Passcape Reset Windows Password - ဝင်းဒိုးပါတ်စ်ဝါဒ့် ဖြုတ်နည်း


ကျနော် ဒီ ဝင်းဒိုး ပါတ်စ်ဝါဒ့်ဖြုတ်တဲ့ ISO ဖိုင်လေးကို Upload တင်ထားတာ ရက်နည်းနည်း ကြာပြီ..။ ပိုစ့်ကတော့ ဒီနေ့မှ ပုံတွေယူလို့ အဆင်ပြေတဲ့အတွက် ဒီနေ့မှ တင်ပေးလိုက်ရပါတယ်..။ အသုံးပြုနည်းက အရင်တုန်းက တင်ပေးခဲ့တဲ့ Hiren's Boot CD ဆော့ဝဲလ်ထက် ပိုလွယ်ပြီး၊ ဖိုင်ဆိုဒ်လည်း ပိုသေးငယ်ပါတယ်..။ ဒီ ISO ဖိုင်လေးကို CD or DVD ခွေတွေနဲ့ ခွေကူးပြီး အသုံးပြုနိုင်သလို ၊ ဖုန်းမန်မိုရီကတ်လို USB Devices တွေနဲ့လည်း Bootable ဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ပါတယ်..။ ကျန်ခဲ့တဲ့ တပါတ်က ကျနော်ပိုစ့်တင်ပေးခဲ့တဲ့ CMD Command ဖြင့် USB Bootable ဖြစ်အောင် လုပ်နည်း ပိုစ့်မှာ ဒီ ISO ဖိုင်လေးနဲ့ လုပ်ပြထားတာဖြစ်လို့ USB တွေနဲ့ အသုံးပြုလိုတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ သူ့ရဲ့ မူရင်းဆိုဒ်မှာလည်း CD/DVD တွေနဲ့ USB တွေအတွက် အသုံးပြုလို့ ရအောင် Boot disk creation utility ဆိုတဲ့ နာမည်နဲ့ Tool လေးတခု တင်ပေးထားပါတယ်..။ ဒီဝင်းဒိုး ပါတ်စ်ဝါဒ့်ဖြုတ်တဲ့ ဆော့ဝဲလ် နောက်ဆုံးဗါးရှင်းနဲ့ Boot disk creation utility တူးလေးကို လိုအပ်ရင်တော့ မူရင်းဆိုဒ်မှ ဒေါင်းယူလို့ ရအောင် အောက်မှာ လင့်တွေ ပြန်ချိတ်ပေးထားပါတယ်..။ အခုဒီပိုစ့်မှာ ကျနော်တင်ပေးလိုက်တဲ့ ၊ ကျနော်အဆင်ပြေပြေ အသုံးပြုခဲ့တဲ့ ဒီ Passcape Reset Windows Password ISO ဖိုင်ကတော့ နောက်ဆုံးထွက် မဟုတ်ပါဘူး..။ ဒီ ဝင်ဒိုးပါတ်စ်ဝါဒ့်ဖြုတ်တဲ့ ISO ဖိုင်ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ၊ အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 115 MB ရှိပါတယ်..။


 Features

    Simple, intuitive graphic interface. No more ugly DOS prompts.
    Resets and modifies passwords of local users and administrators, domain administrator, Active Directory users, DSRM account.
    Enables and unlocks user accounts.
    Disables the password expiry option.
    Resets SYSKEY (with full user passwords re-encryption)
    Advanced password lookup algorithms (Artificcial Intelligence attack, password recovery using Passcape tables, instant password recovery for the most accounts with fingerprint logon, etc.)
    Dumps user password hashes from SAM for further analysis.
    Dumps password hashes from Active Directory.
    Dumps domain cached credentials.
    Supports all versions of NT-based Windows, including the Windows 8.
    All editions include the utility for creating a bootable CD/DVD/USB disk from the downloadable ISO file with the application.
    Supports 64-bit Windows.
    Large collection of IDE, SATA, SCSI, RAID drivers.
    Detects several operating systems installed on the computer.
    Supports non-English versions of Windows and passwords in national encodings.
    Allows undoing changes made to the system.
    Deletes passwords and other sensitive data from the computer.
    Detailed help.



