ဒေါင်းလော့လင့် နေရာမှ Get Unlock Code! ကို ဒီအတိုင်း သွားယူလိုက်ပါဗျာ (လွယ်ပါတယ်)


 ကျနော်ဒီ Unlock Code ယူနည်းကို ပိုစ့်မတင်တော့ဘူးလို့ စိတ်ကူးထားတာပါ..။ သူငယ်ချင်းတစ်ယောက်က ကျနော့်ကို အကြောင်းကြားလာတော့မှ သိရတယ်..။ ဒေါင်းလော့လင့်တွေကို Unlock Code တွေနဲ့ ကာထားတယ်ဆိုမှ ပိုစ့်တွေကနေ လိုက်ဖွင့်ကြည့်တော့ ဟုတ်နေတယ်..။ ကျနော်လင့်ချိတ်ပေးတဲ့ နေရာမှာတော့ အဲ့ဒါတွေမပါလို့ မသိလိုက်ဘူး..။ တင်ပြီးသား ပိုစ့်တွေက လင့်တွေကိုပဲ လိုက်ပြောင်းပေးမလို့.. လိုက်ပြီးတောင် စမ်းမကြည့်တော့ပဲ ဒီနေ့ပိုစ့်ဖြစ်တဲ့ Nitro PDF Pro 8 ပိုစ့်နဲ့ တခြား ပိုစ့် ၄၊၅ခုကိုတောင် လင့်တွေပြန်ပြောင်းပေးခဲ့ပြီးပါပြီ..။ နောက်တော့ ၂လစာလောက် လင့်တွေပြန်ပြောင်းပေးရမှာဆိုတော့ မဖြစ်သေးဘူးဆိုပြီး အခုမှ ဒီ Unlock Code ယူနည်းကို စမ်းလိုက်တာ လွယ်လွယ်ကူကူပဲ အဆင်ပြေသွားလို့ အားလုံးပဲ ဖိုင်တွေ ဒေါင်းလော့ယူရတာ အဆင်ပြေအောင် ကျနော်ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ မလုပ်တတ်သေးတဲ့သူများကတော့ ဒီပုံလေးတွေကြည့်ပြီး လုပ်ပေးလိုက်ပါ..။ ဒီတခါပဲ အဲ့ဒီဆိုဒ်မှာ အကောင့်ဖွင့်ရမှာပါ..။ နောက်နေ့တွေမှာလည်း ဒီအကောင့် Gmail နဲ့ ဒီပါတ်စ်ဝါဒ့်နဲ့ ပဲ ပြန်ဝင်လို့ ရပါတယ်..။ ကုတ်တွေကတော့ တနေ့တခါပြောင်းပေးမလားတော့ မသိသေး..။ ကြည့်ပြီးသာ အဆင်ပြေသလို လုပ်ပေးကြပါဗျာ..။ 

Nitro PDF Reader Pro Enterprise 8.1.1.12 Final



ဒီကောင်လေးက ဟိုတနေ့က တင်ပေးလိုက်တဲ့ Nitro PDF Reader 3.1.1.12 ဖရီးဗါးရှင်းလေးထက် ပိုပြီး  အသုံးပြုရတာ စုံလင်ပါတယ်..။ ဒီဗါးရှင်းလေးကလည်း Nitro PDF Reader Pro Enterprise 8.1.1.12 Final ဗါးရှင်းလေးပါ..။ ဖရီးမဟုတ်တဲ့ ဝယ်သုံးရတဲ့ ဗါးရှင်းလေး..။ သူ့အတွက် ကီးတွေက ကျနော်သုံးတဲ့ Windows 8 မှာတော့ Fake ကီးလေးတွေပဲ ဖြစ်နေပြီးတော့.. နောက် Windows 7 မှာကျတော့ ကီးအမှန်တွေ ဖြစ်နေပါတယ်..။  ဟိုတနေ့ကတည်းက ဖရီးဗါးရှင်းနဲ့အတူ တင်ပေးမလို့ပဲ Windows 8 မှာ သုံးလို့ရအောင်  ကီးအမှန်ကိုလိုက်ရှာရင်းနဲ့ ကြာနေတာ..။ နောက်တော့မှ Windows 8 မှာ ဒီကောင်လေးအတွက် .dll ဖိုင်တခုလိုနေလို့ ဒီကီးတွေကို လက်မခံတာဖြစ်နိုင်ပါတယ်လို့ စဉ်းစားမိပါတယ်..။ ကျနော်အသုံးပြုထားတဲ့ Windows 8 ရက်၉၀ ဗါးရှင်းအတွက်တော့ ဒီကီးတွေက တခါသုံးရင် တခါထည့်ပေးရပါတယ်..။ နောက်တခါပြန်သုံးရင် နောက်တခါ ကီးထပ်ထည့်ပေးရပါတယ်..။ အဲ့လိုနဲ့တော့ သုံးလို့ အဆင်ပြေပါတယ်..။ ဒီနေ့ Windows 7 မှာ သုံးကြည့်တော့ ဖူးဖြစ်နေပြန်ပါတယ်..။ W7 မှာတော့ ဒီKeyတွေ အားလုံးက .dll ဖိုင်စုံတဲ့အတွက် အမှန်တွေပါ..။ ဒီဗါးရှင်းလေးမှာ ဘာတွေပိုရလဲဆိုတော့ ကျနော်တို့ အတွက် PDF ဖိုင်ကနေ Microsoft Word, Exel, Power Point အပြင် PDF ဖိုင်ကနေ ပုံသက်သက်နဲ့ စာသက်သက်ပဲလည်း ပြန်ပြောင်းထုတ်ယူလို့ ရပါသေးတယ်..။ နောက်ပြီး PDF ဖိုင်တွေ ဖန်တီးတဲ့အခါမှာ Password ပေးချင်တဲ့သူများအတွက် ဒီဆော့ဝဲလ်လေးနဲ့ အဆင်ပြေပါတယ်..။ Pro ဗါးရှင်းဖြစ်တဲ့အတွက် သူ့ထဲမှာ အသုံးပြုလို့ ရတာတွေကတော့ အများကြီးပါပဲ..။ အောက်မှာ အသုံးပြုပုံတခုကို ပုံလေးနဲ့ပါ ပြပေးထားပါတယ်..။ ကျန်တဲ့ Convert ပြောင်းနည်းတွေကလည်း ဒီနည်းအတိုင်း အတူတူပါပဲ.. အရင်တုန်းက PDF ဖိုင်တွေကနေ အမျိုးမျိုးပြောင်းလို့ ရတဲ့ ဆော့ဝဲလ်လေးတွေ တခုပြီးတခု တင်ပေးခဲ့ဖူးပါတယ်..။ အဲ့ဒီဖိုင်တွေကို ဒေါင်းယူလို့ မရတော့တဲ့ သူများအတွက် ဒီကောင်လေးနဲ့ အားလုံးလိုလို ပြောင်းယူလို့ ရပါတယ်..။ 
နောက်တခုက အရင် လင့်တွေ ဝှက်ပြီးတင်ပေးခဲ့တဲ့ Tny Paste ဆိုဒ်ကလည်း ဒီရက်ထဲ ဒေါင်းလော့လင့်တွေကို ဝင်ယူလို့ မရတော့ပြန်ပါဘူး..။ ဒီဖိုင်ကို တင်ပေးထားတဲ့ Media ဖိုင်းယားဆိုဒ်ကလည်း ကျနော့်အကောင့်တခုကို ထပ်ပြီး ဖျက်ပစ်လိုက်ပြန်ပါတယ်..။ ဒါပါနဲ့ဆို ဖျက်ပစ်ခံရတာ အကောင့်၃ခုရှိပါပြီ..။  အဲ့ဒီအကောင့်ထဲမှာ တင်ပေးထားတာ ဒီဖိုင်လေးလည်း ပါပါတယ်..။ ဖိုင်တင်ထားတာ ၄၊၅ရက်လောက် ရှိနေပါပြီ..။ အခုဒီနေ့ ပိုစ့်တင်နေတုန်း ပြန်စမ်းကြည့်တော့ အဲ့ဒီအကောင့်ကို ပိတ်ပစ်လိုက်ပြန်ပါတယ်..။ အဲ့ဒီအကောင့်မှာ တင်ထားတဲ့ ဖိုင်တွေတော့ ပျက်ကုန်ပါပြီ..။ အဲ့ဒီဆိုဒ်မှာ နောက်ထပ် အကောင့်၂ခုကျန်ပါသေးတယ်..။ ဘယ်နေ့ ပိတ်ပစ်မလဲဆိုတာတော့ မသိသေးပါ..။ အခုတော့ တခြားဆိုဒ်မှာတင်ထားတဲ့ ဖိုင်လေးတွေကိုပဲ ပြန်ချိတ်ပေးလိုက်ပါတယ်..။ Tny စာမျက်နှာတော့ ဒေါင်းလော့လင့်တွေ ယူလို့မရတော့လို့ ကြားမှာ မထားတော့ပါဘူး..။ Adfly စာမျက်နှာကို ကျော်လိုက်ရင် ဒီဖိုင်ကိုဒေါင်းယူလို့ ရပါပြီ..။ အခုနောက်ပိုင်း ဖရီးမဟုတ်တဲ့ ဆော့ဝဲလ်တွေကို တင်နေကြအတိုင်း ဖရီးဆော့ဝဲလ်နာမည်နဲ့ပဲ ပြောင်းပြီးတင်ပေးထားပါတယ်..။ ဒါတောင် ခဏခဏအဖျက်ခံနေရလို့ လိုအပ်တဲ့သူများကတော့ အမြန်သာ ဒေါင်းယူထားလိုက်ပါဗျာ..။ ပြန်တင်ပေးဖို့လည်း Connection ကမကောင်းသေးတဲ့အတွက် အဆင်မပြေနိုင်သေးပါဘူး..။ ဒီဖိုင်လေးကို 32-bit နဲ့ 64-bit ဆိုပြီး ၂ခုခွဲပြီးတင်ပေးထားပါတယ်..။ ကျန်ခဲ့တဲ့ ပိုစ့်မှာတင်ပေးထားတဲ့ ဝင်းဒိုးဗါးရှင်းကြည့်နည်းအတိုင်း မသိသေးတဲ့သူများက ကြည့်ပြီး မိမိတို့ဝင်းဒိုးဗါးရှင်းနဲ့ အဆင်ပြေမယ့် ဖိုင်ကိုသာ ရွေးပြီး ဒေါင်းယူလိုက်ပါဗျာ..။ 

