World Of Fantasies Animated Wallpaper


ဒီလို Animated Wallpaper လေးတွေကို ကျနော်မတင်ပေးဖူးသေးပါဘူး..။ ဒီကောင်လေးကတော့ အတော်လေးလန်းတယ်ဗျ.. Install ဆွဲထည့်ပေးလိုက်တာနဲ့ မိမိတို့ရဲ့ Desktop ပေါ်မှာ လှုပ်ရှားနေပါလိမ့်မယ်..။ မောက်စ်ကို ဘယ်လိုပဲ ကိုင်ကိုင်ဒီ Wallpaper လေးက ရပ်မသွားပါဘူး..။ သူ့ထဲမှာပါတဲ့ လိပ်ပြာလေးတွေ၊ ရေလှိုင်းလေးတွေက အမြဲတမ်းလှုပ်ရှားနေတော့ တကယ်ကြည့်လို့ ကောင်းပါတယ်..။ ဒီကောင်လေးကို ကျနော်ရှာထားတာမဟုတ်ပါဘူး..။ ဆရာသမားဆီ ရောက်တုန်းက သူ့စက်မှာ တင်ထားတာလေး ကြည့်ရင်းနဲ့ အတော်လန်းလို့ တောင်းလာတာလေးပါ..။ ဒီနေ့ထိ ကျနော့်ဆိုဒ်မှာ Wallpaper တို့ ၊ Screen Saver တို့ တောင်းတဲ့လူ မရှိသေးပါဘူး..။ ကျနော်လည်း ဒါလေးတွေ တင်ပေးဖို့ သတိမရဖြစ်နေတာ.. ဒီနေ့တော့ ဒီ Wallpaper လေးကို အရင်ဆုံးတင်ပေးလိုက်ပါတယ်..။ Screen Saver လေးတွေ ရလာရင်လည်း ထပ်တင်ပေးသွားပါအုန်းမယ်..။ ဒီကောင်လေးကို သဘောကျတဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12.6 MB ရှိပါတယ်.. အောက်မှာလည်း ပုံလေး၂ပုံ နမူနာပြပေးလိုက်ပါတယ်..။







2 comments:

  1. အကိုရေ!အကိုBlogထဲကဆော့ဝဲတွေဒေါင်းတာများနေပြီး...တစ်ခါမှကွန်မန့်မရေးခဲ့မိဘူး.အခုမှဘဲရေးဖြစ်တော့တယ်...အားလုံးအတွက် ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ..။

    ReplyDelete
  2. အကိုရေ Animated Wallpaper and Screen Saver Link တွေအကုန်လုံးသေနေတယ်ပြန်ကြည့်ပေးပါအုံး Pls

    ReplyDelete

Related Posts Plugin for WordPress, Blogger...