Gtalk Portable Free Download


Gtalk Portable လေးပါ.. Gtalk ဝါအောင်လုပ်တဲ့ ဆော့ဝဲလ် တောင်းထားတဲ့လူရှိလို့ လိုက်ရှာရင်းနဲ့ ဒီကောင်လေးကို ရခဲ့တာပါ... သုံးရတာအဆင်ပြေပါတယ်..။ ကျနော်စမ်းသုံးပြီးပါပြီ...။ ဒီကောင်လေးမှာ မြန်မာစာပေါ်အောင် ဒီကောင်လေးကိုဖွင့်ပြီးရင် Setting ကိုဝင်ပါ..။ Change Font ကိုသွားပြီး Zawgyi-one ပြောင်းပေပြီး OK နှိပ်လိုက်ရင်... မြန်မာစာ ရေးလို့ ဖတ်လို့ ရပါပြီ... ဖိုင်ဆိုဒ်ကတော့ 7.8 MB ရှိပါတယ်.. လိုအပ်တဲ့သူများ အောက်ကအဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါ..

Portable VZO Chat free download


ဒါလေးကတော့ လူကြိုက်များတဲ့ ဆော့ဝဲလ်တွေထဲက တခုပါပဲ.. VZO Portable လေးပါ..။ Portable လေးတွေတင်ရင်းနဲ့ တခါတည်းတင်ပေးလိုက်ပါတယ်..။ USB လေးနဲ့ဘယ်သွားသွား ယူသွားလို့ ရပါတယ်..။ အင်တာနက်ဆိုင်မှာ သုံးတဲ့ လူတွေအတွက် ပိုပြီး အသုံးတည့်ပါတယ်..။ ဒါလေးလည်း ဆောင်ထားသင့်ပါတယ်..။ လိုအပ်ရင်တော့ အောက်ကလင့် တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.36 MB ပဲရှိပါတယ်..။

Google Chrome Portable 18.0 free download


ဒါလေးကတော့ Google Chrome Portable လေးပါ.. Portable လေးတွေကိုမှ သုံးချင်တဲ့သူများအတွက် အဆင်ပြေပါတယ်..။ ဒါလေးကိုလည်းတင်ပေးချင်လို့ လိုက်ရှာနေတာ .. ဒီနေ့မှ အဆင်ပြေပြေရတော့တယ်..။ အထဲမှာ မြန်မာစာပေါ်အောင်နဲ့ You Tube ဒေါင်းလော့ဒါပါ တခါတည်း ထည့်ထားပေးပြီးသားပါ..။ အဆင်သင့်တန်းသုံးရုံပါပဲ..။ လိုအပ်တဲ့သူများ အောက်က အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 32.8 MB ရှိပါတယ်..

Mozilla Firefox Portable 12.0 Free Download


ဒီတခါတော့ Mozilla Firefox Portable လေးတင်ပေးလိုက်ပါတယ်..။ Portable လေးတွေပဲစုပြီး  သုံးချင်တဲ့ သူငယ်ချင်းများအတွက် ... USB ထဲမှာထည့်ပြီး ပေါ့ပေါ့ပါးပါး ဘယ်ကိုပဲသွားသွား သယ်သွားနိုင်ပါတယ်..။ အင်တာနက်ဆိုင်တွေမှာ သုံးတဲ့လူတွေအတွက်တော့ Keylocker လို့ခေါ်တဲ့ မိမိတို့ရဲ့ ပါတ်စ်ဝါ့တ် တွေနဲ့ အချက်အလက်တွေကို လိုက်မှတ်ပေးတဲ့ သူခိုးရန်က ကင်းလွတ်နိုင်တာပေါ့ဗျာ..။ ကိုယ်ပိုင် Browser နဲ့ လိုင်းပေါ်တက်တာဖြစ်တဲ့အတွက် မိမိတို့ကြည့်ခဲ့တဲ့ ဆိုဒ်တွေ၊ လိပ်စာတွေအားလုံးဟာ အင်တာနက်ဆိုင်ကကွန်ပျူတာထဲမှာ မကျန်ခဲ့တော့ဘူးပေါ့.. ကျနော်လည်း Portable လေးတွေကိုပဲ သုံးရတာ ပိုသဘောကျပါတယ်..။

IDM_Portable_6.11_build_5 Final နောက်ဆုံးထွက် Free Download



ဒါလေးကတော့ IDM Portable လေးပါ..။ နောက်ဆုံးထွက် Update လေးပါပဲ..။ Full Version လေးပါ..။ Portable လေးကို ရှာပြီးတင်ပေးလိုက်ပါတယ်..။ Portable လေးဆိုတော့ ဘယ်သွားသွား ပေါ့ပါ့ပါးပါးလေး သယ်သွားလို့ ရတာပေါ့ဗျာ..။ လိုအပ်တဲ့သူများကတော့ အောက်မှာ အဆင်ပြေတဲ့လင့်ကနေသာ ယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 16.3 MB ရှိပါတယ်.. IDM Portable အသုံးပြုပုံကို အောက်မှာ ပုံလေးနဲ့ ပြထားပေးပါတယ်.. ဆက်ကြည့်လိုက်ပါဗျာ..