Internet Download Manager 6.1.5 Build 1 Final



Internet Download Manager 6.1.5 Build 1 Final နောက်ဆုံးထွက်လေး Update ထွက်လာလို့.. ဒီဖိုင်လေးထဲမှာ ဖူးသုံးလို့ရမယ့် Patch ဖိုင်လေးပါထည့်ပေးထားပါတယ်..။ Patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းပိုစ့်ကို Blog ညာဘက် အပေါ်ဆုံးမှာ တင်ပေးထားတဲ့ ပိုစ့်အတိုင်း လုပ်ပေးလိုက်ရင် IDM ကို ဖူးသုံးလို့ ရသွားပါပြီ..။ IDM ကို Updat လုပ်မိလို့ Serial တောင်းတဲ့ ဘောက်စ်ပေါ်လာပြီး ဖိုင်တွေဒေါင်းယူလို့ မရတော့တဲ့သူများနဲ့ IDM မရှိသေးတဲ့သူများအတွက် ဒီလို နောက်ဆုံးထွက် လေးတွေကလည်း လိုအပ်ပါတယ်..။ ဒါကြောင့် IDM ပြဿနာပေါ်နေတဲ့သူများကတော့ ဒီနောက်ဆုံးထွက်လေးကို ယူပြီး Install ထည့်၊ Patch နဲ့ ဖူးဖြစ်အောင်လုပ်ပေးလိုက်ရင် IDM ကို ကောင်းကောင်းအသုံးပြုလို့ ရသွားပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။

STOIK Deformer 4.0.0.3471




ဒီဆော့ဝဲလ်လေးကို ကျနော့်သူငယ်ချင်းတစ်ယောက် တောင်းထားလို့ လိုက်ရှာရင်းနဲ့ ဖူးသုံးလို့ ရတာလေး ရလာလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ အပ်ါမှာပြထားတဲ့ ပုံလေးလိုမျိုး မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို လှုပ်ရှားနေအောင် လုပ်ယူလို့ရပါတယ်..။ ဒါကတော့ Blog မှာတင်မှာ ဖြစ်လို့ Animation နဲ့ Save ထားတာပါ..။ JPEG ဓါတ်ပုံဖေါ်မတ်နဲ့ သိမ်းရင်တော့ ဒီလိုလှုပ်လို့ မရပါဘူး..။ အောက်မှာပုံနဲ့ ပြပေးထားတဲ့အတိုင်း JPEG ဖေါ်မတ်နဲ့က ရုပ်ပြောင်လေးတွေ ဖြစ်အောင်၊ရုပ်ဖျက်လို့ရပါတယ်..။ နောက်ပြီး မိမိတို့စိတ်ကြိုက်ဖြစ်တဲ့ ပုံလေးတွေကို Video ဖိုင်နဲ့ သိမ်းထားလို့လည်း ရပါတယ်..။ အောက်မှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီအပေါ်က ပုံလေးမျိုး ဖြစ်အောင်လုပ်ပြထားတာပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒီဖိုင်လေးထဲမှာ သူ့ရဲ့ Key လေးတွေပါ ထည့်ပေးထားပါတယ်..။ ဒီဆော့ဝဲလ်လေးထဲမှာ Effect တွေအများကြီးပါတဲ့အတွက် တခုချင်းစီ အသုံးပြုပုံကို သေချာသိထားရင် ဘယ်ပုံကိုပဲ ဖြစ်ဖြစ် မိမိတို့ စိတ်ကြိုက် ပြုပြင်ယူလို့ ရပါလိမ့်မယ်..။ Effect တွေအားလုံးကို အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာကြည့်ပါ..။ ကျနော်ဒီပိုစ့်မှာ အသုံးပြုတတ်အောင်လို့ အနည်းငယ်တော့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10.5 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည် ပြောင်းပြီး တင်ပေးထားပါတယ်..။

Plants Vs. Zombies 2012 Full Version


15 Jan 13, 05:16 AM
lamin: အစ်ကို... Plant vs zombies full gameလေးတင်ပေးစေချင်ပါတယ်.... pc မှာကစားချင်လို့ ကူညီပါအုံးနော်.....
အခုနောက်ပိုင်းတော့ တောင်းထားတဲ့ဆော့ဝဲလ်တွေကို အရင်တုန်းကလို သက်သက်မဲ့ လိုက်မရှာဖြစ်တော့ပါ..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်ရှာရင်းနဲ့ ပိုစ့်တင်ပေးဖို့တောင် အချိန်မရတော့တဲ့ နေ့တွေများလာလို့ အခုလို လမ်းကြုံရလာတော့မှပဲ တင်ပေးပါတော့မယ်..။ တောင်းထားကြတဲ့ ဆော့ဝဲလ်တွေကို အလွယ်လေး ရလာရင်တော့ တင်ပေးဖြစ်မှာပါ..။ တခါတလေမှာ ဆော့ဝဲလ်ရှာရင်းနဲ့ အချိန်သာ ကုန်သွားတယ်..။ တခုမှဖူးသုံးလို့မရတဲ့အခါ အချိန်တွေကို နှမျောနေမိလို့.. ဒီနေ့ပိုစ့်လို လမ်းကြုံရလာတဲ့ အခါကျမှပဲ တင်ပေးဖြစ်တော့မှာပါ..။ ဒါကြောင့် တခြားတောင်းထားတဲ့ ဆော့ဝဲလ်တွေကိုလည်း အမြန်မတင်ပေးဖြစ်တော့တာပါ..။ ဒီဂိမ်းလေးကို ရထားတာ ၄၊၅ရက်လောက်တော့ ရှိနေပါပြီ..။ Connection က ဖိုင်တွေဒေါင်းရင် မြန်ပေမယ့် ပြန်ပြီး Upload တင်တဲ့အခါမှာတော့ တော်တော်လေး နှေးနေလို့ 60 MB လောက်ကို အကြိမ်ကြိမ်တင်ပေမယ့် အဆင်မပြေပါ..။ ဒါကြောင့် ဒီရက်ထဲမှာ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး သူ့ဆီကနေ ဒီလိုဖိုင်ဆိုဒ်များတာတွေကို တင်ပေးလိုက်တာပါ..။ ဒီနေ့တော့ ဒီဂိမ်းဖိုင်လေးကို လင့်သုံးခုမှာ တင်ပေးပြီးသွားလို့ သူငယ်ချင်းက အကြောင်းကြားလာတဲ့အတွက် ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်..။ ဒီဂိမ်းလေးက ၂ချက်တောက်ပြီး Install ထည့်ပြီး တန်းကစားလို့ရတဲ့ ဖူးဖြစ်ပြီးသား ဂိမ်းလေးပါ..။ အောက်မှာ ကျနော်စမ်းကစား ထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီဂိမ်းလေးကို ကစားချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 60.1 MB ရှိပါတယ်..။ ဒီဂိမ်းဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

Nitro PDF Reader 3.1.1.12 Final


Nitro PDF Reader 3.1.1.12 လေးက နောက်ဆုံးထွက် Final ဖရီးဗါးရှင်းလေးပါ..။ ကျနော်တို့ စာအုပ်ဖိုင်လေးတွေကို အလွယ်တကူ ဖတ်နိုင်ဖို့ဆိုရင် ဒီကောင်လေးနဲ့လည်း အဆင်ပြေပါတယ်..။ ဝင်းဒိုး ဗါးရှင်း 32-bit နဲ့ 64-bit အတွက်ဆိုပြီး ၂မျိုးခွဲတင်ပေးထားပါတယ်..။ မိမိတို့စက်ရဲ့ ဝင်းဒိုးဗါးရှင်းအလိုက် ဒီဖိုင်တွေကို ရွေးပြီး ဒေါင်းယူရမှာပါ..။ မိမိတို့ အသုံးပြုနေတဲ့ ဝင်းဒိုးဗါးရှင်းဟာ 32-bit လား၊ 64-bit လား ဆိုတာကို သေချာမကြည့်တတ်သေးတဲ့ သူများအတွက် အောက်မှာ ဝင်းဒိုးဗါးရှင်း ကြည့်တတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီ Nitro PDF Reader လေးမှာ တခြား Reader တွေထက် ပိုသာတာတခုက PDF ဖိုင်ကနေ ဓါတ်ပုံသပ်သပ် Convert လုပ်ပြီး ထုတ်ပေးနိုင်သလို ၊ စာသပ်သပ်လည်းပဲ Convert လုပ်ယူနိုင်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ဒီ Install ဖိုင်ထဲမှာ User Guide ပါသလို ၊ စပြီးအသုံးပြုတဲ့အချိန်မှာလည်း Intro ကို Video ဖိုင်လေးနဲ့ ကြည့်လို့ရပါသေးတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ 32-bit အတွက်က 26 MB ရှိပြီး.. 64-bit အတွက်ကတော့ 34 MB ရှိပါတယ်..။ 

Handy Start Menu 1.81



ဒီိကောင်လေးက Windows 8, 7 , Vista , XP ဝင်းဒိုးအားလုံးအတွက် အသုံးပြုလို့ ရတဲ့ ဖရီးပေးသုံးတဲ့ ကောင်လေးပါ..။ ကျနော်တို့ Windows 8 အသုံးပြုသူများအတွက် ပိုပြီး အဆင်ပြစေမယ့် Start Menu အတွက် ဒီကောင်လေးကို Install ထည့်ပေးလိုက်ယုံပါပဲ..။ ကျနော် အရင်တုန်းကလည်း ဒီလို Windows 8 Start Menu အတွက် ဆော့ဝဲလ်တွေ တော်တော်များများ တင်ပေးခဲ့ဖူးပါတယ်..။ အားလုံးလိုလို ဖရီးသုံးလို့ ရပါတယ်..။ ဒီကောင်လေးကတော့ နောက်တမျိုးပါ..။ အောက်မှာ ကျနော်သုံးထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ သူ့ရဲ့ Setting ထဲကနေဝင်ပြီးတော့ မိမိတို့ Windows 8 ရဲ့ Start Menu ကို အကြီး၊အသေး လိုသလို ပြုပြင်ယူလို့ ရပါသေးတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7.8 MB ရှိပါတယ်..။

CCleaner Professional And Business Edition v3.27.1900 Final



CCleaner Professional And Business Edition v3.27.1900 နောက်ဆုံးထွက် Final ဗါးရှင်းလေးပါ..။ ဒီဗါးရှင်းလေးကို ၂မျိုးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်လေးထဲမှာ crack ဖိုင်လေး၂ခုကို ခွဲထည့်ပေးထားပါတယ်..။ မိမိတို့ အသုံးပြုလိုတဲ့ Professional (OR) Business Edition တခုခုကို ဒီ crack ဖိုင်လေးနဲ့ ရွေးထည့်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်..။ အရင်ပိုစ့်ဖြစ်တဲ့  Ccleaner Pro/Business Edition 3.25.1872 ပိုစ့်မှာ Business Edition အတွက် crack ဖိုင်လေးနဲ့ ဖူးသုံးလို့ ရအောင်လုပ်ပြပေးခဲ့ပါတယ်..။ အခုဒီဗါးရှင်းမှာတော့ Professional Edition အတွက် crack ဖိုင်နဲ့ Key လေးထည့်ပြီး ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပါတယ်..။ ဖူးသုံးလို့ရအောင် လုပ်နည်းကို လိုအပ်တဲ့သူများ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။ ကျနော်တို့ရဲ့ Computer နဲ့ Browser တွေမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ အမှိုက်တွေကို ဒီကောင်လေးကို အသုံးပြုပေးခြင်းဖြင့် ရှင်းပစ်လို့ ရပါတယ်..။ အသုံးမပြုခင်မှာ Recovery အတွက် Restore Point တခုကို အရင်ဖန်တီးထားပါ..။ Restore Point ဖန်တီးနည်းကို မနေ့ကတင်ပေးခဲ့တဲ့ ပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးပြုပြီးတိုင်း မိမိတို့ရဲ့ စက်ကို Restart ချပေးပြီးမှ ဆက်သုံးပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံ အပြည့်အစုံကို အရင်တုန်းက ပိုစ့်တခုဖြစ်တဲ့ ပိုစ့်အဟောင်းတခုမှာ ပြည့်ပြည့်စုံစုံ ရှင်းပြပေးထားပါတယ်..။ အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ အခုဒီဗါးရှင်းကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

