Microsoft Toolkit EZ-Activator 2.4.3.0

ဒီကောင်လေးကို အဓိက တင်ပေးလိုက်တာက Microsoft Office 2013 ကို Activate ဖြစ်အောင် လုပ်ပေးနိုင်တဲ့ အတွက် တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်..။ ဒီဗါးရှင်းလေးက ထွက်ထားတာကြာပြီဖြစ်တဲ့ ဗါးရှင်း အဟောင်းလေးပဲ ဖြစ်ပါတယ်..။ ဒါကြောင့် Windows 8.1 ကို Active ဖြစ်အောင် လုပ်ပေးနိုင် မလားဆိုတော့ မသေချာပါဘူး..။ Windows 7 ကိုတော့ Activate ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်..။ ဘာလိုပဲ ဖြစ်ဖြစ် Microsoft Office 2013 ကို Activate ဖြစ်အောင် လုပ်ပေးနိုင်တဲ့ အတွက်၊ အောက်မှာ ကျနော် စမ်းသုံးရင်း Microsoft Office 2013 ကိုအဆင်ပြေသွားတဲ့ ပုံလေးတွေနဲ့ ပြပေးထားလို့.. အသုံးမပြုတတ်သေးတဲ့သူများအတွက် ဒီကောင်လေးကို အသုံးပြုတတ်မှာပဲ ဖြစ်ပါတယ်..။ ဒီ Activator လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 35 MB ရှိပါတယ်..။
 Mirror Creator ဆိုဒ်ကို ဝင်လို့ မရတဲ့သူများ ရှိနေတဲ့အတွက် လင့်၂-ခုနဲ့ တွဲတင်ပေးလိုက်ပါတယ်..။ အောက်က ဘယ်လင့်ကနေဝင်ဝင် ၎င်းဆိုဒ်သို့ ဝင်ရောက်၍ ဖိုင်များကို ဒေါင်းယူလို့ ရမှာပဲ ဖြစ်ပါတယ်..။


(OR)

အောက်ကပုံမှာ မျှားအပြာနဲ့ ပြထားတာကတော့ ကျနော် Microsoft Office 2013 ကို Install ထည့်ပြီးလို့ ဖွင့်သုံးတဲ့အခါမှာ ဒီလို Active မဖြစ်သေးတဲ့ စာသား ပုံစံလေးကို မြင်ရမှာပဲ ဖြစ်ပါတယ်..။
မျှားနီနဲ့ ပြထားတဲ့ပုံကတော့ ဒီ Activator လေးကို Double Click or Run as administrator နဲ့ ဖွင့်လိုက်တဲ့ အခါမှာ ပေါ်လာတဲ့ ပုံလေးပါ..။ Microsoft Office 2013 ကို Active ဖြစ်အောင် လုပ်ဖို့ ဆိုရင်တော့ မျှားနီပြထားတဲ့ ပုံလေးကို ကလစ်ပါ..။ တကယ်လို့ ဝင်းဒိုးတွေကို Active လုပ်ဖို့ ဆိုရင်တော့ ဝင်းဒိုး Logo ပုံလေးကို ကလစ်ပြီး သွားပါ..။ ဝင်းဒိုးနဲ့ Office ကို ဒီနေရာမှာ ရွေးပြီး Active လုပ်ခြင်းပဲ ဖြစ်ပါတယ်..။


အောက်ကပုံအတိုင်း Activation နေရာကို ကလစ်ပြီး သွားလိုက်ပါ..။


ပထမအဆင့်မှာ Install နေရာကို တချက်ကလစ်ပေးလိုက်ပါ..။


အောက်ကပုံမှာ မြင်နေရတဲ့ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့ Successfully စာသားတွေ ပေါ်လာပြီးရင်တော့.. ဒုတိယအဆင့်အနေနဲ့ အောက်ကပုံအတိုင်း Activate စာသားလေးကို ကလစ်ပါ..။



အပေါ်က ပုံအတိုင်း အလုပ်လုပ်နေရင် ခဏစောင့်နေပေးလိုက်ပါ..။ အောက်ကပုံအတိုင်း အစိမ်းရောင်းနဲ့ ဝိုင်းပြထားတဲ့ နေရာမှာ Processing စာသားတွေ ပေါ်လာပြီးရင်တော့.. နောက်ဆုံး တတိယအဆင့်မှာတော့ မျှားနီပြထားတဲ့ EZ-Activator စာသားလေးကို ထပ်ပြီး ကလစ်ပေးလိုက်ပါ..။



အောက်ကပုံအတိုင်း Product Activation Successful ဆိုရင်တော့ Microsoft Office 2013 ကို ဖူးသုံးလို့ ရသွားပြီဖြစ်လို့ ဒီကောင်လေးကို ပိတ်ပစ်လိုက်လို့ ရသွားပါပြီ..။


Microsoft Office 2013 ကိုလည်း ပိတ်ပစ်လိုက်ပါ..။ ပြီးမှ ပြန်ဖွင့်ပါ..။


Microsoft Office 2013 ကို ပြန်ဖွင့်ပြီး File >> Account ကနေ ဝင်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း Product Activated စာသားနဲ့ အတူ Microsoft Office 2013 ကို ဖူးသုံးလို့ ရသွားပြီ ဖြစ်ပါတယ်..။ 


Microsoft Office 2013 မှာတော့ အောက်ကပုံလေးအတိုင်း အဆင်သင့် အသုံးပြုလို့ ရတဲ့ Template ဒီဇိုင်းတွေကို မိမိတို့ စိတ်ကြိုက် တခုစီ ရွေးယူ အသုံးပြုလို့ ရသွားပါပြီ..။  ဒီလောက်ဆိုရင်တော့ ဒီ Activator လေးနဲ့ Microsoft Office 2013 ကို ဖူးသုံးလို့ ရအောင် လုပ်တတ်သွားပြီ ဖြစ်ပါတယ်..။ အားလုံးပဲ အဆင်ပြေပါစေ..။



3 comments:

  1. ဒေါင်းယူသွားပါတယ် အကိုလွင်.. Activator လေးတော့ဒေါင်းယူပြီးသွားပါပြီ..။
    Microsoft Office 2013 ကိုအဆင်ပြေမယ်ဆိုရင်တင်ပေးပါလားအကို..။

    ReplyDelete
    Replies
    1. Hello brother ko linn linn ye,you can download link below and after you downloaded you need to burn CD and install...............and you can activated with KMSpico activator also.............

      Delete
  2. http://soesoehein.blogspot.com/search/label/Microsoft%20Office%202013

    ko lin lin ye,you can downloand in this link OFFICE 2013

    ReplyDelete

Related Posts Plugin for WordPress, Blogger...