Internet Download Manager_6.11_build_5 Final နောက်ဆုံးထွက် Free Download


Internet Download Manager 6.11 build 5 Final နောက်ဆုံးထွက် Update လေးပါ.. သုံးဖူးသူတိုင်းကြိုက်ကြပါတယ်..။ အထဲမှာ Keygen နဲ့ Patch ဖိုင်ပါထည့်ပေးလိုက်ပါတယ်..။ မရှိသေးတဲ့သူများနဲ့ လိုအပ်တဲ့သူများကတော့ အောက်ကအဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.7 MB ရှိပါတယ်..။

Windows8 နှင့်ခဏတာ (ဝင်းဒိုးတင်နည်းလေ့ကျင့်ခန်း)


ဒါလေးကတော့ Windows တင်တတ်ချင်တဲ့သူများအတွက် ဝင်းဒိုးတင်နည်း လေ့ကျင့်ခန်းလေးပါပဲ..။ Windows7 တင်တာနဲ့ အတူတူပါပဲ..။ windows7 တင်ရင် Drivers တွေပျောက်တတ်ပေမယ့်.. အခု windows8 မှာတော့ Drivers တွေမပျောက်ပါဘူး..။ ကျနော်စက်မှာ တင်ပြီးသုံးနေလို့ ပြောပြနိုင်တာပါ..။ အရင် Windows8 Developer Previews မှာတုန်းကလည်း သုံးကြည့်ဖူးပါတယ်..။ ၅ခါလောက် Shut down ချပြီးသွားရင် သုံးလို့မရတော့ပါဘူး..။ အခု Windows8 Consumer Preview မှာတော့ ဘယ်နှခါ Shut down ကျပြီးမှ ပိတ်မလဲ မပြောတတ်သေးပါဘူး..။ အခုချိန်ထိတော့ ကျနော်သုံးနေတာ ၇ခါလောက်ရှိပြီ..။ သုံးလို့ရနေတုန်းပါပဲ..။ အခုဒီပိုစ့်နဲ့ အရင်တုန်းကတင်ခဲ့တဲ့ Mozilla Firefox နှင့်သိသင့်စရာလေးများ ပိုစ့်တွေကို ဒီ Windows8 Consumer Preview နဲ့ တင်ခဲ့တာပါ..။ windows7 အတိုင်းပါပဲ..။ အားလုံးနီးပါးသုံးလို့ ရတယ်..။ ဂိမ်းတွေလည်း ဆော့လို့ရတယ်..။ ကျနော်ကတော့ 32 bit ကိုရွေးပြီးဒေါင်းပါတယ်..။

Windows7 တင်နည်းလေ့ကျင့်ခန်းနှင့် Format ချနည်း Partition ပိုင်းနည်း


ဒီတခါတော့ ဝင်းဒိုးမှာ Format ချနည်းလေးကို ရေးပေးဖို့ တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ တကယ်တော့ ဝင်းဒိုးတင်တာ ဘာမှ မထူးဆန်းပါဘူး..။ သူမေးထားတာလေးတွေကို တဆင့်ခြင်းစီ နှိပ်သွားးလိုက်ရင် ဝင်းဒိုးတင်လို့ ရပါတယ်..။ တနေရာပဲ ဂရုစိုက်ဖို့လိုပါတယ်..။ partition ပိုင်းတဲ့နေရာရောက်ရင် မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို သေချာရွေးပြီး Format ချပေးဖို့လိုပါတယ်..။ တကယ်လို့ Hard Disk တခုလုံးကို Format ချမယ်ဆိုရင်တော့ အဲဒီအဆင့်ကိုရောက်ရင် ပါတေးရှင်းတခု ချင်းစီကို ကလစ်ပြီး Delete နှိပ်သွားလိုက်ပါ..။ ဒီတိုင်းပြောရင် မလုပ်တတ်သေးတဲ့သူများအတွက် အတော်နားလည်ရခက်ပါလိမ့်မယ်..။ အဲဒါကြောင့် အောက်ကပုံလေးတွေနဲ့ ဆက်ရှင်းပြပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ တခုတော့ ရှိပါတယ်.. ဒီနေ့တင်တဲ့ ပုံတွေအားလုံးဟာ အင်တာနက်ကနေရှာထားတာ ဖြစ်တဲ့အတွက် မှုံဝါးတဲ့ ပုံလေးတွေလည်းပါပါလိမ့်မယ်..။ ကျနော်လည်း တတ်နိုင်သလောက်တော့ ကောင်းတဲ့ပုံလေးတွေကို ရှာထားတာပါ..။ တချို့ပုံတွေက ဘယ်လိုမှ ကြည်အောင်လုပ်ပေးလို့ မရတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်တာပါ..။ ဒါကိုတော့ နားလည်ပေးကြပါဗျာ..။

မိမိတို့ကွန်ပျူတာမှ Drivers များကို ဒီဆော့ဝဲလ်ဖြင့် Backup လုပ်ထားသင့်သည် - Double Driver Backup


ဒါလေးကတော့ Drivers တွေကို Backup လုပ်ထားဖို့ပါပဲ..။ ဘာလို့လဲဆိုတော့ မိမိတို့ကွန်ပျူတာကို ဝင်းဒိုးအသစ်တင်တဲ့ အခါတွေမှာ Drivers တွေပျောက်သွားတတ်ပါတယ်..။ အဲဒီလိုအခါမျိုးတွေမှာ ဒီဆော့ဝဲလ်နဲ့ Backup လုပ်ထားခဲ့ရင် ပျောက်သွားတဲ့ Drivers တွေကို အလွယ်တကူ ပြန်ထည့်လို့ ရမှာဖြစ်ပါတယ်..။ အဲလိုမှ မဟုတ်ပဲ Drivers Backup လုပ်မထားခဲ့ဘူး ဆိုရင်တော့ ပျောက်သွားတဲ့ Drivers တွေကို မိမိတို့ စက်ရဲ့ Model အမျိုးအစားနဲ့ အင်တာနက်မှာ ခေါင်းမူးအောင် လိုက်ရှာပေတော့ ...။ တွေ့တဲ့အခါ ရှိသလို ရှာမတွေ့တဲ့ အခါတွေလည်းရှိပါတယ်..။ အခုနောက်ပိုင်း Model အသစ်တွေဆိုရင်တော့ ရှာရတာလွယ်ပေမယ့် ဟိုးအရင်တုန်းက Model အဟောင်းတွေဆိုရင်တော့ ရှာရခက်မှခက်ပဲ..။ ဒါတွေက ကိုယ်တိုင်ကြုံဖူးမှ Drivers ရှာရတဲ့ ဒုက္ခကို သိကြမှာပါ..။ အဲလိုမျိုး အခက်အခဲတွေ မဖြစ်အောင်လို့ မိမိတို့ရဲ့ စက်ထဲက Drivers တွေကို အခုကတည်းက Backup လုပ်ထားသင့်ပါတယ်..။

