How to Root Sony Xperia J (ST26i) - Android ဖုန်းများ Root/UnRoot လုပ်နည်း၊ မြန်မာစာရေးလို့၊ ဖတ်လို့ရအောင် လုပ်နည်း

 ဒီပိုစ့်ကို Android ဖုန်းတွေ Root ဖေါက်တတ်ဖို့အတွက် လေ့ကျင့်ခန်း တစ်ခု အနေနဲ့ တင်ပေးလိုက်ခြင်းပါ..။ ဒီပိုစ့်မှာ အသုံးပြုထားတဲ့ ဖုန်းအမျိုးအစားကတော့ Sony Xperia J (ST26i) - Android Version 4.1.2 - Build Number 11.2.A.0.21 ဖုန်းပဲ ဖြစ်ပါတယ်..။ ဒီပိုစ့်ကနေ Root Tool ၂-ခု ဖြစ်တဲ့ SRS Root တူးနဲ့ Kingo Root တူးတွေကို ဒေါင်းယူလို့ ရအောင် ဒါရိုက်လင့်တွေနဲ့ ချိတ်ပေးထားပြီး.. ဒေါင်းယူလို့ အဆင်မပြေပါက မူရင်းဆိုဒ်တွေကိုပါ သွားရောက် ဒေါင်းယူလို့ ရအောင်ပါ လင့်တွေ ပြန်ချိတ်ပေးထားပါတယ်..။ ဒီ Android ဖုန်း Root/UnRoot လုပ်နည်းပိုစ့်ကို ကျန်ခဲ့တဲ့ တစ်ပါတ်လောက်က အဝေးရောက်နေတဲ့ သူငယ်ချင်းက ပိုစ့်တင်ပေးဖို့ တောင်းထားတာဖြစ်ပြီး.. ပုံတွေ စုနေရတာ ဖြစ်လို့ ဒီနေ့မှ ပိုစ့်တင်ပေးဖြစ်ပါတယ်..။
Android ဖုန်းတွေကို Root ဖေါက်လိုက်တဲ့အခါမှာ ဖုန်းရဲ့ System ပိုင်းတွေ တခုခု ပျက်စီးသွားတာတွေ ရှိပါတယ်..။ ဒါကြောင့် ဖုန်းတွေ Root မဖေါက်ခင် ကြိုပြီး စဉ်းစားဖို့ လိုပါတယ်..။ အနည်းငယ် ပျက်စီးတာက ဖုန်းကို အသုံးပြုလို့ ရပေမယ့်.. အများကြီး ပျက်စီးသွားခဲ့ရင်တော့ မိမိတို့ရဲ့ Android ဖုန်းကို ဖုန်းရဲ့ ကွန်ပျူတာနဲ့ ချိတ်တဲ့ ဆော့ဝဲလ်ကနေ.. ပြန်ပြီး အင်တာနက်ကနေ Android ဗါးရှင်း OS ကို ကွန်ပျူတာ ဖေါ်မတ်ချသလို (ဝင်းဒိုးအသစ် တင်သလိုမျိုး) ပြန်ပြီး Install (Update) လုပ်ယူလို့ ရပါတယ်..။ အဲ့လို Update လုပ်လိုက်ရင်တော့ Root ဖေါက်ထားတာရော၊ မြန်မာစာတွေပါ မရှိတော့ပဲ ဖုန်းအသစ်ဝယ်တုန်းက ပါလာတဲ့ အတိုင်း Android OS အသစ်ကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်..။ Root ဖေါက်လိုက်ရင်တော့ ဖုန်းတလုံးနဲ့ တစ်လုံး မတူညီတဲ့ ပျက်စီးမှုလေးတွေ ရှိပါတယ်..။ အခု ဒီဖုန်းမှာတော့ ပျက်စီးမူက ကြည့်နေရင်းနဲ့ ဖုန်း Screen အမဲကြီး ပေါ်လာတတ်ပါတယ်..။ တခါတလေ အဖြူရောင် ဖြစ်သွားပါတယ်..။ Back မျှားနဲ့ နောက်ပြန်ဆုတ်မှ အသုံးပြုလက်စ နေရာ၊ ကြည့်နေတဲ့ နေရာကို ပြန်ရောက်ပါတယ်..။ ဒီထက်ဆိုးတဲ့ ပြဿနာကတော့ မော်ဒယ်မတူတဲ့ နောက်ဖုန်းတလုံးမှာ Root ဖေါက်လိုက်ပြီးမှ ဖုန်းထဲက စာသားတွေ ပျောက်ကုန်ပါတယ်..။ Setting မှာရော၊ App တွေမှာပါ စာသား E-လို တလုံးမှ မပေါ်တော့ပဲ၊ Icon ပုံလေးတွေပဲ မြင်ရပါတော့တယ်..။ နောက်ဖုန်းတစ်လုံးကျတော့ အသုံးပြုလို့ မရအောင်ကို ခဏ၊ခဏ Shut Down ကျပါတယ်..။ အဲ့လိုဆိုးတဲ့ ပြဿနာတွေ ပေါ်ခဲ့ရင်တော့ မိမိတို့ရဲ့ဖုန်းကို အပေါ်မှာ ရေးခဲ့သလို Update လုပ်လိုက်ရင် ပြန်ကောင်းသွားပါတယ်..။ ဒါကတော့ Android ဖုန်းတွေ Root ဖေါက်လိုက်လို့ ပေါ်လာတတ်တဲ့ ပြဿနာတွေထဲက အနည်းငယ်ပဲ ရှိပါသေးတယ်..။

