Portable Adobe Premiere Pro CS3


ဒီ Adobe Premiere Pro CS3 လေးကတော့.. ကျနော့် သူငယ်ချင်းတစ်ယောက် တောင်းထားတာ ကြာပါပြီ..။ ကျနော့်မှာလည်း အဆင်သင့် မရှိသေးလို့ တင်မပေးဖြစ်တာ.. အခုမှ ဒီကောင်လေးကို ရလာလို့.. ပြန်လည်တင်ပေးလိုက်ပါတယ်..။ Video Editing လုပ်တဲ့ ပရိုဂရမ်တခုပါပဲ..။ ကျနော်ရှာတာက Premiere CS6 ပါ..။ ရလာတာက CS3 ..။ ဘာပဲဖြစ်ဖြစ် သုံးလို့ရဖို့က အဓိကပါ..။ နောက်ပိုင်း Premiere CS6 ရလာတဲ့ အခါ ထပ်တင်ပေးသွားပါအုန်းမယ်..။ ဒီကောင်လေးကို ဘာအတွက်သုံးလဲဆိုတော့.. ကျနော်တို့ ရုပ်ရှင်တွေ Video တွေကို Effect တွေထည့်ဖို့.. စာတန်းထိုးတဲ့ အခါ စာလုံးတွေ ဝဲပျံကျလာအောင် အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံနဲ့ ပုံစံအမျိုးမျိုး ပြုလုပ်၊ ဖန်တီးယူလို့ ရပါတယ်..။ Video ဖိုင်တွေ တခုနဲ့တခု ဖြတ်ဆက်တာမျိုး..  ရုပ်ရှင်ဖိုင် နှစ်ခုကြားမှာ Fade in ၊ Fade out တွေကအစ ဘယ်လိုထည့်သုံးရလဲဆိုတာ Video ဖိုင်လေးပါ ပြပေးထားပါတယ်..။  မသိသေးတဲ့၊ မသုံးတတ်သေးတဲ့ သူများအတွက် ကျနော်အောက်မှာ Video ဖိုင်လေး ၂ခုရှာပြီး လင့်ချိတ်ပေးလိုက်ပါတယ်..။ အခုမှ စလေ့လာမယ့် သူတွေအတွက် Beginner Guide လေးပါ..။ ကျနော့်ဆိုဒ်ထဲကနေ တခါတည်း ကြည့်လို့ရအောင်.. သိမ်းထားချင်ရင်လည်း ဒေါင်းယူသိမ်းထားလို့ရအောင် ဒါရိုက်လင့်နဲ့ ချိတ်ဆက်ပေးထားပါတယ်..။ ဒီ Portable Adobe Premiere Pro CS3 ဖိုင်ဆိုဒ်တော့ နည်းနည်းများတယ်..။ 155.6 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဒီကောင်လေးကို ဖွင့်တဲ့အခါမှာ Double Click နဲ့ ဖွင့်မရခဲ့ရင်.. Right Click ထောက်ပြီး Run as administrator ကို ကလစ်၍ ဖွင့်သုံးနိုင်ပါတယ်..။ ကျနော်စက်မှာ အဲဒီလိုဖွင့်မှ သုံးလို့ ရလို့ပါ..။ နောက်ပြီး ကျနော်ဒီဖိုင်လေးကို အမြန်အဖျက်မခံရအောင် Adf.ly webpage လေးကြားခံထည့်ထားပါတယ်..။ အောက်ကပုံလေးအတိုင်း ကြည့်ပြီးဒေါင်းယူနိုင်ပါတယ်..။










6 comments:

  1. adobe Master collection Cs3 ကို ကွန်ပျူတာမှ တင်လိုက်မှ expire date ပဲပြနေလို့ ရှေ့ဆက်ပြီးလုပ်လို့မရတော့လို့ပါ..internet ပေါ်က keygen တွေ ရော activater တွေရော အစုံသုံးကြည့်လဲ အဆင်မပြေလို့ ဘယ်လိုဆက်လုပ်ရမလဲဆိုတာလေး ပြောပေးပါ...
    www.eisankwan13@gmail.com ကို ပို့ပေးပါဗျာ...internet အမြဲတမ်းမသုံးဖြစ်တော့ ဖွင့်တဲ့အချိန်မှာ massage လေးဘဲဖတ်တော့မယ်...

    ReplyDelete
  2. brother down မရတော့ဘူး၊ပြန်တင်ပေးပါလားခင်ဗျာ..

    ReplyDelete
  3. ဒေါင်းမရတော့ဘူး အစ်ကိုလွင်ရေ

    ReplyDelete
  4. ခင်ဗျား တင်ပေးတဲ့ application မှန်သမျှ ဘာကိုမှ ဒေါင်းမရပါလား..

    ReplyDelete
  5. အခြား ဆိုဒ်တွေက ပြန်လိုက်ရင် ဒေါင်းလို့ ရတယ်.. ဘယ်လိုဖြစ်တာလဲဗျ...
    ခင်ဗျား လင့်ခ်တွေက တစ်ခုမှ အလုပ်မလုပ်ဘူး.. ဘယ်ဆော့ဝဲလ်ပဲဖြစ်ဖြစ်

    ReplyDelete
  6. အကိုရေ ...
    ဒေါင်းလို့မရတော့ဘူးအကိုရေ။ လင့်အားလုံးက ဖိုင်ဖျက်လိုက်ပီလို့ပြောနေတယ်။ ကျေးဇူးပြုပြီးထပ်တင်ပေးပါလားဗျာ။

    ReplyDelete

Related Posts Plugin for WordPress, Blogger...