SmartsysSoft Greeting Card Designer v2.30


ဒီကောင်လေးကတော့ Greeting Card Designer လေးပါ..။ မနေ့၊ တနေ့က တင်ပေးလိုက်တဲ့ Business Card ဆော့ဖ်ဝဲလ်ထက် ပိုလန်းသလိုပဲ.. ဒါလေးနဲ့ တော်တော်များများကို အသုံးဝင်ပါလိမ့်မယ်..။ သူ့ထဲမှာ ဒီဇိုင်းမျိုးစုံ စတိုင်မျိုးစုံ ပါပါတယ်..။ ဆော့ဖ်ဝဲလ်လေး သေးသလောက် အတော်လေးကောင်းပါတယ်..။ အရောင်စုံ ကာလာစုံ ပါလို့ ဒီကောင်လေးကို ပိုသဘောကျနေမိတယ်..။ Effect တွေလည်း အများကြီးပါတယ်..။ အားလုံးကို ပြပေးဖို့ မဖြစ်နိုင်တဲ့အတွက် တခုတော့  လုပ်ပြထားပါတယ်..။ ကျန်တာတွေကိုတော့ မိမိတို့ဖါသာ စမ်းသပ်ရှာဖွေကြပါ..။ အများကြီးအသုံးဝင်ပါတယ်..။ အပျော်တမ်းသမားများ အတွက်တင် မကပါဘူး.. စီပွါးရေးသမားများအတွက်ပါ အသုံးတည့်ပါတယ်..။ ဒီကောင်လေးအတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ ဒီကီးလေး ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ အောက်မှာ ကျနော် သူ့ရဲ့ကီးလေးကို ထည့်ပြထာပြီး.. နမူနာတခုပါ လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူပြီး လုပ်နည်းလေးပါ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 15 MB ရှိပါတယ်..။





အပေါ်ဆုံးပုံမှာ ပြထားတဲ့အတိုင်း သူ့ Key လေးထည့်ပေးလိုက်ရင် ဖူးဖြစ်သွားပါပြီ..။ ပုံမှာပြထားတဲ့ အတိုင်း အဆင့်ဆင့်နှိပ်သွားလိုက်ပါ..။


ကီးထည့်ပြီးသွားရင် ဒီကောင်လေးကို ပိတ်ချလိုက်ပါ..။ ပြီးမှ ပြန်ဖွင့်ပါ..။ ဖွင့်လိုက်တာနဲ့ အောက်ကပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်..။ မိမိတို့ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကို ရွေးလိုက်ပါ..။ ဒီပုံမှာတော့ ကျနော် ကြိုက်တဲ့ စတိုင်လေးတခုကို ပုံမှာပြထားတဲ့ အတိုင်း ယူလိုက်ပါတယ်..။ 


အပေါ်မှာ စာတကြောင်း ရေးပြီးသွားလို့ နောက်တကြောင်းရေးဖို့ ဆိုရင် ဒီအောက်ကပုံလေးအတိုင်း Add Text ကနေ သွားယူပါ..။ မနေ့က Business Card ဆော့ဝဲလ်လိုပဲ.. မြန်မာစာ ရိုက်လို့မပေါ်ရင် Text Element ဆိုတဲ့ အင်္ဂလိမ်စာသားကို တဝက်ဖြတ်ပီး ဒါမှမဟုတ် နောက်ကနေ ရိုက်ပါ..။ မြန်မာစာ ရိုက်လို့ အဆင်ပြေပါတယ်..။ မြန်မာစာလုံးအလှတွေပါ သုံးလို့ ရပါသေးတယ်..။ အောက်မှာ ကျနော်စာရိုက်လိုက်ပါပြီ..



အပေါ်ပုံကတော့ စာလုံးအရောင်ပြောင်းပြထားတာ ဖြစ်ပြီး.. အောက်ပုံကတော့ စာလုံးရဲ့အရိပ်ကို ထည့်ပြထားတားပါ..။ အားလုံးပဲ ပုံကြည့်ပြီး အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်..။ 


အောက်ကပုံကတော့ ရေးထားပြီးသား စာလုံးကို နောက်ထပ်ဒီဇိုင်းတမျိုး လုပ်ယူလို့ရတယ်ဆိုတာ ပြပေးထားတာပါ..


်မိမိတို့စိတ်ကြိုက်ဖြစ်လို့ သိမ်းတော့မယ်ဆိုရင်တော့ အောက်ကပုံလေးအတိုင်း သိမ်းပေးလိုက်ပါ..။



အောက်ဆုံးမှာတော့ ကျနော်လုပ်လိုက်တဲ့ပုံလေး ရလာပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

10 comments:

  1. သူ့ရဲ့ကီး ကဘယ်မှာလဲ မတွေ့ဘူး အကိုရ လုပ်ပါအုံး

    ReplyDelete
    Replies
    1. သူ့ရဲ့ Key ကို Notepad လေးနဲ့ ရေးပြီး ဒီဖိုင်နဲ့ အတူ ထည့်ပေးထားပါတယ်.. တခုချင်းစီ လိုက်ဖွင့်ကြည့်ပါ..

