Super MP3 Download 4.9.5.2 Final

Super MP3 Download ဆော့ဝဲလေးနဲ့ ကျနော်တို့ အလိုရှိတဲ့ MP3 သီချင်းမြောက်များစွာကို အင်တာနက်ကနေ အလွယ်တကူ ဒေါင်းယူလို့ ရပါတယ်..။ အသုံးပြုတတ်အောင်နဲ့ patch နဲ့ဖူးဖြစ်အောင် လုပ်တတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ တခုသတိပြုရမှာကတော့ ဒီဆော့ဝဲလ်ကို အသုံးပြုတိုင်း ဝင်းဒိုး Firewall ကို ပိတ်ထားပြီးမှ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ patch ဖိုင်ကို ဖွင့်သုံးတော့မယ်ဆိုရင်တော့ Antivirus တွေကို အရင်ပိတ်ထားပြီးမှ ဖွင့်သုံးလို့ ရမှာပါ..။ လိုအပ်တဲ့ သူများကတော့ ကအောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။




Install ပြီးတာနဲ့ အပေါ်ကပုံအတိုင်း ပိတ်ပစ်လိုက်ပါ..။ patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းက အရင်ကပိုစ့်တွေ အတိုင်းပဲမို့ ဒီပိုစ့်မှာတော့ လိုအပ်တဲ့ နေရာလေးကိုပဲ ပြပေးလိုက်ပါတယ်..။ patch နေရာကို ကလစ်ပြီး အောက်ကပုံလေးတွေ အတိုင်း ဆက်လုပ်ပေးလိုက်ပါ..။


အောက်ကပုံအတိုင်း နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်ထဲမှာ SuperMp3Download စာသားပါတဲ့ ဖိုင်လေးကို ကလစ်ပြီး  Open နဲ့ သွားလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။



Exit နဲ့ ထွက်ပြီး ပိတ်ပစ်လိုက်ပါ..။ ဒီဆော့ဝဲလ်ကို ဖွင့်သုံးတဲ့ အခါမှာတော့ အောက်ကမျှားပြထားတဲ့ နေရာမှာ အဆိုတော်ရဲ့ နာမည် သို့မဟုတ် သီချင်းခွေနာမည်၊ သီချင်းနာမည် တခုခုကို ရိုက်ထည့်ပြီး MP3 သီချင်းတွေကို ရှာယူနိုင်ပါတယ်..။


ကျနော်ကတော့ အင်္ဂလိပ်အဆိုတော်နာမည် တခုကို ရိုက်ထည့်လိုက်ပါတယ်..။ ပြီးရင်တော့ မျှားပြထားတဲ့ အတိုင်း Search MP3 Now ကို ဆက်ကလစ်လိုက်တော့ ဒီအဆိုတော်ရဲ့ သီချင်းတွေ ပေါ်လာပါပြီ..။ မိမိဒေါင်းယူလိုတဲ့ သီချင်းကို Download နေရာကို ကလစ်ပြီး အောက်ကပုံတွေ အတိုင်း ဒေါင်းယူလို့ ရသွားပါပြီ..။


အင်တာနက်ကနေ နားဆင်လိုရင်တော့ MP3 Player လေးပါတဲ့ သုံးထောင့်ပုံ နေရာကို ကလစ်ပြီး နားဆင်လို့ ရပါတယ်..။


အပေါ်ကပုံတွေအတိုင်း ပြီးရင်တော့ အောက်ကပုံအတိုင်း သီချင်းကို ဒေါင်းယူပေးပါတယ်..။ 100% ပြည့်တဲ့အထိ စောင့်နေပေးလိုက်ပါ..။


Finish ဆိုရင်တော့ Desktop မှာ မိမိတို့ ဒေါင်းယူလိုက်တဲ့ သီချင်းလေး ရောက်လို့နေပါပြီ..။


မိမိတို့အတွက် နောက်ထပ် သီချင်းတွေ ရှာယူလိုရင်တော့ အောက်ကပုံလေးတွေမှာ ပြထားတဲ့ နေရာတွေကို ကလစ်ပြီး ရှာယူနိုင်ပါတယ်..။


ဒီလောက်ဆိုရင်တော့ ဒီဆော့ဝဲလ်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေစေ..။

1 comment:

  1. အဆင်ပြေပါတယ်အကို ဒေါင်းယူသွားပါတယ်..။

    ReplyDelete

Related Posts Plugin for WordPress, Blogger...