Hard Disk ကို Partition ခွဲနည်း


ဒီနည်းကတော့ Windows7 မှာ လုပ်တဲ့နည်းလေးပါ..။ Hard Disk ကို Partition လို့ခေါ်တဲ့ အပိုင်းတွေ ခွဲပြီး မိမိတို့ သိမ်းချင်တာတွေကို ခွဲသိမ်းလို့ ရပါတယ်..။ Windows XP မှာဆိုရင်တော့ Partition ခွဲရင် ဆော့ဝဲလ်နဲ့ ခွဲရပါတယ်..။ Windows7 မှာတော့ ဆော့ဝဲလ်မလိုပါဘူး..။ ဒီမှာပြထားတဲ့ နည်းအတိုင်းပဲ Partition ခွဲကြပါတယ်..။ နောက်တခုက အဲလို Partition တွေခွဲပြီး ဝင်းဒိုး နှစ်ခု၊သုံးခု တင်ထားကြပါတယ်..။ သဘောကတော့ စပါယ်ယာပါတ် အပိုထားတဲ့ သဘောပါပဲ..။ ပုံမှန်သုံးနေတဲ့ ဝင်းဒိုးက တခုခုဖြစ်လာခဲ့ရင် နောက်တခုကို အလွယ်ဖွင့်သုံးနိုင်အောင်လို့ပါ..။ လက်ရှိသုံးနေတဲ့ အချိန်မှာ  အဆင်ပြေအောင်လို့ ဝင်းဒိုးအပို တင်ထားခြင်းပဲ ဖြစ်ပါတယ်..။ ပျက်သွားတဲ့ ဝင်းဒိုးကို အားတဲ့အခါမှ ပြန်ပြင်လို့ ရပါတယ်..။ ဒါကြောင့် Partition မခွဲတတ်သေးတဲ့သူများအတွက် ဒီနေ့ ဒီပို့စ်လေးကို တင်လိုက်ရပါတယ်..။

Gmail မှ မဆက်သွယ်ချင်တော့တဲ့လူကို Delete လုပ်နည်း


ဒီနည်းလေးကတော့ Gmail မှာ မိမိတို့မဆက်သွယ်ချင်တော့တဲ့သူကို ဘလော့လုပ်တာထက်ပိုပြီး ထိရောက်ပါတယ်..။ သူငယ်ချင်းတစ်ယောက်က သူ့ကောင်မလေး မေးလ်ထဲကို အမြဲတမ်း ညစ်ညမ်းစာတွေ ပေးပို့နေတဲ့ သူ့ကောင်မလေးလည်း မသိတဲ့ လူတစ်ယောက်ကို စာမပို့နိုင်အောင် ဘယ်လိုလုပ်ရမလဲလို့ ကျနော်ကို မေးလာပါတယ်..။ အခုဒီနည်းလေးကို ပေးလိုက်လို့ အဆင်ပြေသွားပါတယ်..။ ဒီနည်းက ပို့တဲ့လူဆီကစာတွေကို တခါထဲ အော်တိုဖျက်ထုတ်အောင်လုပ်တဲ့နည်းလေးပါ..။ လုပ်ရတာလည်းလွယ်ပါတယ်..။ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

Gmail မှာ Chat and SMS ပျောက်နေရင် ဒီနည်းနဲ့ ဖေါ်လိုက်ပါ


ဒီနည်းလေးကတော့ Cbox မှာတောင်းထားတဲ့ ကိုမဟာရဲ့ မေးခွန်းလေးကို ပြန်ဖြေပေးလိုက်တာပါ..။ Gmail မှာ Chat and SMS ပျောက်နေရင် ဒီနည်းနဲ့ ပြန်ဖေါ်လို့ ရပါတယ်..။ Chat and SMS ပျောက်နေရင် သူငယ်ချင်းတွေရဲ့ Email လိပ်စာတွေလည်း ပျောက်နေတတ်ပါတယ်..။ ကျနော်စမ်းကြည့်တာ ဒီနည်းနဲ့ အဆင်ပြေပါတယ်..။ လုပ်နည်းလေးက အရမ်းကိုလွယ်ပါတယ်..။ အောက်မှာပုံလေးနဲ့ ပြထားပေးပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..

Folder Icon Lock ကျနေရင် ဖြေရှင်းနည်း


Folder Icon တွေမှာ Lock ကျနေရင် ဒီနည်းလေးနဲ့ ဖြေရှင်းကြည့်ပါ..။ မနေ့တနေ့က Cbox မှာ အစ်ကို thuyein မေးထားတာလေးပါ..။ လုပ်နည်းကလွယ်ပါတယ်..။ အဆင့်လည်း သိပ်မများဘူ..။ အရင်ဆုံး Lock ကျနေတဲ့ Folder icon လေးပေါ်မှာ Right Click ထောက်ပါ..။ ပြီးရင် Properties  ကို သွားပါ..။ ကျန်တာတွေကိုတော့ အောက်ကပုံလေးတွေမှာ ဆက်ကြည့်လိုက်ပါ..။

Acer Aspire 4349 drivers free download




ဒီကောင်လေးကတော့ ကျနော့်သူငယ်ချင်း တစ်ယောက် လာပေးသွားတာပါ..။ သူ့သူငယ်ချင်းရဲ့ စက်ကို ပြင်ပေးရင်းနဲ့ ရလာတာပါ..။ နောက်ပိုင်းသူလိုအပ်တဲ့အခါ ပြန်ရှာရလွယ်အောင်နဲ့ တခြားသူများပါ သုံးလို့ ရအောင် ပြန်ရှယ်ပေးလိုက်တာပါ..။ ဖိုင်ဆိုဒ်ကတော့ 37.9 MB ရှိပါတယ်..။ ပါလာတဲ့ Drivers တွေကတော့ အောက်ပုံထဲက အတိုင်းပါပဲ...။

