Connectify Pro 3.1.0 - ဖုန်းနဲ့ တခြား ကွန်ပျူတာတွေ အတွက် Wifi ပြန်ထုတ်သုံးရအောင်


ဒီကောင်လေးကို တော်တော်များများ သိပြီးသားဖြစ်မှာပါ.. ကျနော်တို့ ကွန်ပျူတာကနေ Wifi ပြန်ထုတ်ပေးနိုင်တဲ့ ကောင်လေးပါ..။ ဖုန်းနဲ့ပဲ ဖြစ်ဖြစ်၊ တခြားကွန်ပျူတာကနေပဲ ဖြစ်ဖြစ် အင်တာနက် ပြန်ယူသုံးလို့ရအောင် လုပ်ပေးနိုင်တဲ့ Connectify Pro လေးပါ..။ ဒီကောင်လေးကတော့ နောက်ဆုံးထွက် မဟုတ်သေးပါဘူး..။ လောလောဆယ် စမ်းသုံးရင်း အဆင်ပြေတာလေးကို အရင်တင်ပေးလိုက်တာပါ..။ နောက်ပိုင်း နောက်ဆုံးထွက်လေး ထပ်ရလာရင် တင်ပေးပါအုန်းမယ်..။ အခုဒီကောင်လေးအတွက် Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Patch နဲ့ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့သူများ IDM 6.12 Built 3 ပိုစ့်မှာ ပြန်ကြည့်ပြီး ဖူးဖြစ်အောင် လုပ်ပေးလိုက်ပါ..။ ဒီထဲမှာ ပါတဲ့ Patch နဲ့လုပ်နည်း အတူတူပါပဲ..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ အရင်ဒေါင်းယူလိုက်ပါဗျာ.. အသုံးပြုနည်းကို အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..



ဒီကောင်လေးကို Install ဆွဲထည့်လိုက်တာနဲ့ အောက်ကပုံလေးလိုမျိုး အမှန်ခြစ်လေးတွေ ဖြုတ်ပြီးမှ Finish ပေးပါ..



Patch ဖိုင်ကိုတော့ IDM B 3 ပိုစ့်မှာ လုပ်ပြထားတဲ့ အတိုင်း ထည့်ပေးလိုက်ပါ..။ ပြီးမှ စက်ကို Restart ချပေးလိုက်ပါ..။ အောက်ကပုံကတော့ ကျနော်ဒီကောင်လေးကို Patch နဲ့ဖူးဖြစ်အောင် လုပ်ပြထားတဲ့ နောက်ဆုံးပုံလေးပါ..။



အပေါ်ပုံအတိုင်း Patch နဲ့ဖူးဖြစ်သွားလို့ အစိမ်းရောင် စာသားလေး Success ပေါ်လာရင် ပိတ်လိုက်ပါ.. ပြန်ဖွင့်ကြည့်ရင်တော့ အောက်ကပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်..။ အသုံးပြုလို့ မရသေးပါဘူး..။ မိမိတို့ရဲ့စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်ပွင့်လာရင် ဒီကောင်လေးကို သုံးလို့ ရသွားပါပြီ..။ အောက်ကပုံလေးတွေ အတိုင်း ဆက်ကြည့်လိုက်ပါ..


စက်ပြန်ပွင့်လာတာနဲ့ Hotspot လေး ပွင့်လာရင် အောက်ကပုံအတိုင်း နာမည်ပေး၊ Password ပေး (မိမိတို့ ကြိုက်နှစ်သက်ရာပေးလိုက်ပါ) ပြီး.. Internet နေရာမှာ Mobile Broadband Connection ကိုရွေးပေးလိုက်ပါ..။ တကယ်လို့ ဒီနေရာမှာ မိမိတို့ အသုံးပြုတဲ့ Broadband ထဲက SIM Card နာမည်ပေါ်နေရင် အဲ့ဒီ နာမည်ကို ရွေးပေးလိုက်ပါ..။ ဒီမှာတော့ ကျနော်စမ်းသပ် အသုံးပြုလို့ ရတဲ့အတိုင်း ရေးပေး၊ ပြပေးထားခြင်းဖြစ်ပါတယ်..။



အပေါ်ပုံတွေအတိုင်း အဆင့်ဆင့်လုပ်ပေးပြီးသွားရင် Start Hotspot ကိုကလစ်လိုက်ပါ..။ အဲဒါဆို အောက်ကပုံအတိုင်း ဆက်မြင်ရပါလိမ့်မယ်..။ Waiting ဖြစ်နေပါပြီ.. ဟိုဘက်က Wifi ဖမ်းမယ့် ဖုန်းဖြစ်ဖြစ်၊ ကွန်ပျူတာ ဖြစ်ဖြစ် Wifi နဲ့ ဆက်သွယ်လို့ ရပါပြီ..။


အပေါ်ပုံအတိုင်း ပြီးသွားရင်.. အောက်ကပုံမှာတော့ ဒီထုတ်ပေးထားတဲ့ Wifi ကို ဖမ်းဖို့ နောက်စက်တလုံးနဲ့ ပြပေးထားပါတယ်..။ ဟိုဘက်စက်မှာ အောက်ကပုံအတိုင်း ကျနော့်နာမည်ပေးလိုက်တဲ့ Wifi ပေါ်နေပါပြီ.. အဲ့ဒီနာမည်ကို တချက်ကလစ်ပြီ.. Connect ကိုထပ်ကလစ်ပါ..။