Sony ဖုန်းတွေမှာ မြန်မာစာပေါ်လိုရင်တော့ Root ဖေါက်မှ ရမှာပဲ ဖြစ်ပါတယ်..။ Android ဖုန်းတွေ Root ဖေါက်နည်းက တခြား နည်းတွေ အများကြီး ရှိပေမယ့် အခု ကျနော်ပြတဲ့နည်းက အလွယ်ကူဆုံးလို့ ပြောရမှာပါ..။ ကွန်ပျူတာမှာ Android USB Driver သိဖို့ အတွက် ကျန်ခဲ့တဲ့ လက ပိုစ့်တင်ပေးခဲ့တဲ့ USB Driver ထည့်နည်းပိုစ့်ကို ကလစ်ပြီး ဝင်ကြည့်နိုင်ပါတယ်..။ Android USB Driver ကို ဒေါင်းယူ Install ထည့်ပါ..။ ကွန်ပျူတာကနေ ဖုန်းရဲ့ Driver သိတာနဲ့ Root စာသားကို တချက်ကလစ်ပေးလိုက်ယုံပဲ..။ ဖုန်း Restart ကျပြီး၊ ပြန်တက်လာရင် Root ဖေါက်လို့ ရသွားပါပြီ..။ Root ဖေါက်လို့ ရသွားတဲ့ ဖုန်းတွေ ဆိုရင်တော့ ကွန်ပျူတာက Root Tool မှာ Successfully / Completed / Rooted / Finished စသဖြင့် စာသားတွေ ပေါ်လာမှာဖြစ်ပါတယ်..။ Restart မဖြစ်ရင်တော့ Root မရဘူးလို့ အလွယ်မှတ်ပါ..။ Restart ဖြစ်ပေမယ့် ကွန်ပျူတာက Root Tool မှာ Error / Cannot Root / Try again စသဖြင့် စာသားတွေ ပေါ်လာရင်တော့ မိမိတို့ Root ဖေါက်နေတဲ့ ဖုန်းကို လက်ရှိအသုံးပြုနေတဲ့ Root Tool နဲ့ မနိုင်တဲ့အတွက် တခြား Root Tool တခု ပြောင်းသုံးရမယ်ဆိုတာ သိဖို့ လိုပါတယ်..။ 

အခုဒီ Sony ဖုန်းကို ကျနော် Root ဖေါက်ဖို့ ကြိုးစားနေတာ ၂-ပါတ်ကျော်ကြာပါတယ်..။ Android ဗါးရှင်း မြင့်နေတဲ့အတွက် အရင်အသုံးပြုနေကျ Root Tool တွေနဲ့ မရတဲ့အတွက် Google ကနေ လိုက်ရှာတာလည်း ဆိုဒ်တွေစုံပြီ.. Image ဖိုင်တွေ၊ FlashTool တွေနဲ့ Root လုပ်နည်းတွေ ရှာတွေ့ပေမယ့် ကျနော့်အတွက် အဆင်မပြေပါ..။ နောက်ဆုံးမှာတော့ အသစ်ထွက်တာ သိပ်မကြာသေးတဲ့ Root Tool အသစ်လေးဖြစ်တဲ့ Kingo Root Tool အသစ်လေးနဲ့ Root ဖေါက်လို့ ရသွားပါပြီ..။ ဒီကောင်လေးနဲ့ Android ဗါးရှင်း အများစုကို Root ဖေါက်နိုင်တာ တွေ့ရပါတယ်..။ အရင်က မကြာမကြာသုံးခဲ့တဲ့ SRS Root Tool ကတော့ Android Version 4.0.3 အထိပဲ Root ဖေါက်နိုင်ပါသေးတယ်..။ နောက်ပိုင်း ဗါးရှင်းအသစ်တွေ ထပ်ထွက်လာရင်တော့ တခြား Android ဗါးရှင်းတွေကိုလည်း Root ဖေါက်နိုင်ပါလိမ့်မယ်..။ အခုဒီပိုစ့်မှာတော့ Kingo Root Tool နဲ့ Root ဖေါက်ပြထားပြီး.. SRS Root Tool နဲ့ UnRoot လို့ ခေါ်တဲ့ Root ပြန်ပိတ်ပြထားပါတယ်..။

အရင်ဆုံး အောက်ကလင့်ကနေ Root Tool တွေကို ဒေါင်းယူထားလိုက်ပါ..။

Download Kingo Root Tool (One Click Root)
Kingo Root Tool မူရင်းဆိုဒ်သို့... >>

Download SRS One Click Root Tool
SRS One Click Root Tool မူရင်းဆိုဒ်သို့... >>

အောက်ကပုံလေးကတော့ မိမိတို့ရဲ့ Android ဖုန်းရဲ့ မော်ဒယ်နဲ့ OS Version ကို ကြည့်တတ်ဖို့ ပြပေးလိုက်တာပါ..။ ဖုန်းရဲ့ Setting ကနေ သွားပါ..။


Android ဖုန်းတွေ Root မလုပ်ခင် အရင်ဆုံး Setting ကနေသွားပြီး USB debugging နဲ့ Unknown sources နေရာတွေမှာ အမှန်ခြစ်တွေ အရင်ပေးလိုက်ပါ..။ ပြီးမှ ဖုန်းဝယ်တုန်းက ပါလာတဲ့ Original USB ကြိုးနဲ့ ကွန်ပျူတာမှာ ချိတ်ဆက်ပါ..။
 

Root Tool ကို မိမိတို့ ကွန်ပျူတာမှာ Install ထည့်ပြီးရင်တော့ အင်တာနက် ဖွင့်ထားပါ..။ ပြီးရင်တော့ ကွန်ပျူတာက Antivirus တွေနဲ့ Firewall ကို အောက်ကပုံအတိုင်း ပိတ်ထားလိုက်ပါ..။ Root Tool အများစုက Antivirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေနဲ့ မတည့်ပါဘူး..။ ဒါကြောင့် Antivirus တွေ မပိတ်ရင် Root Tool တွေ အလုပ်မလုပ်နိုင်တဲ့အတွက် Android ဖုန်းတွေကို Root ဖေါက်လို့ မရနိုင်ပါဘူး..။