Acer Aspire 4750 drivers free download



ဒါကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ စက်ကို ဝင်းဒိုးတင်ပေးရင်းနဲ့ Drivers Backup လုပ်ထားတာလေးကို သူလိုတဲ့အခါ ပြန်ရှာရလွယ်အောင်နဲ့ တခြားလူများပါ လိုအပ်လာရင် အဆင်ပြေအောင်လို့ ပြန်ရှယ်ပေးလိုက် ပါတယ်..။ မူရင်း Drivers ခွေမှာ Drivers အစုံကို 2.5 GB ကျော်ရှိပါတယ်..။ ဒီမှာတော့ အဓိကလိုအပ်မယ့် Drivers တွေကိုပဲ Backup လုပ်ပြီး ပြန်တင်ပေးလိုက်ပါတယ်..။ ပါလာတဲ့ Drivers တွေကတော့ အောက်ကပုံထဲက အတိုင်းပါပဲ..။ ဖိုင်ဆိုဒ်ကတော့ 43.9 MB ရှိပါတယ်..။

Acer Aspire 4738z drivers free download


ဒါလေးကတော့ ကျနော့်မှာ ရှိပြီးသားလေးတွေထဲက ပြန်ရှာပြီး တင်ပေးလိုက်တာပါ..။ ကျနော်လိုအပ်တဲ့ အခါ ပြန်ရှာရလွယ်အောင်နဲ့၊ လိုအပ်လာမယ့်သူများပါ အလွယ်တကူ ရှာရလွယ်အောင် Drivers တွေကို Backup လုပ်ပြီး ပြန်တင်ပေးလိုက်တာပါ..။ အဓိကလိုအပ်တဲ့ Drivers တွေကို Backup လုပ်ထားတာပါ..။ သူ့မှာပါလာတဲ့ Drivers တွေကတော့ အောက်ကပုံလေး အတိုင်းပါပဲ.. 36.9 MB ရှိပါတယ်..။

Gmail New Look မှ Old Look သို့ပြန်ပြောင်းချင်သူများအတွက်



ဒါလေးကတော့ လွယ်ပါတယ်..။ သူငယ်ချင်းတစ်ယောက်က Gmail New Look ကနေ Old Look ကိုပြန်ပြောင်းချင်တာ..။ Gmail ကို New Look နဲ့ သုံးရတာ သူ့အတွက် သိပ်အဆင်မပြေပါဘူးတဲ့..။ Gmail ထဲမှာရှိတဲ့ သူငယ်ချင်းတွေရဲ့ လိပ်စာကို အပြည့်မမြင်ရတာနဲ့ စာတွေကို အပေါ်အောက်ဆွဲကြည့်လို့ရတဲ့ ဘေးဘောင်လေးကလည်း ပေါ်တချက် ပျောက်တချက်နဲ့ ဆိုပြီး စိတ်တိုင်းမကျ ဖြစ်နေပါတယ်..။ ကျနော့်ဆီရောက်လာတဲ့နေ့က အခုဒီနည်းလေးကို အဓိကထားပြီး မေးသွားပါတယ်..။ ကျနော်လည်း ဒီအောက်ကပုံလေးတွေအတိုင်း သူ့ကိုပြောပြလိုက်ပါတယ်..။ ကျနော်သူငယ်ချင်းလိုပဲ Gmail New Look မှ Old Look ကိုပြန်ပြောင်းချင်တဲ့ သူများလည်း ရှိမှာပဲထင်လို့ ဒီနေ့ဒီပိုစ့်လေးကို တင်လိုက်ရပါတယ်...။ လုပ်နည်းကတော့ လွယ်ပါတယ်...  အောက်ကပုံလေးတွေ အတိုင်းပါပဲ...

အွန်လိုင်းပေါ်မှာ ဓါတ်ပုံလှလှလေးတွေ ဖန်တီးချင်သူများအတွက်


ဒါလေးကတော့ အွန်လိုင်းပေါ်မှာ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို ဒီဇိုင်းဆန်းဆန်းလှလှလေးတွေနဲ့ ဖန်တီးချင်တဲ့ ညီအစ်ကိုမောင်နှမများ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။ ကျနော်သိတဲ့ ဝဘ်ဆိုဒ်လေးနှစ်ခုရှိပါတယ်..။ နှစ်ခုစလုံးမှာ မတူညီတဲ့ ဓါတ်ပုံ ဖရိန်လေးတွေ တော်တော်များများ ပါပါတယ်...။ အဲဒီဆိုဒ်လေးတွေမှာ မိမိတို့ရဲ့ ပုံလေးတွေကို ဆွဲတင်ပြီး လိုသလိုပြုပြင်ယူနိုင်ပါတယ်..။ နှစ်ခုစလုံး လုပ်ပုံလုပ်နည်း တူပါတယ်..။ ဒီမှာတော့ ကျနော်က ဆိုဒ်တစ်ခုကို လုပ်ပြထားပါတယ်..။ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ အရင်ဆုံး အောက်ကလင့် နှစ်ခုကနေ ၄င်းဆိုဒ်များသို့ ဝင်သွားလိုက်ပါ..။