Startup Repair အသုံးပြုနည်းနှင့် Registry Repair မလုပ်ခင် Restore Point ဖန်တီးခြင်း-အသုံးပြုခြင်း


26 Jan 13, 02:14 PM
kolinlin: ကျေးဇူးပဲအကို Statrtup Repair ဘယ်လိုလုပ်ရမလဲအကို နကန်းတစ်လုံးမှမသိတာပါ
26 Jan 13, 05:52 PM
kolinlin: အကိုလွင်ရေ StartupRepair ကလုပ်မတတ်ဘူးအကိုရေ Window Boot Manger ဆိုပြီးပေါ်တယ်.Enter နှိပ်လည်းအဆင်မပြေဘုး.ကူညီပါဥိးနော်..စက်ဖွင့်ရင်Windowမတက်လို့ပါ။Post တင်ပေးပါနော်လေးစားစွာဖြင့်..
ဒီအစ်ကိုလို Windows Startup အဆင်မပြေတဲ့သူများနဲ့ မိမိတို့စက်မှာ ဆော့ဝဲလ်တွေ မထည့်ခင်၊ ဝင်းဒိုးထဲက Registry Error-Repair မလုပ်ခင် အချိန်တွေမှာ System Restore Point ဖန်တီးထား တတ်ဖို့နဲ့ ပြန်ပြီး Restore လုပ်တတ်အောင်ပါ.. ဒီပိုစ့်မှာ ရှင်းပြထားပါတယ်..။ System Restore အသုံးပြုတတ်အောင် အရင်တုန်းက ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ အခုဟာကတော့ System Restore Point ဖန်တီးတတ်ဖို့နဲ့ ဖန်တီးထားပြီးသားကို ပြန်ပြီး Restore လုပ်တတ်အောင်ပါ ပြပေးထားပါတယ်..။ ဆော့ဝဲလ်တွေထည့်တဲ့အခါနဲ့ Windows Update တက်သွားတဲ့အခါတွေမှာ အရင်ရှိပြီးသား Restore Point တွေ ပျက်ကုန်တတ်တဲ့အတွက် မိမိတို့အနေနဲ့ သတိထားပြီး Restore Point တွေကို မကြာမကြာဖန်တီးပေးထားပါ..။ ဒါမှသာ ဝင်းဒိုးမှာ ကြီးကြီးမားမား Error တွေကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ..။ Starting Windows မတက်နိုင်အောင် အများဆုံးဖြစ်တတ်တဲ့ အခါတွေကတော့ ဝင်းဒိုးထဲက Registry Error တွေကို ဆော့ဝဲလ်တွေသုံးပြီးရှင်းတဲ့အခါတွေမှာ အဖြစ်များပါတယ်..။ CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်ရင် ဒီလို Starting Windows မတက်နိုင်တော့တဲ့ Error တွေ ဖြစ်တတ်ပါတယ်..။ ဒီ System Tools တွေက တကယ်တော့ ဝင်းဒိုးတွေအတွက် အရမ်းကောင်းပါတယ်..။ ဒါပေမယ့် မသုံးတတ်ရင် အန္တရာယ်ဖြစ်တယ် ဆိုသလိုပဲ ဒီ System Tools တွေကို အသုံးမပြုခင် ဒီပိုစ့်ကအတိုင်း Restore Point တခုအရင်လုပ်ထားပါ..။ System Tools တွေကို  အသုံးပြုပြီးတဲ့အခါတိုင်း တခြားဆော့ဝဲလ်တွေ မထည့်သေးပဲ မိမိတို့ရဲ့ စက်ကို အရင် Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာမှ တခြားဆော့ဝဲလ်တွေကို ထည့်သုံးပါ..။ ဒီလိုဆိုရင် ဝင်းဒိုး မတက်နိုင်တော့တဲ့ ဘေးက ကင်းဝေးပါလိမ့်မယ်..။ 
နောက်တခုက Startup Repair လုပ်တတ်ဖို့ပါ..။ Startup Repair လုပ်တယ်ဆိုတာလည်း အမြဲတမ်းကြီး Repair လုပ်လို့ ရလိမ့်မယ်လို့ မမှတ်ထားသင့်ပါ..။ လုပ်လို့ ရတဲ့အခါတွေ ရှိသလို Repair လုပ်မရတဲ့အခါတွေလည်း ရှိပါတယ်..။ လုပ်လို့ရသည်ဖြစ်စေ၊ လုပ်လို့ မရသည်ဖြစ်စေ အားလုံးပဲ Startup Repair အသုံးပြုတတ်အောင် ဒီပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။ ပုံတွေများလို့ ကြည့်ရတာ ရှုပ်တဲ့သူများအတွက် အလွယ်ကြည့်လို့ရမယ့် Video ဖိုင်လေးပါ ရှာပြီး ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ချိတ်ပေးထားပါတယ်..။ ဒီ Video လေးနဲ့လည်း အဆင်ပြေပါတယ်..။ 
kolinlin: ပြောသလို Windows Boot Manager စာသားနဲ့ ပေါ်လာတယ်ဆိုရင်တော့ Startup Repair နဲ့ အဆင်မပြေနိုင်ပါ..။ ဒါပေမယ့် Startup Repair အရင်လုပ်ကြည့်သင့်ပါတယ်..။ မရတော့မှ Safe Mode နဲ့ဝင်ပြီး နောက်ဆုံး Install ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်ပါ..။ အဲ့ဒါမှ မရသေးရင် System Restore နဲ့ ၁၀ရက်၊တစ်လ (Restore Point ဖန်တီးထားပြီးသား မရှိရင် ပေါ်သလောက်၊ ရှိသလောက် Restore Point ကို ရွေးပြီး) နောက်ပြန်ဆုတ်ပေးလိုက်ပါ..။ Restore Point တွေမှာလည်း သုံးလို့ရတဲ့ Point တွေရှိသလို၊ သုံးလို့မရတဲ့ Point တွေရှိနေပြန်ပါတယ်..။ ဒါကြောင့် Restore Point နဲ့ မရခဲ့ရင် Windows Image Backup File (OR) Recovery (Hidden Partition) အပိုင်းနဲ့သာ ရပါလိမ့်မည်..။ အဲ့ဒါတွေ မရှိရင်တော့ ဝင်းဒိုးအသစ်ပြန်တင်ဖို့သာ ရှိပါတော့တယ်..။ Windows Image Backup File ဖန်တီးနည်းနဲ့ Restore ပြန်လုပ်နည်း ကို အရင်တုန်းက ပိုစ့်တင်ပေးထားပြီးသားပါ..။ မလုပ်တတ်သေးတဲ့သူများ ပြန်ကြည့်ပေးပါ..။ အခုဒီပိုစ့်မှာ ဝင်ဒိုး Startup Repair အသုံးပြုနည်းနဲ့ Restore Point ဖန်တီးနည်းကို အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ 

ManyCam 3.1.41



ဒီကောင်လေးက YouCam5 တို့လို့၊ WebCam Max တို့လို မိမိတို့ကွန်ပျူတာ ကင်မရာကနေ ရုပ်ပြောင်လေးတွေနဲ့ အသုံးပြုလို့ရတဲ့ ဖရီးဆော့ဝဲလ်လေးပါ..။ ManyCam 3.1.41 က ဒီနေ့မှ ထွက်လာတဲ့ နောက်ဆုံးထွက် ဗါးရှင်းလေး..။ Install ထည့်ပြီးတာနဲ့ မိမိတို့စက် ကင်မရာနဲ့ ချိတ်ပြီး ပေါ်လာပါလိမ့်မယ်..။ Install ထည့်နေတဲ့ အချိန်မှာတော့ အင်တာနက် ဖွင့်ပေးထားပါ..။ Audio နဲ့ Video Effect တွေကို ဒေါင်းလော့ယူပေးပါလိမ့်မယ်..။ ပြီးသွားရင်တော့ သူ့အလိုလို ပေါ်လာပါလိမ့်မယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10.6 MB ရှိပါတယ်..။ 

Your Uninstaller! Pro 7.5.2012.12 Final

ဒီကောင်လေးက Your Uninstaller! Pro နောက်ဆုံးထွက် လေးပါ..။ ကျနော်တို့ စက်ထဲမှာ Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေကို အသုံးမလိုတော့တဲ့ အခါတွေမှာ Uninstall နဲ့ ပြန်ထုတ်ပစ်တတ်ကြပါတယ်..။ ဒီကောင်လေးကတော့ Uninstall နဲ့ ထုတ်ပစ်ပေးပြီးတဲ့အပြင် အဲ့ဒီထုတ်ပစ်လိုက်တဲ့ ဆော့ဝဲလ်တွေရဲ့ ဝင်းဒိုးထဲမှာ ကျန်နေတဲ့ Registry Key တွေကိုပါ လိုက်ရှာပြီး ထုတ်ပေးနိုင်ပါတယ်..။ နောက်ပြီး ဒီ Pro ဗါးရှင်လေးမှာ နောက်ထပ်လုပ်ပေးနိုင်တာတွေကတော့ Startup Manager, Disk Cleaner, Start Menu, Trace Eraser တူးတွေပါ အပိုပါပါသေးတယ်..။ တခုချင်းစီ အသုံးပြုတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားတယ်..။ Tools တွေအားလုံးကို အသုံးပြုပေးလိုက်ရင် မိမိတို့ရဲ့ စက်က အရင်ကထက်ပိုမို သွက်လက်ပြီး ၊ မန်မိုရီအပိုတွေ ထပ်ထွက်လာမှာ ဖြစ်လို့ ဆော့ဝဲလ်တွေနဲ့ ဖိုင်တွေကို ပိုမိုသိမ်းထားနိုင်မှာပါ..။ ဒီ Tools တွေအားလုံးကို အသုံးပြုအောင် လုပ်ပြထားလို့ ပုံတွေတော့ နည်းနည်းများပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကဒေါင်းလော့လင့်ကနေ ဒေါင်းယူပြီး ပုံလေးတွေနဲ့ အသုံးပြုတတ်အောင်ပါ ဆက်ကြည့်ပေးပါ..။ ဖိုင်ဆိုဒ်ကတော့ 6.3 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

