NextUp TextAloud 3.0.62 Final

Convert any text into voice and MP3 for PC or download to MP3 player. TextAloud is the leading text to speech program, available with exciting premium voices (including several languages) from ATT, Cepstral and NeoSpeech for the best in computer speech for your PC.
ဒီဆော့ဝဲလ်လေးကတော့ ရှားရှားပါးပါးဆော့ဝဲလ်တွေထဲက လက်တွေ့အသုံးဝင်တဲ့ ပရိုဂရမ်ကောင်းလေး တစ်ခုပါ..။ E-လိုရေးထားတဲ့ အင်တာနက်ကစာတွေနဲ့ တခြား copy ယူထည့်လို့ ရတဲ့ စာတွေမှန်သမျှကို ဒီပရိုဂရမ်လေးက လူတစ်ယောက် ဘေးနားကနေ စာဖတ်ပြနေသလို ၊ အသံထွက်၍ ဖတ်ပြပေးနိုင်ပါတယ်..။ မျက်စိမှုန်တဲ့လူတွေနဲ့ စာတွေအများကြီး မဖတ်နိုင်တဲ့ မျက်လုံးမကောင်းတော့တဲ့သူများအတွက် ဒီဆော့ဝဲလ်လေးက တန်ဖိုးမဖြတ်နိုင်တဲ့ ပရိုဂရမ်ကောင်းလေးတခုပါ..။ စာမဖတ်နိုင်တော့တဲ့ E-လိုကျွမ်းကျင်တဲ့ သက်ကြီးရွယ်အိုတွေအတွက်လည်း ဒီဆော့ဝဲလ်လေးနဲ့ ဖန်တီးပေးလိုက်တဲ့ သတင်း၊ မဂ္ဂဇင်း၊ စာစောင်တွေရဲ့ စာသားတွေကို အသံဖိုင်အဖြစ်ပြောင်းပြီး အလွယ်တကူ ပေးနားထောင်လို့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ နောက်တခုက E-လို အသံထွက်မှန်အောင် လေ့လာလိုတဲ့သူများအတွက်လည်း ဆောင်ထားသင့်၊ ရှိထားသင့်တဲ့ ဆော့ဝဲလ်လေးပါ..။ ပိုကောင်းတာတခုက မိမိတို့ နားထောင်လိုတဲ့ စာသားတွေကို MP3 အဖြစ်ပါ ပြောင်းပေးနိုင်တဲ့အတွက် သီချင်းတပုဒ်လို အခါခါဖွင့်ပြီး နားထောင်လို့ ရမှာပဲ ဖြစ်ပါတယ်..။ 
ဒီဆော့ဝဲလ်လေးကို ဖူးသုံးလို့ ရအောင် keygen လေးနဲ့ ကီးတွေယူပြီး ထည့်ပေးရမှာဖြစ်ပြီး.. အောက်မှာလည်း ဖူးဖြစ်အောင်၊ အသုံးပြုတတ်အောင်နဲ့ Install ထည့်တဲ့အခါမှာ ပြောင်းလဲပေးရမယ့် နေရာလေးတွေကို တဆင့်စီ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 20 MB ရှိပါတယ်..။






Install ပြီးတာနဲ့ ဒီကောင်လေးကို ဖွင့်ပါ..။ Antivirus တွေကို ပိတ်ထားပြီးမှ keygen ကို ဆက်ဖွင့်ပါ..။ အောက်ကပုံအတိုင်း GENERATE နေရာကို ကလစ်ပြီးမှ ကီးတွေကို copy-paste နဲ့ ထည့်ပေးလိုက်ပါ..။ Continue ကို နှိပ်ပြီး ဆက်သွားလိုက်ပါ..။



အပေါ်ကပုံအတိုင်း Thank You ဆိုရင်တော့ OK ပေးလိုက်လို့ ရသွားပါပြီ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အောက်ကပုံလေးတွေ အတိုင်း Continue > Next > Yes စသဖြင့် ကျနော်လုပ်သလို ဆက်လုပ်သွားလိုက်ပါ..။






ပြီးရင်တော့ Close ပေးပြီး ဒီကောင်လေးကို အသုံးပြုနိုင်ပါပြီ..။ အောက်ကမျှားပြထားတဲ့ နေရာကို ကလစ်ပြီး ဒီဆောဝဲလ်ထဲက စာသားတွေကို အသံနဲ့ စမ်းသပ်နားထောင်လို့ ရပါပြီ..။


အသံသွားတဲ့အတိုင်း စာသားတွေကို အောက်ကပုံလေးအတိုင်း ဟိုက်လိုက် အရောင်လေးနဲ့ လိုက်ပြပေးနေပါတယ်..။


အမျိုးသားအသံ၊ အမျိုးသမီး အသံတွေကိုလည်း အောက်ကပုံလေးအတိုင်း ပြောင်းယူနားထောင် နိုင်ပါတယ်..။


အောက်ကပုံကတော့ ကျနော် မြန်မာစာတွေထည့်ကြည့်တာပါ..။ ဒီကောင်လေးက မသိပါဘူး..။ အင်္ဂလိပ်စာတွေပဲ ရွေးပြီး ဖတ်သွားပါတယ်..။


မိမိတို့ နားထောင်လိုတဲ့ စာသားတွေကို copy-paste နဲ့ ထည့်ပြီး MP3 ဖိုင်အဖြစ် ပြောင်းယူလိုရင်တော့ အောက်ကပုံလေးအတိုင်း To File နေရာကို ကလစ်ပြီး OK ပေးပြီး လုပ်ယူနိုင်ပါတယ်..။ မျှားအပြာရောင်နေရာမှာတော့ မိမိတို့ အတွက် MP3 ဖိုင်ကို ပြနှ်ရှာလို့ အဆင်ပြေစေမယ့် နေရာ တခုခုကို ရွေးပေးဖို့ပါ..။ ဥပမာ Desktop လို နေရာမျိုးပါ..။ ဒီမှာတော့ ကျနော်က သူရွေးပေးထားတဲ့ နေရာအတိုင်းပဲ Save လုပ်လိုက်ပါတယ်..။



အောက်ဆုံးပုံလေးအတိုင်း MP3 ဖေါ်မတ်နဲ့ အသံဖိုင်လေးကို ရရှိပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

3 comments:

  1. အကိုရေ ဒေါင်းမရဘူး လင့်သေနေတယ် ကျေးဇူးပြုပြီး ကူညီပါ အကို

    ReplyDelete
  2. ဒေါင်းမရဘူးကျေးဇူးပြုပြီးဒေါင်းနည်းလေးပြေားပေးပါအကို

    ReplyDelete
  3. NextUp TextAloud 3.0.62 Final ပြန်တင်ပေးပါ please ကျေးဇူးတင်ပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...