ပါတ်စပို့ပုံများများ ထုတ်ချင်သူများအတွက် IDPhotoStudio-v2.7.5.25


ဒီကောင်လေးကတော့ မနေ့တနေ့က Cbox မှာ ကိုကံလင်းတောင်းထားတဲ့ ပါတ်စပို့ အင်္ကျီအမျိုးမျိုး ပြောင်းလို့ရမယ့်ဆော့ဝဲလ် လိုက်ရှာရင်းနဲ့ ရလာခဲ့တာပါ..။ ဖူးဗားရှင်းလေးပါပဲ..။ အင်္ကျီ အမျိုးမျိုးတော့ ပြောင်းလို့ ရတဲ့ ဆော့ဝဲလ် မဟုတ်ပါဘူး..။ ဒါပေမယ့် မိမိတို့ရဲ့ပါတ်စပို့ပုံတွေတော့ အများကြီး ထုတ်ပေးနိုင်ပါတယ်..။ ကျနော်စမ်းသုံးကြည့်တာ တော်တော်လေး သဘောကျသွားလို့ Photoshop နဲ့ ပါတ်စပို့ပုံ မလုပ်တတ်တဲ့သူများပါ အဆင်ပြေသွားအောင် ပြန်လည်မျှဝေလိုက်ပါတယ်..။ Photoshop နဲ့လုပ်တာကတော့ တကယ့်ပညာပေါ့ဗျာ.. ဒီကောင်လေးနဲ့ လုပ်တာတော့ ဘာမှပညာမပါပါဘူး..။ သုံးရတာလည်း လွယ်ပါတယ်..။ သုံးနည်းလေးကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။

ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ကျနော်အကြိုက်ဆုံး Kaspersky Rescue Disk 10

ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ဒီကောင်လေးကတော့ ကျနော်အကြိုက်ဆုံးပါပဲ..။ အရမ်းကောင်းပါတယ်..။ ခဏခဏလည်းလုပ်ပေးဖို့ မလိုပါဘူး..။ မိမိတို့ရဲ့ ကွန်ပျူတာဟာ ဗိုင်းရပ်စ်ကြောင့် လေးလာပြီ.. ဟမ်းလာပြီဆိုမှ ဒီကောင်လေးကို သုံးပေးလိုက်ပါ..။ ဗိုင်းရပ်စ်တွေကို သတ်ပေးနိုင်ပါတယ်..။ မိမိတို့ရဲ့စက်ဟာ မြန်ဆန်သွက်လက်လာတာကို လက်တွေ့ မြင်ရပါလိမ့်မယ်..။ အသုံးပြုပုံကိုတော့ အောက်မှာပုံလေးတွေနဲ့ ရှင်းပြထားပါတယ်...။ အရင်ဆုံး  Kaspersky Rescue Disk 10 ISO ဖိုင်ကိုအရင်ဒေါင်းယူလိုက်ပါ..။ ရလာပြီဆိုရင် အဲဒီဖိုင်လေးကို Double Click နှစ်ချက်တောက်ပြီး CD အလွတ်တချပ်နဲ့ ခွေကူးလိုက်ပါ..။ အခွေကူးတဲ့ နေရာမှာ သတိပြုရမှာက Verify Disk Data ဆိုတဲ့ စာသားနေရာမှာ အမှန်ခြစ်ပေးပါ...။ Nero Burning Studio နဲ့ဆို ဒီစာသားပါပါတယ်..။ တခြား ISO Burnig Marker တွေနဲ့ ကူးလည်းရပါတယ်..။ အဓိကက Boot တက်ဖို့ပါ..။

Avira Antivirus 2012 software free download


ဒီကောင်လေးကလည်း ကျနော်သုံးနေကျ Antivirus Software တွေထဲက နောက်တခုပါ..။ လူကြိုက်များတဲ့ နာမည်ကြီး ဆော့ဝဲလ်တွေထဲက တခုပါ..။ 2012 အတွက် ထုတ်ထားပေးတာပါ..။ Install ဆွဲပြီးတာနဲ့ Update အရင်လုပ်ပေးပါ..။ တခြား Antivirus Software ထက် သူ့မှာတခုပိုကောင်းတာက ဆော့ဝဲလ်တွေမှာပါလာတတ်တဲ့ Crack တို့ Path တို့ Keygen တို့ ကို ဖွင့်တော့မယ်ဆိုရင် ဒီထီးလေးကို ခဏပိတ်ထားပြီး ဖွင့်သုံးလို့ ရပါတယ်..။ တခြား Antivirus Software တွေမှာ ဒါမျိုးလေး မတွေ.ဖူးသေးပါဘူး..။ အောက်မှာတော့ သုံးနည်းလေးကို ပုံလေးတွေနဲ့ ပြထားပေးပါတယ်...။ ဖိုင်ဆိုဒ်တော့ နည်းနည်းများတယ်..။ 83 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းယူ သွားလိုက်ပါ..

Microsoft Security Essential software free download


ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်များနဲ့ ပါတ်သက်ပြီးတော့ ရေးပေးဖို့ ကျန်ခဲ့တဲ့လက အစ်ကိုတစ်ယောက်က တောင်းထားဖူးပါတယ်..။ ကျနော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတင်ပေးဖြစ်ခဲ့ ပါဘူး..။ ဒီနေ့တော့ ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ ကျနော်သုံးနေကျ Antivirus Software တွေကိုပဲ ဦးစားပေးတင်ပေးသွားပါမယ်..။ ကျနော်တခုပြောချင်တာက Antivirus Software တွေသုံးနေပေမယ့်လည်း မိမိတို့ရဲ့ ကွန်ပျူတာဟာ Internet သုံးနေသမျှ ဗိုင်းရပ်စ်တွေကတော့ ဝင်နေအုန်းမှာပါပဲ...။ Antivirus Software တင်ထားလို့ ဗိုင်းရပ်မဝင်တော့ဘူးလို့ ထင်နေမှာစိုးလို့ပါ..။ ဘယ်ဟာကပိုကောင်းလဲလို့တော့ မမေးပါနဲ့ .. အားလုံးသောဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေဟာ သူ့ဟာနဲ့သူ ကောင်းတာချည်းပါပဲ..။  မိမိတို့ နှစ်သက်တာတခုကို ရွေးသုံးလိုက်ပါ..။ ကျနော်ကတော့ အမြဲသုံးဖြစ်တာတွေထဲက ဒီတစ်ခုကို အရင်တင်ပေးလိုက်ပါတယ်..။ မသုံးတတ်သေးတဲ့သူများအတွက်တော့ သုံးနည်းလေးကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကအဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 7.28 MB ရှိပါတယ်...

