Acronis Disk Director 11 Home Build 11.0.216



Acronis Disk Director 11 Home သိပ်မကြာခင်က ထွက်ထားတဲ့ ဗါးရှင်းလေးပါ..။ ကျန်ခဲ့တဲ့ တပါတ်က Cbox မှာ အကိုတစ်ယောက်အတွက် တင်ပေးဖို့ ပြောထားလို့.. ရှိပြီးသားထဲက ပြန်ရှာတော့လည်း ရှာလို့ မရသေးတာနဲ့ ဒီကောင်လေးကို ကျနော်ကြည့်နေကြ နိုင်ငံခြားဆိုဒ်တွေမှာ တင်လာတာ တွေ့လို့ စမ်းသုံးရင် Key အမှန်လေးနဲ့ ဖူးသုံးလို့ ရတဲ့အတွက် ပြန်လည်တင်ပေးလိုက်ပါတယ်..။ ဟတ်ဒစ်ကို Clone လို့ခေါ်တဲ့ ဝင်းဒိုးတခုလုံးကို ဟိုဘက်ဟတ်ဒစ်ထဲကနေ ဒီဘက် ဟတ်ဒစ်ထဲကို copy ကူးပြီး ထည့်ဖို့ အတွက် အရင်ကျနော့်မှာ ရှိတဲ့ Acronis ISO ဖိုင်လေးကို CD နဲ့ အခွေကူးပြီး အလွယ်တကူ လုပ်ခဲ့တာပါ..။ အခုအဲ့ဒီ ISO ဖိုင်လေးကို ကျနော့် စက်ထဲမှာ ပြန်ရှာလို့ မရသေးလို့ ဒီကောင်လေးကို အရင်ရလာတာနဲ့ တင်ပေးလိုက်တာပါ..။ ဒီကောင်လေးနဲ့ ဟတ်ဒစ် Clone ကူးဖို့တော့ သေချာမသိသေးပါ..။ ကျန်တဲ့ ပါတေးရှင်းခွဲ၊ ဖေါ်မတ်ချ၊ Merge တို့ Split တို့ Format ပြောင်းတာတို့ အားလုံးအသုံးပြုလို့ ရပါတယ်..။ အသုံးပြုလို့ ရတဲ့ Feature တွေ အများကြီးပါတာမို့ တခုချင်းစီ လုပ်ပြပေးဖို့လည်း အဆင်မပြေပါဘူး..။ ဒါကြောင့် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ လေ့လာလို့ ရမယ့် Video ဖိုင်လေးတွေ ရှာပြီး ကျနော့် Blog ကနေ ကြည့်လို့ ရအောင် လင့်တွေချိတ်ပေးထားပါတယ်..။ ဟိုးအရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ MiniTool Partition Wizard ပိုစ့်တွေကို လေ့လာဖူးတဲ့ သူများကတော့ ဒီကောင်လေးကို အလွယ်တကူ အသုံးပြုတတ်ပါလိမ့်မယ်..။ အသုံးပြုနည်းနဲ့ လုပ်နည်းတွေ အတူတူပဲမို့ ဒီကောင်လေးကို အသုံးပြုရတာ မခက်တော့ပါဘူး..။ အောက်မှာတော့ ကျနော်ဒီကောင်လေးကို ဖူးဖြစ်အောင် Key တွေထည့်ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 116.2 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။
ဒီကောင်လေးကို အောက်ကပုံအတိုင်း Install ထည့်ပါတယ်..။ 



ကီးတောင်းတာနဲ့ အောက်ကပုံအတိုင်း ကီးတွေကို ထည့်ပေးလိုက်ပါ..။



အပေါ်က ပုံအတိုင်း Successfully စာသားနဲ့ ပေါ်လာရင် Close နဲ့ ပိတ်ပစ်လိုက်ပါ..။ ပြီးမှ Desktop က ဒီကောင်လေးရဲ့ Icon လေးကို ၂ချက်တောက်ပြီး ဖွင့်လိုက်ပါ..။ အောက်ကပုံတွေ အတိုင်း တွေ့ရပါလိမ့်မယ်..။ 


အောက်ကပုံတွေ အတိုင်း ပေါ်လာရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အသုံးပြုနည်းတွေကိုတော့ Video ဖိုင်လေးတွေ ကြည့်ပြီး လေ့လာလိုက်ပါဗျာ..။ 



အသုံးပြုနည်းတွေကို လေ့လာရန် အောက်မှာ Tutorial Video များကြည့်နိုင်ပါတယ်..။

Clone And Restore အတွက် အပေါ်ဆုံးက Video ကိုလေ့လာကြည့်ပါ..။


ဟတ်ဒစ်ကို ပါတေးရှင်း အပိုင်းတွေ ခွဲ၊ဖျက် လုပ်ဖို့ဆိုရင် အောက်က Video တွေကို ကြည့်ပါ..။



အားလုံးပဲ Video လေးတွေ လေ့လာရင်း အဆင်ပြေကြပါစေ..။

1 comment:

  1. အစ်ကိုရေ...ကျွန်တော့်စက်မှာ Mozilla Firefox အသုံးပြုလို့မရဘူးဖြစ်နေတယ်ခင်ဗျာ...
    ဖွင့်လိုက်ရင် ပွင့်တယ်နောက်ပြီး ပင့်ကူ ပုံစံအကောင်လေးနဲ့ဘောက်တစ်ခုကျလာပြီးတော့
    Restart ပြန်လုပ်ခိုင်းတယ် လုပ်တော့လဲဒီအတိုင်းပြန်ပြန်ဖြစ်နေတယ်အစ်ကို..

    windows7 64bit ASUS ပါ။
    ကျေးဇူးတင်ပါတယ်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...