နောက်ဆုံးဗါးရှင်းကိုမှ အသုံးပြုလိုတဲ့ သူများကတော့ မူရင်းဆိုဒ်မှာ ဒေါင်းယူနိုင်ပါတယ်..။ Reset Windows Password (zipped ISO image) - 178 MB


Creating bootable disks from available ISO images. Passcape ISO Burner is compatible with the majority of CD/DVD recorders and USB devices.
CD/DVD နှင့် USB Bootable ပြုလုပ်ရန် မူရင်းဆိုဒ်မှ Tool - အောက်ကလင့်


ဒီအောက်ကပုံလေးတွေကတော့ CMD Command ဖြင့် USB Bootable ဖြစ်အောင် အရင်တပါတ်က တင်ပေးခဲ့တဲ့ ပိုစ့်မှ ပုံအနည်းငယ်ပါ..။ ဒီ ISO ဖိုင်ကို ကျနော် ဒီ CMD Command ဖြင့် USB ဘုတေးဘယ်လ် ဖြစ်အောင် ဖန်တီးအသုံးပြုခဲ့တဲ့ နည်းလေးကို အားလုံးပဲ ကျနော့်နည်းတူ အလွယ်အသုံးပြုနိုင်အောင် ဖေါ်ပြပေးလိုက်ရပါသည်..။ CMD Command ဖြင့် USB Bootable ဖြစ်အောင် အစအဆုံးလုပ်နည်းကိုတော့ အဲ့ဒီပိုစ့်မှာပဲ ပြန်လည် လေ့လာကြည့်ပေးပါ..။



ISO ဖိုင်ကို ဖိုင်ဖြည်ပြီးလို့ Open နဲ့ဖွင့်လိုက်ရင် အောက်ကပုံအတိုင်း ဖိုင်တွေ အများကြီး မြင်ရမှာ ဖြစ်ပါတယ်..။ အားလုံးကို Select All ပေးပြီး copy ယူလိုက်ပါ..။ ပြီးရင်တော့ အပေါ်မှာ လုပ်ပြထားတဲ့ Bootable USB ထဲကို paste နဲ့ ထည့်ပေးလိုက်ရင် အားလုံး အဆင်ပြေသွားပါပြီ..။ 


အပေါ်ပုံအတိုင်း copy ယူပြီး..၊ အောက်ကပုံအတိုင်း Bootable ဖြစ်နေတဲ့ USB ထဲမှာ paste ထည့်ပေးလိုက်ပါ..။



အပေါ်ကပုံတွေအတိုင်း Reset Windows Password ဆော့ဝဲလ်ကို USB ဘုတက်ထဲမှာ ထည့်ပြီးလို့ ရှိရင်တော့ အောက်ကပုံတွေအတိုင်း အသုံးပြုနိုင်ပါပြီ..။ ဒီအောက်ကပုံကတော့ ကျနော် ဝင်းဒိုးကို Password ထည့်ပြီး အရင် Lock ချထားလိုက်တာပါ..။


ကျနော် အပေါ်မှာ လုပ်ပြထားခဲ့တဲ့ Reset Windows Password USB ကို စက်မှာ တပ်လိုက်ပါတယ်..။ ပြီးရင်တော့ စက်ကို Restart ချပြီး ကီးဘုတ်မှ F2 , F12 , Esc , Del , F10 စသဖြင့် မိမိတို့စက်ရဲ့ စက်ပါဝါတက်တက်ခြင်း ပေါ်လာတဲ့ ကီးတွေကို ကြည့်ပြီး Boot Setup ထဲကို အရင်ဝင်ရမှာ ဖြစ်ပါတယ်..။ အဲ့ထဲမှာ ကျနော် USB ထဲကို ဝင်လို့ ရအောင် 1st Boot မှာ USB စာသားပါတဲ့ စာကြောင်းလေးကို လိုက်ပြောင်းပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံကတော့ ကျနော့် စက်မှာ ပေါ်လာတဲ့ ပုံလေးတွေကို ဖုန်းကင်မရာနဲ့ ရိုက်ယူပြီး ဖေါ်ပြပေးထားခြင်းပါ..။ ပုံတွေ နည်းနည်း ဝါးနေပေမယ့် ကြည့်လို့ မြင်ရတဲ့အတွက် ပြပေးလိုက်ခြင်း ဖြစ်ပါတယ်..။ အောက်ကပုံအတိုင်း Boot နေရာမှ ၊ 1st Drive နေရာမှာ USB စာသားပါတဲ့ စာကြောင်းကို ဝင်ပြောင်းပေးလိုက်ရင် ဒီပါတ်စ်ဝါဒ့်ဖြုတ်တဲ့ ဆော့ဝဲလ်ကို အသုံးပြုနိုင်ပါပြီ..။ အောက်က Boot Setup ထဲမှာ တဆင့်ပြီးတဆင့် ဝင်တဲ့အခါမှာတော့ Enter ခေါက်ပြီး ဝင်ရမှာ ဖြစ်ပါတယ်..။ Save ပြီးထွက်တဲ့အခါမှာတော့ ပုံမှာ ဖေါ်ပြထားတဲ့အတိုင်း F10 ကို နှိပ်ပြီး Enter နဲ့ ထွက်ရမှာ ဖြစ်ပါတယ်..။ အခွေနဲ့ အသုံးပြုမယ့် သူများကတော့ USB စာသားနေရာမှာ CD/DVD စာသားပေါ်နေမှာ ဖြစ်ပါတယ်..။ ၄င်း CD/DVD စာသားကို 1st Drive နေရာမှာ ပြောင်းထားပေးလိုက်ရင် အသုံးပြုနည်းက အောက်ကပုံတွေအတိုင်း အတူတူပါပဲ..။



