Startup Repair အသုံးပြုနည်းနှင့် Registry Repair မလုပ်ခင် Restore Point ဖန်တီးခြင်း-အသုံးပြုခြင်း


26 Jan 13, 02:14 PM
kolinlin: ကျေးဇူးပဲအကို Statrtup Repair ဘယ်လိုလုပ်ရမလဲအကို နကန်းတစ်လုံးမှမသိတာပါ
26 Jan 13, 05:52 PM
kolinlin: အကိုလွင်ရေ StartupRepair ကလုပ်မတတ်ဘူးအကိုရေ Window Boot Manger ဆိုပြီးပေါ်တယ်.Enter နှိပ်လည်းအဆင်မပြေဘုး.ကူညီပါဥိးနော်..စက်ဖွင့်ရင်Windowမတက်လို့ပါ။Post တင်ပေးပါနော်လေးစားစွာဖြင့်..
ဒီအစ်ကိုလို Windows Startup အဆင်မပြေတဲ့သူများနဲ့ မိမိတို့စက်မှာ ဆော့ဝဲလ်တွေ မထည့်ခင်၊ ဝင်းဒိုးထဲက Registry Error-Repair မလုပ်ခင် အချိန်တွေမှာ System Restore Point ဖန်တီးထား တတ်ဖို့နဲ့ ပြန်ပြီး Restore လုပ်တတ်အောင်ပါ.. ဒီပိုစ့်မှာ ရှင်းပြထားပါတယ်..။ System Restore အသုံးပြုတတ်အောင် အရင်တုန်းက ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ အခုဟာကတော့ System Restore Point ဖန်တီးတတ်ဖို့နဲ့ ဖန်တီးထားပြီးသားကို ပြန်ပြီး Restore လုပ်တတ်အောင်ပါ ပြပေးထားပါတယ်..။ ဆော့ဝဲလ်တွေထည့်တဲ့အခါနဲ့ Windows Update တက်သွားတဲ့အခါတွေမှာ အရင်ရှိပြီးသား Restore Point တွေ ပျက်ကုန်တတ်တဲ့အတွက် မိမိတို့အနေနဲ့ သတိထားပြီး Restore Point တွေကို မကြာမကြာဖန်တီးပေးထားပါ..။ ဒါမှသာ ဝင်းဒိုးမှာ ကြီးကြီးမားမား Error တွေကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ..။ Starting Windows မတက်နိုင်အောင် အများဆုံးဖြစ်တတ်တဲ့ အခါတွေကတော့ ဝင်းဒိုးထဲက Registry Error တွေကို ဆော့ဝဲလ်တွေသုံးပြီးရှင်းတဲ့အခါတွေမှာ အဖြစ်များပါတယ်..။ CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်ရင် ဒီလို Starting Windows မတက်နိုင်တော့တဲ့ Error တွေ ဖြစ်တတ်ပါတယ်..။ ဒီ System Tools တွေက တကယ်တော့ ဝင်းဒိုးတွေအတွက် အရမ်းကောင်းပါတယ်..။ ဒါပေမယ့် မသုံးတတ်ရင် အန္တရာယ်ဖြစ်တယ် ဆိုသလိုပဲ ဒီ System Tools တွေကို အသုံးမပြုခင် ဒီပိုစ့်ကအတိုင်း Restore Point တခုအရင်လုပ်ထားပါ..။ System Tools တွေကို  အသုံးပြုပြီးတဲ့အခါတိုင်း တခြားဆော့ဝဲလ်တွေ မထည့်သေးပဲ မိမိတို့ရဲ့ စက်ကို အရင် Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာမှ တခြားဆော့ဝဲလ်တွေကို ထည့်သုံးပါ..။ ဒီလိုဆိုရင် ဝင်းဒိုး မတက်နိုင်တော့တဲ့ ဘေးက ကင်းဝေးပါလိမ့်မယ်..။ 
