AiseeSoft Total Video Converter Platinum 7.1.8 Final

AiseeSoft Total Video Converter Platinum 7.1.8 Final နောက်ဆုံးထွက် လေးပါ..။ ကျနော့် Blog မှာ မတင်ပေးဖူးသေးတဲ့ ဒီ Converter လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေး ထည့်ပြပေးထားပြီး တခါတည်း အသုံးပြုတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ မိမိတို့ရဲ့ သီချင်းတွေနဲ့ Video တွေကို ဖေါ်မတ်အမျိုးမျိုး ပြောင်းလဲပေးနိုင်ပြီး အသုံးပြုရတာလည်း လွယ်ကူတဲ့အတွက် ၊ အသုံးပြုနည်းက Xilisoft Video Converter နဲ့လည်း ဆင်တူပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 32 MB ရှိပါတယ်..။ 
Please Wait မှာပဲ ရပ်နေတယ်တဲ့.. သူငယ်ချင်းများ အပြောများလာတဲ့အတွက် အရင် Adf.ly ဆိုဒ်နဲ့ လင့်တွေ ချိတ်ပေးခဲ့ပေမယ့်.. ဒီပိုစ့်မှာတော့ ကျနော့် Blog မှာ မသုံးဖူးသေးတဲ့ adfoc.us ဆိုဒ်အသစ်နဲ့ ပြောင်းပြီး လင့်ချိတ်ပေးထားပါတယ်..။ အောက်ကလင့်ကနေ ဝင်သွားတဲ့အခါ ညာဘက် အပေါ်ထောင့်မှာ 6 Seconds ပြီးရင် Skip စာသားလေး ပေါ်လာတဲ့အခါ ကလစ်ပြီး ဖိုင်တွေကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရမှာဖြစ်ပါတယ်..။ 


ဒီကောင်လေးကို Install ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း ပိတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ crack ဖိုင်လေးကို အရင်ဆုံးသွားထည့်ပြီး ဖူးသုံးလို့ ရအောင် လုပ်ပေးလိုက်ပါ..။


crack လေးကို အောက်ကပုံလေးတွေ အတိုင်း ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အရင်ပိုစ့်တွေမှာလည်း လုပ်နည်းတွေ အတူတူပဲမို့ စာတွေ အများကြီး မရေးပေးတော့ပါ..။ ပုံလေးတွေနဲ့ အဆင်ပြေလိမ့်မယ်ထင်ပါတယ်..။ 






crack ဖိုင်လေးထည့်ပြီးသွားရင်တော့ အပေါ်ပုံလေးအတိုင်း ပိတ်ပစ်ပြီး ဒီကောင်လေးကို ဖွင့်လိုက်ရင် အောက်ကပုံလေးအတိုင်း မြင်ရမှာဖြစ်ပါတယ်..။ အဲ့ဒီမှာ သူပေးထားတဲ့ 1-2-3-4 အညွှန်းတွေ အတိုင်း အသုံးပြုယုံပါပဲ..။


မိမိတို့ ဖေါ်မတ်ပြောင်းလိုတဲ့ သီချင်း၊ Video တွေကို အပေါ်ပုံအတိုင်း Add File ကနေ ဝင်ယူပါတယ်..။



အပေါ်ပုံ မျှားပြထားတဲ့ နေရာမှာ မိမိတို့ ပြောင်းလိုတဲ့ ဖေါ်မတ်ကို ဝင်ပြောင်းပေးပါ..။ အောက်ကပုံအတိုင်း ပေါ်လာမှာ ဖြစ်ပြီး ကျနော်ကတော့ MP3 ဖေါ်မတ်နဲ့ ပြောင်းပြပေးထားပါတယ်..။


Menu ဘားတန်းမှာ မြင်နေရတဲ့ Clip နဲ့ Edit စာသားနေရာတွေမှာလည်း သီချင်း ၊ Video တွေကို ဖြတ်ပြီး Effects တွေ ထည့်ပြောင်းလို့ ရပါသေးတယ်..။ ဒီပိုစ့်မှာတော့ Convert ပြောင်းတာကိုပဲ ပြပေးထားလို့ တခြား အသုံးပြုနည်းတွေကို မိမိတို့ ကိုယ်တိုင်ပဲ လေ့လာကြည့်ပေးပါ..။


ဖေါ်မတ်ရွေးယူပြီးရင်တော့ အပေါ်ပုံမှာ မျှားပြထားတဲ့ Convert ကို နှိပ်ပြီး ပြောင်းယုံပါပဲ..။



Complete ကို နှိပ်ပြီး အောက်ကပုံလေးအတိုင်း Open Folder ကို ကလစ်လိုက်ရင် ဒီကောင်လေး ဖေါ်မတ်ပြောင်းပေးလိုက်တဲ့ ဖိုင်လေး ရှိတဲ့ ဖိုဒါလေးဆီ ရောက်သွားမှာ ဖြစ်ပါတယ်..။



အပေါ်ပုံအတိုင်း MP3 သီချင်းတွေကို ဖွင့်သုံးလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...