နောက်တခုကတော့ မိမိတို့ ဖုန်းအမျိုးအစားအလိုက် ဖုန်းကုမ္ပဏီတွေက ထုတ်ပေးထားတဲ့ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်ပေးနိုင်တဲ့ ဆော့ဝဲလ်ကိုလည်း မိမိတို့ကွန်ပျူတာမှာ Install ထည့်ထားဖို့ လိုအပ်ပါတယ်..။ ကျနော်အခု Root ဖေါက်မယ့် ဖုန်းက Sony ဖုန်းဖြစ်တဲ့အတွက် အောက်ကပုံအတိုင်း Sony ကုမ္ပဏီက ထုတ်ပေးထားတဲ့ Sony PC Companion ဆော့ဝဲလ်ကို စက်ထဲမှာထည့်ပြီး USB ကြိုးနဲ့ ချိတ်ဆက်တဲ့အခါမှာ အောက်ကပုံအတိုင်း ဖုန်းအမျိုးအစား၊ မော်ဒယ်နဲ့အတူ ပေါ်နေတာ မြင်ရမှာ ဖြစ်ပါတယ်..။ ဒါဆိုရင် ဒီဖုန်းရဲ့ Driver ကို ဒီကွန်ပျူတာက တပိုင်းသိပြီလို့ ပြောလို့ရပါပြီ..။ နောက်တပိုင်းကတော့ Android USB Driver သိဖို့ လိုပါသေးတယ်..။ ကျနော့်စက်မှာ အသုံးပြုထားတဲ့ Android USB Driver ဆော့ဝဲလ်ကတော့ Intel Android USB Driver ဆော့ဝဲလ်ပဲ ဖြစ်ပါတယ်..။ အရင်ပိုစ့်မှာ Android USB Driver တွေ ဒေါင်းယူလို့ ရအောင် လင့်တွေ ချိတ်ပေးထားခဲ့ပြီး ဖြစ်ပါတယ်..။



ဒီ Sony Xperia J (ST26i) - Android Version 4.1.2 ကို အပေါ်က Kingo Root တူးနဲ့ Root ဖေါက်မှာ ဖြစ်လို့.. Kingo Root တူးကို ကွန်ပျူတာမှာ ဖွင့်လိုက်လို့ အပေါ်က ပုံအတိုင်း ပေါ်နေရင်တော့ Android USB Driver မသိသေးတာ ဖြစ်လို့ ကျနော်က Intel Android USB Driver ကို ဖုန်းနဲ့ ချိတ်ထားပြီးမှ Install ထပ်ထည့်လိုက်ပါတယ်..။ အရင်က ထည့်ထားပြီးသားပါ..။ Android USB Driver အလုပ်မလုပ်ရင်တော့ အောက်ကပုံအတိုင်းလည်း အင်တာနက်ကနေ Update လုပ်ယူလို့ ရပါသေးတယ်..။


အပေါ်ပုံအတိုင်း Computer >> Manage ကနေ ဝင်ကြည့်လို့ အပေါ်ဆုံးက Android USB Devices နေရာမှာ အောက်ကပုံအတိုင်း အဝါတုံးလေး ပေါ်နေရင်တော့ Right Click ထောက်ပြီး Update ကို အင်တာနက်ကနေ ဒေါင်းယူလို့ အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ ဒါကတော့ Intel စက်တွေအတွက်ပါ..။ AMD စက်တွေအတွက်တော့ အသုံးမပြုဖူးသေးပါဘူး..။ နည်းနည်းတော့ မတူတာတွေ ရှိနိုင်ပါတယ်..။



Intel Android USB Driver ကိုပြန်ထည့်လိုက်လို့ (သို့မဟုတ်) အင်တာနက်ကနေ Update ပြန်လုပ်လို့ USB Driver သိသွားရင်တော့ အောက်ကပုံအတိုင်း ဖုန်းနာမည်နဲ့ ပေါ်လာပါလိမ့်မယ်..။ ဒါဆိုရင် Kingo Root တူးလေးကလည်း Connecting လုပ်နေတာကို မြင်ရမှာပဲ ဖြစ်ပါတယ်..။


အောက်ကပုံအတိုင်း Kingo Root တူးက သူ့ဆော့ဝဲလ်အတွက် လိုအပ်တဲ့ Drivers တွေကို အင်တာနက်ကနေ ဒေါင်းယူပြီး Install လုပ်နေပါပြီ..။ ပြည့်တဲ့အထိ စောင့်နေပေးလိုက်ပါ..။
 

ဒီဆော့ဝဲလ်လေးက သူ့ရဲ့ Driver တွေကို Install ထည့်ပြီးလို့ အဆင်သင့် ဖြစ်ပြီဆိုရင်တော့ အောက်ကပုံအတိုင်း ဖုန်းအမျိုးအစားနဲ့ မော်ဒယ်ကိုပါ ဖေါ်ပြပေးပါလိမ့်မယ်..။ ဒါဆိုရင်တော့ ဖုန်းကို Root ဖေါက်ဖို့ အဆင်သင့် ဖြစ်သွားပြီး ဖြစ်လို့ Root နေရာကို ကလစ်ပေးလိုက်လို့ ရပါပြီ..။


အောက်ကပုံလေးတွေအတိုင်း ဖုန်းကို Root ဖေါက်နေတာ ဖြစ်လို့.. စာသားတွေ အဆင့်ဆင့် ပြောင်းလဲပေါ်နေမှာ ဖြစ်ပြီး တစ်မိနစ်အတွင်းမှာတင် Root ဖေါက်လို့ ရသွားပါလိမ့်မယ်..။




အပေါ်ကပုံအတိုင်း Root Succeeded ဆိုရင်တော့ မိမိတို့ Android ဖုန်းကလည်း Restart ကျသွားမှာ ဖြစ်ပြီး ဒီဆော့ဝဲလ်ကို Finish ပေးလိုက်လို့ ရသွားပါပြီ..။ 
မိမိတို့ Android ဖုန်း Restart ပြန်တက်လာရင်တော့ Root ဖေါက်လို့ ရသွားတဲ့ ပုံလေးကို အောက်ကပုံလေးအတိုင်း ဖုန်းထဲမှာ မြင်ရပါလိမ့်မယ်..။ 