F10 နဲ့ Enter ခေါက်ပြီး ရင်တော့ စက်က Restart ကျပြီး အောက်ကပုံအတိုင်း USB or CD/DVD ထဲကို ဝင်သွားမှာ ဖြစ်ပါတယ်..။ Press any key စာသားပေါ်ခဲ့ရင်တော့ ကီးတခုခုကို နှိပ်ပေးလိုက်ပါ..။


USB or CD/DVD ထဲကို ဝင်သွားတာနဲ့ အပေါ်နဲ့ အောက်ကပုံတွေအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။


ဒီနေရာမှာ ကျနော်တို့ အသုံးပြုမယ့် Setup ကို ရွေးယူနိုင်ပါတယ်..။ ပါတ်စ်ဝါဒ့်ဖြုတ်မှာ ဖြစ်တဲ့အတွက် Reset or Change User Account Password စာသားကို ရွေးပြီး လုပ်ပေးလိုက်ရင် ရပါပြီ..။ အဆင့်ဆင့် Next ပေးပြီး နောက်ဆုံးမှာ Reset/Change စာသားနေရာကို နှိပ်ပေးလိုက်ရင် အဆင်ပြေသွားပါပြီ..။ (Step-4) အဆင့် ၄-ဆင့်ပဲ ရှိပါတယ်..။ အောက်ကပုံလေးတွေမှာ ဆက်ကြည့်နိုင်ပါတယ်..။



အောက်ကပုံနေရာရောက်ရင်တော့ မိမိတို့ ဝင်းဒိုးရဲ့ ပါတ်စ်ဝါဒ့်ဖြုတ်မယ့် User Account ရဲ့ နာမည်ကို မှန်အောင် ရွေးပေးရမှာပါ..။ ပါတ်စ်ဝါဒ့် ထည့်ထားတဲ့ ၊ ရှိတဲ့ အကောင့်ကတော့ အောက်ကပုံအတိုင်း သော့ခတ်ထားတဲ့ ပုံလေးနဲ့ မြင်ရမှာ ဖြစ်ပါတယ်..။ အဲ့ဒီစာသားနေရာကို တချက်နှိပ်ပြီး ၊ စလက်ပေးပြီး ဆက်လုပ်ယုံပါပဲ..။ အောက်ကပုံအတိုင်းပါ..။



အောက်ကပုံအတိုင်း No ပေးလိုက်ပါ..။



အပေါ်ပုံအတိုင်း Successfully စာသားနဲ့ ပေါ်လာရင်တော့ OK ပေးပြီး အောက်ကပုံတွေအတိုင်း Exit နဲ့ ထွက်လိုက်လို့ ရပါပြီ..။ အခုဆိုရင် ကျနော့်ဝင်းဒိုးမှာ ပါတ်စ်ဝါဒ့်ဖြုတ်လိုက်လို့ ရသွားပြီဖြစ်ပါတယ်..။



အပေါ်ပုံမှာ YES ပေးပြီးတာနဲ့ USB ကို အရင် ဆွဲဖြုတ်ပစ်လိုက်ပါ..။ ဒါမှသာ ဝင်းဒိုးတက်လာမှာ ဖြစ်ပါတယ်..။ အောက်ကပုံကတော့ ကျနော့်စက်မှာ ဖြုတ်လိုက်တဲ့ ပါတ်စ်ဝါဒ့် မရှိတော့တဲ့အတွက် Welcome ပြီးတာနဲ့ တခါတည်း Desktop တန်းပေါ်လာပါပြီ..။


အားလုံးပဲ အလွယ်တကူ အသုံးပြုတတ်နိုင်ကြပါစေဗျာ..

