မြန်မာဖေါင့်အလှများနှင့် Install ဆွဲထည့်နည်း


12 Sep 12, 08:03 PM
ဝေယံလင်း: အကိုေ၇ ဘလော့ကတော့အသစ်ဆွဲလိုက်၇တယ် ဒီတခါတော့အဆင်ပြေပါတယ် အဟဲ အကိုတောင်းစ၇ာလေးရှိလိုပါ မြန်မာ font အလှလေးတွေတင်ပေးပါဦး ကျနော်လိုချင်လို့ပါ .
မြန်မာစာဖေါင့်အလှလေးတွေကို ကျနော့်မှာ ရှိသလောက် စုပြီးတင်ပေးလိုက်ပါတယ်.. တခါတည်း ဘယ်လို Install ဆွဲထည့်ရမလဲဆိုတာ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။ ဒီနည်းနဲ့ Install ဆွဲထည့်ပြီးသွားရင်တော့ Photoshop တို့လို၊ Page Maker တို့လို ဆော့ဖ်ဝဲလ်အကြီးကြီးတွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်သွားပါလိမ့်မယ်.. စာရိုက်တဲ့ လက်ကွက်ကတော့ ဇော်ဂျီလက်ကွက်အတိုင်းပါပဲ.. ဒီမြန်မာဖေါင့်အလှလေးတွေထဲမှာ မောင်စေတနာဆိုဒ်က ဖေါင့်တွေနဲ့ ကျနော့်ဆရာပေးထားတဲ့ ဖေါင့်အလှလေးတွေကို စုပေါင်းပြီး ထည့်ပေးထားပါတယ်..။ အားလုံးပေါင်း 3.5 MB ရှိပါတယ်..။ ဒီလိုမြန်မာစာလုံးအလှလေးတွေကို လူတိုင်းလိုလိုရှိထားသင့်ပါတယ်..။ စီပွါးရေး လုပ်တဲ့သူပဲဖြစ်ဖြစ်၊ လူမှုရေးသမားတွေပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ကွန်ပျူတာ ကိုင်တတ်၊သုံးတတ်ပြီဆို ဒီလိုဖေါင့်အလှလေးတွေကို စုဆောင်းထားရမှာပါ..။ လိုချင်တဲ့အချိန်မှ လိုက်ရှာရင် မရ ဖြစ်တတ်ပါတယ်..။ ဒီဖေါင့်လေးတွေကို ဒေါင်းယူပြီး၊ ဘယ်လို Install ဆွဲထည့်လဲဆိုတာ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.5 MB ရှိပါတယ်..။

 ပါတ်စ်ဝါဒ့် တောင်းခဲ့ရင် ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ကိုထည့်ပေးလိုက်ပါ..။



မြန်မာစာဖေါင့်အလှတွေကို Install ဆွဲထည့်ဖို့ မိမိတို့ ကွန်ပျူတာမှ Start>>Control Panel>>Fonts ကိုဖွင့်ထားပါ..။ Fonts နေရာကို ရှာမတွေ့ဖြစ်မှာစိုးလို့ အောက်မှာပုံလေးနဲ့ ပြပေးလိုက်ပါတယ်.. ပြီးရင် ကျနော်တင်ပေးလိုက်တဲ့ မြန်မာဖေါင့်အလှဖိုဒါကိုဖွင့်ပါ..။ ဖိုဒါထဲက ဖေါင့်တွေအားလုံးကို Ctrl+A နဲ့ အောစလက်ပေးလိုက်ပါ..။ အောက်ဒုတိယပုံမှာ ကြည့်ပါ..


အောက်ကပုံမှာ စာလုံးအလှ ဖိုဒါကိုဖွင့်ထားပြီး (ဘယ်ဘက်) Ctrl+A အောစလက် ပေးပြီး အဲဒီဖိုင်လေးတွေ ပေါ်မှာ Right Click ထောက်ပြီး copy ယူပါ.. ပြီးရင် Control Panel မှ ဖွင့်ထားတဲ့ Fonts ဖိုဒါ(ညာဘက်ဝင်းဒိုး)ပေါ်မှာ အောက်ဆုံးဆွဲချပြီး နေရာလွတ်မှာ Right Click >> paste နဲ့ ထည့်ချလိုက်ပါ..။ မပြီးသေးပါဘူး.. အောက်ကပုံတွေမှာ ဆက်ကြည့်လိုက်ပါ..


