nero 8 essentials
nero 8 essentials ကတော့ ကျနော် Upload တင်နေတာ အတော်ကြာနေပါပြီ..။ ဒီနေ့မှပဲ အပိုင်းအားလုံး ပြည့်တော့တယ်..။ အခုရက်ထဲ လိုင်းကျနေတာနဲ့ ဖိုင်ဆိုဒ်သေးတာလေးတွေ ရွေးတင်ပေးနေတာ.. ဆိုဒ်ကြီးတာဆို လုံးဝတင်လို့ မရဘူး.. 100 MB လောက်ကိုတောင် တော်တော် အချိန်ပေးပြီး တင်နေရတာ..  ပြတ်ကျသွားလိုက် ပြန်တင်လိုက်နဲ့.. အတော်စိတ်ရှည်ရှည်ထားရတယ်.. ဒီအပိုင်းတွေအားလုံး ပြည့်ဖို့ ၁၀ရက်လောက် အချိန်ပေးရပါတယ်.. အခုဒီဖိုင်တွေကို တင်ထားတဲ့ Date တွေကို ဒေါင်းလော့ချတဲ့ အပိုင်းတွေမှာ တွေ့နိုင်ပါတယ်..။ Connection ကြောင့်ပဲ အပိုင်းတွေ ခွဲတင်ဖြစ်သွားတာ.. အခုဒီ nero 8 ကို အပိုင်း၅ပိုင်း ခွဲပြီး တင်ပေးလိုက်ပါတယ်.. အပိုင်းအားလုံး ဒေါင်းယူရမှာပါ..။ ဖိုင်ဆိုဒ်ကတော့ အားလုံးပေါင်း 395 MB ရှိပါတယ်..။ ဖိုင်ပြန်ပေါင်းတဲ့အခါ အောက်ကပုံလေးတွေအတိုင်း Part1 ကို ဖြည်ချလိုက်တာနဲ့ ကျန်တဲ့ အပိုင်းတွေပါ ပြေကျသွားပါလိမ့်မယ်..။ တခုသတိပြုရမှာက ဒေါင်းလော့ချနေတုန်း ပြတ်ကျသွားတဲ့ အပိုင်းကို ပြန်ဆက်မဒေါင်းပါနဲ့..။ ဖိုင်တွေ ပြန်ပေါင်းလို့ Error တက်ခဲ့ရင် အဲဒီပြတ်ကျ၊ပြန်ဆက်လိုက်တဲ့ အပိုင်းတွေက ဖြစ်တတ်လွန်းလို့ပါ.. ကျနော်ကိုယ်တိုင်း ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေပါ..။ ဒါကြောင့် ဖိုင်တွေ ဒေါင်းယူနေတုန်း ပြတ်ကျသွားခဲ့တဲ့ အပိုင်းရှိခဲ့ရင် အဲဒီအပိုင်းကို ပြန်မဆက်ပဲ (ဖျက်ပစ်ပြီး) အသစ်ဒေါင်းယူပါ..။ ဒါမှအဲရာ ပြဿနာ ကင်းမှာပါ..။ ကျနော်ဒီအပိုင်းတွေ အားလုံးကို ပြန်ပေါင်းကြည့်ပြီး အဆင်ပြေမှ တင်ပေးထားတာဖြစ်တဲ့ အတွက် မိမိတို့ ဒေါင်းယူတဲ့ အခါ ပြတ်ကျတဲ့ ဖိုင်မရှိခဲ့ရင် Error မတက်နိုင်တာ သေချာပါတယ်..။ 
တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိလို့ (တောင်းထားတာ နည်းနည်းကြာနေပါပြီ..) တင်ပေးလိုက်တာပါ..။ အခုလိုတင်ပေးတာ နောက်ကျတဲ့ အခါရှိခဲ့ရင် ကျနော့်ကို နားလည်ပေးနိုင်ကြပါစေဗျာ.. အခုဒီ nero 8 essentials က ကျနော်သုံးနေတာ အတော်ကြာပါပြီ.. နှစ်နဲ့တောင် ချီနေပြီ.. အခွေကူးတိုင်းလည်း အဆင်ပြေလို့ ကျနော်အမြဲသုံးဖြစ်တဲ့ ကောင်လေးပါ..။ သူ့အတွက် ဘာကီးမှ ထည့်ပေးဖို့ မလိုပါဘူး..။ ဖူးဖြစ်ပြီးသားပါ..။ Install ဆွဲထည့်ပြီးတာနဲ့ စက်ကို Restart ချပေးပြီး တန်းသုံးလို့ ရပါပြီ..။ တောင်းထားတဲ့ အစ်ကိုနဲ့ တခြားလိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. အပိုင်းအားလုံး ၅ပိုင်းပါ.. ဒီဖိုင်တွေ ကြာကြာခံအောင် adfly စာမျက်နှာလေး ကြားခံထည့်ပေးထားပါတယ်..
Minus မှ Download ချလိုသူများ အောက်မှာယူလိုက်ပါ..
adfly စာမျက်နှာလေးကို အောက်ကပုံလေးအတိုင်း ကလစ်ပြီး ဖိုင်တွေကို ဒေါင်းယူနိုင်ပါတယ်..
ဒီဖိုင်တွေကို ပြန်ပေါင်းဖို့ ဖိုဒါအလွတ်တခုဖွင့်ပြီး ဖိုင်အားလုံးကို ထည့်ပါ..။ ပြီးရင် အောက်ကပုံလေးတွေ အတိုင်း part1 ကနေဖြည်ချလိုက်ပါ.. အပိုင်းအားလုံး ပြေကျသွားပါလိမ့်မယ်..
အပေါ်ပုံအတိုင်း ဖိုင်ဖြည်ပြီးသွားလို့ အဲဒီဖိုင်လေးကို ဖွင့်လိုက်ရင် အောက်ကပုံလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်..။  အဲထဲက ပုံမှာပြထားတဲ့ ဖိုင်လေးကို Install ဆွဲထည့်ပေးရမှာပါ..။
Install ဆွဲထည့်တဲ့အခါမှာ နည်းနည်းကြာတတ်ပါတယ်..။ စောင့်ပေးလိုက်ပါ..။ အားလုံးပြီးသွားလို့ Finish ပေးပြီးသွားရင် မိမိတို့ရဲ့စက်ကို Restart ချပေးလိုက်ပါ..။ ဒါဆိုရင် ဒီ nero 8 essentials ကို အပြည့်အဝ အသုံးပြုလို့ ရသွားပါပြီ.. အားလုံးပဲ အဆင်ပြေကြပါစေဗျာ..
5 comments:
  1. အကို​ရေပြန်​တင်​လို့မရဘူးလား
    ReplyDelete
  2. မရပါခင်ဗျာ
    ReplyDelete
  3. အကိုNero8ဆော့ဝဲလေးပြန်တင်ပေးခဲ့ပါဦး ဒေါင်းလို့မရလို့ပါ
    ReplyDelete
  4. ဒေါင်းမ၇တော့တာသေချာနေပြီ
    ReplyDelete
  5. link သေနေပါပြီ
    ReplyDelete
Related Posts Plugin for WordPress, Blogger...