အဆင်သင့်သုံး Photoshop PSD Template ဖိုင်များ


My miscellaneous blog; 28 June 2012 02:26
အကိုရေ အဆင်သင့်သုံး အစားထိုးစရာ Photoshop PSD File Software လေး များရှိရင် တင်ပေးပါလား ဘယ်မှာ မှ ရှာ မရလို့ပါ ဗျာ..
ဒီ Comment လေးကတော့ နည်းနည်းတော့ ကြာနေပါပြီ.. အရင် Photoshop CS6 မှာရေးထားခဲ့တဲ့ Comment လေးကို သတိရတိုင်း ဒီ PSD Template တွေကို ပြန်ပြန်ရှာနေမိပါတယ်..။ ဒီဖိုင်လေးတွေကို ရထားတာ မကြာသေးပါဘူး..။ ကျနော်စမ်းသုံးကြည့်ရင်း အဆင်ပြေတာလေးတွေကို ဖိုင်တခုချင်းစီ ခွဲပြီးတင်ပေးလိုက်ပါတယ်..။ ဒီ PSD ဖိုင်လေးတွေက မိမိတို့ရဲ့ပုံလေးတွေကို Photoshop နဲ့အစားထိုး ထည့်ပြီး စိတ်ကြိုက် ပြုပြင်ဖန်တီးယူလို့ ရပါတယ်..။ လိုတိုးပိုလျှော့ လုပ်ယူလို့ရတဲ့ အတွက် အားလုံးပဲ ကြိုက်ကြမယ်လို့ ထင်ပါတယ်..။ အဆင်သင့်သုံးရုံပါပဲ..။ ဒီမှာပြထားတဲ့ ပုံလေးတွေက ကျနော့်စက်မှာ ဖွင့်ကြည့်ပြီး ထွက်လာတဲ့ ပုံလေးတွေကို ဓါတ်ပုံရိုက် ပြန်တင်ပြပေးထားတာပါ..။ အခုဒီ ဖိုင်လေးတွေထဲမှာ အဲလို ဒီဇိုင်းလေးတွေ အများကြီးပါပါတယ်..။ နောက်တခုက ဒီဖိုင်တွေကို Photoshop Portable တွေနဲ့ ဖွင့်လို့ မရပါဘူး..။ မိမိတို့ရဲ့ စက်ထဲမှာ Setup ဖိုင်ကို Install ဆွဲထည့်ထားတဲ့.. Portable မဟုတ်တဲ့.. Photoshop CS6 နဲ့ ဖွင့်သုံးမှ ရပါတယ်.. အခုဒီမှာ တင်ပေးလိုက်တဲ့ ပုံတွေက ကျနော့်စက်မှာ Setup ဖိုင်ကို Install ဆွဲထည့်ထားတဲ့ Photoshop CS6 နဲ့ လုပ်ပြထားတဲ့ ပုံတွေပါ.. ဒါတခုတော့ သတိပြုပါ..။ ဒီဖိုင်တွေ ဒေါင်းယူပြီးမှ သုံးလို့မရ ဖြစ်နေမှာစိုးလို့ ကြိုသတိပေးတာပါ..။ ပုံဒီဇိုင်းလေးတွေက အလန်းလေးတွေပါ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ အားလုံးပေါင်း ဖိုင် ၁၄ခု တင်ပေးထားပါတယ်..။ ကြိုက်တာကိုသာ တခုချင်းစီ ဒေါင်းယူနိုင်ပါတယ်..။



adfly လေးကြားခံထားပါတယ်..


အပေါ်ပုံလိုမျိုး အလန်းလေးတွေကို မိမိတို့ ပုံလေးတွေနဲ့ အစားထိုးပြီး အလှဆုံးဖြစ်အောင် ဖန်တီးယူလို့ရပါတယ်..။ အောက်ကပုံလိုမျိုး PSD ဖိုင်တွေကို Photoshop CS6 ထဲမှာ ထည့်သုံးယုံပါပဲ..။ 


ဒီအောက်ကပုံလိုမျိုး Photoshop CS6 ထဲထည့်တဲ့အခါ Layer နေရာက မျက်လုံးလေးတွေ လိုက်ဖွင့်ပြီး ဒီ PSD ဖိုင်တွေကို အသုံးပြုလို့ ရပါပြီ..။


ဒီ PSD ဖိုင်တွေထဲမှာ ပါလာတဲ့ ပုံတချို့တဝက်ကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်..။



5 comments:

  1. အစ်ကို ရေ Photoshop PSD Template လေး ပြန်တင်ပေးပါဦးခင်ဗျာ links တွေက ဒေါင်းလို့မရတော့လို့ပါဗျာ။ အစ်ကိုရဲ့ နည်းပညာရပ်ဝန်းထဲမှာ နေ့စဉ်နဲ့အမျှ လေ့လာနေတဲ့ ညီငယ်လေးတစ်ယောက်ပါ အစ်ကို။

    ReplyDelete
  2. အကိုရေ လည်နေတာ ခဏခဏပါဘဲ
    PHOTOSHOP PSD လေးလိုချင်နေတာကြာပါပြီ
    အရန်းလိုချင်နေတာပါ ကူညီပါ တင်ပေးပါအုံး

    ReplyDelete
    Replies
    1. ဒီပိုစ့်မှာ သိပ်မကြာခင်က ပြန်တင်ပေးထားခဲ့ပြီးပါပြီ..။ အဲ့ဒီမှာ ပြန်လိုက်ရှာကြည့်ပါဗျာ..။ ဒေါင်းယူလို့ ရအုန်းမယ် ထင်ပါတယ်..။ ဒီလင့်မှာပါ

      Delete
  3. အစ်ကိုရေ password တောင်းနေတယ် register လုပ်တာလဲမရဘူး

    ReplyDelete

Related Posts Plugin for WordPress, Blogger...