paste နဲ့ ထည့်လိုက်တာနဲ့ အောက်ကပုံလိုမျိုး ဘောက်စ်လေးတွေ ပေါ်လာရင် ကီးဘုတ်မှ Enter ကို တချက်ချင်း ခေါက်ပေးလိုက်ပါ..။ စာတွေလိုက်ဖတ်မနေနဲ့တော့ အာရုံနောက်တယ်.. ဘောက်စ်တွေပေါ်တိုင်း Enter ကို ပုံမှန်လေး ခေါက်ခေါက်သွားလိုက်ပါ..။ သဘောကတော့ မဝင်ချင်တာကို ဝင်အောင် အတင်းရိုက်သွင်းလိုက်တဲ့ သဘောပါပဲ..။ ဖေါင့်တွေအားလုံး ဝင်လို့ ကုန်သွားရင် နောက်ထပ်ဘာဘောက်စ်မှ ပေါ်မလာတော့ပါဘူး..။ အဲဒါဆို ဒီဖေါင့်တွေကို အသုံးပြုလို့ ရသွားပါပြီ..။ ဖေါင့်တွေသွင်းပြီးသွားရင်တော့ Desktop ပေါ်မှာ Right Click>>Refresh ကို ၄၊၅ ခါလောက် တောက်ပေးလိုက်ပါ..။ ရှော့ကပ်ကီးအနေနဲ့ ကီးဘုတ်မှ F5 တချက်ချင်းနှိပ်ပေးရင်လည်း အတူတူပါပဲ..။





အောက်ဆုံးပုံမှာတော့ ကျနော် Install ဆွဲထည့်လိုက်တဲ့ ဖေါင့်လေးတွေ ဝင်သွားပါပြီ.. ဒီဘောက်စ်လေးတွေကို ပိတ်ပြီး အပေါ်မှာ ရေးထားတဲ့အတိုင်း Refresh ၄၊၅ခါ လုပ်ပေးလိုက်ပါ..။ အခုဒီဖေါင့်တွေ အားလုံးကို အသုံးပြုလို့ ရသွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..


24 comments:

  1. အကိုရေ ..ဒါလေးကိုရှယ်သွားတယ်ဗျာ
    ခွင့်ပြု့ပါနော်
    ကျေးဇူးတင်ပါတယ်

    ReplyDelete
    Replies
    1. လွင်မင်းဗိုလ်(နည်းပညာ): မြန်မာဖေါင့်အလှများနှင့် Install ဆွဲထည့်နည်း >>>>> Download Now

      >>>>> Download Full

      လွင်မင်းဗိုလ်(နည်းပညာ): မြန်မာဖေါင့်အလှများနှင့် Install ဆွဲထည့်နည်း >>>>> Download LINK

      >>>>> Download Now

      လွင်မင်းဗိုလ်(နည်းပညာ): မြန်မာဖေါင့်အလှများနှင့် Install ဆွဲထည့်နည်း >>>>> Download Full

      >>>>> Download LINK jl

      Delete
  2. ဖေါင့်ျတွေတော့ ရပါပြီဆရာ။ အပေါ်ကလို လုပ်နည်းလေးပါ ရေးပေးပါအုံး။ စသင်ခါစလူတွေအတွက် အရမ်းတန်ဘိုးရှိတယ်ဗျာ။ ကျေးဇူးအထူးတင်ပါတယ်။

    ReplyDelete
  3. ကျေးဇုတင်ပါတယ်ဗျာ နည်းပညာတွေများများမျှဝေနိုင်ပါစေ

    ReplyDelete
  4. မြန်မာဖောင့် တွေ ကူးသွားတယ်နော် ..ကျေးဇူးတင်ပါတယ် ဒီထက်မက အောင်မြင်ပါစေဗျာ

    ReplyDelete
  5. ထုံးစံအတိုင်းပဲ အစ်ကိုလွင်ရေ ..
    ဈေးဥိးဖောက်သွားတယ်ဗျို့။

    ReplyDelete
  6. ကျနော် ကိုလွင်မင်းဗိုလ်ရဲ့ ဆိုဒ်ကနေ နည်းပညာ မျှဝေချင်တာကြောင့် ကူယူခဲ့တဲ့တာတွေများပါပြီ
    ယခုဆိုဒ်ထဲမှ Software ကိုဒေါင်းယူရာမျာ ကျနော့်လုပ် ဆောင်ချက်လေးကို ကျနော် ဆိုဒ်ထဲကနေ
    ဝင်ေ၇ာက်ကြည့် ပေးစေ လိုပါတယ်။ ဒီ Software ထဲမှာ Virus ပါဝင်နေတာကို Google ကခုလိုသိပေးထားတာ ကို တွေ့ရပါတယ်။ Post ရဲ့အောက်ဆုံးမှာ စလုံး အနီဖြစ်ရေးပြထားပါတယ် ကျနော်သည် ပညာလိုချင်သူသာ ဖြစ်ပါသည်။
    စင်္ကြာဝဠာ အနန္ဒ။
    http://antisolarsystem.blogspot.com/p/page-8.html

