SpyHunter 4.15.1.4270 Final

 SpyHunter 4.15.1.4270 Final ဗါးရှင်းလေးပါ..။ မိမိတို့ဝင်းဒိုးထဲမှာ ရှိနေတဲ့ ဗိုင်းရပ်စ်ပေါင်းစုံနဲ့ Anti-Spyware တွေကို ဒီကောင်လေးက ရှာဖွေရှင်းလင်းပေးနိုင်ပါတယ်..။ ဒီဆော့ဝဲလ်လေးကို သူငယ်ချင်း တစ်ယောက်စက်မှာ ဗိုင်းရပ်စ်များလွန်းလို့ ရှင်းပေးဖို့ လိုက်ရှာရင်းနဲ့ ရလာတာလေးပါ..။ ကွန်ပျူတာစကိုင်ကတည်းက ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေ မသုံးတတ်လို့ မသုံးခဲ့တာ ၂-နှစ်ကျော်သွားပြီတဲ့.. အဲ့ဒီစက်က ဗိုင်းရပ်စ်မျိုးစုံ ဝင်မွှေနေလို့ စက်ကကြောင်တောင်တောင် ဖြစ်နေပြီ..။ ဒီကောင်လေးနဲ့ သုံးပေးလိုက်တာ အတော်လေး အဆင်ပြေသွားပါတယ်..။ သူ့စက်က အဆင်ပြေပေမယ့် ကျနော် Pendrive 16 GB ကတော့ ဗိုင်းရပ်စ်ထိပြီး ဖိုင်တွေအားလုံး ရှော့ကပ်တွေပဲ ဖြစ်ကုန်လို့ ဖွင့်သုံးလို့ မရတော့ပါဘူး..။ အဲ့ဒါနဲ့တခါတည်း ရှော့ကပ်ဗိုင်းရပ်စ်ဖြေရှင်းနည်းတွေနဲ့ ရှင်းမှ ဖိုင်တွေ ပြန်လည် အသုံးပြုလို့ ရခဲ့ပါပြီ..။ နောက်နေ့မှာတော့ ကျနော့် Pendrive ထဲမှာ ဗိုင်းရပ်စ်ထိသွားခဲ့တဲ့ ရှော့ကပ်ဗိုင်းရပ်စ် ဖြေရှင်းနည်း ၊ ဖြေရှင်းတတ်အောင် ပိုစ့်တင်ပေးပါအုန်းမည်..။ အခုဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်လေးထဲမှာ crack ဖိုင်လေးပါ ထည့်ပေးထားပြီး အသုံးပြုတတ်အောင် အစအဆုံး ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 43 MB ရှိပါတယ်..။
ဒီကောင်လေးက Registry တွေပါ ရှင်းပေးမှာ ဖြစ်တဲ့အတွက် အသုံးမပြုခင် မိမိတို့ စက်ကို Restore Point တွေ ဖန်တီးထားဖို့ သတိရပါ..။ စက်ကြောင်သွားခဲ့ရင် System Restore နဲ့ နောက်ပြန်သွားလို့ ရမှာ ဖြစ်ပါတယ်..။ 



 ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း အရင်ဆုံး Data တွေကို အင်တာနက်ဖွင့်ပြီး Update လုပ်ပေးလိုက်ပါ..။ Data တွေ Update ပြည့်မှ ပိတ်ပြီး crack ဖိုင်လေး ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရမှာ ဖြစ်ပါတယ်..။ အစအဆုံး အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ တဆင့်စီ နားလည်အောင် ပုံလေးတွေနဲ့ သေချာကြည့်ပေးပါ..။




အပေါ်ပုံအတိုင်း ရွေးယူပြီးရင် အောက်ကပုံအတိုင်း Data တွေကို အရင်ဆုံး Update လုပ်ပေးလိုက်ပါ..။ 



Data တွေ Update ပြည့်ရင် အောက်ကပုံအတိုင်း Stop Scan ကို ကလစ်ပြီး ပိတ်လိုက်ပါ..။ အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့်ပိတ်ပြီး crack ဖိုင်လေး ထည့်ပေးလိုက်ပါ..။





အပေါ်ပုံအတိုင်း Trail နေရာမှာပါ Exit နဲ့ ထွက်ပေးလိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံလေးတွေ အတိုင်း crack ဖိုင်လေး သွားထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။


crack ထည့်နည်းက အရင်ပိုစ့်တွေ အတိုင်းပဲမို့ စာတွေ အများကြီးမရေးတော့ပါ..။ ဒေါင်းလော့ဖိုင်ထဲမှာ ပါတဲ့ crack လေးကို အောက်ကပုံအတိုင်း ထည့်ပေးလိုက်ရင် ရပါပြီ..။




crack ထည့်ပြီးရင်တော့ ပိတ်ပစ်လိုက်ပြီး ဒီကောင်လေးကို ၂-ချက်တောက် ဖွင့်သုံးလို့ ရပါပြီ..။ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။



အပေါ်ကဘောက်စ်လေး ခဏခဏပေါ်ပါမည် Close ကိုနှိပ်ပြီး ဖျက်ပစ်ပါ..။ ဒီကောင်လေးကို ၂-ခါ၊ ၃-ခါ သုံးပြီးသွားရင်တော့ Uninstall နဲ့ ပြန်ထုတ်ပစ်တာ ပိုကောင်းပါမည်..။ ဘာလို့လဲဆိုတော့ အပေါ်ကလို ဘောက်စ်ပေါ်လာရင် မသိတဲ့သူက တခုခုနှိပ်ပေးလိုက်ရင် စက်ကြောင်သွားမှာပဲ ဖြစ်ပါတယ်..။ ဒါကြောင့် ၂-ခါ၊ ၃-ခါ အသုံးပြုပြီးရင် Uninstall နဲ့ ထုတ်ပစ်လိုက်ပါ..။  အောက်ကပုံအတိုင်း ကလစ်ပြီး အသုံးပြုနိုင်ပါပြီ..။ 



မိုဇီလာလို Browser တွေကို ပိတ်ပစ်ပေးရမှာပဲ ဖြစ်ပါတယ်..။ အပေါ်နဲ့ အောက်ကပုံလေးတွေ အတိုင်းပါ..။



Scan ပြီးသွားရင်တော့ အောက်ကပုံအတိုင်း Fix Threats ကို ကလစ်ပြီး အောက်ဆုံးပုံလေး အတိုင်း ဆက်လုပ်ပေးလိုက်ပါ..။




အပေါ်ပုံအတိုင်း အပြောင်းအလဲလေး လုပ်ပြီးသွားရင်တော့ Apply Fix ပေးလိုက်ပါ..။ အောက်ဆုံးပုံလေးတွေ အတိုင်း ဆက်ပေါ်လာရင် စက်ကို Restart ချပေးရမှာဖြစ်ပါတယ်..။ 



 Restart PC ပေးပြီးရင်တော့ စက်ပြန်တက်လာတဲ့ အခါ ဗိုင်းရပ်စ်တွေ ကင်းရှင်းသွားလို့ အရင်ကထက် အသုံးပြုလို့ ကောင်းနေပါလိမ့်မယ်..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...