Hard Disk Patition ကို Format ချနည်း


ဒီနည်းလေးကို ကိုနေရိုင်းက Cbox မှာ တောင်းထားတာနဲ့ တခြားမသိသေးတဲ့ သူများအတွက်ပါ ရည်ရွယ်ပြီး  အရင်တင်ပေးလိုက်ပါတယ်..။ မိမိတို့ရဲ့ ကွန်ပျူတာထဲက Patition လို့ ခေါ်တဲ့ Hard Disk ကို အပိုင်းတွေခွဲပြီး ဝင်းဒိုးနှစ်ခု၊ သုံးခုတင်လို့ ရသလို တခြား မိမိတို့ သိမ်းထားချင်တဲ့ ဖိုင်တွေ ၊ ဆော့ဝဲလ်တွေ ၊ ရုပ်ရှင်တွေ ၊ ဓါတ်ပုံ သီချင်း အားလုံးကို ၄င်း Patition တွေထဲမှာ သိမ်းထားလို့ ရပါတယ်..။ အကြောင်းတခုခုကြောင့် ဝင်းဒိုးကျသွားတဲ့အခါ မိမိတို့ သိမ်းထားတဲ့ ဟာတွေအားလုံး ပျက်မသွားပါဘူး..။ ပြန်ယူလို့ရပါတယ်..။ အခုဒီနည်းကတော့ အဲဒီ Patition တွေကို ဖျက်မှာဖြစ်တဲ့အတွက် အရင်ဆုံး မိမိတို့ လိုချင်တာလေးတွေကို တနေရာရာကို ပြောင်းပြီး သိမ်းထားဖို့ မမေ့ပါနဲ့..။ မလိုတာတွေဆိုရင်တော့ တခါထဲ ဖျက်တဲ့ထဲမှာ ထည့်ဖျက်လိုက်လို့ ရပါပြီ..။ Windows7 အတွက်ဖြစ်ပါတယ်..။

Gtalk မှာ မြန်မာစာမပေါ်ခြင်း ပြဿနာ ဖြေရှင်းနည်း


ဒီနည်းလေးကတော့ ဆိုဒ်တော်တော်များမှာ တင်ထားပြီးသားပါ..။ ဒါပေမယ့်လည်း ကျနော်က ကောင်းတဲ့နည်းလေးတွေအပြင် နောက်ထပ်ကောင်းတာလေးတွေပါ ထပ်ဖြည့်ပြထားပါတယ်..။ ဟိုပြောင်းဒီပြောင်း မလုပ်ချင်တဲ့သူများကတော့ IE Zawgyi Gtalk Font ကို ဒေါင်းလော့ချပြီး Install ဆွဲထည့်ပေးလိုက်ပါ..။ ပြီးရင်တော့ စက်ကို Restart  ချပေးလိုက်ရင် Gtalk မှာ မြန်မာစာ ပေါ်လာပါပြီ..။ ဒါပေမယ့် IE Zawgyi Gtalk Font ရဲ့အားနည်းချက်က တချို့ဝင်းဒိုးတွေမှာ အင်စတောဆွဲတဲ့အခါ တဝက်နဲ့ ရပ်နေတတ်တာပါပဲ..။ အဲလိုဖြစ်ခဲ့ရင်တော့ နောက်ထပ်နည်းလေးတွေနဲ့ အောက်ကပုံလေးတွေအတိုင်း အပြောင်းအလဲလေး လုပ်ပေးလိုက်ပါ..။

ASUS Eee PC 1015PX Drivers Free Download


ဒါလေးကတော့ ASUS Eee PC 1015PX Drivers လေးပါ..။ လိုအပ်လာမယ့် သူငယ်ချင်းများနဲ့ နောက်ပိုင်း ကျနော်လိုတဲ့အခါ ပြန်ရှာရလွယ်အောင်လို့ပါ...။ အဲ့ဒီစက်ထဲက Drivers တွေကို Backup လုပ်ပြီး ပြန်တင်ပေးလိုက်တာပါ..။ သူ့ထဲမှာပါတဲ့ Drivers များက အောက်ကပုံမှာ ပြထားတဲ့ အတိုင်းပါပဲ...။ 37.8 MB ရှိပါတယ်..

လပြည့်နေ့ အမှတ်တရ မြန်မာပြက္ခဒိန်လက်ဆောင်


ညက အမှတ်မထင် ကောင်းကင်မော့ကြည့်လိုက်တော့ လမင်းကြီးက ထိန်ထိန်သာလို့ .. ဒီနေ့ဘာနေ့ ပါလိမ့်.. ဘာနေ့မှန်းမသိ ... ဆရာတော်ဘုန်းကြီးဆီ ဖုန်ဆက်မေးကြည့်တော့ တန်ခူးလပြည့်နေ့မှန်း သိရတော့တယ်..။ ကွန်ပျူတာရှေ့ရောက်တော့ Desktop မှာတင်ထားတဲ့ မြန်မာပြက္ခဒိန်လေးက တန်ခူးလပြည့်နေ့လို့ ပြနေတယ်..။ စိတ်ထဲမှာ ဒါလေးကိုလည်း ပြန်လည်မျှဝေချင်လာလို့ ထည့်ပုံထည့်နည်းလေးပါ ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်.. မသိသေးတဲ့ မရှိသေးတဲ့ သူများအတွက် လိုချင်လိမ့်မယ်ထင်လို့ပါ...။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ..။ 38.73 Kb ပဲရှိပါတယ်..။ စက္ကန့်ပိုင်းနဲ့ မိမိတို့ရဲ့ စက်ထဲကို ရောက်လာပါလိမ့်မယ်..။ လိုအပ်တဲ့သူများ အောက်က အဆင်ပြေတဲ့ နေရာကနေသာ ယူသွားလိုက်ပါဗျာ..

