Wise Registry Cleaner v7.51 Portable

 

 ဒီကောင်လေးကတော့ အသုံးပြုရတာ ပေါ့ပေါ့ပါးပါးနဲ့ ကျနော်တို့ရဲ့ စက်ကိုလေးစေတဲ့ ကွန်ပျူတာထဲက Registry အဲရာတွေကို ထိထိရောက်ရောက်ရှင်းလင်းပေးနိုင်တဲ့ ကောင်လေးပါ..။ ဖိုင်ဆိုဒ်သေးသေးလေးနဲ့ Portable လေးဖြစ်တဲ့အတွက် အလွယ်တကူ ၂ချက်တောက်ပြီး အသုံးပြုယုံပါပဲ..။ အောက်မှာတော့ ကျနော်သုံးထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 1.5 MB ပဲရှိပါတယ်..


 ဒီကောင်လေးကို ၂ချက်တောက်ဖွင့်ပြီး အောက်ကပုံမှာ မျှားပြထားတဲ့အတိုင်း နှိပ်သွားလိုက်ပါ..



အပေါ်ပုံမှာတော့ အလုပ်လုပ်နေပါပြီ.. အောက်ကပုံအတိုင်း အနီရောင်စာသားတွေ ပေါ်လာရင် Start Cleaning ကိုကလစ်ပေးလိုက်ပါ..


အောက်ကပုံအတိုင်း Clean ဖြစ်သွားတာတွေ ရှိသလို.. အနီရောင်စာသားတွေနဲ့ ထပ်လုပ်ပေးဖို့ ကျန်နေပါလိမ့်မယ်..


အဲ့ဒီကျန်နေတဲ့ အနီရောင်စာသားနေရာဘေးတွေကို အမှန်ခြစ်ပေးလိုက်ပါ.. သူ့ထဲက ဖိုင်တွေအားလုံးကို လည်း အမှန်ခြစ်ပေးလိုက်ပါ.. အောက်ကပုံ.. ပြီးရင်တော့ Start Cleaning ကိုထပ်နှိပ်ပေးလိုက်ပါ..။


အောက်ဆုံးပုံအတိုင်း အားလုံး Clean ဖြစ်သွားရင်တော့ ဒီကောင်လေးကို ပိတ်လိုက်လို့ ရပါပြီ..။ ဒါဆိုရင် မိမိတို့စက်ထဲမှာ စက်ကိုလေးစေတတ်တဲ့ Registry အဲရာတွေကို ရှင်းလင်းပြီးသား ဖြစ်သွားပါပြီ..

1 comment:

Related Posts Plugin for WordPress, Blogger...