ပါတ်စပို့ပုံများများ ထုတ်ချင်သူများအတွက် IDPhotoStudio-v2.7.5.25


ဒီကောင်လေးကတော့ မနေ့တနေ့က Cbox မှာ ကိုကံလင်းတောင်းထားတဲ့ ပါတ်စပို့ အင်္ကျီအမျိုးမျိုး ပြောင်းလို့ရမယ့်ဆော့ဝဲလ် လိုက်ရှာရင်းနဲ့ ရလာခဲ့တာပါ..။ ဖူးဗားရှင်းလေးပါပဲ..။ အင်္ကျီ အမျိုးမျိုးတော့ ပြောင်းလို့ ရတဲ့ ဆော့ဝဲလ် မဟုတ်ပါဘူး..။ ဒါပေမယ့် မိမိတို့ရဲ့ပါတ်စပို့ပုံတွေတော့ အများကြီး ထုတ်ပေးနိုင်ပါတယ်..။ ကျနော်စမ်းသုံးကြည့်တာ တော်တော်လေး သဘောကျသွားလို့ Photoshop နဲ့ ပါတ်စပို့ပုံ မလုပ်တတ်တဲ့သူများပါ အဆင်ပြေသွားအောင် ပြန်လည်မျှဝေလိုက်ပါတယ်..။ Photoshop နဲ့လုပ်တာကတော့ တကယ့်ပညာပေါ့ဗျာ.. ဒီကောင်လေးနဲ့ လုပ်တာတော့ ဘာမှပညာမပါပါဘူး..။ သုံးရတာလည်း လွယ်ပါတယ်..။ သုံးနည်းလေးကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။
ကိုကံလင်းတောင်းထားတဲ့ ဆော့ဝဲလ်ကတော့ ရှာလို့တွေ့တဲ့အခါ တင်ပေးပါမယ်..။ အခုတော့ ဒါလေးနဲ့ပဲ ကျေနပ်လိုက်ပါဗျာ... လိုအပ်တဲ့သူများကတော့ အောက်မှာ သုံးနေရာ တင်ထားပေးပါတယ်..။ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါ..။ 1.46 MB ပဲရှိပါတယ်..။


၎င်းဆောဝဲလ်ကို ဖွင့်လိုက်ရင် ဒီပုံစံ မြင်ရမှာပါ.. သုံးနည်းကို အောက်မှာဆက်ကြည့်လိုက်ပါဗျာ..


1 ကနေ မိမိတို့ ပုံရှိတဲ့ နေရာကို သွားရှာပါ..။ ပြီးရင်တော့ နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..


မိမိတို့ပုံရောက်လာရင် A မှာ ပုံဆိုဒ်ကို ရွေးပေးပါ..။ B မှာ မိမိတို့ ထုတ်ချင်တဲ့ ပုံအရေအတွက်ကို ရွေးပါ..။ ပြီးရင်တော့ C,D နေရာတွေကို နှိပ်သွားလိုက်ပါ..။


အောက်ပုံကတော့ မိမိတို့ သိမ်းမယ့်နေရာကို ရွေးပေးပါ..။ ကျနော်ကတော့ ရှာရလွယ်အောင် Desktop မှာပဲသိမ်းလိုက်ပါတယ်..။ ပြီးရင် နာမည်ပေး..။ G နေရာမှာ ကလစ်ပြီး သိမ်းလိုက်ပါ..


အောက်ကပုံအတိုင်း ထွက်လာပါပြီ...။ အသုံးပြုရတာ တကယ့်ကို ရိုးရိုးရှင်းရှင်းလေးပါ... 


ဒီအောက်မှာ ဒီဆော့ဝဲလ်နဲ့ လုပ်ထားတဲ့ နမူနာပုံလေးတွေ ဖေါ်ပြပေးလိုက်ပါတယ်..



အားလုံးပဲ လုပ်တတ်ကိုင်တတ်ပြီး အဆင်ပြေကြပါစေဗျာ...

3 comments:

  1. ကျေးဇူးတင်ပါတယ်ကိုမင်းဗိုလ်။
    ကျေးဇူးဆိုတဲ့စကားဟာပေါ့ပေါ့တန်တန်စကားမဟုတ်ပါဘူး။ရင်ထဲကပီတိနဲ့လာတဲ့
    စကားပါ။ဒီထက်မကပညာတွေများများဖြန့်ဖြူးပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။လေးစားစွာဖြင့်....ကိုကံလင်း။ ။

    ReplyDelete
  2. လင့်သေနေပြီ

    ReplyDelete
  3. လင့်သေနေပြီ

    ReplyDelete

Related Posts Plugin for WordPress, Blogger...