Glary Utilities Pro 3.9.0.137 Final


Glary Utilities Pro 3.8.0.137 Final လေးမှာ အသုံးဝင်တဲ့ Features တွေ အတော်လေး စုံပါတယ်..။ ဒီကောင်လေးရဲ့ အသုံးဝင်ပုံတွေက Advanced SystemCare နဲ့ CCleaner တို့လို အသုံးဝင်တာတွေ တူပြီး ဒီကောင်လေးမှာ ပိုကောင်းတာက ကျနော်တို့ ကွန်ပျုတာကို Shut Down ပိတ်လိုက်တဲ့ အချိန်မှာ တနေ့တာ ကျနော်တို့ အသုံးပြုထားတဲ့ History တွေ၊ Most Recently Used Lists တွေ၊ Privacy tracks တွေ၊ Caches လို့ခေါ်တဲ့ မလိုတဲ့ အမှိုက်တွေနဲ့ Temporary Files တွေကို တခါတည်း ရှင်းလင်းပေးနိုင်ပါတယ်..။ ဒီနည်းတွေကတော့ သူ့ရဲ့ Options တွေမှာ လိုက်ပြောင်းပေးရမှာ ဖြစ်ပြီး.. မပြောင်းလဲလိုရင်လည်း ဒီအတိုင်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဒီလို Options ကနေ လိုက်ပြောင်းပေးပြီးရင်တော့ Browser တွေကနေ Face Book တို့ ၊ Gmail တို့ကို Password တွေ User Name တွေ မထည့်ပဲ အရင်လို အလွယ် Browser ကို ကလစ်လိုက်ယုံနဲ့ ဝင်လို့ ရမှာ မဟုတ်တော့ပါဘူး..။ အကောင့်တွေ တခါဝင်တိုင်း တခါ နာမည်နဲ့ ပါတ်စ်ဝါဒ့်တွေ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်..။ ဒီလိုဖြစ်သွားတာကလည်း မိမိအကောင့်တွေကို ဟတ်ကာတွေ မခိုးနိုင်တော့မယ့် ကာကွယ်နည်းတခုဖြစ်သွားပါတယ်..။ တကယ်လို့ Options မှာ လိုက်မပြောင်းရင်တော့ အရင်လိုပဲ ပုံမှန်အသုံးပြုလို့ ရနေမှာပါ..။ ဒီကောင်လေးကို အသုံးပြုပြီးရင်တော့ စက်ကို Restart ချပေးလိုက်ရင် လေးနေ၊ နှေးနေတဲ့ စက်တွေမှာ အရင်ကထက် ပိုပြီး မြန်ဆန်သွက်လက်လာပါလိမ့်မယ်..။
ဒီ Glary Utilities Pro တူးလေးကလည်း ဝင်းဒိုးရဲ့ Systems ပိုင်းတွေကို Repair လုပ်ပေးနိုင်တဲ့ System Tool လေးတခုဖြစ်တဲ့အတွက် ဒီကောင်လေးကို အသုံးမပြုခင် မိမိတို့ဝင်းဒိုးကို အရင်ဆုံး Restore Point တွေဖန်တီးထားသင့်ပါတယ်..။ တကယ်လို့ ဝင်းဒိုး ပြန်မတက်နိုင်တော့တဲ့ Error တွေ ပေါ်ခဲ့မယ်ဆိုရင် ဒီ Restore Point တွေနဲ့ ဝင်းဒိုးကောင်းနေခဲ့ အချိန်ကို နောက်ပြန်သွားလို့ ရမှာ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက် Update အသစ်လေးကို ဖူးသုံးလို့ ရအောင် ကျနော် ကီးတွေပါ ထည့်ပေးထားပြီး အသုံးပြုတတ်အောင်နဲ့ အသုံးဝင်ပုံ၊ Options ထဲမှာ လိုက်ပြောင်းတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 15 MB ရှိပါတယ်..။

ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးတွေ အတိုင်း ကီးတွေ ထည့်ပြီး အရင်ဆုံး ဖူးသုံးလို့ ရအောင် လုပ်ပေးလိုက်ပါ..။





Pro စာသား ပြောင်းသွားရင်တော့ ဒီကောင်လေးကို အပြည့်အဝ အသုံးပြုလို့ ရသွားပါပြီ..။ အပေါ်ပုံမှာ ပြထားတဲ့ Check For Updates မှာ အမှန်ခြစ်ဖြုတ်ပေးပါ..။ ပြီးရင်တော့ အောက်ကပုံလေးအတိုင်း ကျနော် အမှန်ခြစ် လေးတွေ ထည့်ပြီး အစိမ်းရောင် Scan နေရာကို ကလစ်ပြီး ဒီကောင်လေးကို အသုံးပြုပါပြီ..။