Root ဖေါက်လို့ ရသွားတဲ့ Android ဖုန်းတွေမှာ မြန်မာစာ ပေါ်အောင် ဇော်ဂျီဖေါင့်ထည့်လို့ ရသွားပါပြီ..။ မြန်မာစာ ထည့်တဲ့ နေရာမှာတော့ ဖုန်းရဲ့ System >> Font ထဲမှာ R/O-R/W လိုက်ပြောင်းပေးဖို့ မလိုတဲ့.. ၊ ကျနော် အသုံးပြုခဲ့တဲ့ မုန်တိုင်း ဇော်ဂျီဖေါင့် Changer နဲ့ မုန်တိုင်း ကီးဘုတ်ကို ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ မုန်တိုင်းကီးဘုတ်က App ထဲမှာ ရှော့ကပ်ပုံ မပေါ်တဲ့အတွက် မျက်စိရှုပ်သက်သာလို့ ကျနော် အသုံးပြုနေတဲ့ ကီးဘုတ်လေးပါ..။ လိုအပ်ရင်တော့ မုန်တိုင်း ဇော်ဂျီဖေါင့် Changer နဲ့ မုန်တိုင်း ကီးဘုတ်ကို အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်..။ 

 မုန်တိုင်း ဇော်ဂျီဖေါင့် Changer နဲ့ မုန်တိုင်းကီးဘုတ် - 2.2 MB




မုန်တိုင်း Zawgyi Font Changer ကို ဒေါင်းယူပြီးရင်.. ဖုန်းရဲ့ SD Card ထဲကနေ ဖုန်းထဲမှာ အသုံးပြုလို့ ရအောင် install ထည့်ပါ..။ ပြီးရင်တော့ App ရှော့ကပ်တွေထဲမှာ ပေါ်လာတဲ့ မုန်တိုင်းဇော်ဂျီပုံလေးကို ကလစ်ပြီး ဖွင့်လိုက်ပါ..။ အောက်ကပုံအတိုင်း မျှားပြထားတဲ့ Sony ဖုန်းများ ဇော်ဂျီဖေါင့်ပြောင်းရန် စာသားကို ဆက်ကလစ်ပေးလိုက်ပါ..။ 


Root Access တောင်းမှာ ဖြစ်တဲ့အတွက် အောက်ကပုံအတိုင်း Grant စာသားကို တချက်နှိပ်ပေးလိုက်ရင် စက္ကန့်ပိုင်းအတွင်း ဖုန်းက Restart ကျသွားပါလိမ့်မယ်..။ ဖုန်း ပြန်တက်လာရင်တော့ မိမိတို့ Android ဖုန်းမှာ မြန်မာစာ မြင်ရပါပြီ..။


ကျနော် Root ဖေါက်ပြီး မြန်မာစာ ထည့်လိုက်တဲ့ ဖုန်းမှာ မြန်မာစာ ရေးလို့ ဖတ်လို့ ရသွားပါပြီ..။ Android ဖုန်းတွေမှာ မြန်မာစာ အားနည်းချက်ကတော့ အောက်ကပုံအတိုင်း တချို့စာသားတွေ မမှန်တတ်ပါဘူး..။ နောက်ပိုင်းမှာတော့ မြန်မာစာ ပေါ်အောင် ဖေါင့်ပြောင်းပေးတဲ့ ဆော့ဝဲလ်တွေကို ဖန်တီးပေးတတ်တဲ့ မြန်မာ ပညာရှင်တွေတော့.. တဖြည်းဖြည်းခြင်း ကောင်းသထက် ကောင်းအောင် ပြုပြင် ဖန်တီးပေးလာနိုင်လိမ့်မယ်လို့ ထင်ပါတယ်..။





Android ဖုန်းတွေမှာ မြန်မာစာ ရေးလို့ ရမယ့်.. ကီးဘုတ်ပေါ်အောင်.. ကီးဘုတ်ကို Install ထည့်ပြီးတာနဲ့ ဘေးဘက်နဲ့ အောက်ကပုံလေးအတိုင်း Setting >> Language & Input ကနေ ကီးဘုတ်ကို သွားပြောင်းပေးလိုက်ရင် အပေါ်ကလိုမျိုး ဖေါင့်ပြောင်းပြီး မြန်မာစာ ရေးလို့ ရသွားပါပြီ..။


Wallpaper မှာ အောက်ကပုံလိုမျိုး ဒီဇိုင်းမျိုးစုံ ပြောင်းယူလို့ ရသလို Live Wallpaper လေးတွေကလည်း အများကြီး ပါပါတယ်..။ 


Root ဖေါက်ပြီးလို့ မြန်မာစာလည်း ထည့်ပြီးလို့ Root ပြန်ပိတ်ချင်တယ်ဆိုရင်တော့ အောက်က SRS One Click Root တူးလေးနဲ့ အဆင်ပြေပါတယ်...။ အပေါ်ဆုံးမှာ ရေးခဲ့သလို Unroot ပြန်လုပ်မယ့် အခါမှာလည်း မိမိတို့ ကွန်ပျူတာကနေ ဖုန်းရဲ့ USB Driver သိဖို့ လိုပါတယ်..။ သိပြီဆိုရင်တော့ အောက်ကပုံလေးအတိုင်း ဒီကောင်လေးနဲ့ ကျနော့် ဖုန်းကို Unroot ပြန်လုပ်လိုက်ပါတယ်..။ ကျနော် ဘာကြောင့် Unroot ပြန်လုပ်ရလဲဆိုတော့ ဒီဖုန်းမှာ Screen မဲသွားတဲ့ ပြဿနာကို ဘယ်လို ရှင်းရင် အဆင်ပြေမလဲဆိုတာ သိချင်တဲ့ အတွက်ကြောင့် ဖုန်းကို မြန်မာစာ ထည့်ပြီး နောက်နေ့မှာ အောက်က SRS Root တူးနဲ့ Unroot ပြန်လုပ်လိုက်ပါတယ်..။ Root ဖေါက်ပြီးသား ဖုန်းကို Unroot ပြန်လုပ်ပြီး.. ဖုန်းရဲ့ Setting ထဲကနေ Factory Reset / Master Reset လုပ်ပြီး Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေနဲ့ ဖုန်းရဲ့ Setting အားလုံးကို ဆေးချပစ်လိုက်ပါတယ်..။ 
ကျနော်လုပ်တာ မှန်တယ်လို့ပြောရမလားပဲ.. အရင်ကထက် ဖုန်း Screen မဲလိုက်၊ ဖြူလိုက် ဖြစ်တတ်တဲ့ ပြဿနာက အတော်လေး နည်းသွားတာ မြင်ရပါတယ်..။ တခါတလေမှာ တနေ့လုံးသုံးနေလို့ တခါမှ အဲ့လို ပြဿနာ မပေါ်တော့တာလည်း တွေ့ရပါတယ်..။ ဖုန်းကို Reset လုပ်လိုက်လို့ မြန်မာစာတွေ ပျောက်မသွားပါဘူး..။ Reset လုပ်ပြီး ကီးဘုတ်ကို ပြန် Install ထည့်လိုက်ရင် မြန်မာစာ ပြန်ရေးလို့ ရနေပါတယ်..။ အခုတော့ စမ်းသပ်ဖို့ Android ဖုန်း ရှိနေပြီ ဖြစ်လို့ ဒီဖုန်းကို အမျိုးမျိုး စမ်းသပ်နေတာ ဖုန်းအသစ်လေးတောင် ပျက်ချင်နေပြီ.. (ကြုံတုန်းကြွားတာ.. ဟား ဟား.. )
Unroot ကို အောက်ကပုံအတိုင်း SRS Root တူးနဲ့ Driver လည်း သိပြီဆိုရင် UnRoot Device စာသားကို ကလစ်ပေးလိုက်ပါ..။