    ReplyDelete
    Replies
    1. ဟုတ်ပါတယ်..။ အရင်တင်ပေးထားတဲ့ code.google.com မှာ အကောင့်တွေ အဖျက်ခံလိုက်ရပါပြီ..။ ဒါကြောင့်ဒေါင်းယူလို့ မရတာပါ..။ နောက်ရက်မှာ ပြန်ရှာပြီး တင်ပေးထားပါမည်..။ ကျနော့် Blog က ပိုစ့်တွေကို အားလုံးအတွက် မျှဝေပေးတာပါ..။ ဘယ်သူပဲ ကူးယူဖေါ်ပြပေးပေး အားလုံးအတွက် အကျိုးရှိပါတယ်..။ ဆက်လက်မျှဝေနိုင်ပါတယ်..။

      Delete
  7. အကို ကျွန်တော့်စက်မှာ အရင်က bookmark မှာ မြန်မာဖောင့်ကြည့်လို့ ရပါတယ် အခု ဘာဖြစ်သွားတယ်မသိဘူး
    ကြည့်လို့မရတော့ဘူး...အဲ့ဒါဘယ်လို ပြန်ပြီးတော့ ပြောင်းပေးလို့ ရမလဲ ပြောပြပေးပါအုံး...မေးလ်နဲ့ပို့ပေးမယ်ဆို့ရင်တော့
    moegyiautor@gmail.com ကိုပို့ပေးနော် အကိုဆီက ဖြေရှင်းနည်းကို ပို့ပေးရင်းနဲ့ ကူညီပေးပါနော်...ကျေးဇူးတင်ပါတယ်.

    ReplyDelete
  8. အကိုရေ...မြန်မာဖောင့်ကလင့်သေနေလို့ဒေါင်းလို့မရတာကူညီပါဦးခင်ဗျာ

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. ကွန်ပြူတာမှာမြန်မာစာ လက်ကွက်ပေါ်အောင် ပြပေးပါလား ကိုလွင်ရေ့..ကျေးဇူးနော်..

    ReplyDelete
  11. သိပ်ကောင်းတဲ့ နည်းပညာများ လိုခြင်တာတွေးရလိုက်တယ် ကျေးဇူတင်ပါတယ်

    ReplyDelete
  12. ကိုလွင်မင်းဗိုလ် ကျွန်တော် ကွန်ပျူ တာ windows8.1 Desktop မှာ မြန်မာစာရေးလို့မရဘူး ကူညီပါအုံး ကျေးဇူးတင်ပါတယ်

    ReplyDelete
  13. အစ်ကိုရေ ဒေါင်းလို့မရပါဖူးးးးးး
    namelessgirl.93@gmail.com ကို အဆင်ပြေရင် ဒေါင်းလုပ်လင့်လ်လေး ပို့ပေးလို့ရမလား

    ReplyDelete
  14. အကိုခင်​ဗျာ ​ဖောင်​​တွေက ထည့်​ပြီးပါပြီ led ​ဆော့ဝဲ မှာ သုံးမရဘူး keyboard က zawgyi ပါ keyboard နဲ့ဆိုင်​တာလား ရှင်းပြ​ပေးပါ

    ReplyDelete
  15. အကိုခင်​ဗျာ ​ဖောင်​​တွေက ထည့်​ပြီးပါပြီ led ​ဆော့ဝဲ မှာ သုံးမရဘူး keyboard က zawgyi ပါ keyboard နဲ့ဆိုင်​တာလား ရှင်းပြ​ပေးပါ

    ReplyDelete
  16. မြန်မာဖောင့် အလှဒေါင်းလောခ့် လင့်ခ် က ပျက်နေပီ.. ယူလို့မရဘူး အကို .ပြန်တင်ပေးပါ .. အကို

    ReplyDelete
  17. မြန်မာဖေါင့်အလှတွေ ဒေါင်းလော့ယူမရတဲ့သူများ အပေါ်ကလင့်ကို ပြန်ရှာပေးထားပါတယ် .. ဒီမှာယူပါ

    ReplyDelete
  18. အကို ဒေါင်းလို့ မရဘူးဗျ ကူညီပါအူံး.အကိုပြောတဲ့အတိုင်းအပေါ်လိုက်လုပ်ပါတယ်.မရဘူးဗျ ဘာကြောင့်ဘာလဲ.

    ReplyDelete
  19. ဗွီဒီယိုရီုက်ပြီး မစ ပါလားအကို

    ReplyDelete
  20. လွင်မင်းဗိုလ်(နည်းပညာ): မြန်မာဖေါင့်အလှများနှင့် Install ဆွဲထည့်နည်း >>>>> Download Now

    >>>>> Download Full

    လွင်မင်းဗိုလ်(နည်းပညာ): မြန်မာဖေါင့်အလှများနှင့် Install ဆွဲထည့်နည်း >>>>> Download LINK

    >>>>> Download Now

    လွင်မင်းဗိုလ်(နည်းပညာ): မြန်မာဖေါင့်အလှများနှင့် Install ဆွဲထည့်နည်း >>>>> Download Full

    >>>>> Download LINK

    ReplyDelete

Related Posts Plugin for WordPress, Blogger...