နောက်တခုက Startup Repair လုပ်တတ်ဖို့ပါ..။ Startup Repair လုပ်တယ်ဆိုတာလည်း အမြဲတမ်းကြီး Repair လုပ်လို့ ရလိမ့်မယ်လို့ မမှတ်ထားသင့်ပါ..။ လုပ်လို့ ရတဲ့အခါတွေ ရှိသလို Repair လုပ်မရတဲ့အခါတွေလည်း ရှိပါတယ်..။ လုပ်လို့ရသည်ဖြစ်စေ၊ လုပ်လို့ မရသည်ဖြစ်စေ အားလုံးပဲ Startup Repair အသုံးပြုတတ်အောင် ဒီပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။ ပုံတွေများလို့ ကြည့်ရတာ ရှုပ်တဲ့သူများအတွက် အလွယ်ကြည့်လို့ရမယ့် Video ဖိုင်လေးပါ ရှာပြီး ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ချိတ်ပေးထားပါတယ်..။ ဒီ Video လေးနဲ့လည်း အဆင်ပြေပါတယ်..။ 
kolinlin: ပြောသလို Windows Boot Manager စာသားနဲ့ ပေါ်လာတယ်ဆိုရင်တော့ Startup Repair နဲ့ အဆင်မပြေနိုင်ပါ..။ ဒါပေမယ့် Startup Repair အရင်လုပ်ကြည့်သင့်ပါတယ်..။ မရတော့မှ Safe Mode နဲ့ဝင်ပြီး နောက်ဆုံး Install ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်ပါ..။ အဲ့ဒါမှ မရသေးရင် System Restore နဲ့ ၁၀ရက်၊တစ်လ (Restore Point ဖန်တီးထားပြီးသား မရှိရင် ပေါ်သလောက်၊ ရှိသလောက် Restore Point ကို ရွေးပြီး) နောက်ပြန်ဆုတ်ပေးလိုက်ပါ..။ Restore Point တွေမှာလည်း သုံးလို့ရတဲ့ Point တွေရှိသလို၊ သုံးလို့မရတဲ့ Point တွေရှိနေပြန်ပါတယ်..။ ဒါကြောင့် Restore Point နဲ့ မရခဲ့ရင် Windows Image Backup File (OR) Recovery (Hidden Partition) အပိုင်းနဲ့သာ ရပါလိမ့်မည်..။ အဲ့ဒါတွေ မရှိရင်တော့ ဝင်းဒိုးအသစ်ပြန်တင်ဖို့သာ ရှိပါတော့တယ်..။ Windows Image Backup File ဖန်တီးနည်းနဲ့ Restore ပြန်လုပ်နည်း ကို အရင်တုန်းက ပိုစ့်တင်ပေးထားပြီးသားပါ..။ မလုပ်တတ်သေးတဲ့သူများ ပြန်ကြည့်ပေးပါ..။ အခုဒီပိုစ့်မှာ ဝင်ဒိုး Startup Repair အသုံးပြုနည်းနဲ့ Restore Point ဖန်တီးနည်းကို အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ 