UnRoot Complete ဆိုရင်တော့ မိမိတို့ Root ဖေါက်ထားတဲ့ Android ဖုန်းကို Root ပြန်ပိတ်လို့ အောင်မြင်သွားပြီ ဖြစ်ပါတယ်..။ အောက်ကပုံလေး ၂-ပုံမှာ ယှဉ်ပြပေးထားပါတယ်..။


ဖုန်းမှာ ဆော့ဝဲလ်တွေများလာလို့ ဂိမ်းတွေ များလာလို့ ဖုန်းမန်မိုရီ နည်းလာပြီဆိုရင် ဖုန်းက မကြာမကြာ လေးတတ်၊ နှေးတတ်ပြန်ပါတယ်..။ အဲ့လိုဖြစ်လာပြီဆိုရင်တော့ မိမိတို့ ဖုန်းထဲက SIM Card နဲ့ SD Card ကို အရင် ထုတ်ထားလိုက်ပြီး အောက်ကပုံအတိုင်း Setting ကနေ Factory Data reset ကနေ Reset Phone လုပ်ပေးလိုက်ပါ..။ ဒါဆိုရင်တော့ Android ဖုန်းတွေ ပြန်လည် အသုံးပြုလို့ သွက်လက် ပြန်ဆန်နေမှာပဲ ဖြစ်ပါတယ်..။ Reset လုပ်ပြီးတဲ့ အခါမှာလည်း ဖုန်းထဲ ဂိမ်းတွေနဲ့ ဆော့ဝဲလ်တွေကို မိမိတို့ အဓိက အသုံးပြုတာ လောက်ပဲ ထည့်ပါ..။ ဒါဆိုရင် ဖုန်းမန်မိုရီ အကြာကြီး အသုံးခံမှာဖြစ်ပါတယ်..။


 နောက်တခုကတော့ ဖုန်းဘက္ကထရီပဲ..။ ကြာကြာအသုံးခံအောင် အောက်ကပုံလေးအတိုင်း မကြာမကြာ သွားပြောင်းထားပေးလိုက်ပါ..။ Display >> Sleep မှာ 15 Seconds မှာပဲ ပြောင်းထားပေးထားပါ..။ အဲ့လိုမှ မဟုတ်ရင်တော့ ဖုန်းတွေမှာ အလိုလိုနေရင်း ဘက္ကထရီကုန်သွားပါလိမ့်မယ်..။ ကျနော့်ဖုန်းမှာ အဲ့လို မပြောင်းထားမိလို့ အလိုလိုနေရင်း ဖုန်းဘက္ကထရီကုန်တာ ၂-ခါ၊ ၃-ခါ ရှိသွားပြီ..။ ဒါကြောင့် ဒီနည်းကို ရှာလို့ တွေ့သွားခဲ့တာ..။



 နောက်ဆုံး ဘက္ကထရီကုန်တာ မမြန်အောင် အရေးကြီးတာထဲမှာပါတဲ့ တခုကတော့ Task Killer အသုံးပြုဖို့ပါပဲ..။ သူကတော့ မိမိတို့ဖုန်း Back Ground မှာပွင့်နေတဲ့ ဆော့ဝဲလ်တွေ၊ ဂိမ်းတွေနဲ့ တခြား App တွေကို ပိတ်ချင်တဲ့အခါမှာ ဒီကောင်လေးနဲ့ အတော်လေး အဆင်ပြေတာ တွေ့ရပါတယ်..။ မိမိတို့ ဖုန်းမှာ ဖွင့်ထားပြီးတဲ့ ၊ ကစားပြီးတဲ့ ဂိမ်းတွေနဲ့ ဆော့ဝဲလ်တွေကို သူ့အလို ပိတ်ဖို့ဆိုတာ ဖုန်းကို ပါဝါပိတ် ၊ Shut Down လုပ်မှ ရမှာပါ..။ အဲ့လို ဖုန်းကို Shut Down မလုပ်ပဲနဲ့ ပိတ်ချင်ရင်တော့.. ဒီ Task Killer လေးနဲ့ အဆင်ပြေပါတယ်..။ ဒီကောင်လေးကိုတော့ Play Store ထဲမှာ အလွယ်ဒေါင်းယူလို့ ရတဲ့အတွက် တင်မပေးတော့ပါဘူး..။ အောက်ကပုံလေးတွေအတိုင်း Task Killer ကို အသုံးပြုပြီး မိမိတို့ဖုန်း ဘက္ကထရီ ကြာကြာခံအောင် ထိမ်းသိမ်းလို့ ရပါတယ်..။ နောက်တခုကတော့ ဖုန်းမန်မိုရီ နည်းလာလို့၊ ဖုန်းလေးလာတဲ့ အခါမျိုးတွေမှာလည်း ဒီ Task Killer လေးနဲ့ ရှင်းပစ်လိုက်ရင် ဖုန်းမန်မိုရီ ပိုများလာတာကို မြင်ရပါလိမ့်မယ်..။ အောက်က ညာဘက်အစွန်ဆုံး ပုံလေးအတိုင်း ဖုန်းမန်မိုရီ ပိုများပါတယ်..။ ဒီကောင်လေးကိုလည်း သတိယတိုင်း မကြာခဏ အသုံးပြုပေးဖို့ လိုအပ်ပါတယ်..။
မျှားအပြာနဲ့ ပြထားတာကတော့ File Manager ပါ ..။ ဒီကောင်လေး မပါရှိတဲ့ ဖုန်းတွေဆိုရင် SD Card နဲ့ ဖုန်းရဲ့ Internal Storage ထဲ ဝင်လို့ မရပါဘူး..။ အခုဒီဖုန်းမှာ အဲ့ဒီ File Manager မပါတဲ့အတွက် Play Store ထဲကနေ ဒေါင်းလော့ယူပြီး ထည့်ထားရတာပါ..။ ဒါကြောင့် ဒီကောင်လေးကလည်း ဒီလိုဖုန်းတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်..။