Connectify Pro 4.1.0.25941 Final

Connectify Pro နောက်ဆုံးထွက် Final ဗါးရှင်းလေးပါ..။ အရင်တုန်းက တင်ပေးခဲ့တဲ့  ဗါးရှင်းအဟောင်းလေးတွေမှာလည်း အသုံးပြုပုံလေးတွေကို ရှင်းပြထားခဲ့ပြီးပါပြီ..။ အခုဒီ ဗါးရှင်းအသစ်မှာလည်း ဖူးသုံးလို့ ရအောင် သူ့ရဲ့ Key တွေထည့်ပြထားပြီး.. တခါတည်း သုံးတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ Broadband မှာ SIM ကတ်ထည့်သုံးတဲ့ သူများအတွက် မိမိတို့ကွန်ပျူတာကနေ Wifi ပြန်ထုတ်ပြီး ဖုန်းနဲ့ တခြား ကွန်ပျူတာတွေကို WIFI ပြန်ထုတ်ပေးနိုင်တဲ့ ဆော့ဝဲလ်ကောင်းလေးပါပဲ..။ ကျနော်လည်း လက်ရှိအသုံးပြုနေတာ ဖြစ်လို့ Update ထွက်လာတာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ကြာကြာခံအောင် ဖရီးဆော့ဝဲလ်နာမည် တခုနဲ့ တင်ပေးထားပါတယ်..။

Photo Collage Max 2.1.7.8 Final

Photo Collage Max ဆော့ဝဲလ်လေးက မိမိတို့ရဲ့ ပုံတွေကို ဖရိန်တခုထဲမှာ ထည့်ပြီး ပုံတွေအများကြီးကို ပြန်ပြီး ပုံတခုအဖြစ် ထုတ်ပေးနိုင်တဲ့ ဓါတ်ပုံပြင်ဆင်ဖို့ ကောင်းမွန်တဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ အရင်တုန်းကလည်း ဒီလိုမျိုး ဓါတ်ပုံတွေကို ဖရိန်လေးတွေနဲ့ အသုံးပြုလို့ ရတဲ့ ဆော့ဝဲလ်လေးတွေ တင်ပေးဖူးပါတယ်..။ ဒါလေးကတော့ နောက်တမျိုးပါ..။ ဒီကောင်လေးကမှာ အပိုပါတာတွေက Greeting Card နဲ့ Calendar တွေကိုပါ မိမိတို့ ပုံလေးတွေနဲ့ ပြုလုပ်လို့ ရပါသေးတယ်..။ အောက်မှာတော့ ကျနော် နမူနာတခု လုပ်ပြထားပြီး.. ဒီကောင်လေးကို ဖူးသုံးလို့ ရအောင်ပါ Patch ဖိုင်လေး ဒီဖိုင်ထဲမှာ ထည့်ပေးထားပါတယ်..။ patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကို ပိုစ့်တော်တော်များများမှာ လုပ်ပြထားပြီးသားမို့ ဒီပိုစ့်မှာတော့ Patching Done ဖြစ်တဲ့ နေရာကိုပဲ ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 34.1 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည် တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

Focus Photoeditor 6.5.1.0 Final


Focus Photoeditor ဆော့ဝဲလ်လေးကို ဖူးသုံးလို့ရအောင် သူ့ထဲမှာ keymaker လေးထည့်ပေးထားပါတယ်..။ ဒီ Keymaker လေးနဲ့ ဖူးဖြစ်အောင် လုပ်တတ်ဖို့ကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ ဆက်ကြည့်ပေးပါ..။ ဒီကောင်လေးက Photoshop ဆော့ဝဲလ်လိုပဲ ဓါတ်ပုံတွေကို စိတ်ကြိုက် တပိုင်းချင်းစီ ဖြတ်ကပ်လုပ်ဖို့ ၊ ပြုပြင်ဖို့ဆိုရင်တော့ ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်..။ လေ့ကျင့်ခန်းအတွက် လိုအပ်ရင် ဒီပိုစ့်ရဲ့အောက်ဆုံးမှာ Video ဖိုင်လေး ရှာပြီး ချိတ်ပေးထားပါတယ်..။ လေ့လာကြည့်နိုင်ပါတယ်..။ ဒီဆော့ဝဲလ်ကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 37.4 MB ရှိပါတယ်..။ ကျနော် ဒီဖိုင်ကို ဖရီးဆော့ဝဲလ်နာမည် တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 

Xilisoft Video Converter Ultimate 7.7.1 Built-20130111 Final

ဒီကောင်လေးကိုလည်း ဖူးသုံးလို့ ရအောင် အောက်က Xilisoft DVD Ripper Ultimate ပိုစ့်အတိုင်း လုပ်ပေးရမှာပါ..။ လုပ်နည်း အတူတူပါပဲ..။ ဒီပိုစ့်မှာတော့ ပုံအနည်းငယ်ပဲ ဖေါ်ပြထားပါတယ်..။ မနေ့တနေ့က Cbox မှာ ရေးထားခဲ့တဲ့ Format Factory Error ပေါ်လာလို့ အဲ့ဒီဆော့ဝလ်ကို အသုံးပြုလို့ မရတော့တဲ့ အစ်ကိုလိုမျိုး ကြုံခဲ့ရင် ဒီ Xilisoft Video Converter Ultimate လေးနဲ့ အဆင်ပြေနိုင်ပါတယ်..။ ဒီကောင်လေးမှာ လုပ်ပေးနိုင်တာတွေ ပိုများပါတယ်..။ Getting Started, 3D Video Conversion, Clip Video/Audio File, Create Merged Item, Edit Merged Video Item, Edit Merged Picture Item, Add and Edit Video Effects, More Applied Skills စတာတွေပါပဲ..။ အရင်တုန်းကလည်း ဒီကောင်လေးကို တင်ပေးဖူးပါတယ်..။ အခုဒီဗါးရှင်းကတော့ နောက်ဆုံးထွက်လေးပါ..။ Ipod, Ipad, Iphone နဲ့ Apple TV တွေအတွက်ပါ Convert လုပ်ပေးနိုင်တဲ့အတွက် Apple သုံးသူများအတွက် အဆင်ပြေစေမယ့် ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ အသုံးပြုပုံကို အောက်မှာ Video ဖိုင်လေးအပြင် သူ့ရဲ့မူရင်းဆိုဒ်မှာ ပုံလေးတွေနဲ့ ရှင်းပြထားတဲ့ လင့်ကိုပါ..။  ပြန်ချိတ်ပေးထားပါတယ်..။ အဲ့ဒီဆိုဒ်မှာပဲ ပုံနဲ့ Video နဲ့ တွဲပြီးလေ့လာပေးပါ..။ လုပ်တတ်သွားပါလိမ့်မယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 35.4 MB ရှိပါတယ်..။ ဒီဖိုင်ကိုလည်း ဖရီးဆော့ဝဲလ်နာမည်တခု ပြောင်းပြီး တင်ပေးထားပါတယ်..။ 

Xilisoft DVD Ripper Ultimate 7.7.1 Built-20130111 Final

Xilisoft DVD Ripper Ultimate လေးက မိမိတို့ရဲ့ ကိုယ်တိုင်ရိုက်ထားတဲ့ Video တွေနဲ့ DVD ထဲက Video တွေကို မိမိတို့ စိတ်ကြိုက် Effect တွေနဲ့ ပြုပြင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ယူလို့ ရပါတယ်..။ ဒီပရိုဂရမ်လေးမှာ လုပ်ပေးနိုင်တဲ့ အပိုင်းတွေကတော့ Getting Started, Clip Video/Audio File, Create Merged Item, Edit Merged Video Item, Add and Edit Video Effects, Add and adjust subtitle to video, More Applied Functions တွေပါပဲ..။ ကျနော့် Blog မှာလူမေးအများဆုံးဖြစ်တဲ့ Video တွေ ၊ ရုပ်ရှင်တွေမှာ မိမိတို့ စိတ်ကြိုက် စာတန်းထိုးချင်တယ် ဆိုရင် ဒီကောင်လေးရဲ့ Add and adjust subtitle to video  ဆိုတဲ့ အပိုင်းမှာ လုပ်ယူလို့ ရပါတယ်..။ Effect တွေများလွန်းတဲ့ အတွက် အသုံးပြုပုံကို Video ဖိုင်လေးနဲ့ အပြင်သူ့ရဲ့ မူရင်းဆိုဒ်က လေ့ကျင့်ခန်းလေးတွေကို ဒီပိုစ့်မှာ လင့်ပြန်ချိတ်ပေးထားပါတယ်..။ မူရင်းဆိုဒ်မှာ ပုံလေးတွေနဲ့ပါ လုပ်ပြထားပါတယ်..။ အဲ့ဒီဆိုဒ်မှာ လေ့လာကြည့်ပေးပါ..။ အင်္ဂလိပ်လို သိပ်နားမလည်ပေမယ့်လည်း ပုံလေးတွေကြည့်ရင်း Video ဖိုင်လေးနဲ့ တွဲပြီးလေ့လာလိုက်ရင် ဒီကောင်လေးကို အသုံးပြုတတ်သွားပါလိမ့်မယ်..။ ဒီပိုစ့်မှာတော့ ကျနော်က ဒီကောင်လေးကို Full သုံးလို့ ရအောင် Patch ဖိုင်ထည့်ပြထားပြီး သူ့အတွက် Key လေးပါ ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ Patch နဲ့ Key ၂မျိုးစလုံးထည့်ပေးရမှာပါ..။ ဒါမှ ဖူးသုံးလို့ ရမှာပါ..။ Video တွေ ပြင်ဆင်ဖို့ ဝါသနာပါတဲ့သူများကတော့ ဒေါင်းလော့လင့်တွေ မပျက်ခင် အမြန်သာ ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 35.3 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည်တခု ပြောင်းပြီး တင်ပေးထားပါတယ်..။

IObit StartMenu8 1.0.0 Beta 3.0



ဒီကောင်လေးက အရင်တုန်းကလည်း တင်ပေးဖူးတဲ့ IObit StartMenu8 1.0.0 Beta 3.0 လေးပါ..။ ဒီနေ့မှ Update အသစ်ထွက်လာတဲ့ နောက်ဆုံးထွက်လေး..။ အရင်ဗါးရှင်း အဟောင်းက ဒေါင်းလော့လင့်တွေ ပျက်တဲ့ထဲပါသွားလောက်ပါပြီ..။ ဒါကြောင့် နောက်ဆုံးထွက်လေးကို ရရချင်း တင်ပေးလိုက်ပါတယ်..။ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ကျနော်တို့ Windows 8 အသုံးပြုသူများအတွက် Start Menu လေးနဲ့ အလွယ်တကူ အသုံးပြုလို့ ရအောင် ဒီကောင်လေးကို ၂ချက်တောက်ပြီး Install ထည့်ပေးလိုက်ယုံပါပဲ..။ အဆင်ပြေပြေအသုံးပြုလို့ ရသွားပါပြီ..။ သူ့ရဲ့ Setting ထဲမှာတော့ Start Button လေးကို အမျိုးမျိုးပြောင်းသုံးလို့ရအောင် ပုံစံအသစ်လေးတွေ ရှိပါသေးးတယ်..။ အသုံးပြုရတာလည်း လွယ်ပါတယ်..။ အောက်မှာလည်း ကျနော် လုပ်ထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.4 MB ရှိပါတယ်..။