ဒီအောက်က ပုံလိုမျိုး Windows Boot Manager စာသားနဲ့ Error ပေါ်ခဲ့ရင်တော့  Startup Repair အပြင် System Restore Point ကို အသုံးပြုမှ အဆင်ပြေနိုင်ပါတယ်..။ ဒါကြောင့် ဒီ ၂မျိုးလုံး အသုံးပြုတတ်အောင် ဒီပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်ပေးပါ..။
(Windows Boot Manager မှာလည်း Error နံပါတ်တွေ မတူတတ်ပါဘူး..။ Error နံပါတ်မတူသလို ဖြေရှင်းနည်းတွေလည်း မတူပါဘူး..။ ဒါကြောင့်ဒီလို A, B, နဲ့ပြပေးလိုက်တာပါ..။ C, ကတော့ F8 ကီးနဲ့ Repair နေရာကို ဝင်ခိုင်းတာပါ..။)


မိမိတို့ရဲ့စက်မှာ တခုခုအပြောင်းအလဲ လုပ်တော့မယ်ဆိုရင်.. ဒါမှမဟုတ် ဆော့ဝဲလ်တွေ Install မထည့်ခင်၊ Registry Repair မလုပ်ခင် Restore Point တခုကို အရင်ဖန်တီးထားသင့်ပါတယ်..။ အဲ့လိုမျိုး Restore Point ဖန်တီးနည်းကို ဒီအောက်က ပုံလေးတွေ အတိုင်း လုပ်ပေးလိုက်ပါ..။ 
ပုံမှာ ပြထားတဲ့အတိုင်း အရင်ဆုံး Start ကနေသွားပြီး Computer >> Right Click >> Properties ကို ကလစ်လိုက်ပါ..။


ပေါ်လာတဲ့ ဘောက်စ်မှာ အောက်ကပုံအတိုင်း System Protection ကနေသွားပြီး Create ကို ကလစ်ပါ..။


နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်ထဲမှာတော့ အောက်ကပုံအတိုင်း မိမိတို့ မှတ်မိလွယ်တဲ့ နာမည်၊ ဂဏန်း တခုခု ရေးထည့်လိုက်ပါ..။ ဒီမှာတော့ ကျနော်က ဒီိနေ့ Date ကိုပဲ ရေးထည့်လိုက်ပါတယ်..။ ပြီးရင်တော့ Create ကိုနှိပ်ပါ..။




အပေါ်ပုံအတိုင်း Successfully စာသားပေါ်လာရင် Close ပေးလိုက်လို့ ရပါပြီ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း Apply >> OK ပေးလိုက်ပါ..။ အပေါ်ပုံမှာ ပြထားတဲ့ မျှားကတော့ မိမိတို့ ဖန်တီးလိုက်တဲ့ Restore Point ကို တကယ်ရှိမရှိ အဲ့ဒီ System Restore ကနေ ပြန်ဝင်ကြည့်လို့ ရပါတယ်..။ တကယ်လို့ ဝင်းဒိုး ဖွင့်လို့ ရပြီး စက်က ကြောင်ကြောင်တောင်တောင် ဖြစ်နေတယ်ဆိုရင် ဒီ System Restore နေရာကနေ မိမိတို့ ဖန်တီးခဲ့တဲ့ Point သို့မဟုတ် တခြား Point တခုခုကို ရွေးပြီး စက်ကို နောက်ပြန်ဆုတ်ပေးလိုက်ရင် အရင်တုန်းက အတိုင်း ဝင်းဒိုး ပြန်ကောင်းသွားပါလိမ့်မယ်..။ 
    


အပေါ်ကပုံကတော့ Start >> Search နေရာမှာ Restore လို့ရိုက်ထည့်လိုက်ရင် အပေါ်ဆုံးမှာ ဝိုင်းပြထားတဲ့ System Restore ပေါ်လာပါလိမ့်မယ်..။ ကလစ်လိုက်ရင် အောက်ကပုံတွေအတိုင်း ဆက်ပြီး ပေါ်လာပါလိမ့်မယ်..။ ဒီအောက်ကပုံကတော့ Restore Point ဖန်တီးထားတဲ့ နေရာကနေ ဝင်ပြီး လုပ်ပြထားတာပါ..။ ဘယ်နေရာကနေဝင်ဝင် အတူတူပဲ.. ဒီအောက်ကပုံ Next နှိပ်ရမယ့် နေရာကို ရောက်လာပါတယ်..။ အရင်တုန်းက တင်ပေးခဲ့တဲ့ ပိုစ့်မှာတုန်းကတော့ F8 နဲ့ Repair Your Computer  နေရာကနေ ဝင်ပြီး System Restore အသုံးပြုနည်းကို လုပ်ပြပေးခဲ့တာပါ..။ ဝင်းဒိုး မတက်တော့တဲ့ စက်တွေမှာတော့ အဲ့ဒီနည်းနဲ့ လုပ်ယူရမှာပါ..။


နောက်တဆင့် ပေါ်လာရင် အမှန်ခြစ်ပေး မိမိတို့ နောက်ပြန်ဆုတ်လိုတဲ့ point တခုကို ကလစ်ပြီး Next ကိုနှိပ်သွားပါ..။ ဒီမှာတော့ ကျနော်ဖန်တီးထားတဲ့ Restore Point ကိုပဲ ကလစ်ပြီး ပြပေးထားပါတယ်..။



