TeamViewer 9.0.24951 Final

တစ်ကမ္ဘာလုံးမှာ ရှိတဲ့ သူငယ်ချင်းတွေရဲ့ ကွန်ပျူတာကို မိမိတို့ရဲ့ ကွန်ပျူတာကနေ အင်တာနက် Connection ကို အသုံးပြုပြီး လှမ်းကြည့်ပြီး ပြုပြင်ပေးလို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ ဒီနောက်ဆုံးထွက် ဖရီးဗါးရှင်းလေးက သိပ်မကြာခင်ကမှ Update ထွက်ထားတာလေးပါ..။ အရင်ကလည်း ဒီကောင်လေးရဲ့ ဗါးရှင်းမျိုးစုံကို တင်ပေးဖူးပါတယ်..။ အသုံးပြုတတ်အောင်ပါ အသုံးပြုနည်း ပိုစ့်တွေကို ဒီလင့်တွေကနေ ပြန်ဝင်ကြည့်နိုင်ပါတယ်..။ TeamViewer 8 Beta and TeamViewer 7 Portable နဲ့ TeamViewer Enterprise 7.0.14563 ပိုစ့်တွေမှာ အသုံးပြုတတ်အောင် ပြည့်စုံအောင် လုပ်ပြပေးထားပါတယ်..။ ဒီနောက်ဆုံး Update လေးကိုတော့ Install ထည့်တဲ့ နေရာမှာ ရွေးပြီး ထည့်တတ်အောင်ပဲ ဒီပိုစ့်မှာ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အောက်ကပုံလေးတွေ အတိုင်း Install ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ကောင်းကောင်း အသုံးပြုလို့ ရသွားပါပြီ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။



(OR)


ဒီကောင်လေးကို Install ထည့်တဲ့ အခါမှာတော့ အောက်ကပုံလေးအတိုင်း ရွေးပေးပြီး ထည့်ပေးလိုက်ရင် ရပါပြီ..။



အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ နေရာကတော့ မိမိစက်ကို ဝင်ကြည့်ပေးမယ့်လူကို ပေးရမယ့် ID နဲ့ Password ပဲ ဖြစ်ပါတယ်..။ အပြာဝိုင်းပြထားတဲ့ နေရာကတော့ မိမိက သူများစက်ကို ဝင်ကြည့်ပေးဖို့ ရိုက်ထည့်ရမယ့် သူများစက်ရဲ့ ID ပဲဖြစ်ပါတယ်..။ အသေးစိတ် အသုံးပြုတတ်အောင် အရင်ပိုစ့်တွေမှာပဲ ဆက်လက် လေ့လာကြည့်ပေးပါ..။ အသုံးပြုနည်း အတူတူပါပဲ..။ 

အားလုံးပဲ ဒီနေ့တော့ ဖရီးဆော့ဝဲလ်တွေနဲ့ အဆင်ပြေကြပါစေဗျာ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...