင်တဲ့ နေရာကို အပေါ်ပုံအတိုင်း ညွှန်ပေးလိုက်ပါ..။ ကျနော်က ရှာရလွယ်အောင် Desktop မှာ ဖိုဒါတခုဖွင့်ပြီး အခုပို့မယ် Data တွေအားလုံးကို စုထည့်လိုက်ပါတယ်..။ Accept All ကိုကလစ်လိုက်တာနဲ့ အောက်ကပုံမျိုး ပို့နေပါလိမ့်မယ်..။



အားလုံးပြီးသွားရင်တော့ ကျနော်အဲဒီဖိုဒါကို Desktop မှာ သွားဖွင့်ပါပြီ..။ သီချင်းတွေအားလုံး တပုဒ်ပြီးတပုဒ်လာအောင် အောက်ကပုံအတိုင်း ကီးဘုတ်မှ Ctrl+A နဲ့ အောစလက်ပေးလိုက်ပါတယ်..။ ပြီးရင်တော့ အဲဒီပေါ်မှာ Right Click ထောက်ပြီး Add to Windows Media Player List စာသားကို ကလစ်လိုက်တာနဲ့ အခုထည့်လိုက်တဲ့ သီချင်းတွေ တပုဒ်ပြီးတပုဒ် လာနေပါပြီ..



ဒီလောက်ဆိုရင် ကွန်ပျူတာထဲက Bluetooth ကို အသုံးပြုလောက်ပါပြီ.. အားလုံးလုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

4 comments:

  1. အရမ်းကောင်းတယ် post လေပါ။ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. အကိုရေ...
    ကျွန်တော့် computer မှာ ဝင်းဒိုး 8 ချပြီး ဝင်းဒိုး 7 ကို သုံးလို့ရလား..အကိုလွင်
    ကျွန်တော့်ကို တစ်ချက်လောက်ရှင်းပြပေးပါလား.......

    ReplyDelete
  3. အကိုရေးးး Baidu Browser မှာ မြန်မာစာမရလို့ပါ ဘယ်လိုချိန်းရတာလည်း ပြန်လည်ဖြေကြားပေးစေချင်ပါတယ် ဝင်းဒိုး 8 ပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...