Android ဖုန်းတွေနဲ့ ပါတ်သက်တဲ့ ဂိမ်းတွေနဲ့ ဆော့ဝဲလ် APK ဖိုင်တွေကို ကွန်ပျူတာကနေ ဒေါင်းယူသိမ်းထားလိုရင်တော့.. အရင်လက ပိုစ့်တင်ပေးခဲ့တဲ့ WonderShare MobileGo For Android ဆော့ဝဲလ်နဲ့ ဒေါင်းယူ သိမ်းထားလို့ ရပါတယ်..။ ကျနော့် Blog မှာ ဖုန်းနဲ့ ပါတ်သက်တဲ့ ဆော့ဝဲလ်တွေနဲ့ ဂိမ်းတွေကို တင်ပေးဖို့ စိတ်ကူးမရှိပါဘူး..။ ဒါကြောင့် မိမိတို့ ကွန်ပျူတာကနေပဲ အဲ့ဒီဆော့ဝဲလ်ကို အသုံးပြုပြီး play store ထဲကနေ ဒေါင်းယူကြပါဗျာ..။ ဒီ Root / UnRoot လုပ်နည်းကို ပိုစ့်တင်ပေးဖို့ တောင်းထားတဲ့ အဝေးက ကျနော့်သူငယ်ချင်းနဲ့အတူ ကျန်တဲ့ ကျနော့် Blog က မိတ်ဆွေများလည်း ဒီပိုစ့်ကို လေ့လာပြီး Android ဖုန်းတွေကို Root ဖေါက်ပြီး၊ မြန်မာစာထည့်တတ် လောက်ပြီလို့ ထင်ပါတယ်..။ Android ဖုန်း Root ဖေါက်နည်း သိလို၊ တတ်လိုတဲ့ သူများအတွက် (ဒီပိုစ့်ကို ညွှန်းပေးလိုက်ကြပါ..) ဒီပိုစ့်လေးက အတော်လေး အဆင်ပြေပြေနဲ့ အထောက်အကူ ပြုလိမ့်မယ်လို့ ထင်ပါတယ်..။ သူငယ်ချင်း ၊ မိတ်ဆွေများအားလုံး အဆင်ပြေပြေနဲ့ လုပ်တတ်၊ကိုင်တတ် အသုံးပြုတတ်နိုင်ကြပါစေ..။ (မှတ်ချက်။ ။ Root ဖေါက်လိုက်လျှင် ဖုန်းပျက်တတ်သည်..။ ဖုန်းပျက်သွားရင်တော့ ကျနော့်ကို အပြစ်မတင်ကြဖို့ ကြိုတင် တောင်းပန်အပ်သည်..။)

14 comments:

  1. မပျက်ပါဘူး...Root ဖောက်ခြင်းအားဖြင့်..ပွင့်လင်းမှူ့အားပိုကောင်းလာမယ်...အင်တာနက်ဆွဲအားမြင့်လာမယ်...
    အရင်က ကစားလို့မရတဲ့ဂိမ်းတွေတော်တော်များများကို ကစားရလာမယ်....ဖုန်းကိုထိန်းချုပ်မှူ့မရှိ့တဲ့အတွက် သုံးရတာပိုကောင်းတယ်....ကိုယ်တွေ့ပါ...အခုဆိုရင်...မြန်မာစာအားလုံးအဆင်ပြေပါလျှက်နဲ့ ကိုယ်တိုင် root ဖောက်ပြီးသုံးလာတာ...၁.နှစ် ကျော်သွားပြီ..အားလုံး ok တယ်....မ ok တာကတော့ ဆိုင်က အာမခံပျက်သွားမှာကိုဘဲ...

    ReplyDelete
    Replies
    1. pls can you help me?how to root(jailbreak)ios 7.0.2 if you know pls reply here

      Delete
    2. BoAung Din ဆိုတဲ့ အကိုက ဖုန်းတစ်လုံးလောက်ပဲ Root ဖေါက်ဖူးတာ ဖြစ်မှာပါ..။ ဒါကြောင့် ဖုန်းတွေ Root ဖေါက်လိုက်လို့ ပေါ်လာတတ်တဲ့ ဖုန်းပျက်တတ်တဲ့ ပြဿနာတွေကို မသိတာဖြစ်ပါလိမ့်မယ်။ ကျနော်ကတော့ ဖုန်းဆိုင်လေး ဖွင့်ထားတာဖြစ်လို့ ဖုန်းအလုံးပေါင်းများစွာကို Root ဖေါက်ဖူးပါတယ်။ ကိုလွင်မင်း ပြောသလို ပြဿနာပေါ်ခဲ့တဲ့ ဖုန်းတွေ အများကြီးရှိခဲ့ဖူးပါတယ်။ ဘာပြဿနာမှ မဖြစ်တဲ့ ဖုန်းတွေလည်း ရှိခဲ့ဖူးပါတယ်။ တချို့ဆော့ဝဲလ်တွေက Root ဖေါက်ထားမှ အသုံးပြုလို့ရတာ မှန်ပါတယ်။ တချို့ဂိမ်းတွေနဲ့ Screen Recorder တွေလည်းပဲ ဖုန်းကို Root လုပ်ထားမှ အသုံးပြုလို့ ရတာပါ။ Root ဖေါက်လိုက်လို့ Wifi ခဏခဏသေသွားတဲ့ ဖုန်းတွေလည်း ရှိခဲ့ဖူးပါတယ်။ Root ဖေါက်လိုက်တဲ့အတွက် ဆိုင်က အာမခံလည်းပျက်သွားပါတယ်။ ဖုန်းနည်းပညာ Blog တွေ အများကြီးရှိပါတယ်။ ဖုန်းနဲ့ပါတ်သက်တဲ့ Root ဖေါက်နည်းတွေနဲ့ ဖြစ်ပေါ်လာတဲ့ ဆိုးကြိုးတွေကို အဲ့ဒီ Blog တွေမှာ သေချာ လေ့လာလိုက်ပါအုန်း BoAung Din ရေ... ဖုန်းတစ်လုံးလောက် Root ဖေါက်ဖူးပြီး၊ အဲ့ဒီဖုန်းတလုံးနဲ့ပဲ တစ်နှစ်ကျော် သုံးနေတာဆိုရင်တော့ Root ဖေါက်လိုက်လို့ ဖြစ်လာတဲ့ ဖုန်းပျက်တတ်တဲ့ ဆိုးကြိုးတွေကို မသိနိုင်ပါဘူး။

