DOS Comment ဖြင့် ဗိုင်းရပ်စ်ထိသွားတဲ့ USB Pendrive ထဲမှ ပျောက်သွားတဲ့ဖိုင်များ ပြန်ဖေါ်နည်း

 ဒီလုပ်နည်းလေးကို ကျန်ခဲ့တဲ့တပါတ်က ကျနော့် သူငယ်ချင်းတစ်ယောက်က သူ့ရဲ့ သူငယ်ချင်းတစ်ယောက် စက်ကို သန့်ရှင်းရေးလုပ်ပေးရင်းနဲ့ သူ့ရဲ့ 16 GB ရှိတဲ့ USB Pendrive ထဲမှာ ထည့်သိမ်းထားတဲ့ ဖိုင်တွေ ဗိုင်းရပ်စ်ထိပြီး၊ ဖိုင်တွေ ပျောက်ကုန်ပါတယ်..။ ကျနော်နဲ့ တွေ့တဲ့အခါမှာတော့ ဒီ Pendrive ထဲက ပျောက်နေတဲ့ ဖိုင်တွေကို ပြန်ဖေါ်ပေးဖို့ ပေးအပ်လာတဲ့အတွက် ဒီလုပ်နည်း၊ အသုံးပြုနည်းနဲ့ အဆင်ပြေသွားလို့ တခြား လိုအပ်တဲ့သူများလည်း အလွယ်တကူ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ တဆင့်စီ အသုံးပြုတတ်အောင် ပြပေးလိုက်ပါတယ်..။
အရင်က ကျနော့် Pendrive မှာ ထိတဲ့ဗိုင်းရပ်စ်က ရှော့ကပ်ဗိုင်းရပ်စ်ဖြစ်ပြီး မူရင်းဖိုင်တွေကို ဖျောက်ပစ်ပြီး နာမည်တူတဲ့ ရှော့ကပ်ဖိုင်တွေကို ဖန်တီးပစ်လိုက်တဲ့ ဗိုင်းရပ်စ်တမျိုးပါ..။ အဲ့ဒီဖြေရှင်းနည်းကိုလည်း စာဖတ်သူများ ကြုံခဲ့ရင် ဖြေရှင်းတတ်အောင် ကျနော် ပိုစ့်တင်ပေးခဲ့ပြီးပါပြီ..။ အခုသူငယ်ချင်းရဲ့ Pendrive မှာ ထိသွားတဲ့ ဗိုင်းရပ်စ်ကျတော့ ရှော့ကပ်ဖိုင်တွေ ဖန်တီးတဲ့ ဗိုင်းရပ်စ်မဟုတ်တော့ပဲ.. ရှိတဲ့ဖိုင်တွေကို ဖျေက်ပစ်လိုက်တဲ့ ဗိုင်းရပ်စ်တမျိုးဖြစ်နေပြန်ပါတယ်..။ ဘယ်လိုပဲ ဖြစ်ဖြစ် ဖြေရှင်းနည်းတွေတော့ ရှိနေပါတယ်..။ ဒီလို ဖိုင်တွေ ဖျေက်ပစ်တဲ့ ဗိုင်းရပ်စ်မျိုး တခြားသူများလည်း ထိခဲ့ရင်တော့ ဒီနည်းနဲ့ ဖြေရှင်းလိုက်ရင် ပျောက်နေတဲ့ ဖိုင်တွေကို အလွယ်တကူ ပြန်ရမှာပဲ ဖြစ်ပါတယ်..။ အဆင်ပြေအောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်တတ်၊ အသုံးပြုတတ်အောင် ပြပေးလိုက်ပါတယ်..။ ဒီလို ဗိုင်းရပ်စ်ဖြေရှင်းနည်းတွေကို တတ်ထားလိုတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