Windows 8 Loader (For Pro and Enterprise)

ဒီ Windows 8 Loader ကို ကျနော်ဝင်းဒိုး၂ခု တင်ပြီး စမ်းထားတာ အဆင်ပြေလို့ ပြန်လည် တင်ပေးလိုက်ပါတယ်..။ ကျနော်စမ်းထားတဲ့ ဝင်းဒိုးဗါးရှင်းတွေက Windows 8 (16 in 1 မှ) Pro 32-bit  ဗါးရှင်းနဲ့ Windows 8 (4 in 1 မှ) Enterprise 32-bit ဗါးရှင်းတွေမှာ လုပ်ပြထားတာ ဖြစ်ပါတယ်..။ တခြားဗါးရှင်းတွေမှာ အဆင်ပြေ၊မပြေတော့ မပြောတတ်သေး..။ အဆင်ပြေသွားတဲ့ Windows 8 ဗါးရှင်းတွေကို အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို ထွေထွေထူးထူး လုပ်ပေးဖို့ မလိုပါဘူး..။ Windows 8 တင်ပြီးပြီးချင်း အင်တာနက်မဖွင့်ပဲ ဘာဆော့ဝဲလ်မှ Install မထည့်ခင် ဒီကောင်လေးကို အရင်လုပ်ပေးလိုက်ပါတယ်..။ ၂ချက်တောက်ပေးလိုက်ယုံပါပဲ..။ အလုပ်လုပ်တာ အရမ်းမြန်ပါတယ်..။ ၁၀စက္ကန့်အတွင်း ဝင်းဒိုး Restart ကျသွားပါလိမ့်မယ်..။ စက်ပြန်ပွင့်လာရင်တော့ အောက်မှာပြထားတဲ့ ပုံလေးအတိုင်း မိမိတို့ရဲ့ Windows 8 ဟာ Activate ဖြစ်သွားပါပြီ..။ ပေါ်လာတဲ့ ဘောက်စ်တွေမှာ OK >> OK ပေးလိုက်ပါ..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.3 MB ပဲရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်တခုနာမည်နဲ့ ပြောင်းတင်ပေးထားပါတယ်..။

Wise Disk Cleaner 7.74.535


ဒီကောင်လေးက ဖိုင်ဆိုဒ်သေးသေးလေးနဲ့ အတော်လေး အသုံးဝင်တဲ့ ကောင်လေးပါ..။ မိမိတို့ကွန်ပျူတာ တခုလုံးကို အမှိုက်တွေရှင်းလင်း ပေးပြီး ၊ အသုံးမလိုတဲ့ ဖိုဒါအပိုတွေ၊ ဖိုင်အလွတ်တွေကို  ရှိသမျှ ဟတ်ဒစ်အပိုင်းတွေထဲမှာ လိုက်ရှာပြီး ခဏလေးနဲ့ ရှင်းလင်းပေးနိုင်ပါတယ်..။ ဝင်းဒိုးရဲ့ Registry အပိုင်းကိုလည်း ရှင်းလင်းပေးမှာ ဖြစ်လို့ ဒီကောင်လေးကို အသုံးပြုပြီးတိုင်း စက်ကို Restart ချပေးလိုက်ပါ..။ ဒီကောင်လေးရဲ့ တခြားအပိုင်းတွေမှာ အလုပ်လုပ်တာ မြန်ပေမယ့် Disk Defrag လုပ်တဲ့ အပိုင်းမှာတော့ နည်းနည်းကြာတတ်ပါတယ်..။ အဲ့ဒါကတော့ ဟတ်ဒစ်ထဲမှာရှိတဲ့ မိမိတို့ နေ့စဉ်သုံးနေတဲ့ ဖရိုဖယဲဖြစ်နေတဲ့ ဖိုင်တွေကို ဒီ Disk Defrag ဆိုတဲ့ အပိုင်းက တခုချင်းစီ လိုက်စီပေးနေရလို့ပါ..။ ဒီကြောင့်ဒီအပိုင်းကို အသုံးပြုတဲ့အခါမှာ မိမိတို့ တခြားလုပ်ချင်တာတွေ လုပ်နေလို့ ရပါတယ်..။ ဒီအပိုင်းကို လွှတ်ပေးထားလိုက်ပါ..။ သူ့အလိုလို အလုပ်လုပ်ပေးနေပါလိမ့်မယ်..။ အားလုံးအသုံးပြုပြီးရင်တော့ မိမိတို့ရဲ့စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ ဟတ်ဒစ်ထဲမှာ မန်မိုရီအပို (နေရာလွတ်တွေ) ပိုထွက်လာပါလိမ့်မယ်..။ စက်ကလည်း အရင်ကထက် အသုံးပြုရတာ ပိုမြန်နေပါလိမ့်မယ်..။ ကိုယ်တိုင်အသုံပြုပြီးမှ သိမှာမို့ လက်တွေ့သာ လုပ်ကြည့်လိုက်ပါ..။ အသုံးမပြုတတ်သေးတဲ့ သူများအတွက် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံးလုပ်ပြ ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.4 MB ရှိပါတယ်..။ 

Foxit Reader 5.4.5.114


 ဒီကောင်လေးက နောက်ဆုံးထွက် Update လေးပါ..။ အရင်တင်ပေးထားတဲ့ ဗါးရှင်းတွေက လင့်တွေပျက်ကုန်တဲ့အတွက် ဒီနောက်ဆုံးထွက်လေးကို ပြန်တင်ပေးလိုက်ပါတယ်..။ ကျနော်တို့ PDF ဖိုင်နဲ့ချုပ်ထားတဲ့ စာအုပ်လေးတွေကို ဖွင့်ဖတ်လို့ ရဖို့ဆိုရင် ဒီလို PDF Reader လေးတွေ ရှိဖို့လိုအပ်ပါတယ်..။ Adobe Reader ကိုလည်း လူသုံးများကြပါတယ်..။ ဒါပေမယ့် Adobe Reader က ဖွင့်ရင်ကြာတတ်လို့ ၊ Error လည်း ဖြစ်တတ်လို့ ကျနော်နောက်ပိုင်းသုံးလာတဲ့ Reader လေးကတော့ ဒီ Foxit Reader လေးပါပဲ..။ ဒီကောင်လေးကို install ထည့်ပေးထားယုံပါပဲ..။ PDF စာအုပ်လေးတွေကို ဒီကောင်လေးနဲ့ အလွယ်တကူ ဖတ်ဖတ်လို့ ရမှာဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 15.3 MB ရှိပါတယ်..။

(Accounting) AceMoney 4.20.5 and AceMoney Lite Final

ဒီ Accounting ဆော့ဝဲလ်လေးကို အရင်တုန်းက အစ်ကိုတစ်ယောက် Cbox မှာ တောင်းထားခဲ့ဖူးပါတယ်..။ အဲ့တုန်းက ဆော့ဝဲလ်နာမည် မသိလို့ ဘယ်လိုရှာရမှန်း မသိခဲ့ပါဘူး..။ ဒီနေ့မှ ရလာလို့ တင်ပေးလိုက်ပါတယ်..။ AceMoney 4.20.5 ကတော့ Key ထည့်ပေးရမယ့် ဗါးရှင်း အဟောင်းလေး ဖြစ်ပြီးတော့..  AceMoney Lite ကတော့ ဒီလ ၄ရက်နေ့ကမှ ထွက်လာတဲ့ ဖရီးသုံးလို့ရတဲ့ Final ဗါးရှင်းပါ..။ ကျနော်အောက်မှာ ပုံလေးတွေနဲ့ AceMoney 4.20.5 ကို Install နဲ့ Key ပါထည့်ပြပေးထားပါတယ်..။ အသုံးပြုပုံကို သူ့ရဲ့မူရင်းဆိုဒ်မှာ တင်ပေးထားတဲ့ Video ဖိုင်လေးပြန်ချိတ်ပေးထားပါတယ်..။ အဲ့ဒီ Video ဖိုင်လေးကို လေ့လာရင်း ဒီကောင်လေးကို အသုံးပြုတတ်သွားပါလိမ့်မယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.8 MB ရှိပါတယ်..။ ကျနော်  ဒီဆော့ဝဲလ်ကို ဖရီးဆော့ဝဲလ်နာမည်တခု ပြောင်းပြီး တင်ပေးထားပါတယ်..။

Advanced SystemCare Free 6 - 6.1.9.214



 ဒီကောင်လေးက Advanced SystemCare နောက်ဆုံးထွက်လာတဲ့ Free ပေးသုံးတဲ့ ကောင်လေးပါ..။ အရင်တုန်းက တင်ပေးထားတဲ့ Advanced SystemCare လင့်တွေပျက်ကုန်တဲ့အတွက် Cbox နဲ့ Comment တွေမှာ ခဏခဏပြန်တင်ပေးဖို့ တောင်းထားလို့ ဒီကောင်လေးကို Update အသစ်ထွက်ထွက်ချင်း တင်ပေးလိုက်ပါတယ်..။ ကွန်ပျူတာနဲ့ Browser တွေကို သွက်လက်မြန်ဆန်စေတဲ့ ဆော့ဝဲလ်ကောင်းလေးတခုပါပဲ..။ အသုံးပြုနည်းတွေကို အရင်ပိုစ့်တွေမှာလည်း လုပ်ပြထားသလို အခုဒီပိုစ့်မှာလည်း ပြန်လည်လုပ်ပြပေးထားပါတယ်..။ အသုံးပြုရတာ လွယ်တဲ့အတွက် တခေါက်ကြည့်တာနဲ့ မှတ်မိသွားပါလိမ့်မယ်..။  ဒီကောင်လေးကို အသုံးပြုပြီးတဲ့အခါတိုင်း မိမိတို့ရဲ့စက်ကို Restart ချပေးပြီးမှ ကွန်ပျူတာကို ဆက်သုံးပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 20.4 MB ရှိပါတယ်..။

MiniTool Partition Wizard Home Edition 7.7 - {ဟတ်ဒစ်အပိုင်း မခွဲတတ်သေးတဲ့သူများအတွက် ဒီဆော့ဝဲလ်နဲ့ အပိုင်းခွဲကြည့်ရအောင်}


