Google Chrome မှာ IDM အလုပ်လုပ်အောင် ဖြေရှင်းနည်း

ဒီနည်းလေးက Google Chrome မှာ IDM အလုပ်မလုပ်တဲ့အခါ.. IDM အလုပ်လုပ်အောင် ဖြေရှင်းလို့ရမယ့် နည်းလမ်းလေးပါ..။ ကျန်ခဲ့တဲ့တပါတ်က သူငယ်ချင်းတယောက်ရဲ့စက်မှာ Google Chrome ဖွင့်သုံးတဲ့အခါ IDM အလုပ်မလုပ်လို့ ဒီနည်းနဲ့ ဖြေရှင်းပေးခဲ့ရပါတယ်..။ သူကတော့ Google Chrome မှာ Extension ထဲဝင်နေတဲ့ Toolbar တွေကို ဖျက်ထုတ်ပစ်ရင်း IDM Extension ပါ ပါသွားတဲ့အတွက် IDM နဲ့ ဒေါင်းလော့ချလို့ မရတော့တာပါ..။ ကျနော့်သူငယ်ချင်းရဲ့စက်မှာ ဒီနည်းနဲ့ လုပ်ပေးလိုက်လို့ အဆင်ပြေသွားပါတယ်..။ ကျနော်လည်း အခုနောက်ပိုင်း Mozilla တောင် သိပ်မသုံးဖြစ်တော့ပါဘူး..။ Google Chrome က လိုင်းကျနေတဲ့အခါတွေမှာ Mozilla မတက်ပေးနိုင်တဲ့ ဝဘ်ဆိုဒ်တွေကို အလွယ်လေး တက်ပေးနိုင်ပါတယ်..။ လိုင်းကောင်းရင်တော့ တအားမြန်ပါတယ်..။ ဒါကြောင့်လည်း Mozilla အစား Google Chrome ကို အသုံးများလာတာပါ..။ Google Chrome နဲ့ ပါတ်သက်လို့ မြန်မာစာ ပေါ်အောင်လုပ်နည်း တွေနဲ့ Bookmarks မှတ်နည်းတွေ အပြင် တခြားအသုံးပြုနည်းတွေကို ကျနော့် Blog ထဲမှာ ဟိုးအရင်တုန်းကတည်းက ပိုစ့်တွေ တင်ပေးထားပြီးသား ရှိပါတယ်..။ လိုအပ်တဲ့သူများ အဲ့ဒီပိုစ့်တွေမှာ ပြန်ကြည့်နိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ Google Chrome မှာ IDM အလုပ်လုပ်အောင် ပုံလေးတွေနဲ့ အောက်မှာ ရှင်းပြထားပါတယ်..။ ကျနော့်သူငယ်ချင်းလို Google Chrome မှာ IDM အလုပ်လုပ်မလုပ်တဲ့သူများ အဆင်ပြေအောင် အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။

Google Chrome ကို ဖွင့်ထားပြီး အောက်ကပုံအတိုင်း ညာဘက်အပေါ်ထောင့်က Customize And Control Google Chrome နေရာကိုနှိပ်ပြီး အောက်ကပုံအတိုင်း အဆင့်ဆင့်လုပ်ပေးသွားပါ..။


Chrome ရဲ့ Extensions ထဲကို ရောက်တဲ့အခါ အောက်ကပုံမျိုး IDM အရောင်မှိန်နေရင် Enable မှာ အမှန်ခြစ်ပေးပါ..။ 



အပေါ်ပုံအတိုင်း အမှန်ခြစ်လေးတွေ ထည့်ပေးလိုက်ရင် Chrome မှာ IDM အလုပ်လုပ်ပါပြီ..။ တကယ်လို့ အောက်ကပုံအတိုင်း IDM Extension ကို ဖျက်ပစ်မိလိုက်ရင်တော့ (IDM ပုံမပေါ်တဲ့အခါမှာ) အောက်ဆုံးပုံတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။