အရင်ဆုံးလိုအပ်တာကတော့ ဖိုင်တွေဖျောက်ထားတဲ့ ဗိုင်းရပ်စ်ထိထားတဲ့ USB Pendrive ကို မိမိတို့စက်မှာ တပ်ပြီး Antivirus တခုခုနဲ့ အရင် ဗိုင်းရပ်စ်ကို သတ်ပစ်လိုက်ပါ..။ ဘယ် Antivirus ပဲ ဖြစ်ဖြစ် Update လုပ်ထားရင် ဒီဗိုင်းရပ်စ်ကို သတ်ပစ်နိုင်ပါတယ်..။ Antivirus တခုနဲ့ စိတ်မချရင်တော့ မိမိတို့ ဆန္ဒရှိသလို တခြား Antivirus ပေါင်းစုံသုံးပြီး ဗိုင်းရပ်စ်သေအောင် အရင်သတ်ပစ်ပါ..။ ပြီးမှ ဒီပိုစ့်က နည်းကို အသုံးပြုပါ..။


USB Pendrive ကို စက်မှာ တပ်လိုက်တဲ့အခါ ပေါ်လာတတ်တဲ့ Drive Letter ကို အပေါ်က ပုံအတိုင်း မြင်ရမှာဖြစ်ပြီး ၊ ဒီလိုဖြေရှင်းနည်းတွေမှာတော့ ဒီလို Drive Letter တွေကို မှန်အောင် ရေးထည့်ပေးဖို့ လိုပါတယ်..။ ဒါမှသာ ဗိုင်းရပ်စ်ဖျေက်ပစ်လိုက်တဲ့ မိမိတို့ Pendrive ထဲက ဖိုင်တွေကို ပြန်ဖေါ်ယူလို့ ရမှာပဲ ဖြစ်ပါတယ်..။ ကျနော့်စက်မှာတော့ အပေါ်ကပုံအတိုင်း (J:) လို့ ပေါ်နေပါတယ်..။ ဒါကြောင့် ဒီပိုစ့်မှာ ဒီဖြေရှင်းနည်း အတွက် Pendrive ရှိတဲ့ Drive Letter ကို J နဲ့သာ လုပ်ပြသွားမှာ ဖြစ်ပါတယ်..။ 
ကျနော်တို့ အရင်ဆုံး ဝင်းဒိုးထဲက Notepad ကို အရင်ဖွင့်မှာဖြစ်လို့ အောက်ကပုံအတိုင်း Win Logo + R ကို တွဲနှိပ်ပြီး Run ဘောက်စ်မှာ Notepad လို့ ရိုက်ထည့်ပြီး OK / Enter ပေးလိုက်ရင် Notepad ပေါ်လာမှာပဲ ဖြစ်ပါတယ်..။


Notepad ပေါ်လာရင်တော့ အောက်ကစာသားတွေကို copy ကူးထည့်လိုက်ပါ..။ J နေရာမှာ မိမိတို့စက်မှာ ပေါ်နေတဲ့ USB Pendrive ရဲ့ Drive Letter ကို ပြောင်းထည့်ပေးရမှာပဲ ဖြစ်ပါတယ်..။ 
 attrib -H -S J:\*.* /S /D /L


 ပြီးရင်တော့ Save as ကနေ အောက်ကပုံလေးတွေအတိုင်း Desktop မှာ Show Files.bat စာသားနဲ့ All Files ကိုရွေးပြီး Save သိမ်းလိုက်ပါ..။



 အောက်ကပုံလေးအတိုင်း မိမိတို့ရဲ့ Desktop ပေါ်မှာ စက်သွားပုံလေးနဲ့၊ Show Files စာသားနဲ့ ပုံလေး ပေါ်လာရင်တော့ ဒီ Notepad လေးကို ပိတ်ပစ်လိုက်ပါ..။


ပြီးရင်တော့ အောက်ကပုံလေးအတိုင်း Right Click >> Run as administrator နဲ့ Run ပေးလိုက်ရင် အဆင်ပြေပြေနဲ့ ရသွားပါပြီ..။



