DriverEasy Pro 4.4.2.29319 Final


ဒီကောင်လေးက ကျနော်တို့ ကွန်ပျူတာထဲမှာ လိုအပ်နေတဲ့ Drivers တွေနဲ့ Outdate ဖြစ်နေတဲ့ Driver တွေကို လိုက်ရှာပြီး အော်တိုလိုင်းပေါ်ကနေ ဒေါင်းယူပေးနိုင်တဲ့ DriverEasy Pro 4.4.2.29319 Final ဗါးရှင်းလေးပါ..။ ဒီကောင်လေး ဒေါင်းယူပေးတဲ့ Drivers တွေကို ကျနော်တို့က Install စာသားမှာ တချက်ကလစ်ပြီး စက်ထဲကို ထည့်ပေးလိုက်ယုံပါပဲ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ကျနော်ဒီဒေါင်းလော့ဖိုင်လေးထဲမှာ Keygen လို့နာမည်ပေးထားတဲ့ Keymaker လေး ထည့်ပေးထားပါတယ်..။ အဲ့ဒီကောင်လေးနဲ့ ဒီ DriverEasy ဆော့ဝဲလ်ကို ဖူးလုပ်ပြီး သုံးရမှာပါ..။ ဒီ keygen လေးကို ဖွင့်တော့မယ်ဆိုရင် Antivirus တွေကို ပိတ်ထားပြီးမှ ဖွင့်သုံးလို့ရမှာပါ..။ နောက်တခုက မိမိတို့စက်ထဲမှာ Microsoft .Net FramWork 4.0 ရှိဖို့လိုပါတယ်..။ မရှိသေးရင်တော့ ဒေါင်းလော့လင့် ယူတဲ့ နေရာမှာ တခါတည်း တင်ပေးထားပါတယ်..။ ဒေါင်းယူပြီး တခါတည်း Install ထည့်ပေးပြီးမှ ဒီ Keygen ကို ဖွင့်လို့ ရမှာပါ..။ အောက်မှာလည်း ဒီကောင်လေးကို ကျနော် အသုံးပြုပုံတွေနဲ့ Keygen လေးသုံးပြီး ဖူးဖြစ်အောင် လုပ်ပြပေးထားပါတယ်..။ မိမိတို့ စက်မှာ Driver မစုံလို့ စိတ်ညစ်နေတဲ့ သူများနဲ့ တခြားလိုအပ်တဲ့ သူများကတော့ ဒီကောင်လေးကို အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.2 MB ရှိပြီ.. Microsoft .Net FramWork 4.0 ကတော့ 41 MB ရှိပါတယ်..။ ဒီဖိုင်လေးတွေကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တွေနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။



ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးရဲ့ အောက်ဆုံးမှာ ပြထားတဲ့ Register စာသားကို တချက်ကလစ်ပြီး Keygen ကိုဖွင့်ပါ..။



အပေါ်ကပုံအတိုင်း Microsoft .Net FramWork 4.0 ကို Install ထည့် Finish ပြီးမှ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Keygen လေးကို ဖွင့်သုံးလို့ ရမှာပါ..။ အပေါ်ဆုံးပုံမှာ ပြထားတဲ့ အတိုင်း Register စာသားကို တချက်ကလစ်ပြီးမှ ဒီ Keygen ကို ဖွင့်သုံးပါ..။ အောက်ကပုံအတိုင်း သုံးထောင့်မျှား အမဲလေးတွေ နေရာကနေ ကျနော်ထည့်ပြထားတဲ့အတိုင်း လိုက်ရွေးယူလိုက်ပါ..။ ပြီးရင်တော့ Generate ကိုနှိပ်လိုက်ရင် Finish! Enjoy စာသားနဲ့ OK ပေါ်လာပါလိမ့်မယ်..။ ဒါဆိုရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ Keygen ရော၊ DriverEasy ပရိုဂရမ်ကိုပါ ပိတ်ပစ်လိုက်ပါ..။ ပြီးမှ DriverEasy ကို၂ချက်တောက်ပြီး ပြန်ဖွင့်လိုက်ရင်တော့ ဖူးသုံးလို့ ရသွားပါပြီ..။ အောက်ကပုံတွေမှာ ဆက်ကြည့်ပေးပါ..။



အပေါ်ကပုံအတိုင်း Full ဖြစ်သွားတဲ့အတွက် Register မရှိတော့ပါဘူး..။ ပြီးရင်တော့ Scan Now ကိုနှိပ်ပြီး ဒီကောင်လေးကို စသုံးလို့ ရသွားပါပြီ..။ အောက်ကပုံအတိုင်း Outdate Drivers: တွေနဲ့ Missing Drivers: တွေပေါ်လာပြီးရင်တော့ Get Drivers နေရာကို နှိပ်ပေးလိုက်ပါ..။ 



အပေါ်ကပုံအတိုင်း Download All စာသားကို နှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း တခုပြီးတခု ဒေါင်းယူပေးပါလိမ့်မယ်..။ ဒေါင်းလို့ ပြီးသွားတဲ့ Drivers တွေကိုတော့ Completed ဆိုပြီး အစိမ်းရောင်နဲ့ ပြပေးထားမှာ ဖြစ်ပြီး ဒေါင်းယူနေတုန်း Driver ကိုတော့ Downloading ဆိုပြီး အပြာရောင်နဲ့ ပြပေးနေပါလိမ့်မယ်..။ ဒေါင်းဖို့ ကျန်နေသေးတဲ့ Driver တွေကိုတော့ Pending download စာသားနဲ့ ပြထားပါလိမ့်မယ်..။ ဒီ Drivers တွေအားလုံကို ပြည့်ဖို့ဆိုရင်တော့ တော်တော်လေး အချိန်ပေးပြီး စောင့်ရပါတယ်..။ ဒီကောင်လေးရဲ့ ဒေါင်းလော့ Speed ကအရမ်းနှေးတဲ့အတွက် ကြောင့်ပါ..။ တကယ်တမ်း လိုအပ်တဲ့ Drivers တွေဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ စောင့်နေပေးလိုက်ပါ..။ အပေါ်ပိုင်းမှာ ပြထားတဲ့ထဲက Download All နဲ့ မယူပဲ တခုချင်းစီရဲ့ ဘေးက Download စာသားလေးတွေကိုပဲ ရွေးပြီး မိမိတို့ လိုအပ်တဲ့ Drivers တွေကိုပဲ ဒေါင်းယူလို့လည်း အဆင်ပြေပါတယ်..။ 



ဒေါင်းလို့ ပြီးသွားတဲ့ Driver တွေကိုတော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Install စာသားကို တချက်ကလစ်ပြီး မိမိတို့စက်ထဲကို ဆော့ဝဲလ်တွေ ထည့်နည်းအတိုင်း Next >> Next >> OK >> Finish စာသားတွေကို လိုက်ကလစ်ပြီး ထည့်ပေးရပါတယ်..။ 



အပေါ်ကပုံအတိုင်း ဒေါင်းယူထားပြီးသား လိုအပ်တဲ့ Drivers တွေကို Install ထည့်ပေးလိုက်ရင်တော့ မိမိတို့စက်မှာ Drivers မစုံလို့ စိတ်ညစ်ရမယ့် ဘေးက ကင်းဝေးသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ Drivers တွေစုံ၍ အဆင်ပြေကြပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...