ဒီကောင်လေးက Latest Update နောက်ဆုံးထွက် ဖရီးဗါးရှင်းလေးပါပဲ..။ အသုံးပြုရတာ လွယ်ကူ အဆင်ပြေလို့.. ပုံလေးတွေနဲ့ပါ တခါတည်း လုပ်ပြထားပါတယ်..။ ဟိုးအရင်တုန်းက တင်ပေးထားခဲ့တဲ့ Minitool Partition Wizard Server Edition v7.1 ပိုစ့်မှာ ပါတေးရှင်း အပိုင်းခွဲနည်းကို လုပ်နည်းတမျိုးဖြစ်တဲ့ Move/Resize တူးနဲ့ လုပ်ပြထားတာ ဖြစ်ပြီး.. ဒီပိုစ့်မှာတော့ လုပ်နည်း စုံသွားအောင်လို့ Split တူးနဲ့ လုပ်ပြထားပါတယ်..။ ဒီဆော့ဝဲလ်နဲ့ နည်းမျိုးစုံ အသုံးပြုတတ်သွားအောင်   အရင်ပိုစ့်မှာလည်း ပြန်ကြည့်ပေးပါ..။ ဖရီးတွေထဲမှာလည်း ဆော့ဝဲလ်ကောင်းလေးတွေ အများကြီးရှိတာမို့ ဖရီးတွေပါဆိုပြီး အထင်သေးလို့ မရပါဘူး..။ တကယ်တော့ ဒီဆော့ဝဲလ်ကို Dynamic ဖြစ်နေတဲ့ ဟတ်ဒစ်မှာ စမ်းပြချင်တာပါ..။ ရမရတော့ သေချာမသိသေး..။ ကျနော့်မှာက Dynamic ဖြစ်နေတဲ့ စက်က မရှိတော့တဲ့အတွက် ရိုးရိုးစက်ဟတ်ဒစ်မှာပဲ ဒီကောင်လေးကို ရိုးရိုးလေး လုပ်ပြထားပါတယ်..။ ဝင်းဒိုးထဲက Disk Management နေရာကနေ ဟတ်ဒစ်ကို အပိုင်းမခွဲတတ်သေးတဲ့သူများ အတွက် အဆင်ပြေအောင်လို့ ဒီကောင်လေးနဲ့ အပိုင်းတွေခွဲထုတ်လို့ ရမှာဖြစ်ပြီး.. တခါတည်း အပိုင်းတွေကို ပြန်ပေါင်းချင်ရင် ပြန်ပေါင်းတတ်အောင်လို့ လုပ်နည်း ၂မျိုးကို ဒီပိုစ့်မှာ လုပ်ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒီကောင်လေးကို ဒေါင်းယူပြီး.. အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး အသုံးပြုတတ်အောင် ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 14 MB ရှိပါတယ်..။ 

All-In-One - TeamViewer full version v8.0.16642


 ကျနော် ဒီဖရီးဗါးရှင်းလေးနဲ့ အသုံးပြုနေတာ တော်တော်ကြာနေပါပြီ..။ ကျနော်တို့ အင်တာနက်ကနေ မိမိတို့မိသားစု ကွန်ပျူတာကိုပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း ညီအစ်ကို မောင်နှမတွေရဲ့ ကွန်ပျူတာကိုပဲ ဖြစ်ဖြစ်၊ လှမ်းကြည့်ပေး ပြင်ပေးလို့ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ ဒီကောင်လေးက အသုံးပြုလို့ ကောင်းတဲ့ Free ပေးသုံးတဲ့ ဖရီးဗါးရှင်းလေးပါ..။ မိမိတို့ စက်ထဲမှာ အရင်တုန်းက TeamViewer ဗါးရှင်းတွေ ရှိနေတယ်ဆိုရင် Uninstall နဲ့ထုတ်ပစ်ပြီးမှ ဒီဖရီးဗါးရှင်းကို ပြန်ထည့်သုံးပါ..။ နောက်ပိုင်း Update ပေါ်ခဲ့ရင် လုံးဝ Update မလုပ်ပါနဲ့..။ ဒီဗါးရှင်းလေးက အရမ်းသုံးလို့ ကောင်းလို့ပါ..။ ဖရီးဗါးရှင်း ဖြစ်တဲ့အတွက် Video Call တွေနဲ့ Chat တွေတော့ အသုံးပြုလို့ မရပါဘူး..။ ကျန်တာတွေအားလုံး ပေးသုံးပါတယ်..။ ကျနော်တို့ Video Call တွေနဲ့ Chat တွေကို VZO ၊ Gmail နဲ့ Gtalk တွေမှာ Free သုံးလို့ရတဲ့အတွက် ဒီကောင်လေးနဲ့ တွဲသုံးတဲ့အခါ အရမ်းလွယ်ကူပြီး အဆင်ပြေပြေ အသုံပြုလို့ ရသွားတာ ကျနော့် လက်တွေ့ပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်ပိုစ့်တွေ ဖြစ်တဲ့ TeamViewer 8 Beta and TeamViewer 7 Portable နဲ့ TeamViewer Enterprise 7.0.14563 ပိုစ့်တွေမှာ ပြည့်စုံအောင် လုပ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့သူများ အဲ့ဒီပိုစ့်တွေမှာ လေ့လာကြည့်ပေးပါ..။ ဒီဖရီးဗါးရှင်းလေးကို Install ထည့်တဲ့နေရာမှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှု့လေးတွေ လုပ်တတ်ဖို့ကိုတော့ ကျနော်ဒီပိုစ့်ရဲ့ အောက်ပိုင်းမှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီဖရီးဗါးရှင်းလေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.5 MB ရှိပါတယ်..

AVG AntiVirus Free Edition 2013 13.0 Build 2890a6006


ဒီဗါးရှင်းလေးက Free ပေးသုံးတဲ့ ဗါးရှင်းလေးပါ..။ ဖရီးဗါးရှင်းတွေထဲမှာတော့ Avira Antivirus လိုပဲ လူသုံးများတဲ့ Antivirus တခုပါ..။ အရင်လတုန်းက တင်ပေးထားတဲ့ AVG Internet Security Business Edition 2013 နဲ့ AVG Internet Security 2013 ပိုစ့်တွေမှာ အသုံးနည်းတွေကို ပြည့်ပြည့်စုံစုံ လုပ်ပြထားပါတယ်..။ အခုဒီ Free ဗါးရှင်းနဲ့ အသုံးပြုနည်း အတူတူပါပဲ..။ လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်တွေမှာ အသုံးပြုနည်းတွေကို ပြန်ကြည့်ပေးပါ..။ ဒီဗါးရှင်းအတွက် အောက်မှာပုံလေးတွေနဲ့ Install ထည့်ပြထားပြီး အနည်းငယ်လုပ်ပြထားပါတယ်..။ အပြည့်အစုံအသုံးပြုနည်းကိုတော့ အရင်ပိုစ့်တွေမှာပဲ လေ့လာကြည့်ပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 118 MB ရှိပါတယ်..။

Windows 8 and Windows RT ဗါးရှင်းတွေအတွက် Keyboard Shortcuts ကီးအသစ်များ



ဒါကတော့ Microsoft ကပေးတဲ့ Windows 8 and Windows RT ဗါးရှင်းတွေအတွက် Shortcuts Key အသစ်တွေပါ..။ ဒီရှော့ကပ်ကီးတွေကို အလွတ်ရထားမယ်ဆိုရင် ကီးဘုတ်ကနေ မိမိတို့လိုတဲ့ ဝင်းဒိုးထဲက  နေရာတွေကို အလွယ်တကူ ဝင်လို့ရမှာဖြစ်ပါတယ်..။ ဒါကြောင့် ဒီရှော့ကပ်ကီးတွေကိုလည်း အလွတ်ရထားဖို့ လိုအပ်ပါတယ်..။ အောက်မှာတော့ Microsoft မှာ ဖေါ်ပြထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးထားပါတယ်..။ ရှော့ကပ်ကီးတွေနဲ့ ဝင်လို့ရမယ့်နေရာတွေကို ဘာသာပြန်ပေးဖို့တော့ သိပ်မလွယ်ပါဘူး..။ ဒါကြောင့် တခုချင်းစီ အောက်က ရှော့ကပ်တွေ လိုက်နှိပ်ရင်း ပေါ်လာတဲ့ ပုံတွေကို မိမိတို့ နားလည်လွယ်တဲ့ သင်္ကေတတွေနဲ့သာ အလွယ်မှတ်ထားကြပါ..။ ဒါမှသာ အလွယ်လုပ်တတ်သွားမှာပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကဇယားကွက်မှာ ဆက်ကြည့်ပေးပါ..။

BusinessCards MX 4.76 Final


ဒီကောင်လေးကို အရင်လကလည်း တင်ပေးခဲ့ဖူးပါတယ်..။ Business Card လေးတွေကို ဒီဇိုင်းအမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ စိတ်ကြိုက်ဖန်တီးယူလို့ ရတဲ့ ကောင်လေးပါ..။ အခုဒီဗါးရှင်းကတော့ BusinessCards MX 4.76 Final ဗါးရှင်းပါ..။ အသုံးပြုပုံနဲ့ ဖူးဖြစ်အောင် Key ထည့်နည်းကို အရင်ပိုစ့်အဟောင်း BusinessCards MX 4.74 ပိုစ့်မှာ ပြန်ကြည့်ပေးပါ..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 88.2 MB ရှိပါတယ်..။ 

Windows 7 Loader v2.1.2 / v2.1.0 / v2.0.9


9 Jan 13, 01:25 AM
pyae: အစ်ကို Windows Loader v2.1.5 For Activate All Windows 7 Versions လေးတင်ပေးပါအုံးလား အရမ်းလိုအပ်နေလို့ပါ
Windows7 Loader v2.1.5 တော့ အဆင်သင့် မရှိပါဘူး..။ ရှိတာလေးတွေထဲကပဲ ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်..။ ဒီဖိုင်လေးထဲမှာ ပါတဲ့ ဝင်းဒိုး Loader ဗါးရှင်းတွေကတော့ ဒီပိုစ့်ရဲ့ ခေါင်းစဉ်မှာ ရေးပြထားတဲ့ အတိုင်းပါပဲ..။ ဗါးရှင်း ၃ခုကို ပေါင်းပြီး ဖိုင်တခုထဲမှာ တင်ပေးထားပါတယ်..။ ဘယ်တခုကိုပဲ ဖြစ်ဖြစ် ၂ချက်တောက်ပြီး ပေါ်လာတဲ့ ဘောက်စ်ထဲက Install စာသားကို တချက်ကလစ်ပေးလိုက်ရင် ရပါပြီ..။ Antivirus ပရိုဂရမ်တွေကို အရင်ပိတ်ထားပြီးမှ Install ထည့်ပါ..။ လိုလိုမယ်မယ် Windows Vista / Windows 7 ဗါးရှင်းမျိုးစုံးအတွက် Keys တွေပါ Notepad လေးနဲ့ ထည့်ပေးထားပါတယ်..။ Activate ဖြစ်ပြီးသား Windows 7 တွေအတွက် ဒီကောင်လေးကို မလိုအပ်ပါဘူး..။ Activate မဖြစ်သေးတဲ့ ရက်၃၀ ပဲသုံးလို့ ရတဲ့ Windows 7 တွေအတွက် ဒီ Windows 7 Loader တွေကို အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.1 MB ရှိပါတယ်..။ Blog ညာဘက် အပေါ်ဆုံးမှာ လင့်ချိတ်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်အတိုင်း ဒီဖိုင်ကို ဒေါင်းယူရမှာပါ..။

