Nero Burning ROM 2014 15.0.03900 Final

Nero Burning ROM 2014 နောက်ဆုံး Update လေးပါ..။ CD/DVD အခွေ Burn တဲ့ ဆော့ဝဲလ်တွေထဲမှာတော့ နာမည်ကြီး ဆော့ဝဲလ်တခုဖြစ်ပြီး ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေး ၃-ခု ထည့်ပေးပြီး ကီးတွေထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို ဖူးဖြစ်အောင် လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပြီး crack ဒေါင်းလော့ဖိုင်ထဲမှာ Note လေးနဲ့ပါ အရင်ကအတိုင်း ဖူးဖြစ်အောင် လုပ်နည်း ရေးပြီး ထည့်ပေးထားပါတယ်..။
Nero ဆော့ဝဲလ်ဖြင့် အခွေကူးနည်း ၊ Password နဲ့ ပိတ်နည်းစတဲ့ လေ့ကျင့်ခန်း Video တွေကို Nero မူရင်းဆိုဒ် ဒီလင့်မှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်မှာ ဖြစ်ပြီး.. Nero 8 ဖြင့် CD/DVD ထုတ်လုပ်နည်း စာအုပ်ကိုလည်း ဒီ Nero Burning ROM 14 နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်..။ DVD တစ်ချပ်ထဲမှာ ရုပ်ရှင်ကားတွေ အများကြီး ထည့်နည်းပါ ပါတဲ့ အဲ့ဒီစာအုပ်လေးကို မယူရသေးတဲ့သူများကတော့ ဒီမှာကလစ်ပြီး သွားပြန်ယူနိုင်ပါတယ်..။ ဒီနာမည်ကြီး အခွေကူးတဲ့ Nero Burning ROM ဆော့ဝဲလ်ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့  79 MB ရှိပါတယ်..။ ဆော့ဝဲလ်ရော crack ပါ ဒါင်းယူရမှာ ဖြစ်ပါတယ်..။


ကြိုက်ရာလင့်ကနေ ဒေါင်းယူပါ
   Nero Burning ROM 2014      Nero Burning ROM 2014  
Adfly (79 MB)Adfocus (79 MB)
Crack and Key (5 MB)Crack and Key (5 MB)

အရင် Nero ဗါးရှင်းတွေ ရှိနေရင်တော့ Uninstall နဲ့ ထုတ်ပစ်ပြီး စက်ကို Restart ပေးပြီးမှ ဒီဆော့ဝဲလ်ကို Install ထည့်ပါ..။ Install ထည့်ပြီးတဲ့ အခါမှာ လုံးဝ Update မလုပ်ပါနဲ့..။ အောက်ကပုံလေးအတိုင်း အမှန်ခြစ် ဖြုတ်ပြီးမှ Finish ပေးလိုက်ပါ..။



Notepad နဲ့ ရေးပေးလိုက်တဲ့ လုပ်နည်းအတိုင်း အပေါ်ပုံ အဆင့် ၂-နေရာက အတိုင်း AdvrCntr6.dll ဆိုတဲ့ crack လေးကို အရင်ဆုံး C: ထဲက Nero ဆော့ဝဲလ်ရဲ့ ဖိုင်လေးထဲမှာ အောက်ကပုံလေးအတိုင်း သွားထည့်ပေးလိုက်ပါ..။ အပြာရောင်မျှားနေရာကတော့ C: ထဲက လမ်းကြောင်းကို ကြည့်တတ်အောင် ပြပေးလိုက်တာပါ..။ copy ယူလာတဲ့ crack ဖိုင်လေးကို အောက်ကပုံလေးအတိုင်း ထည့်ပေးလိုက်ပါ..။



ဒုတိယ crack ဖိုင်လေးကို အောက်ကပုံလေးတွေ အတိုင်း စာရေးပေးထားတဲ့အတိုင်း ဆက်ထည့်ပေးလိုက်ပါ..။




တတိယ crack ဖိုင်လေးကိုတော့ အောက်ကပုံလေးအတိုင်း ၂-ချက်တောက်ပြီး Run ပေးလိုက်ပါ..။





crack ၃-ခု ထည့်ပေးပြီးရင်တော့ နောက်ဆုံးအဆင့်မှာ အောက်ဆုံးပုံလေးတွေ အတိုင်း ကီးတွေကို ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။


