Blog မှာ နာရီထည့်ချင်တဲ့ သူများအတွက်


မိမိတို့ရဲ့ ဘလော့မှာ နာရီထည့်နည်းလေးကို သိချင်တဲ့လူရှိလို့ ပြောပြပေးလိုက်ပါတယ်..။ တကယ်တော့ လုပ်နည်းမသိသေးလို့ ခက်နေတာပါ..။ သိသွားရင်ဘာမှ မခက်တော့ပါဘူး..။ အခုဒီနည်းလေးကလည်း နာရီမှ မဟုတ်ပါဘူး.. ဘယ်ဟာကိုပဲဖြစ်ဖြစ်ဒီနည်းနဲ့ ထည့်တာပါပဲ..။ မိမိတို့ရောက်ခဲ့တဲ့ ဘလော့ဆိုဒ်တွေမှာ တွေ့သမျှ လိုချင်တာလေးတွေကို အခုဒီနည်းလေးနဲ့ လုပ်ယူလို့ ရပါတယ်..။ တချို့နေရာတွေက အကောင့်တခုဖွင့်ပေးရတယ်..။ တချို့နေရာတွေက အကောင့်ဖွင့်ဖို့ မလိုဘူး..။ ဒါပဲကွာပါတယ်..။ Cbox မှာတောင်းထားတဲ့ ကိုစောကျော်ဦးနဲ့ အတူ တခြားမသိသေးတဲ့ သူများပါ သုံးတတ်အောင်လို့ ဒီနည်းလေးကို မျှဝေလိုက်ပါတယ်ခင်ဗျာ..
အရင်ဆုံး ကျနော့်ဘလော့ ပေါ်က နာရီပုံပေါ်မှာ မောက်စ်မျှားလေးတင်လိုက်ပါ..။ အောက်ကပုံအတိုင်း  ClockLink နဲ့ လက်ပုံလေးပေါ်လာရင် နှိပ်ပြီး ဝင်သွားလိုက်ပါ..


အောက်ပုံမှာပြထားတဲ့ ဆိုဒ်ကိုရောက်သွားပါလိမ့်မယ်..


အောက်ကပုံမှာတော့ ကျနော်တခုကိုရွေးလိုက်ပါတယ်..



အောက်တဆင့်မှာတော့ သေချာရွေးပေးဖို့ လိုပါတယ်..


HTML ကုဒ်တွေကို copy ကူးနည်းပါ..


copy ယူလာတဲ့ ကုဒ်တွေကို မိမိတို့ရဲ့ ဘလော့ Design ကနေ Add a Gadget , ကိုဖွင့် HTML/javaScript ထဲမှာ Paste နဲ့ ထည့်ပေးလိုက်ပါ..။ အောက်ပုံမှာ ဆက်ကြည့်လိုက်ပါ..





 ဒီအဆင့်ထိရောက်ရင်တော့ မိမိတို့ဖန်တီးလိုက်တဲ့ နာရီလေးကို ကြိုက်တဲ့နေရာမှာ ရွှေ့ထားလို့ ရပါပြီ.. ဆက်ကြည့်လိုက်ပါဗျာ..


ကျနော်ကတော့ ဒီအောက်ကအတိုင်း မောက်စ်နဲ့ ဖိဆွဲပြီး ရွှေ့ထားလိုက်ပါတယ်..


ပြီးရင်တော့ SAVE , View Blog ကိုနှိပ်လိုက်ရင် မိမိတို့ရဲ့ ဘလော့မှာ နာရီလေး ပေါ်လာပါပြီ..



အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ ကျေနပ်ပျော်ရွှင်ကြပါစေခင်ဗျာ..

14 comments:

  1. ကျေးဇူးအထူးတင်ပါတယ်ဗျာ ... အခုလို နားလည်အောင် အပင်ပန်းခံ ပုံတွေနဲ့ သင်ပြပေးတာကို ကျေးဇူးအရမ်းတင်ပါတယ် . . . အကို ပို့စ်တွေယူသွားခွင့်ပြုပါ . . . ပြန်ရှယ်ခွင့်တောင်းပါတယ် ...

