(Accounting) AceMoney 4.20.5 and AceMoney Lite Final

ဒီ Accounting ဆော့ဝဲလ်လေးကို အရင်တုန်းက အစ်ကိုတစ်ယောက် Cbox မှာ တောင်းထားခဲ့ဖူးပါတယ်..။ အဲ့တုန်းက ဆော့ဝဲလ်နာမည် မသိလို့ ဘယ်လိုရှာရမှန်း မသိခဲ့ပါဘူး..။ ဒီနေ့မှ ရလာလို့ တင်ပေးလိုက်ပါတယ်..။ AceMoney 4.20.5 ကတော့ Key ထည့်ပေးရမယ့် ဗါးရှင်း အဟောင်းလေး ဖြစ်ပြီးတော့..  AceMoney Lite ကတော့ ဒီလ ၄ရက်နေ့ကမှ ထွက်လာတဲ့ ဖရီးသုံးလို့ရတဲ့ Final ဗါးရှင်းပါ..။ ကျနော်အောက်မှာ ပုံလေးတွေနဲ့ AceMoney 4.20.5 ကို Install နဲ့ Key ပါထည့်ပြပေးထားပါတယ်..။ အသုံးပြုပုံကို သူ့ရဲ့မူရင်းဆိုဒ်မှာ တင်ပေးထားတဲ့ Video ဖိုင်လေးပြန်ချိတ်ပေးထားပါတယ်..။ အဲ့ဒီ Video ဖိုင်လေးကို လေ့လာရင်း ဒီကောင်လေးကို အသုံးပြုတတ်သွားပါလိမ့်မယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.8 MB ရှိပါတယ်..။ ကျနော်  ဒီဆော့ဝဲလ်ကို ဖရီးဆော့ဝဲလ်နာမည်တခု ပြောင်းပြီး တင်ပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။



လေ့ကျင့်ခန်း Video 


ဒီအောက်က ပုံ၂ပုံကတော့ နောက်ဆုံးထွက် AceMoney Lite နောက်ဆုံးထွက် ဗါးရှင်းကို Install ထည့်ပြထားတာပါ..။ မောက်စ်မျှားလေးတွေ ပေါ်တဲ့ နေရာအတိုင်း နှိပ်သွားလိုက်ပါ..။



အောက်ကပုံတွေကတော့ AceMoney 4.20.5 ဗါးရှင်းကို ဖူးသုံးလို့ ရအောင် သူ့ထဲမှာ ထည့်ပေးထားတဲ့ Key တွေနဲ့ ထည့်ပြီး ဖူးသုံးလို့ ရကြောင်း ပြပေးထားတာပါ..။





အပေါ်ပုံအတိုင်း Thank you ဘောက်စ်ပေါ်လာပြီးရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။




4 comments:

  1. အစ်ကိုရေ... ကျွန်တော့်စက်မှာ Sleep မပေါ်ဘူးဖြစ်နေတယ်။
    အဲဒါဘယ်လို လုပ်ရမလဲပြောပြပေးပါခင်ဗျာ။

    ကျန်တာအားလုံးရတယ်။

    ReplyDelete
    Replies
    1. Sleep မပေါ်ဘူးဆိုတာ ဖြစ်နိုင်တာ ၂ခုရှိပါတယ်..။ ပထမ တခုက ဝင်းဒိုးတင်ပြီးပြီးချင်း ဂရပ်ဖစ် Driver မဝင်ရင်လည်း Sleep မပေါ်ပါဘူး..။ အဲ့လိုဆိုရင်တော့ Game တွေလည်း ကစားလို့မရသလို၊ Screen Saver တွေလည်း အလုပ်မလုပ်နိုင်ပါဘူး..။ မူရင်းခွေကနေ ဂရပ်ဖစ် Driver ကို Install ပြန်ထည့်ပေးလိုက်ရင်တော့ အဲ့ဒါတွေအားလုံး ပြန်ကောင်းသွားပါလိမ့်မယ်..။ နောက်တခုက ဂရပ်ဖစ် Driver ရှိရဲ့သားနဲ့ Sleep မပေါ်ဘူးဆိုရင်တော့ ဗိုင်းရပ်စ်ကြောင့်၊ (OR) Registry Error ကြောင့်ဖြစ်နိုင်ပါတယ်..။ အဲ့လိုဆိုရင်တော့ မနေ့တနေ့က ပိုစ့်တင်ပေးထားတဲ့ Advanced System Care နဲ့စက်ကို သန့်ရှင်းရေးလုပ်ပေးလိုက်ပါ..။ အသုံးပြုပြီးရင် စက်ကို Restart ချပေးပါ..။ Sleep ပြန်ပေါ်နိုင်ပါတယ်..။ လိုအပ်ရင် ဒီလင့်ကို နှိပ်ပြီး Advanced System Care ကိုသွားယူနိုင်ပါတယ်..။

      Delete
  2. Accounting software အတွက်ကျေးဇူး အကို ရေ.

    ReplyDelete
  3. အစ်ကိုရေ လင့်က ဆွဲလို့မရတော့ဘူး
    အသစ်တင်ပေးပါအုံးဗျာ့ ကျေးဇူးတင်ပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...