Windows 8 နဲ့ လုပ်ပြထားတာ ဖြစ်လို့ ကီးဘုတ်မှ Windows Logo ကီးကို တချက်ကလစ်ပြီး အောက်ကပုံလေးအတိုင်း Nero ControlCenter ကို ဖွင့်ပါ..။ Windows 7 မှာဆိုရင်တော့ Start >> All Programs >> Nero ဖိုဒါထဲမှာ သွားယူဖွင့်ပါ..။



အပေါ်နဲ့ အောက်ကပုံလေးအတိုင် ကီးတွေကို ထည့်ပေးလိုက်ပါ..။



အပေါ်ပုံအတိုင်း ပိတ်ပစ်လိုက်ပြီး အောက်ကပုံလေးအတိုင်း Demo ကီးကို Right Click >> Remove နဲ့ ဖျက်ပစ်ပြီး မျှားအပြာပြထားတဲ့ Never ကီး တခုပဲ ထားပါတယ်..။



ပြီးရင်တော့ ဘောက်စ်တွေ အားလုံးကို အပေါ်ပုံအတိုင်း အဆင့်ဆင့် ပိတ်ပစ်လိုက်ပါ..။ Desktop ပေါ်က Nero ပုံလေးကို ၂-ချက်တောက်ပြီး ဖွင့်လိုက်ရင်တော့ အောက်ကပုံအတိုင်း Update မလုပ်အောင် Ignore နဲ့ ကျော်သွားလိုက်ပါ..။ လုံးဝ Update မလုပ်ပါနဲ့..။


မိမိတို့ အခွေကူးမယ့် CD or DVD ကို အောက်ကပုံလေးမှာ ရွေးယူရမှာ ဖြစ်ပါတယ်..။


ဒါဆိုရင်တော့ ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အားလုံးပဲ လေ့လာရင်း အဆင်ပြေကြပါစေ..။

4 comments:

  1. လိုအပ်တာအကုန်လုံးယူသွားပါတယ်အစ်ကိုရေ အခုလိုပဲအမြဲအောင်မြင်နိုင်ပါစေနော် ကျနော်လဲ အစ်ကိုဆိုက်ကို နေ့ တိုင်းလိုလာဖြစ်ပါတယ် တော်တော်လဲစုံတယ်လေ နောက်တစ်ခုလောက်တောင်ဆိုပါရစေအစ်ကို
    photoshop cs3 နဲ့  လူတစ်ယောက်ရဲ့ မျက်နှာ ကိုစိတ်တိုင်ကျပြင်လို့ ရတဲ့ နည်းလေးတင်ပေးပါလား နောက်ပြီ
    window xp iso ဖိုင်တွေ ညီဒေါင်ယူသွားတယ် အိပ်ရောက်တော့ password ထညိ့လိုက်တော့ ဖိုင်ကပြေသွားပါတယ် ဒါပေမယ့် အထဲမှာဘာမှ ပါမလာဘူး အဲ့တာလေးသိချင်လို့ ပါအစ်ကိုရေ ကျေးဇူးနော်

    ReplyDelete
  2. အကိုလွင်မင်းဗိုလ် ခင်ဗျာ
    ကျွန်တော် Crack and key (5MB)ကို ဘယ်လိုမှ ဒါင်းမရဘူး
    ကျွန်တော်ကို ဒေါင်းနည်းလေးနည်းနည်းပြောပြပါဦးလားဗျာ...။

    ReplyDelete
  3. Adfocus (79MB) ကိုတော့ ကျွန်တော်ဒေါင်းသွားပါတယ်ခင်ဗျာ
    အရမ်းလည်း ဝမ်းသာမိပါတယ် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
    ဒီထက်မက အစစ အရာရာ အဆင်ပြေအောင်မြင်ပါစေဗျာ...။

    ReplyDelete
  4. ကျေးဇူးပါ နောင်တော် ဒေါင်းသွားပါပြီ အသိပညာတွေ ဒီအထက်တိုးတက်ပါစေဗျာ...

    ReplyDelete

Related Posts Plugin for WordPress, Blogger...