Acronis True Image Home 2013.16.0 Build 5587 BootCD



Acronis True Image Home 2013 နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ Bood CD ဖြစ်တဲ့အတွက် ဒီကောင်လေးကို အသုံးပြုဖို့ဆိုရင်တော့ ဒီဒေါင်းလော့ဖိုင်လေးထဲက ISO ဖိုင်လေးကို CD တချပ်နဲ့ အခွေ Burn ပြီးမှ အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ အသုံးပြုတဲ့ အခါမှာလည်း ဝင်းဒိုးပိတ်ပြီး အသုံးပြုရမှာ ဖြစ်တဲ့အတွက် ကျနော်ဒီကောင်လေးကို လေ့လာလို့ ရအောက် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ Video ဖိုင်လေးတွေ ရှာပြီး ချိတ်ပေးထားပါတယ်..။ အသုံးမပြုတတ်သေးတဲ့ သူများကတော့ သေချာလေ့လာပြီးမှ အသုံးပြုဖို့ သတိပြုစေချင်ပါတယ်..။ အရင်ကျနော်အသုံးပြုဖူးတာက 2011 ထုတ် ဗါးရှင်း၊ အခုဒီကောင်လေးက နောက်ဆုံးထွက်လေး ပြန်ရှာပြီးတင်ပေးထားတဲ့ 2013 ထုတ်ပါ..။ အရင်ကောင်လေးနဲ့ Features တွေ နည်းနည်း ကွဲတဲ့အတွက် အသုံးပြုတဲ့အခါမှာ နည်းနည်းလေးကွဲပါတယ်..။ ဒါကြောင့် သေချာလေ့လာပြီးမှ အသုံးပြုသင့်ပါတယ်..။ အမှားတခုဖြစ်တာနဲ့ မိမိစက်ရဲ့ ဟတ်ဒစ်တခုလုံး Format ချပြီးသား ဖြစ်သွားပါလိမ့်မယ်..။ ကျနော်လည်း ဒီလို ကြုံခဲ့ဖူးပြီ ဖြစ်လို့ နောက်လူတွေကို ဒီလို အမှားတွေမဖြစ်ရအောင် သေချာလေ့လာပြီးမှ အသုံးပြုဖို့ အကြံပေးခဲ့ချင်ပါတယ်..။ ဒီကောင်လေးမှာ ဟတ်ဒစ်နဲ့ ပါတ်သက်လို့ အသုံပြုလို့ ရတဲ့ Features တွေ အများကြီးပါတဲ့ အတွက်လူသုံးများ ၊ လူကြိုက်များတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ အခုဒီပိုစ့်အတွက်တော့ ဟတ်ဒစ်ကို Clone လို့ ခေါ်တဲ့ ဝင်းဒိုးတခုလုံး ၊ ဟတ်ဒစ်တခုလုံး Bootable ဖြစ်အောင်၊ ဟတ်ဒစ်၂ခုနဲ့  ဟိုဘက်၊ဒီဘက် copy ကူးတတ်အောင်အတွက် အောက်မှာ Video ဖိုင်လေးတွေ လေ့လာလိုက်ရင် အသုံးပြုတတ်သွားပါလိမ့်မယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ part-1 / part-2 ၂ခုပေါင်းရင် 270 MB ရှိပါတယ်..။ 


ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။


အောက်ကပုံလေးတွေကတော့ ဒေါင်းလော့ဖိုင်လေး ၂ခုကို ဖိုင်ဖြည်ပြီး CD Burn တတ်အောင် ပြပေးထားတာပါ..။ အရင်ပိုစ့်တွေမှာ တင်ပေးခဲ့ ဖူးတဲ့ လုပ်နည်းတွေ အတူတူပါပဲ..။ 




အောက်ကပုံအတိုင်း CD နဲ့ အခွေ Burn ပါတယ်..။ ဝင်းဒိုးထဲမှာပါတဲ့ Windows Image Burner နဲ့ အခွေ Burn တာ ပိုလွယ်တဲ့ အတွက် ဒီနည်းနဲ့ ပြပေးလိုက်ပါတယ်..။



CD ထည့်ပြီးတာနဲ့ အမှန်ခြစ်ပေး Burn ကိုနှိပ်လိုက်ပါ..။




Successfully ဆိုရင်တော့ အခွေထွက်လာပါလိမ့်မယ်.။ Close ပေးလိုက်ပြီး ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။ Video လေးတွေ လေ့လာရင်း အဆင်ပြေကြပါစေ..။
လေ့ကျင့်ခန်း Video များ လေ့လာရန်









No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...