ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ကျနော်အကြိုက်ဆုံး Kaspersky Rescue Disk 10

ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ဒီကောင်လေးကတော့ ကျနော်အကြိုက်ဆုံးပါပဲ..။ အရမ်းကောင်းပါတယ်..။ ခဏခဏလည်းလုပ်ပေးဖို့ မလိုပါဘူး..။ မိမိတို့ရဲ့ ကွန်ပျူတာဟာ ဗိုင်းရပ်စ်ကြောင့် လေးလာပြီ.. ဟမ်းလာပြီဆိုမှ ဒီကောင်လေးကို သုံးပေးလိုက်ပါ..။ ဗိုင်းရပ်စ်တွေကို သတ်ပေးနိုင်ပါတယ်..။ မိမိတို့ရဲ့စက်ဟာ မြန်ဆန်သွက်လက်လာတာကို လက်တွေ့ မြင်ရပါလိမ့်မယ်..။ အသုံးပြုပုံကိုတော့ အောက်မှာပုံလေးတွေနဲ့ ရှင်းပြထားပါတယ်...။ အရင်ဆုံး  Kaspersky Rescue Disk 10 ISO ဖိုင်ကိုအရင်ဒေါင်းယူလိုက်ပါ..။ ရလာပြီဆိုရင် အဲဒီဖိုင်လေးကို Double Click နှစ်ချက်တောက်ပြီး CD အလွတ်တချပ်နဲ့ ခွေကူးလိုက်ပါ..။ အခွေကူးတဲ့ နေရာမှာ သတိပြုရမှာက Verify Disk Data ဆိုတဲ့ စာသားနေရာမှာ အမှန်ခြစ်ပေးပါ...။ Nero Burning Studio နဲ့ဆို ဒီစာသားပါပါတယ်..။ တခြား ISO Burnig Marker တွေနဲ့ ကူးလည်းရပါတယ်..။ အဓိကက Boot တက်ဖို့ပါ..။
USB Drive နဲ့ Boot တင်ချင်တဲ့ သူများအတွက်တော့ အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ CD/DVD Drive မပါတဲ့ သူများအတွက် အဆင်ပြေအောင်လို့ပါ..။ အရင်ဆုံး အောက်က အဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်တော့ နည်းနည်းကြီးပါတယ်..။ 237 MB ရှိပါတယ်..။

For USB Device (325 KB)

Mediafire
ifile.it
Minus
မူရင်းလင့်(378 KB)

Iso image of Kaspersky Rescue Disk 10 Free Download (237 MB)
Minus

(14.9.2012 / မှတ်ချက်။ ။ Minus ကလင့်ကို ကျနော်ဖျက်ထားလိုက်ပါပြီ.. အောက်က Update ထွက်လာတဲ့ ဗါးရှင်း အသစ်ကိုပဲ ဒါရိုက်လင့်ကနေ ဒေါင်းယူကြပါဗျာ..)

၁၂ လပိုင်းမှစ၍ တပါတ်ကို တကြိမ် Update ထွက်တဲ့ ဒါရိုက်လင့်ကိုရှာပြီး လင့်ပြန်ချိတ်ပေးထားပါတယ်.. အမြဲတမ်း Update အသစ်ဖြစ်တဲ့ မူရင်းလင့်ပါ..
အသုံးပြုနည်းကို Video ဖိုင်လေးနဲ့ ကြည့်ပြီး လေ့လာလို့ရအောင် ဒီလင့်မှာ (Video ဖိုင်နှင့်) ပိုစ့်အသစ် ထပ်တင်ပေးထားပါတယ်..။


USB ထဲထည့်ဖို့ ဆိုရင် (378 kb) ရှိတဲ့ ကောင်လေးကို ဒေါင်းယူပြီး ဖွင့်လိုက်ပါ.. အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်..။ Browse နေရာကနေ ဒေါင်းထားပြီးသား  Kaspersky Rescue Disk 10 ISO ဖိုင်ကို ရွေးပေးပါ..။ 2 နေရာကတော့  USB ရှိတဲ့နေရာကို ညွှန်ပေးလိုက်ပါ..။ ပြီးရင် Start ကိုကလစ်လိုက်ပါ..


