Nero Burning ROM 12.0.00800


Nero Burning ROM 12 ကို ဖူးသုံးလို့ရအောင် Key နဲ့ Crack ဖိုင်၂ခု ကိုထည့်ပေးထားပါတယ်..။ Install စထည့်တဲ့နေရာကနေ စပြီး Key တွေ ၊ crack တွေထည့်ပြီးလို့ ဖူးသုံးလို့ ရတဲ့အထိ ပုံလေးတွေနဲ့ တဆင့်ချင်းစီ လုပ်ပြထားပါတယ်..။ Key နဲ့ crack ၂ခုက ထည့်ပေးရမယ့် နေရာတွေ မတူတဲ့အတွက် အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။ အရေးကြီးဆုံးအချက်က ဒီဆော့ဝဲလ်ကို ဘယ်သောအခါမှ Update မလုပ်ပါနဲ့..။ Key တွေ၊ crack တွေနဲ့ ဖူးဖြစ်အောင် လုပ်နေတဲ့အချိန်မှာ အင်တာနက်ကို ပိတ်ပေးထားပါ..။ နောက်တခုက အသုံးပြုပုံ CD/DVD Burn နည်းကို သူ့ရဲ့မူရင်းဆိုဒ်မှာ Video လေးတွေနဲ့ ပြပေးထားတာရှိပါတယ်..။ အရင်တုန်းက Cbox မှာ ခဏ၊ခဏမေးခဲ့ဖူးတဲ့ CD/DVD ခွေကို Password နဲ့ Lock ချပြီး အခွေကူးနည်းကိုပါ အဲ့ဒီ Video ဖိုင်လေးတွေထဲမှာ လေ့လာသင်ယူလို့ ရပါသေးတယ်..။ ဒီ Nero Burning ROM 12 နဲ့ပဲ လုပ်ပြထားတာပါ..။ လေ့ကျင့်ခန်း Video လေးတွေ ကြည့်ချင်ရင်တော့ သူ့ရဲ့မူရင်းဆိုဒ်မှာ လေ့ကျင့်ခန်း ဗွီဒီယိုများ ကြည့်ရန် နေရာကို ကလစ်ပြီး ဝင်ကြည့်နိုင်ပါတယ်..။ ဒီဆော့ဝဲလ်ကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်က 102 MB ရှိပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ကို ထည့်ပေးလိုက်ပါ..။



၂ချက်တောက်ပြီး Install ထည့်တဲ့အခါ အောက်ကပုံမျိုးက အရင်စပေါ်လာပါလိမ့်မယ်..။ ပုံမှာ ပြထားတဲ့အတိုင်း အဆင့်ဆင့် လုပ်ပေးသွားလိုက်ပါ..။





အပေါ်ပုံမှာ ပြထားတဲ့ Key တွေက မူရင်းဆော့ဝဲလ်ထဲက Trail ဗါးရှင်းအတွက် ပေးထားတဲ့ ကီးတွေပါပဲ..။ ဘာမှမပြောင်းလဲပါနဲ့ အဲ့ဒီ Trail ကီးတွေနဲ့ပဲ အရင် Install ထည့်သွားလိုက်ပါ..။ အောက်ဆုံးမှာ Key ပြန်ပြောင်းတဲ့ နေရာအတွက် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း No နေရာမှာ အမှန်ပေးပြီးမှ Install ကိုနှိပ်ပေးလိုက်ပါ..။



အမှန်ခြစ်ဖြုတ်ပြီးမှ Finish ပေးပါ..။


ဒီကောင်လေးကို Key အရင်ထည့်ပေးဖို့အတွက် အောက်ကပုံအတိုင်း အဆင့်စီသွားပြီး Notepad နဲ့ ထည့်ပေးထားတဲ့  သူ့ရဲ့ကီးကို copy-paste နဲ့ ထည့်ပေးလိုက်ပါ..။ အင်တာနက်လိုင်းကို အရင်ပိတ်ထားပြီးမှ ကီးတွေထည့်ပါ..။