အောက်ကပုံအတိုင်း ပေါ်လာရင် Repair Problems နေရာကို နှိပ်ပေးလိုက်ပါ..။




မိုဇီလာ ဖွင့်ထားရင်တော့ အပေါ်ကပုံအတိုင်း Yes ပေးပြီး ပိတ်လိုက်ပါ..။ အောက်ကပုံအတိုင်း Problems Solved စာသားတွေ ပေါ်လာရင်တော့ ဒီကောင်လေးကို အသုံးပြုလို့ ပြီးသွားပါပြီ..။ Options မှာ လိုက်မပြောင်းလိုတဲ့ သူများကတော့ အားလုံးပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ အရင်ကထက် အသုံးပြုလို့ ပိုကောင်းနေပါလိမ့်မယ်..။ 
Options မှာ လိုက်ပြောင်းလဲ လိုတဲ့ သူမျာကတော့ အောက်မှာ ကျနော် ပုံလေးတွေနဲ့ ပြထားတဲ့ အတိုင်း တဆင့်စီ လိုက်ပြီး လုပ်ပေးလိုက်ရင် အဆင်ပြေပါပြီ..။


Options ကို နှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း စာကြောင်းတွေကို တခုစီ လိုက်နှိပ်ပြီး အမှန်ခြစ်တွေ ထည့်ပေးပြီ Apply ပေးပါ..။ ပုံတွေ ကြည့်ပြီး အဆင်ပြေမယ် ထင်ပါတယ်..။


နောက်စာကြောင်းတခုမှာလည်း အမှန်ခြစ်တွေ အားလုံးပေးပြီး Apply ပေးလိုက်ပါ..။




အပေါ်ကတော့ Browser တွေ အတွက်ဖြစ်ပြီး အောက်ကတော့ ဝင်းဒိုးအတွက်နဲ့ တခြား Tool တွေ အားလုံးအတွက်ပါ..။ အပေါ်ကအတိုင်း အမှန်ခြစ်တွေ ပေးပြီး Apply ပေးလိုက်ပါ..။


နောက်တဆင့် Auto Care မှာလည်း ပုံတွေမှာ ပြထားတဲ့ အတိုင်း လုပ်ပေးလိုက်ပါ..။ အမှန်ခြစ်တွေ ထည့်ပေးပါ..။





အပေါ်ကပုံတွေ အတိုင်း အားလုံးလိုက်ပြောင်းပြီးသွားရင်တော့ Apply >> OK ပေးလိုက်လို့ ရပါပြီ..။ အောက်မှာ ပြထားတဲ့ ပုံလေးကတော့ Advanced Tool နေရာမှာ တခုစီလိုက်ပြီး အသုံးပြုလို့ ရပါသေးတယ်..။ ဒီနေရာက Tool တွေကို အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာကြည့်ပေးပါ..။ အောက်ဆုံးမှာတော့ အမှိုက်ရှင်းတဲ့ နေရာက Tool တခုကို ကျနော် အသုံးပြုထားတာလေးပါ ပြပေးလိုက်ပါတယ်..။



တံပျက်စီးပုံလေးကနေ ကလစ်ပြီး အောက်ကပုံအတိုင်း ကျနော် အမှန်ခြစ်တွေ အားလုံး ထည့်ပြီး Scan နဲ့ ရှင်းပေးလိုက်ပါတယ်..။


အောက်ကပုံအတိုင်း စာသားပြောင်းသွားရင်တော့ Start Cleaning ကို နှိပ်ပြီး ပုံမှာ ပြထားတဲ့ အားလုံးကို ရှင်းပစ်လိုက်ပါပြီ..။




Cleaning Completed ဆိုရင်တော့ အားလုံးကို ပိတ်ပြီး စက်ကို Restart ပေးလိုက်လို့ ရသွားပါပြီ..။ တခြား Features တွေနဲ့ တခြား Tool တွေ အများကြီး ကျန်ပါသေးတယ်..။ အားလုံးအသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ ဖြေးဖြေးချင်း လေ့လာကြည့်ရမှာပါ..။


ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အတော်လေး အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ လုပ်တတ်၍ အဆင်ပြေကြပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...