Free PDF Reader 1.1.3


ဒီကောင်လေးက PDF ဖေါ်မတ်နဲ့ စာအုပ်ချုပ်ထားတဲ့ ဖိုင်တွေကို ဖတ်ဖို့အတွက် အသုံးဝင်တဲ့ Free PDF Reader 1.1.3 လေးပါ..။ အရင်တင်ပေးခဲ့ ဖူးတဲ့ Reader တွေလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရ အဆင်ပြေတဲ့ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ဒီကောင်လေးမှာ တခြား Reader တွေထက် ပိုကောင်းတာလေးတွေ ရှိပါတယ်..။ ကျနော်တို့ ဒီကောင်လေးနဲ့ စာဖတ်တဲ့အခါ စာမျက်နှာတွေကို တခုချင်းစီ ဖေါ်ပြပေးထားတဲ့ အတွက် ကျနော်တို့ စာမျက်နှာကို ကျော်ကြည့်လိုတဲ့အခါ အလွယ်တကူ ကျော်ကြည့်နိုင်ပါတယ်..။ နောက်တခုက PDF ကနေ Word ကိုပြောင်းပေးနိုင်တဲ့ ဖရီး Converter လေးကိုလည်း သူ့ရဲ့ ဆိုဒ်မှာ အလွယ်သွားယူလို့ ရအောင် လင့်ချိတ်ပေးထားပါသေးတယ်..။ အောက်မှာ ကျနော်ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ တခြား Hand Tool တို့၊ Zoom တို့ကတော့ Foxit Reader အတိုင်းပါပဲ..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.2 MB ရှိပါတယ်..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။






အားလုံးပဲ အဆင်ပြေကြပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...