6 comments:

  1. ပူပူနွေးနွေးပိုစ်လေးကိုနှစ်သက်လို့..အခြားသောသူငယ်ချင်းများ
    သိရှိနိုင်ရန်ပြန်ရှယ်သွားပါတယ်အကိုရေ..ကျေးဇူးအရမ်းတင်ပါတယ်..နည်းပညာတွေဒီထက်မကဖြန့်ဝေနိုင်ပါစေအကိုရေ....

    ReplyDelete
  2. ကျေးဇူးအရမ်းတင်ပါတယ်အစ်ကို ......
    မရောက်ဖြစ်တာလဲတော်တော်ကြာနေပြီဗျ
    ဒီပို့စ်လေးကို အရမ်းကြိုက်ပါတယ်ခင်ဗျာ
    လုပ်လည်းလုပ်ကြည့်မိပါတယ် အဆင်ပြေတယ်အစ်ကို
    "တစ်ဆက်တည်းမှာပဲ" ကျွန်တော့်ရဲ့သူငယ်ချင်းတစ်ယောက်ကျွန်ပြူတာမှာ
    Partition Lock ချမိသွားတယ်ခင်ဗျာ
    ပြီးတော့သူ့ဘာ နံပါတ်ထည့်လိုက်တယ်ဆိုတာမမှတ်မိတော့ဘူးတဲ့
    ဒါကြောင့်နည်းပညာလေးများရှိရင် " မစ " ပါလားခင်ဗျာ...:)

    ٭٭٭ ထာဝရ ကျေးဇူးတင်လျှက် ٭٭٭

    ReplyDelete
  3. အကိုလွင် ကျနော့်သူငယ်ချင်းက သူ့ကွန်ပျူတာကို Password ပေးထားတာ မမှတ်မိတော့လို့ ဒီပို့စ်လေးထဲကအတိုင်း
    လုပ်ပေးလိုက်ဥိးမယ်...ကျေးဇူးအရမ်းတင်ပါတယ်...။ ဒီပိုစ်လေးကို အရမ်းကြိုက်ပါတယ်.။။ သိထားသင့်တဲ့ နည်းလေး
    တစ်ခုပါပဲ...။

    ReplyDelete
  4. ဒီနည်းလေးနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့စက်ကို Password ဖြုတ်ပေးလိုက်တာ အဆင်ပြေသွားတယ်..။
    ကျေးဇူးအရမ်းတင်ပါတယ်အကိုလွင်..။ ဒီပိုစ်လေးကို အရမ်းကြိုက်ပါတယ်.။။

    ReplyDelete
  5. အ၇မ်း​ကျေးဇူးတင်​ပါတယ်​ ကိုလွင်​မင်းဗိုလ်
    သူငယ်​ချင်း၇ဲ့ စက်​က​လေး passwork ​မေ့​နေလို့ ဖွင့်​မ၇ဖြစ်​​နေတာ ကျ​နော်​ ကိုလွင်​မင်းဗိုလ်​၇ဲ ဆိုဒ်​က​လေးကို လမ်းညွန်​​ပေးလိုက်​တာ ဒီနည်း​လေးအတိုင်း အဆင်​​ပြေသွားတယ်​ ​ပြောပါတယ်​ ဒါ​ကြောင့်​ သူငယ်​ချင်း၇ဲကိုယ်​စား အ၇မ်းပဲ​ကျေးဇူးတင်​ပါတယ်​ ပြီး​တော့ နည်းပညာဆိုဒ်​​တွေ အများကြီးရှိ​ပေမဲ့ ကိုလွင်​မင်းဗိုလ်​၇ဲဆိုဒ်​လို ပုံ​လေး​တွေနဲ့ေ၇ာ စာသား​လေး​တွေပါ နားလည်​ရှင်းပြ​ပေးတဲ့ ဆိုဒ်​မျိုး ရှားပါတယ်​ ကျ​နော်​တို့လို ကွန်​ပျူတာကို စပြီး​လေ့လာကာစ ​လေး​တွေကို အခုလိုစိတ်​ရှည်​၂နဲ့ ရှင်းပြ​ပေးတဲ့ ကိုလွင်​မင်းဗိုလ်​၇ဲ့ဆိုဒ်​က​တော့ အ၇မ်းပဲသ​ဘောကျစ၇ာပါပဲ ​ကျေးဇူးလဲ အ၇မ်းတင်​မိပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...