Foxit PDF Creator 3.0.2.0506


17 Mar 13, 01:40 PM
nyilay: ကိုလွင်းမင်းခင်ဗျား.. ညီလေးကို PDF Creator လေးတစ်ခုတင်ပေးပါလား အချိန်ရရင် pdf ဖိုင်လေးတွေ့ ဖန်တီးချင်လို့ပါ.. အစဉ်လေးစားစီာဖြင့်.. nyilay
ကျနော် PDF Creator လေးတွေ မတင်ပေးဖြစ်တာ တော်တော်ကြာသွားပါပြီ..။ အရင်တင်ပေးခဲ့ဖူးတဲ့ ဖရီး PDF Creator လေးတွေလည်း ဒေါင်းလော့လင့်တွေ ပျက်ကုန်လောက်ပြီ ထင်ပါတယ်..။ ဒီနေ့တော့ တောင်းလာတဲ့လူရှိလို့ ဖရီးထဲက မဟုတ်တဲ့ ဒီကောင်လေးကို ရှာပြီးတင်ပေးလိုက်ပါတယ်..။ အသုံးပြုပုံကတော့ အရင်တုန်းက ဖရီးတွေနဲ့ အတူတူပါပဲ..။ မသိသေးတဲ့၊ မလုပ်တတ်သေးတဲ့ သူများအတွက် အဆင်ပြေပြေ အသုံးပြုတတ်အောင် ကျနော် အောက်မှာ ပုံလေးတွေနဲ့ Key ထည့်ပြီး လုပ်ပြထားပါတယ်..။ လိုအပ်တဲ့ သူများအောက်မှာ ဆက်ကြည့်ပေးပါ..။ PDF ဖိုင်ထုတ်ဖို့ ဆိုရင် Microsoft Office Word တော့ မိမိတို့စက်ထဲမှာ ရှိရပါမယ်..။ ဒါမှ ဒီကောင်လေးနဲ့ တွဲပြီး အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဒီ Foxit PDF Creator လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6.2 MB ရှိပါတယ်..။ ဒီဖိုင်လေးထဲမှာပါတဲ့ 32-bit အတွက်နဲ့ 64-bit အတွက် ဖိုင်၂ခုကို မိမိတို့ဝင်းဒိုးနဲ့ ကိုက်ညီတဲ့၊ တူတဲ့ ဖိုင်ကိုရွေးပြီး Install ထည့်ပေးရမှာပါ..။ ဒါဆိုရင် ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။




ဒီကောင်လေးကို Install ထည့်ပြီးတဲ့ အခါမှာတော့ အပေါ်ကတိုင်း Finish ပေးပြီးရင် အောက်ကအတိုင်း ကီးတောင်းတဲ့ ဘောက်စ်လေး ပေါ်လာပါလိမ့်မယ်..။ Notepad လေးနဲ့ ထည့်ပေးထားတဲ့ Keyfile လေးကို ဖွင့်ပြီး အောက်ကပုံအတိုင်း ထည့်ပေးလိုက်ရင် ဒီကောင်လေး ဖူးဖြစ်သွားပါပြီ..။



Thanks ဆိုရင်တော့ OK ပေးပြီး အသုံးပြုလို့ ရသွားပါပြီ..။ အောက်ကတော့ MS Office Word 2010 နဲ့ လုပ်ပြထားတာဖြစ်ပါတယ်..။ မိမိတို့ ထည့်ချင်တဲ့ ပုံတွေ ၊ စာတွေကို Word ထဲမှာထည့်ပြီး ပုံမှာမျှားထိုးပြထားတဲ့ File ကနေ သွားပါတယ်..။


အောက်ကမျှားလေးတွေ အတိုင်းအဆင့်ဆင့်သွားလိုက်ပါ..။




အပေါ်ကပုံတွေအတိုင်း နာမည်ပေးပြီး ဖိုင်တခုထဲမှာ သိမ်းပေးလိုက်ရင် အောက်ကပုံအတိုင်း PDF ဖိုင်လေးရရှိပါပြီ..။ ၂ချက်တောက်ပြီး ဖွင့်လိုက်ရင်တော့ PDF Reader လေးနဲ့ ပွင့်လာပါလိမ့်မယ်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..။



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...