      Delete
    3. ကိုရွှေရိုးပြောတာအရမ်းမှန်ပါတယ် ကျွန်တော်လည်းကြုံဖူးလို့ပါ

      Delete
  2. အကိုရေ တခုလုပ်တတ်ပြန်ပါပြီးခင်ဗျာ ကျွန်တော်နေ့တိုင်းလေ့လာနေတဲ့ ROOT အကြောင်းလေးပါပဲ thank you so much for post
    ညီလေး အရိုး
    TEMPORARY THAILAND,PHUKET

    ReplyDelete
  3. အရမ်းကောင်းတဲ့ပို့စ်လေးပါ..ကျနော်ကိုယ်တိုင်လည်း Root ဖောက်နည်းတွေကိုလေ့လာနေဆဲပါ..။ ဒီပို့လေးကိုဖတ်
    ပြီးမှာအများကြီးရှင်းသွားပါတယ်.ဒီပို့လေးမှာပါတဲ့ မုန်တိုင်းဇော်ဂျီဖောင့်တော့မသုံးဖူးသေးပါ။ ဒါလေးနဲ့သူငယ်ချင်း
    ဖုန်းတွေကို Root ဖောက်ပေးရဦးမယ်..။ ဒီပို့လေးကို PDF ဖိုင်လေးနဲ့သိမ်းထားလိုက်ပါတယ်။

    ReplyDelete
  4. ကိုရွှေရိုးပြောတာရမ်းမှန်တယ်ဗျ သဘာဝလည်းကျတယ်

    ReplyDelete
  5. သူငယ်ချင်းများနှင့်ကိုလွင်မင်းဗိုလ်ခင်ဗျားဒီနေရာမှာတစ်ကယ်ကိုနားမလယ်လို့ဘယ်လိုလုပ်ရမယ်လို့ကျေးဇုးပြုပြီးရှင်ပြပါးလာခင်ဗျား(မိမိတို့ရဲ့ Android ဖုန်းကို ဖုန်းရဲ့ ကွန်ပျူတာနဲ့ ချိတ်တဲ့ ဆော့ဝဲလ Android ဖုန်းကို ဖုန်းရဲ့ ကွန်ပျူတာနဲ့ ချိတ်တဲ့ ဆော့ဝဲလ်ကနေ.. ပြန်ပြီး အင်တာနက်ကနေ Android ဗါးရှင်း OS ကို ကွန်ပျူတာ ဖေါ်မတ်ချသလို (ဝင်းဒိုးအသစ် တင်သလိုမျိုး) ပြန်ပြီး Install (Update) လုပ်ယူလို့ ရပါတယ်..။)ကျနော်သူငယ်ချင်ဖုန်းမှာအကိုပြေသလိုပျက်စီးတာမျာလို့ပြန်ပြီး Install (Update) လုပ်ချင်လို့( Android ဖုန်းကို ဖုန်းရဲ့ ကွန်ပျူတာနဲ့ ချိတ်တဲ့ ဆော့ဝဲလဲမရှိဘူး)ရှိရင်တင်ပေပါခင်ဗျားတအားသိချင်တာကတော့(ဘယ်လိချိတ်ပြီးဘယ်လို ( os ) လုပ်ရတယ်ဆိုတာကိုအရမ်းသိခင်လိုပါခင်ဗျား