WebcamMax 7.7.1.2 Final


အရင်လကလည်း WebcamMax v7.6.8.6 ဗါးရှင်းကို တင်ပေးဖူးပါတယ်..။ အခုဒီဗါးရှင်းကတော့ WebcamMax 7.7.1.2 Final ဗါးရှင်းပါ..။ မိမိတို့ရဲ့ ကွန်ပျူတာ ကင်မရာကနေ ဓါတ်ပုံတွေကို ဒီဇိုင်းမျိုးစုံ၊ ရုပ်ပြောင်မျိုးစုံနဲ့ မိမိတို့ရဲ့ ပုံလေးတွေကို စိတ်ကြိုက် Effect တွေနဲ့ လုပ်ယူလို့ ရတဲ့ ကောင်လေးပါ..။ ဒီကောင်လေးအတွက် ဖူးသုံးလို့ ရမယ့် Patch ဖိုင်နဲ့ Keymaker ၂မျိုးကို ဒီဖိုင်ထဲမှာ ထည့်ပေးထားပါတယ်..။ ဒီ၂ခုနဲ့ ဖူးဖြစ်အောင်လုပ်နည်းက အရင် ဗါးရှင်းမှာ လုပ်ပြထားတဲ့နည်းနဲ့ အတူတူပါပဲ..။ ဖူးဖြစ်အောင် လုပ်နည်းကို အရင်ဗါးရှင်းအဟောင်းပိုစ့်မှာ (WebcamMax v7.6.8.6) လိုအပ်တဲ့သူများ ပြန်ကြည့်ပေးပါ..။ ဒီနောက်ဆုံးထွက် လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 25.3 MB ရှိပါတယ်..။ ဒီဖိုင်ကို ဒေါင်းလော့ယူနည်းပိုစ့်အတိုင်း ဒေါင်းယူရမှာပါ..။

Internet Download Manager 6.14 Final Build 5




Internet Download Manager 6.14 Final Build 5 နောက်ထပ်ထွက်လာတဲ့ Update လေးပါ..။ ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ရအောင် Patch ဖိုင်လေးထည့်ပေးထားပါတယ်..။ Patch နဲ့ဖူးဖြစ်အောင် လုပ်နည်းပိုစ့်ကို ကျနော့် Blog ရဲ့ညာဘက် အပေါ်ဆုံးမှာ လင့်ချိတ်ပေးထားပါတယ်..။ IDM ကို Patch ဖိုင်နဲ့ ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့ သူများ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ အခုဒီနောက်ဆုံးထွက် ဗါးရှင်ကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်.. ဒီဖိုင်ကို ဒေါင်းလော့ယူနည်း ပိုစ့်အတိုင်း ဒေါင်းယူရမှာပါ..

Google Chrome မှာ IDM အလုပ်လုပ်အောင် ဖြေရှင်းနည်း

ဒီနည်းလေးက Google Chrome မှာ IDM အလုပ်မလုပ်တဲ့အခါ.. IDM အလုပ်လုပ်အောင် ဖြေရှင်းလို့ရမယ့် နည်းလမ်းလေးပါ..။ ကျန်ခဲ့တဲ့တပါတ်က သူငယ်ချင်းတယောက်ရဲ့စက်မှာ Google Chrome ဖွင့်သုံးတဲ့အခါ IDM အလုပ်မလုပ်လို့ ဒီနည်းနဲ့ ဖြေရှင်းပေးခဲ့ရပါတယ်..။ သူကတော့ Google Chrome မှာ Extension ထဲဝင်နေတဲ့ Toolbar တွေကို ဖျက်ထုတ်ပစ်ရင်း IDM Extension ပါ ပါသွားတဲ့အတွက် IDM နဲ့ ဒေါင်းလော့ချလို့ မရတော့တာပါ..။ ကျနော့်သူငယ်ချင်းရဲ့စက်မှာ ဒီနည်းနဲ့ လုပ်ပေးလိုက်လို့ အဆင်ပြေသွားပါတယ်..။ ကျနော်လည်း အခုနောက်ပိုင်း Mozilla တောင် သိပ်မသုံးဖြစ်တော့ပါဘူး..။ Google Chrome က လိုင်းကျနေတဲ့အခါတွေမှာ Mozilla မတက်ပေးနိုင်တဲ့ ဝဘ်ဆိုဒ်တွေကို အလွယ်လေး တက်ပေးနိုင်ပါတယ်..။ လိုင်းကောင်းရင်တော့ တအားမြန်ပါတယ်..။ ဒါကြောင့်လည်း Mozilla အစား Google Chrome ကို အသုံးများလာတာပါ..။ Google Chrome နဲ့ ပါတ်သက်လို့ မြန်မာစာ ပေါ်အောင်လုပ်နည်း တွေနဲ့ Bookmarks မှတ်နည်းတွေ အပြင် တခြားအသုံးပြုနည်းတွေကို ကျနော့် Blog ထဲမှာ ဟိုးအရင်တုန်းကတည်းက ပိုစ့်တွေ တင်ပေးထားပြီးသား ရှိပါတယ်..။ လိုအပ်တဲ့သူများ အဲ့ဒီပိုစ့်တွေမှာ ပြန်ကြည့်နိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ Google Chrome မှာ IDM အလုပ်လုပ်အောင် ပုံလေးတွေနဲ့ အောက်မှာ ရှင်းပြထားပါတယ်..။ ကျနော့်သူငယ်ချင်းလို Google Chrome မှာ IDM အလုပ်လုပ်မလုပ်တဲ့သူများ အဆင်ပြေအောင် အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။

Windows 8 Manager 1.0.4 Final

Windows 8 Manager 1.0.4 Final နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို   Yamicsoft Windows 8 Manager 1.0.0 ပိုစ့်မှာ ပြန်ကြည့်ပေးပါ..။ ဒီပိုစ့်မှာတော့ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် သူ့အတွက် ထည့်ပေးထားတဲ့ Keygen လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြထားပါတယ်..။ ဒီကောင်လေးကို အသုံးမပြုခင် အရင်ဆုံး ဖူးဖြစ်သွားတာနဲ့ Restore Point လုပ်ခိုင်းပါလိမ့်မယ်..။ Yes ပေးပြီး Restore Point အရင်လုပ်ထားလိုက်ပါ..။ ဒီကောင်လေးက ကွန်ပျူတာရဲ့ System ပိုင်းတွေကို ဝင်ပြင်ပေးမှာ ဖြစ်တဲ့အတွက် တခုခု Error ပေါ်ခဲ့ရင် Restore Point နဲ့ နောက်ပြန်သွားလို့ ရမှာ ဖြစ်ပါတယ်..။ ဒါကြောင့် Restore Point ကို အရင် လုပ်ထားပြီးမှ ဒီကောင်လေးကို အသုံးပြုပေးပါ..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.1 MB ရှိပါတယ်..။ Keygen နဲ့ ဖူးသုံးလို့ ရအောင်၊ Restore Point လုပ်ပေးတတ်အောင်လို့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။ 

USB Disk Security 6.2.0.30

USB Disk Security 6.2.0.30 အတွက် ဖူးသုံးလို့ ရမယ့် keygen လေး ထည့်ပေးထားပါတယ်..။ Keygen နဲ့ Full ဖြစ်အောင် လုပ်ပြထားပြီး.. ဒီကောင်လေးကို အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ မိမိတို့ရဲ့ ကွန်ပျူတာကို USB တွေ တပ်လိုက်တိုင်း ဒီကောင်လေးက ဗိုင်းရပ်စ်တွေ ပါမပါ စစ်ပေးမှာ ဖြစ်ပြီး ဗိုင်းရပ်စ်တွေ တွေ့ခဲ့ရင် တခါတည်း သတ်ပစ်ပေးမှာ ဖြစ်ပါတယ်..။ အသုံးပြုရတာလည်း လွယ်ပြီး အများကြီး လုပ်ပေးစရာမလိုပါဘူး..။ နောက်ပြီး USB တွေကို Lock ချထားလို့ ရမှာဖြစ်ပြီး Lock ချထားပြီးတဲ့အခါမှာ USB ထဲမှာရှိတဲ့ ဗိုင်းရပ်စ်တွေနဲ့ Auto run ဖိုင်တွေကအစ အလုပ်လုပ်လို့ မရအောင် ပိတ်ပေးထားပါလိမ့်မယ်..။ နောက်တခုက System Tools ထဲမှာ ရှိတဲ့ Disk Cleanup နဲ့ အမှိုက်တွေ ရှင်းလို့ ရမယ်..။ Repair System နဲ့ ကွန်ပျူတာရဲ့ System ပိုင်းတွေကို ပြုပြင်ပေးနိုင်ပါသေးတယ်..။ ဒီ System ပိုင်းတွေကို လုပ်ဆောင်ပြီးရင်တော့ စက်ကို Restart ချပေးပြီးမှ ဆက်ပြီး အသုံးပြုပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.6 MB ရှိပါတယ်..။

Windows Repair All in One 1.9.2 Final & Portable


ဒီကောင်လေးကို အရင်တုန်းကလည်း တင်ပေးဖူးပါတယ်..။ အခုဒီဗါးရှင်းလေးကတော့ နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ Setup ဖိုင်အပြင် Portable လေးပါ တွဲတင်ပေးထားပါတယ်..။ ဒီကောင်လေးရဲ့ အသုံးဝင်ပုံက Advanced System Care လိုပဲ ကွန်ပျူတာကို Error မျိုးစုံမှ Repair လုပ်ပေးနိုင်တဲ့ စက်ကိုမြန်စေတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ Windows နဲ့ ပါတ်သက်သမျှ အားလုံးကို Repair လုပ်ပေးနိုင်တဲ့အတွက် အားလုံးပဲ ဆောင်ထားသင့်တဲ့ ကောင်လေးပါ..။ ဒီကောင်လေးကို အသုံးပြုပြီးရင် စက်ကို Restart ချပေးလိုက်ပါ..။ ပြီးမှ မိမိတို့ ထည့်ချင်တဲ့ ဆော့ဝဲလ်တွေကို Install ထည့်သုံးပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်က 4.7 MB နဲ့ 2.5 MB စီရှိပါတယ်..။

