Microsoft Security Essential software free download


ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်များနဲ့ ပါတ်သက်ပြီးတော့ ရေးပေးဖို့ ကျန်ခဲ့တဲ့လက အစ်ကိုတစ်ယောက်က တောင်းထားဖူးပါတယ်..။ ကျနော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတင်ပေးဖြစ်ခဲ့ ပါဘူး..။ ဒီနေ့တော့ ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ ကျနော်သုံးနေကျ Antivirus Software တွေကိုပဲ ဦးစားပေးတင်ပေးသွားပါမယ်..။ ကျနော်တခုပြောချင်တာက Antivirus Software တွေသုံးနေပေမယ့်လည်း မိမိတို့ရဲ့ ကွန်ပျူတာဟာ Internet သုံးနေသမျှ ဗိုင်းရပ်စ်တွေကတော့ ဝင်နေအုန်းမှာပါပဲ...။ Antivirus Software တင်ထားလို့ ဗိုင်းရပ်မဝင်တော့ဘူးလို့ ထင်နေမှာစိုးလို့ပါ..။ ဘယ်ဟာကပိုကောင်းလဲလို့တော့ မမေးပါနဲ့ .. အားလုံးသောဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေဟာ သူ့ဟာနဲ့သူ ကောင်းတာချည်းပါပဲ..။  မိမိတို့ နှစ်သက်တာတခုကို ရွေးသုံးလိုက်ပါ..။ ကျနော်ကတော့ အမြဲသုံးဖြစ်တာတွေထဲက ဒီတစ်ခုကို အရင်တင်ပေးလိုက်ပါတယ်..။ မသုံးတတ်သေးတဲ့သူများအတွက်တော့ သုံးနည်းလေးကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကအဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 7.28 MB ရှိပါတယ်...


DOWNLOAD HERE


Mediafire
Minus

ဆော့ဝဲလ်ကို Install ဆွဲထည့်ပြီးရင် ဒီပုံစံတိုင်း မြင်ရမှာပါ.. အနီဝိုင်းပြထားတဲ့ နေရာကို နှိပ်လိုက်ပါ..။


နောက်ရက်တွေမှာ ဒီကောင်လေးကို သုံးတော့မယ်ဆိုရင် ဒီအောက်ပုံအတိုင်း A,B နေရာတွေကို နှိပ်ပြီး Update အရင်လုပ်ပေးပါ...။


ဒီအောက်ပုံကတော့ Update လုပ်နေတာပါ..။ ပြည့်အောင် စောင့်ပေးပါ..။


Update ပြီးရင်တော့ အောက်ကပုံအတိုင်း 1,2,3 ကနေ Scan now ကို နှိပ်ပြီး ဗိုင်းရပ်စ်သတ်လို့ ရပါပြီ..။


ပထမဆုံး ဗိုင်းရပ်စ်သတ်တာဖြစ်တဲ့ အတွက် နည်းနည်းကြာပါတယ်..။ ပြီးအောင်စောင့်ပေးလိုက်ပါ..


အားလုံးပဲ လုပ်တတ်ကိုင်တတ်ပြီး အဆင်ပြေကြပါစေ..

1 comment:

  1. ဆရာ....ဒေါင်းလို့မရတော့ဘူး link ပြန်စစ်ပေးပါအိုးဆရာ

    ReplyDelete

Related Posts Plugin for WordPress, Blogger...