Advanced SystemCare 7 Beta 2.0 (7.0.2.268) Final

ဒီနောက်ဆုံးထွက် Update လေးက ဖရီးပေးသုံးတဲ့ Advanced SystemCare 7 Beta 2.0 Final ဗါးရှင်းလေးပါ..။ IDM လိုပဲ Update ထွက်တိုင်း တင်ပေးနေကျမို့ ဒီနောက်ဆုံးထွက်လေးကိုလည်း တင်ပေးလိုက်ပါတယ်..။
မိမိတို့ရဲ့ ကွန်ပျုတာနဲ့ Browser တွေကို အမှိုက်တွေရှင်းပြီး၊ မြန်ဆန်သွက်လက်အောင် ပြုလုပ်ပေးနိုင်တဲ့ System Tools တွေထဲမှာ ဒီကောင်လေးကလည်း နာမည်ကြီးလှပါတယ်..။ ဝင်းဒိုးထဲက Registry Error တွေကိုပါ ပြန်ပြီး Repair လုပ်ပေးနိုင်တဲ့အတွက် သုံးဖူးသူတိုင်း ကြိုက်ကြပါတယ်..။ တခါတလေမှာတော့ သတိမထားမိပဲ ဒီကောင်လေးကို အသုံးပြုပြီး ဆော့ဝဲလ်တွေ Install နဲ့ Uninstall တွေ ပြုလုပ်ခဲ့မယ်ဆိုရင်  အဆင်မပြေတတ်တဲ့အခါမှာ ဝင်းဒိုး ပြန်မတက်နိုင်တဲ့ Error တွေ ကြုံရတတ်ပါတယ်..။ ဒါကြောင့်မို့ ဒီလို System Tools တွေကို အသုံးမပြုခင် အရင်ဆုံး Restore Point တွေဖန်တီးထားပြီးမှ အသုံးပြုသင့်ပါတယ်..။ နောက်တခုက ဒီကောင်လေးကို အသုံးပြုပြီးတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်သုံးရမှာပါ..။ ဒါမှသာ ဝင်းဒိုး မတက်နိုင်တဲ့ Error မျိုး မဖြစ်တော့မှာပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်ပိုစ့်တခုဖြစ်တဲ့ Advanced-SystemCare မှာ ပြန်ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 28 MB ရှိပါတယ်..။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...