Nero Burning ROM 12.0.00800


Nero Burning ROM 12 ကို ဖူးသုံးလို့ရအောင် Key နဲ့ Crack ဖိုင်၂ခု ကိုထည့်ပေးထားပါတယ်..။ Install စထည့်တဲ့နေရာကနေ စပြီး Key တွေ ၊ crack တွေထည့်ပြီးလို့ ဖူးသုံးလို့ ရတဲ့အထိ ပုံလေးတွေနဲ့ တဆင့်ချင်းစီ လုပ်ပြထားပါတယ်..။ Key နဲ့ crack ၂ခုက ထည့်ပေးရမယ့် နေရာတွေ မတူတဲ့အတွက် အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။ အရေးကြီးဆုံးအချက်က ဒီဆော့ဝဲလ်ကို ဘယ်သောအခါမှ Update မလုပ်ပါနဲ့..။ Key တွေ၊ crack တွေနဲ့ ဖူးဖြစ်အောင် လုပ်နေတဲ့အချိန်မှာ အင်တာနက်ကို ပိတ်ပေးထားပါ..။ နောက်တခုက အသုံးပြုပုံ CD/DVD Burn နည်းကို သူ့ရဲ့မူရင်းဆိုဒ်မှာ Video လေးတွေနဲ့ ပြပေးထားတာရှိပါတယ်..။ အရင်တုန်းက Cbox မှာ ခဏ၊ခဏမေးခဲ့ဖူးတဲ့ CD/DVD ခွေကို Password နဲ့ Lock ချပြီး အခွေကူးနည်းကိုပါ အဲ့ဒီ Video ဖိုင်လေးတွေထဲမှာ လေ့လာသင်ယူလို့ ရပါသေးတယ်..။ ဒီ Nero Burning ROM 12 နဲ့ပဲ လုပ်ပြထားတာပါ..။ လေ့ကျင့်ခန်း Video လေးတွေ ကြည့်ချင်ရင်တော့ သူ့ရဲ့မူရင်းဆိုဒ်မှာ လေ့ကျင့်ခန်း ဗွီဒီယိုများ ကြည့်ရန် နေရာကို ကလစ်ပြီး ဝင်ကြည့်နိုင်ပါတယ်..။ ဒီဆော့ဝဲလ်ကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်က 102 MB ရှိပါတယ်..။

AOMEI Partition Assistant Home Edition 5.1.1 - Dynamic Disks ဖေါ်မတ်ဖြစ်နေတဲ့ ဟတ်ဒစ်အား Data တွေနဲ့ Recovery Partition ကို မပျက်စီးစေပဲ Partition အပိုင်းတွေခွဲနည်း


31 Dec 12, 02:55 AM
aphi: ကျွန်တော်စက်မှာ window 7 ကော 8 ကောတင်မလို လုပ်တာ ပထမ အဆင့်တွေက ok တယ် hardisk ကို formet ချတောမှ ချမရဘူးဖြစ်နေတယ် ဘယ်လို ဆက်လုပ်ရမလဲ ကူညီပါအုံး အကို
31 Dec 12, 04:16 AM
aphi: dynamic disk နဲ့  basic disk ဘယ်ဟာ ပိုကောင်းလဲ အကို
(Dynamic Disks အကြောင်းကို နောက်တစ်ယောက်မေးထားတာရှိပါတယ်..။ Cbox မှာပြန်ရှာမတွေ့တော့လို့ ချန်ခဲ့ပါတယ်..)
ဒီကောင်လေးကိုရဖို့ တစ်ပါတ်နီးပါး အချိန်တွေပေးခဲ့ ရပါတယ်..။ ကျနော်စမ်းသပ်တဲ့ ဆော့ဝဲလ်တွေ အများကြီးပါ..။ တခုမှ Dynamic Disks ဖြစ်နေတဲ့ ဟတ်ဒစ်ကို Partition အပိုင်းတွေ ခွဲထုတ်မပေးနိုင်ခဲ့ပါဘူး..။ နောက်ဆုံးတော့ ဒီ AOMEI Partition Assistant Home Edition နဲ့ အဆင်ပြေသွားပါတယ်..။ လုပ်ရတာလည်း အရမ်းလွယ်ပြီး.. သူ Support လုပ်ပေးနိုင်တဲ့ ဝင်းဒိုးဗါးရှင်းတွေကတော့ Platforms: Windows 7/Vista/XP/2000 Professional, Windows 8 (Both 32 and 64 bit) ဗါးရှင်းတွေမှာ အသုံးပြုလို့ ရပါတယ်..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရသွားပါပြီ..။ ဆော့ဝဲလ်လေး သေးသလောက် အတော်လေး အသုံးတည့်ပါတယ်..။ သူလုပ်ပေးနိုင်တာတွေ အများကြီးထဲက ဒီပိုစ့်အတွက် Dynamic Disks ဖြစ်နေတဲ့ ဟတ်ဒစ်ကို Partition အပိုင်းတွေ ခွဲထုတ်ပြသွားမှာပါ..။ Dynamic Disks ကိုအပိုင်းခွဲနည်း ၃နည်းနဲ့ လုပ်ပြထားတဲ့ အတွက် ပုံတွေတော့ နည်းနည်းများပါလိမ့်မယ်..။ တစ်နည်းကို လုပ်တတ်သွားရင် ကျန်တဲ့နည်းတွေကိုပါ လုပ်တတ်သွားပါလိမ့်မယ်..။ ဒီဆော့ဝဲလ်ကို စမ်းဖို့ ကျန်ခဲ့တဲ့ တပါတ်က Windows 8 တင်ပေးလိုက်တဲ့ ကျနော့်သူငယ်ချင်းစက်မှာ ဒီလို Dynamic Disks ဖြစ်နေတဲ့အတွက် အဆင်သင့် အလွယ်တကူ စမ်းသပ်ဖို့ တခြားစက်ရှာစရာမလိုပဲ စမ်းသပ်လို့ အောင်မြင်ခဲ့ပါတယ်..။ ဒါကြောင့်ပုံလေးတွေ ရိုက်ယူပြီး Dynamic Disks နဲ့ အဆင်မပြေ ဖြစ်နေတဲ့သူများ အတွက် အဆင်ပြေစေမယ့် ဒီလုပ်နည်းလေးကို အောက်မှာပုံလေးတွေနဲ့ လိုအပ်တဲ့သူများ ဆက်ကြည့်ပေးပါ..။ အောက်ကလင့်ကနေ ဆော့ဝဲလ်ကို ဒေါင်းယူနိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 3.3 MB ရှိပါတယ်..။

Windows 7 မှ Drivers များကို Windows 8 မှာ မဝင်၊ ဝင်အောင် Driver Force ရိုက်ထည့်နည်း


30 Dec 12, 01:12 AM
thannaing: ကိုလွင်မင်းဗိုလ်ရေ အကုညီ တခုလောာက်တောင်းချင်လို့ပါ ကျွန်တော့်စက်မှာ ဝင်ဒိုး8တင်လိုက်တာ မြန်မာစာတွေလည်း ပြောင်းတိပြောင်းပြန်တွေ ပေါ်နေတယ် အင်တာနက်လည်း သုံးလို့မရေတော့ဘုး သီချင်းလည်း နာထောင်လိုမ၇တော့ဘူး driver့
30 Dec 12, 01:17 AM
thannaing: driver ခွေထည်းပြီး အင်စတောလုပ်တော့လည်း ဝင်းဒိုး၈ကို မရဘူး ဝင်းဒိုး၇ဘဲရတယ် ပြောပြီးအင်စတော လုပ်လို့မရဖြစ်နေတယ် အစ်ကို အဲဒါ ဘယ်လိုလုပ်ရလဲဆိုတာ ကျေးဇူးပြုပြီးဖြေပေးပါအုံးနော် ကျေးဇူးအထူးတင်လျှက်ပါ
30 Dec 12, 10:52 AM
လွင်မင်းဗိုလ်: မြန်မာစာတွေ ပြောင်းပြန်ဖြစ်တယ် ဆိုတာကတော့ W8မှာ မြန်မာစာဖေါင့်ပါပြီးသားမို့ Zawgyi-One ထည့်ပြီး ဖေါင့်ပြောင်းပေးမှသာ မြန်မာစာအမှန်ပေါ်မှာပါ.။ အားလုံးပဲအဆင်ပြေကြပါစေ.
ဒီနည်းလေးက Windows Vista ခေတ်က စက်တွေကို Windows 7 ပြောင်းတင်ပေးတဲ့ အခါမှာ အတော်လေး အသုံးဝင်ခဲ့တဲ့ နည်းလေးပါ..။ အခု Windows 7 တင်ထားတဲ့ စက်တွေကို Windows 8 ပြောင်းတင်တဲ့အခါမှာလည်း ဒီနည်းနဲ့ပဲ အဆင်ပြေတာ များပါတယ်..။ တချို့စက်တွေမှာတော့ မရတတ်ပါဘူး..။ Driver Backup လုပ်ထားတဲ့ ဖိုင်ပေါ်မှာ မူတည်ပြီး လိုအပ်တဲ့ Drivers ကို Force ရိုက်ထည့်တဲ့အခါ Install ဝင်တဲ့အခါ ရှိသလို encountered a problem installing စာသားမျိုးနဲ့ မရတဲ့အခါလည်း ရှိခဲ့ပါတယ်..။ အဲ့လိုမျိုး Force ရိုက်ထည့်လို့မှ မရရင်တော့ Fresh ဖြစ်တဲ့ Drivers တွေကို မူရင်းဝဘ်ဆိုဒ်တွေမှာ သွားပြန်ဒေါင်းယူပြီး Install ထည့်လိုက်ရင်တော့ ရသွားပါတယ်..။ Windows 7 ရဲ့ Drivers တွေကို Windows 8 မှာလည်း အသုံးပြုလို့ ရတာမို့.. အောက်မှာပြထားတဲ့ ပုံလေးတွေက ကျနော့်သူငယ်ချင်းစက်ကို Windows 8 Pro တင်ပေးပြီးတဲ့အခါ VGA Graphic Driver လိုနေလို့.. Windows 7 မှ Drivers Backup လုပ်ထားတဲ့ ဖိုင်ထဲကနေ ရိုးရိုး Install နဲ့ မဝင်လို့ Force ရိုက်ပြီးထည့်ထားတဲ့ ပုံလေးတွေပါ..။ အရင်စက်တလုံးမှာ တင်ပေးခဲ့တဲ့ Windows 8 Enterprise ဗါးရှင်းမှာတော့ Drivers တွေ မပျောက်ပဲ အားလုံးပုံမှန် အလုပ်လုပ်ပါတယ်..။ အခု Windows 8 Pro ဗါးရှင်းမှာတော့ VGA Graphic တခုပျောက်သွားလို့ ဒီ Force ရိုက်နည်းနဲ့ ထည့်မှ အဆင်ပြေသွားပါတယ်..။ ဒီလို Windows 7 မှ Drivers တွေ Windows 8 မှာ Install ထည့်လို့ အဆင်မပြေသေးတဲ့သူများ ဒီအောက်က ပုံလေးတွေနဲ့ စာတွေပါ သေချာလေ့လာပြီး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။
Related Posts Plugin for WordPress, Blogger...