Successfully ဘောက်စ်ပေါ်လာရင်တော့ Exit>>Close ကို နှိပ်ပြီး ပိတ်ထားလိုက်ပါ..။


နောက်တဆင့်မှာ crack ဖိုင်လေး၂ခုထဲက တခုကို အောက်ကပုံမှာ ပြထားတဲ့အတိုင်း Computer ကိုဖွင့်ပါ..>> (C:) >>Programs Files(x86) >>Common Files >>Nero >>Advrcntr6 ဖိုဒါထဲကို ရောက်တဲ့အထိ သွားပြီး (Advrcntr6.dll ဖိုင်ကို) copy-paste နဲ့ ထည့်ပေးလိုက်ပါ..။ ပြီးရင်အောက်က ပုံတွေအတိုင်း နှိပ်သွားပေးလိုက်ပါ..။




Advrcntr6.dll ဖိုင်လေး အပေါ်ပုံအတိုင်း ရောက်သွားပါပြီ..။ အောက်ကပုံတွေထပ်ပေါ်လာရင် ပြထားတဲ့အတိုင်း နှိပ်ပေးလိုက်ပါ..



နောက်ဆုံးတဆင့်မှာတော့ နောက်ထပ်ကျန်တဲ့ crack ဖိုင်လေးတခုကို အောက်ကပုံအတိုင်း Computer ကိုဖွင့်ပါ..>> (C:) >>Programs Files(x86) >>Nero >>Nero12 >>Nero Burning Rom >>OnlineServices ဖိုဒါထဲကို ရောက်တဲ့အထိ သွားပြီး (NOSProductRegistration.dll ဖိုင်ကို) copy-paste နဲ့ ထည့်ပေးလိုက်ပါ..။ အောက်ကပုံတွေအတိုင်း အဆင့်ဆင့် ပေါ်လာရင် နှိပ်ပေးလိုက်ပါ..။



အပေါ်ပုံတွေအတိုင်း လုပ်ပေးပြီးသွားရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ DVD ခွေကူမယ်ဆိုရင်တော့ အောက်ကပုံအတိုင်း ကလစ်ပြီး လုပ်လို့ ရသွားပါပြီ..။


ဒီအောက်က ပုံလေးတွေကတော့ ကျနော် Nero ControlCenter ထဲမှာရှိနေတဲ့ Trail ဗါးရှင်းအတွက် ကီးကို Right Click >> Remove နဲ့ ပြန်ထုတ်ပြထားတာပါ..။ တချို့ကတော့ Trail ကီးတွေကို မထုတ်တတ်ကြပါဘူး..။ ကျနော်ကတော့ တခါတည်း ပြန်ထုတ်ပစ်လိုက်ပါတယ်..။ 




အပေါ်ပုံအတိုင်း Trail ကီးတွေ မရှိတော့ရင်တော့ Close နဲ့ပိတ်ပေးလိုက်ပါ..။ Desktop မှာ ပေါ်လာတဲ့ Nero Burning ROM 12 ရဲ့ Icon လေးကို ၂ချက်တောက်ပြီး ဖွင့်လိုက်ရင်တော့ အောက်ကပုံအတိုင်း ဖူးသုံးလို့ ရသွားပြီ ဖြစ်တဲ့အတွက် Trail စာသား မပေါ်တော့ပါဘူး..။ အရေးကြီးဆုံးအချက်က ဒီကောင်လေးကို ဘယ်တော့မှ Update မလုပ်ပါနဲ့..။ 


ဒီလောက်ဆိုရင်တော့ Nero Burning ROM 12 ကို ဖူးသုံးလို့ ရအောင် လုပ်တတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ..။

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ziddu ကပဲကူးလ်ု့ရတယ်၊ ဆိုက်ကြီးလို မပြီးဘူး၊ လိုင်းလည်းမကောင်းဘူး၊ ကျန်တဲ့ ဆိုက်၂ခုက ပျက်နေပြီ၊ ဒေါင်းလို့ အဆင်ပြေအောင် ကူညီပေးပါခင်ဗျား၊ ကျေးဖူး တင်ပျတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...