မိမိတို့ကွန်ပျူတာမှ Drivers များကို ဒီဆော့ဝဲလ်ဖြင့် Backup လုပ်ထားသင့်သည် - Double Driver Backup


ဒါလေးကတော့ Drivers တွေကို Backup လုပ်ထားဖို့ပါပဲ..။ ဘာလို့လဲဆိုတော့ မိမိတို့ကွန်ပျူတာကို ဝင်းဒိုးအသစ်တင်တဲ့ အခါတွေမှာ Drivers တွေပျောက်သွားတတ်ပါတယ်..။ အဲဒီလိုအခါမျိုးတွေမှာ ဒီဆော့ဝဲလ်နဲ့ Backup လုပ်ထားခဲ့ရင် ပျောက်သွားတဲ့ Drivers တွေကို အလွယ်တကူ ပြန်ထည့်လို့ ရမှာဖြစ်ပါတယ်..။ အဲလိုမှ မဟုတ်ပဲ Drivers Backup လုပ်မထားခဲ့ဘူး ဆိုရင်တော့ ပျောက်သွားတဲ့ Drivers တွေကို မိမိတို့ စက်ရဲ့ Model အမျိုးအစားနဲ့ အင်တာနက်မှာ ခေါင်းမူးအောင် လိုက်ရှာပေတော့ ...။ တွေ့တဲ့အခါ ရှိသလို ရှာမတွေ့တဲ့ အခါတွေလည်းရှိပါတယ်..။ အခုနောက်ပိုင်း Model အသစ်တွေဆိုရင်တော့ ရှာရတာလွယ်ပေမယ့် ဟိုးအရင်တုန်းက Model အဟောင်းတွေဆိုရင်တော့ ရှာရခက်မှခက်ပဲ..။ ဒါတွေက ကိုယ်တိုင်ကြုံဖူးမှ Drivers ရှာရတဲ့ ဒုက္ခကို သိကြမှာပါ..။ အဲလိုမျိုး အခက်အခဲတွေ မဖြစ်အောင်လို့ မိမိတို့ရဲ့ စက်ထဲက Drivers တွေကို အခုကတည်းက Backup လုပ်ထားသင့်ပါတယ်..။
Drivers Backup လုပ်တဲ့ ဆော့ဝဲလ်တွေ အများကြီးရှိပေမယ်.. ဒီကောင်လေးကတော့ ကျနော်အမြဲသုံးနေတဲ့ ကောင်လေးပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးနဲ့ပဲ ကျနော်ဆိုဒ်မှာတင်ခဲ့တဲ့ Drivers တွေကို Backup လုပ်ခဲ့တာပါ..။ သုံးရတာလည်းလွယ်ပါတယ်..။ အသုံးပြုပုံကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ လိုအပ်တဲ့သူများကတော့ အောက်က အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါ..။ ဗါးရှင်းအဟောင်းလေးဆိုပေမယ့် သုံးရတာ အရမ်းအဆင်ပြေပါတယ်..။ ဒါကြောင့်ဒါလေးကို ရွေးပြီးတင်ပေးလိုက်တာပါ...။ 1.48 MB ပဲရှိပါတယ်...။

တောင်းဆိုတဲ့သူ များတဲ့အတွက် ဒီနေ့မှာ (14.9.13) ဒီဆော့ဝဲလ်လေးကို ပြန်တင်ပေးလိုက်ပါပြီ..



ဒီကောင်လေးကို အင်စတောဆွဲပြီးရင် ဒီပုံလေးအတိုင်းမြင်ရပါလိမ့်မယ်..။

ပြီးရင်တော့ အောက်ကပုံလေးအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ...။




အောက်ကပုံမျိုးပေါ်လာရင်တော့ ခဏစောင့်ပေးလိုက်ပါ..။ Drivers တွေကို ပြန်သိမ်းနေတာ ဖြစ်ပါတယ်..။



အပေါ်ပုံအတိုင်းပေါ်လာရင် Backup လုပ်တာပြီးသွားပြီ ဖြစ်တဲ့ အတွက် Close ကိုနှိပ်ပြီး ပိတ်လိုက်လို့ ရပါပြီ..။ Desktop မှာအောက်ကပုံအတိုင်း ပေါ်လာရင် တခါတည်း Winrar နဲ့ စာအုပ်ချုပ်ပြီး သိမ်းလိုက်ပါတော့....။ သိမ်းတဲ့အခါမှာလည်း တနေရာထဲမှာ မသိမ်းပဲနဲ့ ကွန်ပျူတာရဲ့ Partition တွေထဲမှာရော USB Pendrive တွေထဲမှာပါ ၂နေရာ၊ ၃နေရာ ခွဲပြီး သိမ်းသင့်ပါတယ်..။ တစ်နေရာထဲမှာ သိမ်းခဲ့ရင် ပျောက်သွားတဲ့ အခါ အခက်တွေ့မှာဆိုးလို့ နေရာတွေခွဲပြီး သိမ်းထားသင့်ပါတယ်..။ Winrar နဲ့ ဖိုင်ချုပ်နည်း၊ ဖိုင်ဖြည်နည်းကိုတော့ မသိသေးတဲ့သူများအတွက် ကျနော်ဆိုဒ်ရဲ့ ညာဘက်အခြမ်းမှာ Winrar ခေါင်းစဉ်နဲ့ တင်ပေးထားပါတယ်..။ 