အပေါ်ပုံတိုင်း ဆက်ပေါ်လာရင်တော့ Finish ပေးပြီး Yes ထပ်ပေးလိုက်ရင် System Restore အလုပ်လုပ်ပါပြီ..။ မိနစ်အနည်းငယ် အလုပ်လုပ်ပြီးရင် စက် Restart ကျပြီး ပြန်တက်လာရင် System Restore အလုပ်လုပ်လို့ ပြီးသွားပါပြီ..။ တကယ်လို့ မအောင်မြင်ရင် နောက်တခါ Restore Point ထဲပြန်ဝင်ပြီး တခြား Point တခုကို ထပ်ရွေးပြီး ထပ်လုပ်ပေးပါ..။ Point တခုမဟုတ် တခုနဲ့ အဆင်ပြေသွားပါလိမ့်မယ်..။ 
ဒီအောက်ကပုံတွေကတော့ Startup Repair လုပ်ဖို့ အရင်ဆုံး ဝင်ရမယ့် နေရာကို ပြပေးထားတာပါ..။ တချို့စက်တွေမှာ F8 နဲ့ Advanced Boot Options ထဲဖြစ်တဲ့ Repair Your Computer နေရာကို ဝင်လို့ရပေမယ့် တချို့စက်တွေမှာတော့ ဝင်းဒိုး Error ကြောင့်၊ ဗိုင်းရပ်စ်ကြောင့် F8 ကီးနဲ့ အလုပ်မလုပ်နိုင်ပါဘူး..။ အဲ့လိုဆိုရင်တော့ စက်ကောင်းတုန်းက ဖန်တီးထားတဲ့ System Repair Disc နဲ့ (မရှိရင်) ဝင်းဒိုးတင်လို့ ရတဲ့ DVD သို့မဟုတ် USB လိုအပ်ပါတယ်..။ အဲ့ဒါတွေကို အသုံးပြုပြီး  မျှားပြထားတဲ့ နေရာ Repair Your Computer စာသားနေရာကို ရောက်အောင် ကီးဘုတ်က အပေါ်၊အောက်မျှားနဲ့ ရွှေ့ပါ..။ အဲဒီစာသားနေရာကို ရောက်ရင် Enter တချက်ခေါက်ပါ.. အောက်က ပုံတွေအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်..။



F8 နဲ့ Safe Mode ထဲဝင်လို့ မရရင် Windows7 ခွေနဲ့ အောက်ကပုံလေးအတိုင်း ဝင်ပါ..။ System Repair Disc နဲ့ ဝင်မယ်ဆိုရင် Windows တင်နည်းအတိုင်း မိမိတို့စက်ရဲ့ Boot မီနူးထဲဝင်လို့ရတဲ့ F2, F12, Del, Esc စသဖြင့် မိမိတို့စက်ရဲ့ အမျိုးအစားအလိုက် ပေါ်လာတဲ့ ကီးတွေကို နှိပ်ပြီး ဝင်သွားလိုက်ရင် အောက်ကပုံအတိုင်း အဆင့်ဆင့် ပေါ်လာပါလိမ့်မယ်..။ ဝင်းဒိုးမတက်နိုင်တော့တဲ့ စက်တွေမှာ System Restore ကိုဒီအောက်က မျှားပြထားတဲ့ ပုံအတိုင်း ဝင်သွားလို့ ရပါတယ်..။


Startup Repair ကို ကလစ်ပြီး လုပ်ပေးလိုက်ရင်တော့ အောက်ကပုံလေးတွေအတိုင်း အဆင့်ဆင့် ပေါ်လာပါလိမ့်မယ်..။