ပြီးသွားရင်တော့ အောက်ပုံလေးအတိုင်း မြင်ရပါလိမ့်မယ်..။


မိမိတို့စက်ကို ဗိုင်းရပ်သတ်တော့မယ်ဆိုရင်  Kaspersky Rescue Disk 10 CD (OR) USB ကို ကွန်ပျူတာမှာ ထည့်လိုက်ပါ.. ပြီးရင်တော့ စက်ကို Restart ချပြီ... လက်ပ်တော့ပ်တွေမှာဆိုရင် F2 or F12 , Desktop PC တွေမှာ ဆိုရင် Del or ESC or F11 ကိုဆက်တိုက်နှိပ်ထားလိုက်ပါ...။ Boot Menu ထဲကို ရောက်သွားပါလိမ့်မယ်.. 



Boot ထဲကိုရောက်သွားရင် CD/DVD or USB ကိုရွေးပြီး F10 နဲ့ Enter ခေါက်ပေးလိုက်ပါ...။ အောက်ကပုံ အတိုင်းပေါ်လာရင် ကီးဘုတ်မှ ခလုတ်တခုခုကို နှိပ်ပေးလိုက်ပါ...


ဒီနေရာတွေမှာ အပေါ်အောက် မျှားနဲ့ ရွေးပေးပြီး Enter ခေါက်သွားလိုက်ပါ...





ဗိုင်းရပ်စ်သတ်လို့ပြီးရင်တော့ စက်ကို Restart ချပြီး အခွေ သို့မဟုတ် USB ကို ဆွဲထုတ်လိုက်ပါ..။ Restart ချလို့ မရရင် စက်ရဲ့ ပါဝါကို ဖိပိတ်လိုက်ပါ...။ 
ဒီလောက်ဆိုရင်တော့ အားလုံးပဲ လုပ်တတ်ကိုင်တတ်လိမ့်မယ်လို့ ထင်ပါတယ်..


21 comments:

  1. တနေ့ကဒီဟာလေးကိုဒေါင်းယူထားပါတယ်။လုပ်ရတာလည်းအရမ်းအဆေပြေလှပါတယ်။ပုံနှင့်တစ်ကွလိုကွက်၊ ဟာကွက်မရှိအောင်ပြသပေးထားတဲ့ကိုမင်းဗိုလ်ရဲ့
    စေတနာကိုလေးစားအားကျမိပါတယ်။ရှေ့ဆက်ပြီးတော့လည်း..USB နဲ့ပက်သက်တဲ့ဗိုင်းရပ်ဆော့ဝဲလ်လေးလည်းရေးပေးပါအုံး...
    ကိုကံလင်း...kanlinn2011@gmail.com,htarwayathanyawzin@
    gmail.com

    ReplyDelete
  2. ကျွှန်တောလည်း CD နင့်ကူးပြီးIso image of Kaspersky Rescue Disk 10 Free Download (237 MB)
    အသုံးပြုတာ အင်မတန်မှအဆင်ပြေပါတယ်ခင်ဗျာ တစ်ခုကူညီပါနော် Window7 Ultimate တင်တဲ့ CD လေးလိုချင်ပါတယ်ခင်ဗျာ

    ReplyDelete
  3. cd မရှိဘဲ usb နှင့်သိမ်းလို့မရဘူးလား 1 ကလုပ်လို့ကိုမရဘူးသိမ်းမဲ့ file တောင်းနေတယ် ကျေးဇူးတင်ပါတယ်