    ReplyDelete
  2. အကိုရေကျေးဇူးပါဗျာ ကျနော်ကတော့ခုမှကလိနေဆဲပါ အခုလိုအကိုယ့်စာကိုဖတ်လိုက်ရတော့အရမ်းဝမ်းသာမီတယ်ဗျာကျေးဇူးပါနော်

    ReplyDelete
  3. ဘလော့နဲ့ ပတ်သက်ပြီး အစိမ်းသက်သက်ပါ။ အခုရက်ပိုင်းအတွင်း ဘလော့တစ်ခုစပြီးလုပ်ကြည့်ပါတယ်။ ပို့ စ်တင်တတ်ပေမယ် အခြားဘာမှမလုပ်တတ်သေးလို့ နည်းပညာဘလော့တွေထဲဝင်ကြည့်တဲ့အခါ ကိုလွင်မင်းဘိုဘလော့မှာနာရီထည့်နည်းတွေ့ လို့ လက်တွေ့ စမ်းကြည့်ပါတယ်။ ကျွန်တော်အောင်မြင်ခဲ့ပါတယ်။ ကျေးဇူးတင်ခြင်းနဲ့ အတူ ပညာဖြန့် ဝေသင်ကြားပေးသူဆရာတစ်ဦးအဖြစ်လေးစားသမှုပြုပါတယ်။

    ReplyDelete
  4. ကျေးဇူးပဲအကိုရေ ကျွန်တော်လည်းစပြီးလေ့လာနေတဲ့သူတယောတ်ပါ ကျွန်တော်ဘလော့လေးမှာလည်းထည့်ခြင်နေတာနဲ့ခုတော့နာ၇ီလှလှလေးတွေထည့်လိုရပြီး ကျွန်တော့်ဘလော့လေးကိုလာလည်ပါလိုဖိတ်ခေါ်ပါတယ် မှတ်းတာတွေ၇ှိနေရင်လည်းအမှာလေးတွေ ပြင်စရာ၇ှိတဲ့နေရာလေးတွေတွေ့ခဲ့ရင်လည်း တခါတည်းအားမနာတမ်းပြောခဲပါဗျာ ဒါမှအမှာလေးတေါပြင်၇င် ပိုပြီးနာလည်းတာပေါ့ အကိုတို့လိုနည်းပညာသမားတွေဒီထတ်ပိုပြိးနည်းပညာတွေကိုနာလည်ပြီးအောင်မြင်ပါစေလို့ဆုတောင်းပေးခဲပါတယ် ကျွန်တော်စာ၇ိုတ်တာအမှားလေးမှားပါရင်ခွင့်လွှတ်ပါ ကျွန်တော့်ရဲ့ဘလော့လေးပါပဲhttp://zawko-sandarsandarcom.blogspot.com/

    ReplyDelete
  5. လေးစားပါတယ်ကိုလွင်မင်းဗိုလ်ရေ။ ဒီထက့်ပညာတွေဖြန့်ဝေပေးနိုင်ပါစေဗျာ။

    ReplyDelete
  6. ကျေးဇူးပါအကို

    ReplyDelete
  7. အကို ကျွန်တော် ဘေးဆိုင်ကwifiကိုလပေးနဲ.ယူသုံးနေတာပါ။အခု လိုင်းကတက်လိုက် ကျလိုက်နဲ.ဖြစ်နေတယ်။အဲဒီလိုမဖြစ်အောင် လုပ်လို.၇မယ်.နည်းလေးကျေးဇူးပြုပြီးပြောပြပါခင်ဗျာ။ကျေးဇူးတင်စွာဖြင်.

    ReplyDelete
  8. ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ.

    ReplyDelete
  9. အကိုလွင်...
    ဘလော့ထဲမှာ ဒေါင်းလို့ဆော့ဝဲလ်တွေ တင်ဖို့အတွက် တင်လို့မတတ်ဘူး၊ ကျွန်တော်ကို တစ်ချက်လောက်တော့
    ရှင်းပြပေးပါလား..အကို လွင်မင်းဗိုလ်ရေ

    ReplyDelete
  10. ကျေးဇူးအထူးတင်ပါတယ်ဗျာ အခုလို နည်းပညာကို မျှဝေပေးတဲ့ အစ်ကိုရေ
    နည်းပညာတွေ ဆထက်တန်ခိုး တိုးပွားပါစေဗျာ

    ReplyDelete
  11. အကို website လုပ်နည်းလေး မြှဝေပေးပါအုန်း
    ကျွန်တော်လုပ်တဲ့ website က domain မရလို့မအောင်မြင်ဘူး
    ဖြစ်နေတယ်အကို ကူညီပါ

    ReplyDelete
  12. ကျွန်တော်bloge လေးကလိလိုက်မှားပြီးအပေါ်မှာ
    ဘာတွေပေါ်နေမှန်းမသိပါဘူးဗျာ ဖျောက်မရဖြစ်နေ
    တယ် ကျေးဇူးပြူပြီးနည်းပေးပါဦးဗျာ

    ReplyDelete
  13. အခုလိုမျိုး စေတနာနဲ့ ပြန်ပြီးမျှဝေပေးတဲ့ ဆရာကိုရင်ထဲကလိုက်လိုက်လှဲလှဲ ကျေးဇူးတင်မိတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...