    ReplyDelete
    Replies
    1. ကိုAungZawZawThanရေ. ဟုတ်ပါတယ်..။ ဒီလိုလုပ်နည်းက ရှင်းပြရခက်လို့ တခါမှမလုပ်ဖူးတဲ့သူများအတွက် နားလည်ရခက်ပါလိမ့်မယ်..။ ဒါကြောင့်ဒီပိုစ့်တင်တုန်းက အများကြီးရှင်းမပြခဲ့တာပါ..။ Hard Ware ပိုင်းထိတာမဟုတ်ပဲနဲ့ ဖုန်းရဲ့ OS ပျက်လို့၊ ဖုန်းတလုံးပျက်သွားပြီဆိုရင် အဲ့ဒီလိုဖုန်းတွေအတွက် OS Update လုပ်နိုင်ရန် ဖုန်းကုမ္ပဏီတွေက ကွန်ပျူတာမှာ အသုံးပြုဖို့အတွက် ထုတ်ပေးထားတဲ့ဆော့ဝဲလ်တွေရှိပါတယ်..။ အဲ့ဒီဆော့ဝဲလ်တွေကနေ ပြန်ပြီး ဖုန်းနဲ့ကွန်ပျူတာကို USB နဲ့ ချိတ်ဆက်ပြီး အင်တာနက်နေ ပျက်သွားတဲ့ OS ဗါးရှင်းအသစ်တခုကို ဖုန်းမော်ဒယ်အလိုက် Update ပြန်ခေါ်သွင်းယူလို့ ရပါတယ်..။ မိမိတို့အနေနဲ့ ဖုန်းမော်ဒယ် မှန်အောင် ရွေးပေးပြီး အဲ့ဒီဆော့ဝဲလ်တွေမှာ ပြထားတဲ့ ရှော့ကပ်ကီးတွေကို မိအောင် နှိပ်ပြီး ဗါးရှင်းအသစ်တခုကို ပြန်သွင်းယူလို့ ရပါတယ်..။ အရေးကြီးတာကတော့ စာဖတ်နိုင်ဖို့ပါပဲ..။ ဆော့ဝဲလ်တိုင်းမှာ E-လိုတွေပဲ ရေးပေးထားတော့ အဲ့ဒီစာတွေကို နားလည်အောင် ဖတ်နိုင်ရင် ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါလိမ့်မယ်..။ ကျနော့်အနေနဲ့တခုစီ လိုက်ရှင်းပြပေးဖို့ဆိုလည်း မဖြစ်နိုင်ပြန်ဘူး..။ ဖုန်းတလုံးနဲ့တလုံး လုပ်နည်းတွေ မတူတဲ့အတွက်ကြောင့်ပါ..။ အမျိုးအစားတူတာတောင် မော်ဒယ်မတူရင် လုပ်နည်း မတူပါဘူး..။ မိမိတို့ကိုယ်တိုင် နားလည်အောင် စာဖတ်ဖို့အဆင်မပြေဘူးဆိုရင်တော့ နားလည်တဲ့ လုပ်တတ်တဲ့သူနဲ့သာ ပြပြီး လုပ်ရင် အဆင်ပြေမှာပါ..။ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် ဖုန်းကုမ္ပဏီတွေက ထုတ်ပေးလိုက်တဲ့ဆော့ဝဲလ်တွေကို Google ကနေ ရှာယူပြီး ဖရီးအသုံးပြုနိုင်ပါတယ်..။ မိမိတို့ဖုန်းအမျိုးအစားအလိုက် ရှာယူရမှာဖြစ်ပြီး.. ဥပမာအနေနဲ့ကတော့.. Samsung ဖုန်းတွေအတွက်ဆိုရင် Samsung Kies ဆော့ဝဲလ်ကို ရှာယူပါ..။ Sony ဖုန်းတွေအတွက်ဆိုရင် Sony PC Companion ဆော့ဝဲလ်ကို ရှာယူပါ..။ တခြားဖုန်းတွေအတွက်လည်း ဖုန်းအမျိုးအစားအလိုက် Google မှာ ရှာလိုက်ရင် အလွယ်လေး ဒေါင်းယူအသုံးပြုနိုင်ပါတယ်..။ အခုနောက်ပိုင်းဖုန်းတွေမှာတော့ ကွန်ပျူတာနဲ့ တွဲသုံးဖို့အတွက် ဖုန်းရဲ့ Setting ထဲမှာ တခါတည်း သူဆော့ဝဲလ်ရဲ့ ဒေါင်းလော့ဒါလေးတွေပါလာတာကို တွေ့မိပါတယ်..။ ကွန်ပျူတာနဲ့ ချိတ်လိုက်တာနဲ့ အဲ့ဒီဆော့ဝဲလ်ဒေါင်လော့ဒါလေးက ပေါ်လာပြီး ဒေါင်းလော့ယူခိုင်းလေ့ ရှိပါတယ်..။ အဲ့ဒါမျိုးဆိုရင်တော့ ဒေါင်းယူပြီး အသုံးပြုယုံပါပဲ..။ Google ကနေ ရှာဖို့မလိုတော့ပါ..။ ဒီလိုလုပ်နည်းတွေကိုကျတော့ တခုစီရှင်းပြဖို့လည်း ခက်ပါတယ်..။ ပိုစ့်တင်ပေးဖို့လည်း အလွယ်ပြန်ပါဘူး..။ ဒါကြောင့် မိမိတို့ကိုယ်တိုင်ပဲ Google မှာ စာရိုက်ရှာပြီး E-လိုဖတ် လေ့လာမှ အဆင်ပြေမှာပါ..။ ဒီလောက်ဆိုရင်တော့ ဖုန်းတွေအတွက် OS အသစ်တခုကို Update ပြန်ထည့်ဖို့ လုပ်နည်းလေးတွေကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်..။ လေ့လာရင်း အဆင်ပြေနိုင်ပါစေဗျာ...

      Delete
  6. ကိုလွင်မင်းရေ.. Root ဖေါက်ရခက်တဲ့ Android Version 4.2.2 ဖြစ်တဲ့ Samsung Galaxy tab 3 8.0 SM-T315 ကို အကိုတင်ပေးလိုက်တဲ့ Kingo Root တူး နောက်ဆုံးထွက် ဗါးရှင်းလေးနဲ့ Root ဖေါက်လို့ အောင်မြင်သွားပါပြီ။ မုန်းတိုင်းဖေါင့်ချိန်ဂျာကိုလည်း ထည့်သုံးလို့ အဆင်ပြေသွားပါပြီ။ ကွန်ပျူတာနဲ့ ဖုန်းကို Driver သိဖို့ လိုက်လုပ်ရတာတခုပဲ ကြာပါတယ်။ အားလုံးအဆင်ပြေသွားလို့ ကျေးဇူးတင်ပါကြောင်း ..

    ReplyDelete
  7. စိတ်ပင်ပန်းခံပြီးရှင်းပြတဲ့တွက်အတိုင်းမသိကျေးဇူတင်ပါတယ်ခင်ဗျား

    ReplyDelete
  8. ဒီထက်မက အောင်မြင်နိုင်ပါစေ အကိုကြီး https://www.facebook.com/profile.php?id=100008283392843&ref=tn_tnmn#!/profile.php?id=100008283392843

    ReplyDelete
  9. အစ်ကိုယ့် post လေးကိုဖတ်ပီး ကျွန်တော့် xperia J လေးကို root လုပ်လိုက်တာ အားလုံး အိုကေတယ် မြန်မာစာလည်းမှန်တယ် ကျေးဇူးပါအစ်ကို

    ReplyDelete

Related Posts Plugin for WordPress, Blogger...