အပေါ်ကလို ပုံလေးက ခဏလေးပဲ ပေါ်လာမှာ ဖြစ်ပြီး ဒီပုံလေး ပျောက်သွားတာနဲ့ မိမိတို့ရဲ့ USB Pendrive ကို ဖွင့်ကြည့်လိုက်ရင်၊ အောက်ကပုံအတိုင်း ဖိုင်တွေပျောက်သွားတဲ့ ကျနော့်သူငယ်ချင်းရဲ့ USB Pendrive မှာ  ဖိုင်တွေပြန်ပေါ်လာသလို ပျောက်နေတဲ့ ဖိုင်တွေကို ပြန်ရမှာပဲ ဖြစ်ပါတယ်..။


 တကယ်လို့ အပေါ်ကနည်းနဲ့ လုပ်လို့မှ အဆင်မပြေသေးတဲ့သူများရှိခဲ့ရင်တော့ အောက်က DOS Comment လေးကို အပေါ်ကနည်းအတိုင်း .bat ဖိုင်လေးနဲ့ ဖန်တီးပြီး Unhide File.bat လို့ နာမည်ပေးပြီး ၊ အပေါ်ကနည်းအတိုင်း Run ပေးပြီးမှ ၊ အပေါ်ကနည်းကို ပြန်လည်အသုံးပြုပေးလိုက်ရင် အဆင်ပြေပါလိမ့်မယ်..။

attrib -H -S /S /D /L

 ဒီလောက်ဆိုရင်တော့ ဒီနည်းနဲ့ ဗိုင်းရပ်စ်ကြောင့် USB Pendrive ထဲက ပျောက်သွားတဲ့ ဖိုင်တွေကို ပြန်ဖေါ်တတ်သွားပါပြီ..။ ဒီအသုံးပြုနည်းကို Notepad နဲ့ အတိုကောက် အလွယ်မှတ်ထားလိုရင်တော့ အောက်မှာ ကျနော် ပြန်ရေးပေးထားပါတယ်..။ အောက်မှာ ရေးပေးထားတဲ့ စာသားတွေကို copy-paste နဲ့ Notepad မှာ ရေးမှတ်ထားလိုက်ရင် အဆင်ပြေပါတယ်..။
======   ======

        ဗိုင်းရပ်စ်ထိသွားလို့ ဖိုင်တွေပျောက်သွားတဲ့ USB Pendrive တွေအတွက် ဖိုင်တွေ ပြန်ဖေါ်နည်း

      attrib -H -S J:\*.* /S /D /L

၁)- အရင်ဆုံး USB Pendrive ထဲက ဗိုင်းရပ်စ်ကို Antivirus ပရိုဂရမ်တခုခုနဲ့ အရင်သတ်ပါ..။
၂)- ပြီးရင် အပေါ်က DOS Comment စာကြောင်းလေးကို မိမိဝင်းဒိုးရဲ့
        Notepad မှာ copy-paste နဲ့ ကူးထည့်လိုက်ပါ..။
၃)- J-နေရာမှာ ဗိုင်းရပ်စ်ထိသွားတဲ့ USB Pendrive ရဲ့ Drive Letter ကို မှန်အောင် ပြောင်းထည့်ပါ..။
      (Drive Letter ကို ကြည့်တတ်အောင် Computer ကိုဖွင့်လိုက်ရင် Removable Disk (J:) လို စာသား
         မျိုးနဲ့ ပေါ်နေတတ်ပါတယ်..။)
၎)- ပြီးရင်တော့ Notepad ရဲ့ File >> Save as >> ကနေ သွားပြီး Desktop ၊ File Name: မှာ Show Files.bat လို့
      နာမည်ပေးပါ..။ Save as type: မှာ All Files ပြောင်းပေးပြီး Save ကို နှိပ်ပြီး သိမ်းလိုက်ပါ..။
၅)- မိမိဝင်းဒိုးရဲ့ Desktop ပေါ်မှာ ရောက်လာတဲ့၊ အပေါ်ကနည်းနဲ့ သိမ်းလိုက်တဲ့၊ စက်သွားစိပ်ပုံလေးနဲ့ .bat ဖိုင်လေးကို
       Right Click >> Run as administrator နဲ့ Run ပေးလိုက်ရင်.. မိမိ USB Pendrive ထဲက ပျောက်နေတဲ့ ဖိုင်တွေ
         ပြန်ပေါ်လာပါပြီ..။