သနတ်ပစ် BeachHead Game


ကွန်မန်ဒို စစ်သားတစ်ယောက်တည်းကို ရန်သူတွေ အများကြီးက ဝိုင်းပစ်ကြတာ..။ ကိုယ်က ကွန်မန်ဒိုစစ်သား ... ကျည်ဆန်တွေတော့ အများကြီးပေးတယ်..။ Counter Game နဲ့ နင်လားငါလားပဲ..။ အရမ်းဆော့လို့ ကောင်းတယ်..။ ကီးဘုတ်က Space Bar နဲ့ သနတ်ပြောင်းရတယ်..။ ရန်သူ့လေယာဉ်တွေ လာရင် ကီဘုတ်မှ M ခလုတ်ကို နှိပ်လိုက် ... လေယာဉ်တွေကို ပစ်ချပေးတယ်..။ တင့်ကားတွေဆို လောင်ချာနဲ့ ထုပါ...။ ပုံမှာပြထားသလိုပဲ ကိုယ်တစ်ယောက်ထဲကို ဝိုင်းသမကြတာ.... တော်တော်လေး ဆော့လို့ကောင်းတယ်...။ နိုင်တာများတယ်..။ Install ဆွဲပြီးတာနဲ့ Option မှာ ကီးတွေကို အရင်ဝင်ကြည့်ပြီးမှ ကစားတာ ပိုကောင်းတယ်...။ အောက်မှာ နှစ်နေရာ ခွဲတင်ပေးထားတယ်...။ အဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါ... ဖိုင်ဆိုဒ်ကတော့ 14.5 MB ရှိပါတယ်...။
 ဒီနေ့တင်ပေးတဲ့ ဂိမ်းတွေအားလုံး မိမိတို့ရဲ့ ကွန်ပျူတာမှာ ဂရပ်ဖစ်မန်မိုရီ 100 MB ကျော်လောက် ရှိရင်ကိုပဲ ကစားလို့ ရပါပြီ.. အားလုံး ဖူးဗားရှင်းတွေပါ... ဘာကီးမှမလိုပါဘူး...


အရောင်တူ အလုံးလေးတွေ ပစ်ကြည့်မယ် ZUMA Game


မျက်စိအေးအေးနဲ့ ဆော့လို့ကောင်းတဲ့ ဂိမ်းလေးပါ..။ အရောင်တူ ဘောလုံးလေးတွေကို ပစ်ပြီး ဖြိုချပေးရပါတယ်...။ လူကြီးတင် မဟုတ်ပါဘူး ကလေးတွေပါ ဆော့လို့ရပါတယ်..။ Install ဆွဲပြီးတာနဲ့ ကစားလို့ ရပါပြီ.. လိုချင်တဲ့သူများကတော့ အောက်က အဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါ.. ဖိုင်ဆိုဒ်ကတော့  5.4 MB ရှိပါတယ်..


ဆိုင်ကယ်ပြိုင်မောင်းမယ် RoadRash Game


ဆိုင်ကယ်ကို အပြိုင်အဆိုင် မောင်းချင်တဲ့ သူများ ဒီအောက်က အဆင်ပြေတဲ့လင့်ကနေသာ ယူသွားလိုက်ပါ... သူလည်းကီးထည့်ဖို့ မလိုပါဘူး.. Install ဆွဲပြီးတာနဲ့ ကစားလို့ ရပါပြီ...။ ဖိုင်ဆိုဒ်ကတော့  17.2 MB  ရှိပါတယ်..။ ဂိမ်းအဟောင်းလေးတွေ ဆိုပေမယ့် ဆော့လို့ကောင်းတဲ့ ဂိမ်းလေးတွေပါ...


ပါဝါတွေနဲ့ သနတ်ပစ်မယ် Heavyweapon Game


သနတ်ပစ်ဝါသနာပါသူတွေအတွက် ဂိမ်းကောင်းလေးပါ..။ အရမ်းပစ်လို့ကောင်းတယ်..။ မရပ်မနားကို ပစ်ရမှာ.. ပါဝါတွေနဲ့ ပုံမှာပြထားသလိုပဲ.. အမုန်းပစ်...။ ကျနော့်လို မနိုင်လွန်းလို့ ဆက်မကစားတော့ဘူးတောင် ဖြစ်သွားမယ်...။ ဆော့ချင်တဲ့သူများ အောက်ကလင့် တခုခုကနေသာ ဒေါင်းယူသွားလိုက်ပါ...။ ဖရီးဂိမ်းတွေပါ...။ ဘာကီးမှ ထည့်ဖို့မလိုပါဘူ...။ Install ဆွဲပြီးတာနဲ့ ကစားလို့ ရပါပြီ...။ ဖိုင်ဆိုဒ်ကတော့ 8.1 MB ရှိပါတယ်..။ ကစားနည်းကို Option ကနေ ကီးတွေအရင် ဝင်ကြည့်လိုက်ပါ...


စနူကာထိုးချင်သူများအတွက် TrickShot Game


ဒီနေ့တော့ game လေးတွေ တင်ပေးဖို့ စိတ်ကူးပေါ်တာနဲ့ ကျနော့်မှာ ရှိပြီးသား ဂိမ်းအဟောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်..။ ဒီဂိမ်းလေးတွေက အဟောင်းတွေဆိုပေမယ့် အရမ်းဆော့လို့ ကောင်းတဲ့ ဂိမ်းလေးတွေပါ..။ အရင်ဆုံး ဒီ TrickShot ဂိမ်းလေးကို တင်ပေးလိုက်ပါတယ်..။ မကစားခင် Key တွေကို game ရဲ့ Option ထဲမှာ အရင်ဝင်ကြည့်ပါ..။ ကီးတွေသိပြီးမှ ဆော့တာပိုကောင်းပါတယ်..။ လိုချင်တဲ့ သူများကတော့ အောက်မှာသာ ဒေါင်းယူသွားလိုက်ပါ.. ဖိုင်ဆိုဒ်ကတော့ 10.3 MB ရှိပါတယ်..။