    ReplyDelete
  4. USB နဲ့ သိမ်းတာမဟုတ်ပါဘူး.. USB ထဲမှာ ISO ဖိုင်ကို Install ဆွဲထည့်ပြီးမှ ဗိုင်းရပ်စ်သတ်တာပါ.. ဒါကြောင့် အပေါ်မှာပေးထားတဲ့ For USB Device (325 KB) ရှိတဲ့ ကောင်လေးရော.. Iso image of Kaspersky Rescue Disk 10 Free Download (237 MB) ရှိတဲ့ ကောင်လေးပါ.. နှစ်ခုစလုံး ဒေါင်းယူပါ.. အားလုံးရောက်ပြီဆိုမှ 325 kb ရှိတဲ့ rescue2usb.exe ဆိုတဲ့ ကောင်လေးကို နှစ်ချက်တောက်ဖွင့်ပြီ.. ဒီပိုစ့်မှာ ကျနော်ပြထားတဲ့ ထိပ်ဆုံးပုံအတိုင်း စလုပ်လို့ရပါပြီ.. Iso image of Kaspersky Rescue Disk 10 Free Download (237 MB) ရှိတဲ့ Image ဖိုင်ကို ဒေါင်းယူပြီးမှ လုပ်လို့ရမှာ ဖြစ်ပါတယ်.. ဒီပိုစ့်မှာတင်ထားတဲ့ ပုံတွေနဲ့ စာတွေကို သေချာနားလည်အောင် ဖတ်ပေးဖို့တော့ လိုပါတယ်.. ဒီလောက်ဆိုရင်တော့ သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်.. အစ်ကို Mg ရေ .. အဆင်ပြေပါစေဗျာ..

    ReplyDelete
  5. up to date မဖြစ်ဘူးလို့ပြောနေတယ် အကိုဘယ်လိုလုပ်ရမလဲ...မစိမ်းပဲ ၀ါနေတယ်......

    ReplyDelete
  6. အစ်ကို
    ကူညီပါဦး ကျွန်တော့်ကွန်ပြူတာမှာ zawgyi Run လို့မရဘူးဖြစ်နေတယ် install တစ်ဝက်လောက်ရောက်ရင်ရပ်သွားတယ်ဗျ

    ReplyDelete
    Replies
    1. ကို phyu lay ရေ. အဲ့လိုဖြစ်နေရင် 32-bit နဲ့ 64-bit သေချာစစ်ပြီးမှ လုပ်ပါ.. 32-bit ဆိုရင် 64-bit ကိုထည့်လို့ မရနိုင်ပါဘူး.. 64-bit ဆိုရင်တော့ ဇော်ဂျီ၂ခုစလုံးကို ထည့်ပေးရပါမယ်.. install တစ်ဝက်လောက် ရောက်ရင်ရပ်သွားတယ်ဆိုတော့ Registry Error တွေရှင်းပြီးမှ၊ Registry Repair လုပ်ပြီးမှ ပြန်ထည့်ကြည့်ပါ.. အဲ့ဒီအတွက် Advanced System Care ကောင်းပါတယ်.. ဒီဆော့ဝဲလ်ကို အသုံးပြုပြီးတဲ့အခါ စက်ကို Restart ချ (ပိတ်ပြီးပြန်ဖွင့်ပါ) ပြီးမှ ဇော်ဂျီဖေါင့်ကို Install ထည့်ပါ.. ကျနော့် Blog မှာတင်ပေးထားပြီးသား ရှိပါတယ်.. နောက်တခုက ဖိုင်စီတာတို့ ၊ windows diagnostic software တို့နဲ့ စက်ကို အရင်လုပ်ကြည့်ပြီးမှ ဇော်ဂျီဖေါင့်ကို ပြန်သွင်းကြည့်ပါ.. ကျနော်ကိုင်လာတဲ့ စက်တွေမှာ ဇော်ဂျီဖေါင့်ထည့်လို့မရတဲ့ စက်မျိုး မကြုံဖူးသေးတဲ့ အတွက် ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သေသေချာချာမပြောနိုင်သေးပါဘူး.. နောက်ပိုင်းကြုံလာလို့ ဖြေရှင်းနည်းတွေ ရလာရင်တော့ ပိုစ့်တင်ပေးပါမည်..