Startup Repair ရတဲ့စက်တွေမှာတော့ အပေါ်ကပုံအတိုင်း ပေါ်လာပြီး Restart ချခိုင်းရင် Finish ပေးလိုက်ပါ..။ လုပ်လို့မရရင်တော့ အောက်ကပုံတွေအတိုင်း ပေါ်လာပါလိမ့်မယ်..။ အဲ့ဒါဆိုရင်တော့ System Restore ကို အသုံးပြုပေးလိုက်ပါ..။ 
Startup Repair is checking your system for problem... ဆိုပြီးပေါ်လာရင်တော့ System Restore အသုံးပြုမှာလာ မေးလာရင်တော့ မိမိတို့ ကြိုက်ရာရွေးပြီးသာ လုပ်ပေးလိုက်ပါ..။ ဒီနေ့ကျနော်ရေးတဲ့ပိုစ့်က ဒီမှာတင် ပြီးဆုံးသွားပါပြီ..။ 



Finish ပေးပြီး ထွက်လိုက်လို့ ရပါပြီ..။ လိုအပ်ရင် အောက်က Video လေးနဲ့လည်း အဆင်ပြေပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်၍ အဆင်ပြေကြပါစေ..။
Startup Repair Video


5 comments:

  1. အကိုလွင်ရေ အရမ်းကိုကျေးဇူးပါ.အခုလို ကျနော်တောင်းထားတဲ့ Post ကိုတင်
    ပေးတဲ့အတွက် အရမ်းကိုကျေးဇူး တင်ပါတယ်။ အကိုပြောသလို ပဲ Restore
    Point တစ်ခုဖန်တီးပြီးတော့ Restore လုပ်ကြည့်ပါတယ်. အဆင်မပြေဘူး
    နောက်ဆုံး Date နဲ့ Restore သုံးလေးခါလောက် လုပ်ကြည့်တယ်အဆင်မပြေဘူး
    Repair Your Computer ကနေဝင်ပြီးတော့လည်း လုပ်ကြည့်သေးတယ်။
    Restart ဖြစ်သွားပြိးတော့ ဝင်းဒိုးက တက်မလာဘူး ။ Windows Image Backup File လည်းလုပ်ထားလို့ မရှိဘူးဆိုတော့ ရွာလည်သွားတာပေါ့။ F8 ကို
    နှိပ်ပြီး Last Known Goog Configuration ထဲကနေဝင်မှ ဝင်းဒိုးတက်တယ်
    ခက်နေတာက Start Normal Window ကနေဝင်ရင် ဝင်းဒိုးမတက်ဘူး
    အကိုပြောသလို နောက်ဆုံး Install ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်တယ်။ အဲလိုပဲ..CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်မိတယ်။
    ကျနော်က System Tools တွေသုံးပြိးတဲ့ အခါတိုင်းတစ်ခါမှ Restart မချမိဘူး
    ကျနော် သိလိုက်တော့ နောက်ကျသွားပြီ။ အဲးဒါကြောင့် ဝင်းဒိုးကြောင်သွားတာ
    ပါ။အကြိမ်ကြိမ်ကြိုးစားကြည့်ပါသေးတယ် ..ဘာမှထူးမလာပါဘူး..စက်ဝယ်
    ကတည်းကသုံးလာတာ တစ်ခါမှ ဒိလိုမကြုံဖူးပါဘူး။ သန်မန် ERROR လေး
    ဆိုရင်တော့ ဖြေရှင်းနိုင်ပါတယ် အခုဟာက ဝင်းဒိုး Errorဖြစ်နေတော့ အတွေ့
    အကြုံကမရှိဘူးလေ...ဝင်းဒိုးအသစ်ပြန်တင်မှ ရတော့မယ်ဆိုတာ သိလိုက်ပြီ
    ကျနော်က ဝင်းဒိုးကို Fomat ချရမှာ အရမ်းနှမျောတယ်. ဘာလို့လဲဆိုတော့
    စက်ထဲမှာ ထည့်တဲ့ Software တွေက တော်တော်ကိုစုံနေပြီ။ စက်ကလည်း
    သုံးလို့ကောင်းနေပြီ။ ဒါနဲ့ ကျနော်လည်း စိတ်စိတ်ညစ်ညစ် နဲ့သူငယ်ချင်းအခန်း
    ဆီသွားပြီးတော့.Window ခွေငါး..ဝင်းဒိုးလည်းတစ်ခါမှ မတင်ဖူးသေးတော့
    အကိုရဲ့ Blog ကိုဖွင့် ဝင်းဒိုးတင်တဲ့ Post လေးကိုရှာပြီး ကျနော်ကိုယ်တိုင် အသစ်ပြန်တင်လိုက်တယ်။ Software တွေတော့ ရှိပါတယ် Dirver တွေ
    လည်းစုံနေပါပြီ။ ဖူးဘားရှင်း သုံးလို့ရမယ့်CyberLink Power DVD 10.11.12
    ထဲက တစ်ခုလောက်အသစ်ပြန်တင်ပေးပါလားနော်..
    အကိုလွင်မင်းကိုလည်း အရမ်းကိုကျေးဇူးပါ.. ကျနော့်အတွက်တော့ ပညာတစ်
ိခုတိုးသွားတဲ့အတွက် ကို ကိုယ်တိုင်လည်းအားရမိပါတယ်။ နောက်ပြီးဒီထက်
    မက ဆက်လက်ပြီးတော့ ကြိုးစားသွားပါ့မယ်။ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ
်ချမ်းသာပါစေ ဆရာလွင်မင်းဗိုလ်.....။
    ထဝရရိုသေလေးစားစွာဖြင့်
    လင်းလင်း
    (Bangkok.Thailand)