Blog မှာ နာရီထည့်ချင်တဲ့ သူများအတွက်


မိမိတို့ရဲ့ ဘလော့မှာ နာရီထည့်နည်းလေးကို သိချင်တဲ့လူရှိလို့ ပြောပြပေးလိုက်ပါတယ်..။ တကယ်တော့ လုပ်နည်းမသိသေးလို့ ခက်နေတာပါ..။ သိသွားရင်ဘာမှ မခက်တော့ပါဘူး..။ အခုဒီနည်းလေးကလည်း နာရီမှ မဟုတ်ပါဘူး.. ဘယ်ဟာကိုပဲဖြစ်ဖြစ်ဒီနည်းနဲ့ ထည့်တာပါပဲ..။ မိမိတို့ရောက်ခဲ့တဲ့ ဘလော့ဆိုဒ်တွေမှာ တွေ့သမျှ လိုချင်တာလေးတွေကို အခုဒီနည်းလေးနဲ့ လုပ်ယူလို့ ရပါတယ်..။ တချို့နေရာတွေက အကောင့်တခုဖွင့်ပေးရတယ်..။ တချို့နေရာတွေက အကောင့်ဖွင့်ဖို့ မလိုဘူး..။ ဒါပဲကွာပါတယ်..။ Cbox မှာတောင်းထားတဲ့ ကိုစောကျော်ဦးနဲ့ အတူ တခြားမသိသေးတဲ့ သူများပါ သုံးတတ်အောင်လို့ ဒီနည်းလေးကို မျှဝေလိုက်ပါတယ်ခင်ဗျာ..

Files စီနည်း


ကျနော်တို့ ကွန်ပျူတာကို အသုံးပြုလာတာ ကြာလာတာနဲ့ အမျှ ကွန်ပျူတာထဲမှာရှိတဲ့ ဖိုင်တွေဟာ ဖရိုဖရဲနဲ့ ဟိုရောက်ဒီရောက်ဖြစ်နေပါတယ်..။ အဲဒီလိုဖြစ်နေတဲ့ ဖိုင်တွေကို ကျနော်တို့ ဖွင့်တဲ့အခါမှာ ကွန်ပျူတာဟာ လိုက်ရှာပေးနေရတာဖြစ်တဲ့အတွက် အလွယ်တကူ ရှာမတွေတဲ့အခါ အချိန်ကြာစေပါတယ်..။ စက်ကိုလေးစေပါတယ်..။ အခုဒီနည်းလေးက အဲလိုဖြစ်နေတဲ့ဖိုင်တွေကို စနစ်တကျနဲ့ ပြန်စီပေးပါလိမ့်မယ်..။ နောက်ပြီး Error တွေနဲ့ Bad Sector တွေကိုလည်း ပြန်လည်ကောင်းမွန်စေမှာ ဖြစ်တဲ့အတွက် ဖိုင်စီပြီးသွားတဲ့ အခါ မိမိတို့ရဲ့ ကွန်ပျူတာဟာ အရင်ကထက် ပိုမိုမြန်ဆန်လာတာကို တွေ့ရပါလိမ့်မယ်..။

ဓါတ်ပုံတွေကို Zoom ဆွဲကြည့်ချင်ရင် Photo Zoom Pro


ဒီကောင်လေးကတော့ ဓါတ်ပုံတွေကို Zoom ဆွဲကြည့်တဲ့နေရာမှာ အသုံးဝင်ပါတယ်..။ ဘယ်လောက်ပဲဝေးဝေး ဝါးမသွားပါဘူး..။ သုံးကြည့်ရင် ကောင်းမှန်သိနိုင်ပေမယ့် ဖူးဗားရှင်းမရပါဘူး..။ ဖူးဘားရှင်းမရတာကို ဘာလို့တင်ပေးရလည်းဆိုတော့ မနေ့တနေ့က Cbox ကနေ ကိုကံလင်းက တောင်းထားလို့ပါ..။ ကိုကံလင်းကလည်း အမြန်လိုချင်နေတယ်.. ကျနော့်မှာမရှိတဲ့ ဆော့ဝဲလ်ဖြစ်နေတော့ မနေ့ကတညလုံး Google ကနေရှာတာ ခေါင်းတွေပါမူးသွားတယ်..။ ဘယ်လိုမှ ဖူးဗားရှင်း မရတော့ဘူး.. စိတ်မကောင်းပါဘူးဗျာ..။ နောက်ထပ်ကောင်းတဲ့ ဆော့ဝဲလ်လေးများ တွေ့ခဲ့ရင် ထပ်တင်ပေးပါအုန်းမယ်..။

Windows Update ပိတ်ရအောင်


ဒါကတော့ Windows Update ပိတ်ချင်သူများအတွက် သွားပိတ်ရမယ့်နေရာလေးတွေကို ပြပေးလိုက်တာပါ..။ ဘာကြောင့် Windows Update လုပ်တာလဲ..။ ဘာကြောင့် Windows Update မလုပ်တာလဲ ဆိုတာကို ရှင်းပြမနေတော့ပါဘူး..။ အခုဒီနည်းက ကွန်ပျူတာ ရောင်းတဲ့ဆိုင်တွေမှာ စက်ဝယ်တဲ့အခါ Original Windows မပါရင်၊ သူတို့ ဖာသာ Windows တင်ပေးတတ်ပါတယ်..။  (Windows တင်ပေးတဲ့အတွက် သူတို့ကို ဝင်းဒိုးတင်ခ သီးသန့် ပိုက်ဆံထပ်ပေးရပါတယ်..။) အဲလိုအခါမျိုးကျရင် Windows Update မတက်အောင် အခုကျနော်ပြတဲ့ နည်းလေးတွေနဲ့ ပိတ်ပေးလိုက်ကြပါတယ်..။ နောက်တခုက Windows တင်တင်ချင်းမှာလဲ Update မတက်အောင် ပိတ်ခဲ့ရတဲ့ နေရာတခုရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...