      Delete
  7. Gtalk မှာ မြန်မာစာ ရိုက်လို့မရဘူ အကို Zawgyi fonts download ဆွဲးထာတာ ထည့် ပြီပြီး keyboad အကွက် မပေါ်တော်ရိုက်မရလို့ကူညီပါဦး။

    ReplyDelete
  8. အစ်ကိုရေကျွန်တော်usbနဲတင်တာမရှင်းလို.ဝင်းဒိုးတတ်ခါစမှာf2 ကိုပေးတာနှိတ်တာboot တို.ဘာတို.ထဲတော.ရောက်တယ်ဘာမှဆက်လုပ်လို.မရလိုလေးငါးဆယ်ခါလောက်ရှိပြီတိုင်ပတ်နေလို..အဆင်ပြေရင်အစ်ကိုဗွီဒီယိုဖိုင်လေးနဲ.ပြပေးပါလားအရေးကြီးလို.ပါ

    ReplyDelete
    Replies
    1. ကျနော် Video ဖိုင်လေး လိုက်ရှာထားပေးမယ်..။ ရခဲ့ရင်တော့ ဒီပိုစ့်ရဲ့ Comments အောက်မှာ လင့်ချိတ်ပေးထားပါမယ်..။ ရက်နည်းနည်းစောင့်ပေးပါ..။

      Delete
  9. ဟုတ်ကဲ.အစ်ကိုကျေးဇူးပါ

    ReplyDelete
  10. up to date မဖြစ်ဘူးလို့ ပြောနေတယ် စကင်ဖတ်လို့ မရကြောင်းပါခင်ဗျာ ကျေးဇူးအထူးတင်ရှိကြောင်း

    ReplyDelete
  11. အကိုရေကျွန်တော် Restart ချပြီတော့ F2 နှိပ်တာပဲ.ပြီးတော့ Boot ကိုသွားတယ်..ပြီးတော့ usb ကိုရွေးပြီး F10 & enter နှိပ်လိုက်တာ..၀င်းဒိုးပဲပြန်တက်သွားတယ်.အကိုပြတာတွေပေါ်မလာဘူးဗျာ..restart ချတာလဲ 10 ခါလောက်ရှိနေပြီ..ကျွန်တော်ဘာများမှားနေလဲဗျာ.



    ReplyDelete
  12. လိုလိုမယ်မယ် ဒေါင်းထားလိုက်တယ် အကို ကျေးဇူးပါ။

    ReplyDelete
  13. window ပဲပြန်၂တက်နေတယ်...f10+enter နှိပ်တာ.....ဘယ်လိုလုပ်ရမလဲ...ပြောပြပေးပါဗျာ....

    ReplyDelete
  14. myamnar sar soft facebook and gtalk two I am notebook window 8 64beht

    ReplyDelete
  15. Acer Aspire E1-410 UEFI USB ကနေ BOOT ချင်လို့ BURN ချင်လို့ လုပ်လို့မရဘူး နည်းလမ်းရှိရင် ပြပေးပါ အကို

    ReplyDelete
  16. အဆင်ပြေပါတယ်အကို ...ဗိုင့်ရပ်စ် သတ်တာ တစ်နာရီလောက်ကြာတယ်....မေးချင်တာက စက်ထဲက လိုင်စင်ကီးတွေပါသူကသတ်တာလား.....ကျနော်နှစ်ခုလောက်တော့မသိဘဲ သူမေးတဲ့အချိန် delete လုပ်မိလိုက်တယ်...ကျေးဇူးတင်ပါတယ်ကို ဗိုလ်ဗိုလ်

    ReplyDelete
  17. restartချပြီး f2 ကိုနှိပ်တာပဲ windowပဲတက်တက်သွားတယ်အကို ဘာမှားနေတာလဲ ကျေးဇူးတင်ပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...