      Delete
  2. key ကသုံးမ၇တော့ဘူး အကိုရေ စမ်းသုံးချင်းလိုကူညီပေးနော်။ ကျေးဇူးပါ

    ReplyDelete
    Replies
    1. သူ့ရဲ့ Key တွေကို တလုံးချင်း ရိုက်ထည့်လို့ အမှန်မရနိုင်ပါဘူး.. Notepad ထဲမှာထည့်ပေးထားတဲ့ သူ့ရဲ့ Key တွေကို All Select ပေး.. အဲ့ဒီပေါ်မှာ မောက်စ်မျှားလေးတင် Right Click >> copy ယူပြီး.. Registration အဝါရောင်လေးကို ကလစ်.. Key ထည့်ရမယ့်နေရာမှာ Right Click >> paste နဲ့ထည့်ပြီး (အပေါ်ဆုံးပုံမှာ ပြထားတဲ့အတိုင်း) D နေရာက Register ကိုနှိပ်ပေးလိုက်ရင် Full သုံးလို့ ရသွားပါလိမ့်မယ်.. သေချာကြည့်ပြီး ပြန်လုပ်ကြည့်လိုက်ပါဗျာ.. အဆင်ပြေသွားပါလိမ့်မယ်..

      Delete
  3. ကျနော် ဒဲဒီပုံစံတိုင်းလုပ်ပါခင်ဗျာ invalid serial number ပဲတက်ပါတယ်ခင်ဗျာ full မရပါဘူးခင်ဗျာ။ ကျေးဇူးပါ။

    ReplyDelete
    Replies
    1. ကဲ ကို nay win ရေ.. ၂ခါတောင် Comment ရေးထားလို့.. ဒီနေ့တော့ တခြားစက်တလုံးမှာ ဒီဆော့ဝဲလ်ကို ထည့်ပြီး သူ့ရဲ့ကီးတွေမှန်မမှန် သိရအောင်.. ကျနော်တင်ပေးထားတဲ့ လင့်က ဒီကောင်လေးကို ပြန်ပြီး ဒေါင်းယူ ပြီးစမ်းကြည့်ပြီးပါပြီ.. အားလုံး OK ပါတယ်.. သူ့ထဲမှာထည့်ပေးထားတဲ့ ကီးတွေအားလုံး အမှန်တွေပါ.. အဲ့ဒီကီးတွေကို ဒီမှာ ပြန်ရေးပေးလိုက်ပါတယ်.. 7C7C003B77E3883CD9036ACD773EC715
      အဆင်မပြေတာများရှိခဲ့ရင် Comment မှာထပ်ပြီး အကြောင်းကြားနိုင်ပါတယ်.. ဆော့ဝဲလ်ပြန်စမ်းသပ်ဖို့ စက်ရွေးနေရလို့ စာပြန်နောက်ကျသွားပါတယ်.. နားလည်နိုင်ပါစေဗျာ..

      Delete
  4. 7C7C003B77E3883CD9036ACD773EC715
    အကိုရေ မရဘူးကီးက လုပ်ပေးပါအုံးနော်

    ReplyDelete
  5. အရင်တယောက်လည်း မရဘူးဆိုလို့ ကျနော် သေချာပြန်စမ်းသုံးကြည့်ပြီးပါပြီ.. ဒီအပေါ်က ကျနော်အကြောင်းပြန်ထားတဲ့ စာတွေကို ဖတ်ကြည့်ပေးပါ..။ ကျနော်သုံးတော့ Key တွက မှန်နေပါတယ်.. အစ်ကိုတို့မှာမှ မရတာဆိုတော့.. အဲ့တော့ ဘာမှားနေလဲဆိုတာတော့ ကျနော်လည်း မပြောပြတတ်တော့ပါဘူး.. တခုခုတော့ လွဲနေလို့ ဖြစ်ပါလိမ့်မယ်.. ပုံနဲ့စာနဲ့ သေချာပြန်လုပ်ဖို့ပဲ အကြံပေးချင်ပါတယ်.. နောက်ပြီး Key တွေရဲ့ရှေ့တွေ၊ နောက်တွေမှာ (Space) စာလုံးမခြားမိဖို့ ၊ စာလုံးမခြားပဲ Key တွေထည့်ဖို့ သတိပြုပါ.. အဲ့ဒါမှ အဆင်မပြေသေးရင်တော့ တခြား Greeting Card ဆော့ဝဲလ်တွေ ရလာတဲ့အခါ ထပ်တင်ပေးထားပါမယ်.. ကျေနပ်နိုင်ပါစေဗျာ..

    ReplyDelete
  6. ဒေါင်းလို့ကိုမရတာဗျာ လုပ်ပါအုန်းအကိုရေး

    ReplyDelete
  7. ဒေါင်းလို့မရဘူးဖြစ်နေတယ်အကိုလွင် ပြန်တင်ပေးပါအုန်းလား။ကျေဇူးအမြဲတမ်းတင်နေပါတယ်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...