Yamicsoft Windows 7 Manager 4.0.5 Final Portable


ဒီကောင်လေးမှာ Features တွေအတော်များများ ပါပါတယ်..။ Windows 7 Manager ဆိုတဲ့အတိုင်း Windows7 နဲ့ ပါတ်သက်တာတွေ အားလုံးနီပါး လုပ်ပေးနိုင်ပါတယ်..။ မိမိတို့ရဲ့စက်ကို အမှိုက်တွေရှင်းပေးတာ၊ မလိုအပ်တဲ့ Registry Error တွေကို Cleaning လုပ်ပေးတာတွေ၊ Junk ဖိုင်တွေနဲ့ တခြားအသုံးဝင်တဲ့ စက်ကို မြန်အောင်၊သွက်အောင် လုပ်ပေးနိုင်တာတွေ အများကြီး ပါပါတယ်..။ သူ့ရဲ့အသုံးဝင်ပုံတွေနဲ့ သူနဲ့ပါတ်သက်တာလေးတွေကို တခုချင်းစီ ရှင်းပြဖို့ ခက်ပါတယ်.. ကျနော် အနည်းငယ် အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အနည်းငယ် လုပ်ပြပေးထားပါတယ်..။ ကျန်တာတွေကိုတော့ မိမိတို့ဖာသာ စမ်းသပ်အသုံးပြုကြည့်ပါဗျာ..။ ဒီကောင်လေးကို ဘယ်လိုအသုံးဝင်လဲ၊ ဘယ်နှမျိုး အသုံးပြုလို့ ရလဲဆိုတာကို သူ့ရဲ့မူရင်း ဆိုဒ်မှာ ရေးထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..
Windows 7 Manager is the powerful software tool to tweak and optimize your Windows 7, it bundles more than 30 different utilities in one and help your system faster and more stable, secure and personal!
Windows 7 Manager is a system utility that helps you optimize, tweak, repair and clean up Windows 7. It will increase your system speed, eliminate system fault, improve system security, and meet all of your expectations.Windows 7 Manager is a system utility that helps you optimize, tweak, repair and clean up Windows 7. It will increase your system speed, eliminate system fault, improve system security, and meet all of your expectations.
လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ Portable လေးပါ..။ ၂ချက်တောက်ပြီး တန်းသုံးလို့ ရပါပြီ..။ လိုရမယ်ရ သူ့ထဲမှာ Keygen လေးပါ ထည့်ပေးလိုက်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 9 MB ရှိပါတယ်..


Filecloud

ဒီကောင်လေးကို ၂ချက်တောက်ဖွင့်လိုက်တာနဲ့ Update တောင်းတဲ့ ဘောက်စ်လေးပေါ်လာရင် အောက်ကပုံလေးအတိုင်း No ပေးလိုက်ပါ..။ လုံးဝ Yes မလုပ်ပါနဲ့..။ သူ့ရဲ့ Features လေးတွေကတော့ Information အောက်က မျှားပြထားတဲ့ ကောင်လေးတွေပါပဲ..။ တခုချင်းစီဖွင့်ပြီး အသုံးပြုနိုင်ပါတယ်..


ဒီအောက်ကပုံလေး မှာတော့ ကျနော် တခုကို အရင်လုပ်ပြ ထားပါတယ်..။ 1 Click Cleaner နဲ့ အမှိုက်တွေ ရှင်းလိုက်ပါတယ်..။



အပေါ်ပုံမှာ ပြီးသွားတော့ အောက်ကပုံမှာ နောက်တခု ထပ်လုပ်ပြ လိုက်ပါတယ်..။ ဒီကောင်လေးကို မသုံးတတ်တဲ့သူများ အတွက်ပါ..။ နောက်ထပ် အသုံးပြုလို့ ရတာတွေ အများကြီး ရှိပါသေးတယ်..။ မိမိတို့ စိတ်ကြိုက် စမ်းသပ်အသုံးပြုကြည့်ကြပါ..။ ဒီအောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ နေရာ Registry Cleaner ကို အသုံးပြုပြမှာပါ.. အဲဒီနေရာကို တချက်ကလစ်လိုက်ပါတယ်..။ အောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..


အပေါ်ပုံ မျှားအသေးလေးတွေ ပြထားတဲ့ နေရာမှာလည်း တခုချင်းစီ ကလစ်ပြီး အထဲက Features လေးတွေကို အသုံးပြုလို့ ရပါတယ်..။ 


အောက်ကပုံအတိုင်း ပေါ်လာရင် Clean နေရာကို နှိပ်လိုက်ပါ..


ဒီ Registry Files တွေကို မဖျက်ခင် Backup လုပ်ပြီး သိမ်းထားလိုက်ပါ.. အမှာတခုတခု ဖြစ်ခဲ့ရင် ဒီဖိုင်တွေကို ဒီ Windows7 Manager နဲ့ Restore ပြန်လုပ်လို့ ရပါတယ်..။ ဒါကြောင့် သူသိမ်းခိုင်းတဲ့ အတိုင်း သိမ်းလိုက်ပါတယ်..


Yes နှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း မိမိတို့ သိမ်းထားချင်တဲ့ နေရာကို ရွေးပြီး အောက်ကပုံ အတိုင်း ဖိုင်တခုဖွင့် နာမည်ပေး သိမ်းထားလိုက်ပါ..



အပေါ်ပုံကတော့ မိမိတို့စက်ထဲမှာ မလိုအပ်ဘူးထင်တဲ့ Registry တွေကို ဒီကောင်လေးက Cleaning လုပ်နေတာပါ..။ ပြီးတဲ့အထိ စောင့်ပေးလိုက်ပါ..။ နည်းနည်းတော့ ကြာပါတယ်.. ပြီးသွားရင်တော့ အောက်ကပုံအတိုင်း Exit နဲ့ ထွက်လိုက်ပါ..။


အနည်းငယ် ဖေါ်ပြထားခြင်းသာ ဖြစ်ပါတယ်.. တခြားဟာတွေကိုတော့ မိမိတို့ ဖာသာ စမ်းသုံးကြည့်ပါ.. အဆင်ပြေကြပါစေဗျာ..

3 comments:

  1. ဒေါင်းလို့မရတော့ဘူးအစ်ကို ရေ

    ReplyDelete
  2. ဒေါင်းလို့မရတော့ဘူးအစ်ကိုရေ လုပ်ပါအုံး

    ReplyDelete
    Replies
    1. ၁၂လပိုင်းကလွဲလို့ အရင်လတွေက တင်ပေးခဲ့တဲ့ ဆော့ဝဲလ်တွေ ဒေါင်းလို့ မရနိုင်တော့ပါဘူး.. ကျနော့်Upload အကောင့်တွေ ဖျက်ပစ်ခံရတဲ့ထဲမှာ ပါသွားပါပြီ.. ဒီဖိုင်တွေကို မကြာခင် စုပေါင်းပြီး ပြန်တင်ပေးထားပါမယ်.. သီးခံပြီးစောင့်ပေးပါဗျာ..

      Delete

Related Posts Plugin for WordPress, Blogger...