Drivers Backup လုပ်ပြီးလို့ ရလာတဲ့ ဖိုင်ရဲ့ အထဲမှာ အောက်ပါအတိုင်း မြင်တွေ့ ရမှာဖြစ်ပါတယ်..။ Original Drivers ခွေမှာဆိုရင်တော့ Drivers software အစုံပါတဲ့အတွက် 2.5 GB ကျော်ရှိပါတယ်..။ ဒီကောင်လေးနဲ့ Drivers Backup လုပ်ပြီးပြန်သိမ်းတဲ့အခါမှာတော့ စက်ရဲ့အဓိကလိုအပ်တဲ့ Drivers တွေကိုပဲ ပြန်သိမ်းတာဖြစ်တဲ့အတွက် MB တစ်ရာကျော်လောက်ပဲ ရှိပါတော့တယ်..။ Winrar နဲ့ ချုပ်လိုက်ရင်တော့ သုံးပုံတစ်ပုံလောက် သေးသွားပါတယ်..။ 


အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..။

18 comments:

  1. ပညာတွေလေ့လာခွင့်ရတဲ့အတွက်များစွာဂုဏ်ယူမိပါကြောင်း၊
    နောက်လည်းပညာတွေများများရေးနိုင်ပါစေဆုတောင်းပေးပါတယ်။
    ပုံနဲ့တစ်ကွရှင်းပြပေးတာကိုအားရကျေနပ်မိပါတယ်။
    kanlinn2011@gmail.com

    ReplyDelete
  2. back up တော့လုပ်လို့ရပါတယ်ဗျာ
    ပြန်ပီး ဘယ်လို restore မလုပ်တတ်လို့
    ရှင်းပြပေးပါလား
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  3. လင့်တွေသေနေပြီ အကိုရေ

    ReplyDelete
  4. ပာုတ်တယ်အကိုေ၇ ဒေါင်းလို့မရဘူး

    ReplyDelete
  5. ဒေါင်းလို့မရဘူးအစ်ကိုရေ

    ReplyDelete
  6. အားရကျေနပ်မိပါတယ် ကျေးဇူးတင်ပါတယ်

    ReplyDelete
  7. အကိုရေ ဒေါင်းမရတော့လို့ပြန်စစ်ပေးပါအုံးနော်...အရမ်းလိုအပ်နေလို့ပါ ကျေးဇူးတင်ပါတယ်အကို

    ReplyDelete
  8. အကိုရေ ဒေါင်းမရတော့လို့ပြန်စစ်ပေးပါအုံးနော်...အရမ်းလိုအပ်နေလို့ပါ ကျေးဇူးတင်ပါတယ်အကို
    ဟုတ်ကဲ့ပါအကို ကျနော်လဲ အစကဒေါင်းလို့မရပါဘူး။ နောက်ထပ် အကိုလွင်တင်ထားတဲ့
    ပျက်သွားတဲ့ ဒေါင်းလော့လင့်မှ ဆော့ဝဲလ်ဖိုင်များ ပြန်တင်ပေးလိုက်ပါပြီ ထဲကနေဝင်ပြီးဒေါင်းယူလိုက်ပါ အကို
    ကျနော် ဒေါင်းလို့အဆင်ပြေသွားပါပြီ။
    http://lwinminbo.blogspot.com/2013/02/blog-post.html?showComment=1361543679899#c7429508551265619441

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
    Replies
    1. အကိုရေ လင့်တွေသေနေပါတယ် ပြန်တင်ပေးပါအုံးလား လိုအပ်နေတယ် ကျေးဇူးတင်ပါတယ်အကို











      Delete
    2. http://www.solidfiles.com/d/a942b2e9b7/

      Delete
  10. အကိုရေ လင့်တွေသေနေပါတယ် ပြန်တင်ပေးပါအုံးလား လိုအပ်နေတယ် ကျေးဇူးတင်ပါတယ်အကို။

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
    Replies
    1.့ ....မိမိတို့ကွန်ပျူတာမှ Drivers များကို ဒီဆော့ဝဲလ်ဖြင့် Backup လုပ်ထားချင် အကိုရေကုညီပါအုန်းလင့်သေနေလို

      Delete
  12. တစ်ခုခုရှာဖို့ ကို ကြည့်လိုက်ရင် စာလုံးတွေက လှုပ်နေတော့ မူးလိုက်တာ တမင်တကာများလုပ်ထားတာလား?တော်တော်လေး ဒုက္ခရောက်ပါတယ်........အကိုရေ..

    ReplyDelete
  13. လင်.တွေသေနေပြီအကိုကူညီပါအုံး

    ReplyDelete
  14. လင့်သေနေပြီ ကူညီပါဦးအကိုရေ။ 999naylinhtet@gmail.com

    ReplyDelete
  15. အစ်ကိုရေယူသွားပြီနော် ကျေးဇူးတင်ပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...