    တကယ်လို့ အပေါ်ကနည်းနဲ့ လုပ်လို့မှ အဆင်မပြေသေးတဲ့သူများကတော့ အောက်က DOS Comment လေးကို အပေါ်ကနည်းအတိုင်း
  .bat ဖိုင်လေးနဲ့ ဖန်တီးပြီး Unhide File.bat လို့ နာမည်ပေးပြီး အပေါ်ကနည်းအတိုင်း Run ပေးပြီးမှ ၊ အပေါ်ကနည်းကို ပြန်လည်အသုံးပြုပေးလိုက်ရင် အဆင်ပြေပါလိမ့်မယ်..။

attrib -H -S /S /D /L

                                           http://lwinminbo.blogspot.com/

5 comments:

  1. ကိုကြီး ကျွန်တော်လာလည် သွားပါတယ်

    ReplyDelete
  2. အစ်​ကိုလွင်​​ရေ.. USB မဟုတ်​ပဲ Drive Partition မှာ​ပျောက်​သွားတဲ့ ဖိုင်​​တွေကို​ရော... ဒီနည်းနဲ့ပြန်​ယူလို့ရပါသလားခင်​ဗျာ

    ReplyDelete
  3. ဒီနည်းလေးနဲ့လည်း Shortcut Virus ထိသွားတဲ့ဖိုင်တွေကိုပြန်ဖွင့်လို့ရပါတယ် attrib -H -S J:\*.* /S /D /L လို့အစား attrib -h -r -s /s /d k:\*.* ပြောင်းပြီးတော့ notepadမှာ Save မှတ်ပေးရပါမယ်..။
    ဒီနေရာမှာ မိမိပြုလုပ်မဲ့ Device ကို ပြောင်းပေးရပါမယ်.. (J) (K) နေရာမှာ
    ပြောင်းပေးလိုက်ရင်ရပါပြီ.။ ပြီးရင်အပေါ်က အကိုလွင်ပြောသလို တစ်ဆင့်ခြင်းသွားလိုက်ပါ..။
    ကျနော်တော့ ဒီနည်းလေးနဲ့ ကျနော့်ရဲ့ External HDD ထဲကဖိုင်တွေကို ပြန်ဖွင့်လို့အဆင်ပြေသွားပါတယ်..။
    အကိုလွင်ပို့လေးကိုဖတ်ပြီးမှပဲ အဆင်ပြေသွားတော့တယ်..။ကျေးဇူးပါဆရာရယ်....။အခုမှစိတ်မောပြေတော့တယ်...။

    ReplyDelete
  4. External HDD ထဲက ဖိုင်တွေ ပြန်ဖွင့်လို့ ရသွားပါပြီ ကိုလွင်မင်းဗိုလ်ရေ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  5. အစ်​ကို​ရေ ​ကျေးဇူးအများကြီးတင်​ပါတယ်​ ကွန်​ပျူတာနဲ့ပတ်​သက်​သမျှ နည်းပညာ​တွေကို အစ်​ကို့ဆိုက်​က​နေ ​လေ့လာလျက်​ပါ။ဒီထက်​အများကြီး ပို့စ်​​တွေ တင်​နိုင်​ပါ​စေဗျာ

    ReplyDelete

Related Posts Plugin for WordPress, Blogger...