Making Blog By Saturngod (ဘလော့တခုဖန်တီးခြင်း)

Blogger တွေအတွက် ဒီစာအုပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ဒီစာအုပ်လေးနဲ့ ဘလော့တခု တည်ဆောက်နိုင်ပါတယ်..။ ဆိုဒ်တော်တော်များများမှာ တင်ထားပြီးသားမို့ မတင်ပေးဖြစ်တာပါ..။ အခုတော့ စသင်ခါစ ဘလော့ကာတွေ အတွက် လိုအပ်လာပြီထင်လို့ တင်ပေးလိုက်ပါတယ်..။ ဒီစာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာကို ကျနော်တို့ ဘလော့ကာတွေ လေးစားရမှာပါ..။ သူဆီက တိုက်ရိုက်မဟုတ်ရင်တောင်မှ သူရဲ့ လမ်းညွှန်တွေနဲ့ တည်ဆောက်ထားတဲ့ တခြားဘလော့တွေဆီကနေ ဘလော့ တည်ဆောက်နည်းလေးတွေကို သင်ခဲ့ရလို့ပါ..။ အခုတော့ သူ့ရဲ့စာအုပ်လေးနဲ့ ဘလော့တခုကို ကိုယ်တိုင်ဖန်တီးခွင့် ရပါပြီ..။ ဒီစာအုပ်လေးထဲမှာပါတဲ့ အကြောင်းအရာတွေထဲမှာ မြန်မာစာပေါ်အောင် လုပ်နည်းလေးတွေကတော့ အခု Blogger တွေအတွက် မလိုတော့ဘူးထင်ပါတယ်.. သူရေးထားတာ ဟိုးအရင်တုန်းက ဘလော့ကာတွေ အတွက်ပါ..။ အခု ဘလော့တွေမှာတော့ ဘလော့တခုဖြစ်လာတာနဲ့ မြန်မာစာ တန်းပေါ်နေလို့ပါ..။ တခြားဟာတွေဖြစ်တဲ့ (User Online) လာလည်သူစာရင်း ထည့်နည်း၊ Cbox ထည့်နည်း (Cbox မှာ နောက်ခံအရောင်ပြောင်းတာတို့၊ အကျယ်အဝန်းပြောင်းတာတို့၊ Smiles ပုံလေးတွေ ထည့်တာတို့၊ Message ရေးတဲ့ ဘောက်စ်ကို အပေါ်မှာထားတာ၊ အောက်မှာထားတာ ကအစ၊ ) နာရီထည့်နည်း၊ Mp3 Player (Flash Player နဲ့) ထည့်နည်းလေးတွေပါ သေချာ ပုံလေးတွေနဲ့ ပြပေးထားတဲ့ Blogger တွေအတွက် ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေး တအုပ်ပါ..။ ကျနော့်ဆီမှာ လာမေးကြတဲ့ ဘလော့ကာတွေအတွက် ဒီစာအုပ်ထဲမှာ မပါတဲ့ တခြားလိုအပ်တဲ့ အပိုင်းလေးတွေကို ကျနော်အဆင်ပြေသလို ဖြေးဖြေးချင်း ပိုစ့်တခုချင်းစီ တင်ပေးသွားပါမယ်..။ အခုတော့ ဒီစာအုပ်လေးကို မရှိသေးတဲ့ Blogger ညီအစ်ကိုမောင်နှမများ အရင်ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်က သေးသေးလေးပါ.. 1 MB ပဲရှိပါတယ်..


1 comment:

  1. ကျေးဇူးတင်ပါတယ်အကို...ကျနော်..ရှဲလိုက်ပီ...နောက်ပြန်ရှာရတာလွယ်အောင်လို့....

    ReplyDelete

Related Posts Plugin for WordPress, Blogger...