အပေါ်ကပုံမှာ မလိုချင်တဲ့ Toolbar တွေကို Chrome ရဲ့ Extensions ထဲမှာ ဝင်ဖျက်တတ်အောင်လို့ ပြပေးထားတာပါ..။ အောက်ကပုံမှာတော့ Chrome ရဲ့ Extension ထဲမှာ IDM မရှိတော့တဲ့အတွက် IDM အလုပ်မလုပ်တော့တဲ့အခါမှာ အောက်ကပုံအတိုင်း IDM ကို Install ထည့်ထားတဲ့ ဖိုဒါထဲကနေ သူ့ရဲ့ ဖိုင်လေးကို သွားယူပြီး Chrome Extension ထဲမှာ ဒရော့ ဆွဲထည့်ပေးရပါမယ်..။ အောက်မှာ ဆက်ကြည့်ပါဗျာ..။



အပေါ်ပုံအတိုင်း IDM ရဲ့ ဖိုဒါထဲက "IDMGCExt.crx" ဖိုင်လေးကို တွေ့အောင်ရှာပါ..။ ရှာလို့တွေ့တဲ့အခါ အောက်ကပုံအတိုင်း အဲ့ဒီဖိုင်လေးကို မောက်စ်မျှားနဲ့ ဖိဆွဲပြီး Chrome Extensions ဖိုဒါပေါ်ကို ပစ်ထည့်လိုက်ပါ..။


အောက်ကပုံအတိုင်း ပေါ်လာရင် Add နဲ့ OK ပေးလိုက်ပါ..။



ဒါဆိုရင် Google Chrome မှာ IDM အလုပ်လုပ်ပါပြီ..။ ဒါပေမယ့် Chrome ရဲ့ Extension ထဲမှာတော့ IDM ပုံလေး ပေါ်မှာ မဟုတ်တော့ပါဘူး..။ နောက်ပြီး အောက်ကပုံအတိုင်း IDM ကိုဖွင့်ပါ..။ သူ့ရဲ့ Menu ဘားတန်းက Option ကနေ ဝင်ပြီး ကျနော်တို့ အမြဲသုံးတဲ့ Browser တွေကိုပဲ အမှန်ခြစ်ပေးထားပါ..။ ကျနော်တို့ မသုံးတဲ့ Browser တွေကို အောက်ကပုံအတိုင်း အမှန်ခြစ်လေးတွေ ဖြုတ်ထားလိုက်ပါတယ်..။ ဒါဆိုရင် IDM အလုပ်လုပ်တာ ပိုမြန်လာပါလိမ့်မယ်..။


အောက်ကပုံကတော့ Google Chrome နဲ့ IDM ကို ပြန်စမ်းကြည့်တဲ့အခါမှာ တကယ်အလုပ်လုပ်တာ တွေ့ရပါပြီ..။


ဒီလောက်ဆိုရင်တော့ အားလုံးပဲ Chrome နဲ့ IDM ကို အလုပ်လုပ်အောင် လုပ်တတ်သွားပါပြီ..။

7 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ကိုလွင်မင်းဗိုလ်ခင်ဗျာ......google chrome မှာအင်တာနက်ဖွင့်လိုက်တိုင်း google နဲ့ပွင့်အောင်ဘယ်လိုလုပ်ရသလဲ ပြောပြပေးပါလားခင်ဗျာ

    ReplyDelete
    Replies
    1. ကို kyaw myo thant ရေ. ဒီအတိုင်း လုပ်ပေးလိုက်ပါ..။ Google Chrome Setting >> Default browser မှာ အမှန်ခြစ်ပေးလိုက်ပါ..။ ရသွားပါပြီ..။

      Delete
  3. ကျေးဇူးပဲအကိုရေ
    နောက်လည်းလိုတာရှိရင်တောင်းပါအုံးမယ်

    ReplyDelete
  4. ကျေးဇူး အစ်ကိုရေ

    ReplyDelete
  5. မရပါ အကိုရေ idm က အစမ်းလေး လင်းမနေဘူး

    ReplyDelete
  6. youtube ကို မ၇ဘူး down တာ

    ReplyDelete

Related Posts Plugin for WordPress, Blogger...