Password တောင်းလာရင် အပေါ်ဆုံးမှာ ကျနော်ထည့်ထားတဲ့ Password ကိုထည့်ပေးလိုက်ပြီး.. OK ပေးလိုက်ပါတယ်..။ ဒီဘက် Wifi ထုတ်ပေးတဲ့စက်မှာ အောက်ကပုံအတိုင်း ပေါ်နေမှာ ဖြစ်ပြီး.. ဟိုဘက် Wifi ဖမ်းတဲ့စက်မှာတော့ အောက်ဆုံးပုံလေးအတိုင်း Connected ဆိုပြီး ပြနေရင် အားလုံးအဆင်ပြေသွားပါပြီ..။ အခုဒီပိုစ့်ကို စက်၂လုံးနဲ့ စမ်းသပ်ရင်း အဆင်ပြေပြေအသုံးပြုလို့ ရသွားလို့ စက်၂လုံးက ပုံတွေကို တပြိုင်နက်ထဲ လိုင်းတလိုင်းထဲကနေ တင်ပေးလိုက်တာပါ..။ ကွန်ပျူတာနဲ့ မစမ်းခင် သူငယ်ချင်း ဟမ်းဖုန်းနဲ့ အရမ်းစမ်းကြည့်ပြီးမှ.. ဖုန်းနဲ့ပါ အသုံးပြုလို့ ရတယ်ဆိုတာ သိစေချင်လို့ ဒါလေးပါ ထည့်ရေးပေးလိုက်တာပါ..



ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အားလုံးပဲ အသုံးပြုတတ်လောက်ပြီလို့ ထင်ပါတယ်..။

12 comments:

  1. ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား
    ကျွန်တော်စမ်းကြည့်တာ အောင်မြင်ပါတယ်..
    ကို ဘလော့လေဟာ ကျွန်ပ်တို့လူငယ်တွေအတွက် မရှိမဖြစ်ပါခင်ဗျား

    ReplyDelete
  2. အကိုယ်တင်ထားတဲ့လင့်ကသေနေပြီ။ပြန်တင်ပေးပါလားအကိုယ်။ကျွန်တော်လိုချင်လို့ပါ။ကျေးဇူးတင်ပါတယ်နော်။

    ReplyDelete
  3. နောက်တစ်ခေါက်လောက်ပြန်တင်ပေးပါ ခင်ဗျာ... လင့်တွေကဒေါင်းမရတော့လိုပါ

    ReplyDelete
  4. အကိုလွင်ပြောသလို ကျနော်လည်းသုံးကြည့်ပါတယ်..အဆင်ပြေပါတယ်...ဒါပေမယ့် connection ကခဏခဏ ကျနေတယ်
    အကို ။ ကျနော် အင်တာနက်ကို ဝိုင်ယာလက်နဲ့ သုံးနေတာပါ..Internet လိုင်းကလည်း အရမ်းကောင်းပါတယ်..
    Computer ကနေ Phone ကိုခွဲပေးထားတာပါ..။ ၁၀ မီနစ်လောက်ဆိုရင် Connection က ဘာလို့ကျနေလဲမသိ
    ဘူးအကို ...နည်းလမ်းလေးရရင် တင်ပေးပါနော်အကိုလွင်...။

    ReplyDelete
    Replies
    1. တခါတလေမှာ Antivirus တွေနဲ့ Fire Wall ကို ပိတ်ပေးထားမှ အသုံးပြုလို့ ရမှာပါ..။ ခဏခဏလိုင်းပိတ်သွားတာလည်း ဖြစ်တတ်ပါတယ်..။ အပေါ်ပိုင်းမှာပါတဲ့ စက်ဝိုင်းပုံ Refresh ကို နှိပ်ပေးကြည့်ရင် အဆင်ပြေနိုင်ပါတယ်..။

      Delete
  5. လေးစားပါတယ်အကို

    ReplyDelete
  6. အစ်ကိုရေ..
    Desktop အတွက် လည်းတင်ပေးပါဦးဗျာ........... လက်တော့ မရှိသေးတော့..... ရုံးက Desktop နဲ့ လွှင့်ချင်လို့ပါ......... အဆင်ပြေရင် တင်ပေးပါဦနော်.... ပြီးရင် Desktop အတွက် ဘာတွေ လိုအပ်လည်း ရှင်းပြပေးပါဦး

    ReplyDelete
    Replies
    1. Desktop တွေကျတော့ Wireless Card ပါမှ အဆင်ပြေနိုင်မှာပါ. PC (Desktop) တွေမှာ Wireless Card မပါတဲ့အတွက် Wifi သုံးလို့မရပါဘူး..။ Wifi သုံးလိုတဲ့သူများကတော့ Wireless Card ကို အပိုဝယ်ပြီး Mother Board မှာ ထပ်စိုက်ထည့်ပေးမှ Wifi သုံးလို့ရတာပါ. ဒါကြောင့် Wireless Card ပါမှ အဆင်ပြေနိုင်မှာပါ.

      Delete
  7. Invalid or Deleted File. ဖြစ်သွားပါပြီ

    ReplyDelete
  8. Desktop Computer မှာရောသုံးလို့ရလား

    ReplyDelete
  9. အကိုယ်တင်ထားတဲ့လင့်ကသေနေပြီ။ပြန်တင်ပေးပါလားအကိုယ်။ကျွန်တော်လိုချင်လို့ပါ။ကျေးဇူးတင်ပါတယ်နော်။

    ReplyDelete
  10. ဆရာလွင်ရေ ကျွန်နော်ကိုပြန်တင်ပေးပါလား လိုချင်လိုပါ ဆရာလွင် ကျေးဇူးတင်ရိုပါသည်။။။

    ReplyDelete

Related Posts Plugin for WordPress, Blogger...