Mobogenie 2.1.27.215 Final

 ဒီကောင်လေးက Android ဖုန်းတွေအတွက် လိုအပ်တဲ့ ဖရီးဂိမ်းတွေနဲ့ ဖရီးဆော့ဝဲလ် APK ဖိုင်တွေကို မိမိတို့ ကွန်ပျူတာကနေ အလွယ်တကူ ဒေါင်းယူပေးနိုင်တဲ့ ကောင်လေးပါ..။ မိမိတို့ စက်ထဲမှာ ဒီနောက်ဆုံး Update လေးကို Install ထည့်ပြီး အလွယ်တကူ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဖရီးဆော့ဝဲလ်လေးပါ..။ ဒီဒေါင်းလော့ဖိုင်ထဲမှာ ဒီဆော့ဝဲလ်နဲ့ အတူ ဒီကောင်လေးရဲ့ Downloader လေးကိုပါ တခါတည်း ထည့်ပေးထားလို့ နောက်ပိုင်း Update အသစ်လေးတွေကို အသုံးပြုလိုတဲ့ သူများအတွက်ပါ ဒီ Downloader လေးနဲ့ အလွယ်တကူ ဒေါင်းယူလို့ အဆင်ပြေပါတယ်..။ ဒီဆော့ဝဲလ်လေးကို နိုင်ငံခြား ဆိုဒ်တွေတိုင်းလိုလိုမှာ ကြော်ငြာတွေနဲ့ တွေ့နေရတာ ဖြစ်ပြီး.. အရင်တုန်းက ဗါးရှင်းက အသုံးပြုလို့ သိပ်အဆင်မပြေတဲ့ အတွက် တင်မပေးဖြစ်ခဲ့ပါ..။ အခုဒီဗါးရှင်းလေးမှာတော့ အတော်လေး အဆင်ပြေပြေအသုံးပြုလို့ ရလာလို့ ပြန်တင်ပေးလိုက်ပါတယ်..။ ကျနော်တို့ Android OS စမတ်ဖုန်းတွေအတွက် ဂိမ်းတွေနဲ့ တခြားဆော့ဝဲလ် APK ဖိုင်တွေကို ဒီကောင်လေးနဲ့ မိမိတို့ ကွန်ပျူတာမှာ ဒေါင်းယူပြီး သိမ်းထားလို့ ရသလို ၊ Android ဖုန်းထဲကိုပါ တခါတည်း Install ထည့်သုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။ အရင်တုန်းက APK ဖိုင်တွေ ဒေါင်းယူဖို့ ဆော့ဝဲလ်တခု တင်ပေးဖူးပါတယ်..။ အခုဒီကောင်လေးကတော့ နောက်တမျိုးပါ..။ အလွယ်တကူ သုံးတတ်အောင် အောက်မှာ ကျနော် စမ်းသုံးထားတဲ့ ပုံလေးတွေပါ ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 17 MB ရှိပါတယ်..။


(OR)

ဒီကောင်လေးကို မိမိတို့ ကွန်ပျူတာမှာ Install ထည့်ပြီးရင်တော့ အောက်ကပုံလေးအတိုင်း အသုံးပြုနိုင်ပါပြီ..။ မိမိတို့ ဒေါင်းယူလိုတဲ့ ဆော့ဝဲလ်ရဲ့ အောက်မှ Install စာသားကို တချက်ကလစ်ပြီး ဆော့ဝဲလ် APK ဖိုင်တွေနဲ့ ဂိမ်း APK တွေကို ဒေါင်းယူလို့ ရသွားပါပြီ..။ ဒေါင်းယူပြီးတဲ့ APK ဖိုင်တွေကို မိမိတို့ ဖုန်းရဲ့ SD Card ထဲ ထည့်ပြီး ဖုန်းမှာ Install ထည့်သုံးနိုင်ပါပြီ..။ VIA USB Cable ကြိုးရှိတဲ့သူများကတော့ တခါတည်း ဒီဆော့ဝဲလ်လေးက ဖုန်းမှာ ဆော့ဝဲလ်တွေကို Install ထည့်ပေးပါတယ်..။ ကွန်ပျူတာကနေ ဖုန်းကို တခြားအသုံးပြုလို့ ရတဲ့ Features တွေ ပါပါသေးတယ်..။ အဲ့ဒါတွေကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာကြည့်ပါ..။



အပေါ်ကပုံတွေ အတိုင်း ဆော့ဝဲလ် APK ဖိုင်တွေကို ဒေါင်းယူလို့၊ ဒေါင်းယူပြီးသား ဖိုင်တွေကို အောက်ဆုံးက Communications  စာသားအောက်က ဒေါင်းလော့ နေရာကို တချက်ကလစ်လိုက်ရင် အောက်ကပုံလေးအတိုင်း ထပ်ပေါ်လာမှာပဲ ဖြစ်ပါတယ်..။ အဲ့ဒီထဲကမှာ ဒေါင်းလော့ပြည့်သွားတဲ့ ဖိုင်တွေကို အောက်ကပုံအတိုင်း မျှားနီပြထားတဲ့ နေရာကနေ ကလစ်ပြီး ယူသုံးလို့ ရသွားပါပြီ..။


ဒေါင်းယူနေတုန်း ဖိုင်တွေကိုတော့ MU File ဆိုတဲ့ စာသားတွေနဲ့ ပေါ်နေအုန်းမှာ ဖြစ်ပြီး ၊ ဒေါင်းလော့ပြည့်သွားတဲ့ ဖိုင်တွေဆိုရင်တော့ APK File စာသားနဲ့ ပြောင်းပေါ်နေပါပြီ..။ 


ကျနော် ဒေါင်းယူလိုက်တဲ့ APK ဖိုင်တွေကိုတော့ အားလုံး ပြည့်သွားလို့ အောက်ဆုံးပုံအတိုင်း ပေါ်နေပါပြီ..။ ဒါဆိုရင်တော့ ဒီဖိုင်တွေကို Android ဖုန်းထဲ ထည့်သုံးလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။

1 comment:

  1. ဒေါင့်လော့ဆွဲလို့မရဘူးဖြစ်ပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...