    ReplyDelete
  2. မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ အစ်ကို
    အစ်ကိုပြောပြတဲ့ နည်းပညာလေးတွေကို လေ့လာရတာ ကျနော့်အတွက်တော့ သင်တန်းတစ်ခုကို ကျကျနန တက်ရောက်သင်ယူနေရသလိုပါပဲ ..။ ဒီအတွက်လည်း ကျေးဇူးအထူးတင်ပါတယ်။
    အစ်ကို တင်ပေးထားတဲ့ ဆော့ဖ်ဝဲတွေကို .. စာတွေကို ဒေါင်းလို့ .. သိမ်းလို့ အဆင်ပြေပါတယ် အစ်ကို။
    တစ်ခု ခက်နေတာက အစ်ကိုတင်ပေးထားတဲ့ Video File ကိုတော့ ကျနော့်စက်မှာ ဒေါင်းလို့ .. ကြည့်လို့ .. မရဘူး ဖြစ်နေပါတယ် အစ်ကို။
    အဲဒီ Video File လေးကို ဒေါင်းပြီး သိမ်းထားချင်ပါတယ်။ နည်းလမ်းလေး ပြောပြပေးပါဦး အစ်ကို။
    ကျေးဇူးတင်စွာဖြင့် ..
    ထက်နိုင်(ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေး)

    ReplyDelete
  3. အကို Htet Naing ရေအပေါ်က Video File လေးကိုဒေါင်းချင်တယ်ဆိုရင် Video ကိုဖွင့်လိုက်ရင် Start Menu အပေါ်လေးမှာ internet download manager ကိုမိမိစက်ထဲမှာထည့်ထားတယ်ဆိုရင် Download Video from this pageလို့ပေါ်လာပါလိမ့်မယ်.အဲဒါလေးကိုကလစ်ပြီးကြိုက်တဲ့ Format နဲ့ဒေါင်းယူလို့ရပါပြီ။ ဒါမှမဟုတ်ရင် Video File ထဲက Full Screen ဘေးလေးမှာ watch on youtube ကိုနှိပ်လိုက်ရင် youtube link ကိုရောက်သွားပါလိမ့်မယ်..။ ဒါဆိုရင်မိမိကြိုက်နှစ်သက်တဲ့ Youtube Video Downloader လေးကိုအသုံးပြုပြီး
    ဒေါင်းလော့ချလို့ရပါပြီ။

    ReplyDelete
  4. ဆရာခင်ဗျာ ..နေကောင်းပါရဲ့လား..
    windows7 မှာ This windows is not running genuine windows ဆိုတဲ့ Error box ကို
    ဘယ်လို ဖျောက်ရမလဲခင်ဗျာ..

    ReplyDelete
  5. Goodတယ်​ဆရာ​ရေခုလိုပြန်​မျှ​ဝေ​ပေးတာ

    ReplyDelete

Related Posts Plugin for WordPress, Blogger...