Microsoft Malicious Software Removal Tool 5.8 Final

ဟတ်ကာရန်က ကင်းဝေးရလေအောင် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟိုးအရင်တုန်းက ဒီကောင်လေးကို တင်ပေးခဲ့ဖူးပါတယ်..။ အခု ဒီဗါးရှင်းလေးကတော့ နောက်ဆုံးထွက် ဗါးရှင်းလေးဖြစ်ပြီး အသုံးပြုလိုတဲ့ သူများကတော့ မူရင်း Microsoft ဝဘ်ဆိုဒ်မှာ သွားရောက် ဒေါင်းယူရမှာဖြစ်ပါတယ်..။ ဘာလို့လဲဆိုတော့ မိမိတို့အသုံးပြုနေတဲ့ ဝင်းဒိုးကို ဗါးရှင်းအလိုက် Microsoft က စစ်ပေးပြီးမှ ဆော့ဝဲလ်ကို ချပေးမှာဖြစ်လို့.. ကျနော် ပြန်တင်ပေးမယ့် ဆော့ဝဲလ်နဲ့ အများစုက အဆင်မပြေနိုင်ပါဘူး..။ ဒါကြောင့် မူရင်းဆိုဒ်မှ ဒါရိုက် ဒေါင်းယူလို့ ရအောင် Microsoft ဝဘ်ဆိုဒ်ကိုပဲ ပြန်ညွှန်းပေးထားပါတယ်..။ မိမိတို့စက်ထဲမှာ ဆော့ဝဲလ်တွေနဲ့ အတူ ပါလာတတ်တဲ့ ဟတ်ကာတို့ရဲ့ Malicious ခေါ် Spy ဆော့ဝဲလ်တွေကို ဒီတူးလေးက ရှာဖွေးရှင်းလင်းပေးနိုင်ပါတယ်..။ အသုံးပြုရတာ လွယ်ကူပြီး အောက်မှာလည်း ကျနော် ပြန်စမ်းသုံးထားတဲ့ ပုံလေးတွေ အပြင် မူရင်းဆိုဒ်မှ ဆော့ဝဲလ်ကို ဒေါင်းယူတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ မူရင်းဆိုဒ်မှာ သွားရောက်ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 24 MB ရှိပါတယ်..။


အပေါ်ကလင့်ကနေ သွားရောက်ပြီး ဆော့ဝဲလ်ကို ဒေါင်းယူတဲ့အခါ အောက်ကပုံလေးတွေ အတိုင်း ဒေါင်းယူလို့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။


မိမိတို့ အသုံးပြုနေတဲ့ ဝင်းဒိုးဗါးရှင်းကို မျှားအပြာရောင် ပြထားတဲ့ ပုံလေးအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ ဒါဆိုရင်တော့ Download စာသားကို ကလစ်ပြီး ဒေါင်းယူယုံပါပဲ..။ 



ဒေါင်းလော့ယူလိုက်တဲ့ ဆော့ဝဲလ်ကို Install ထည့်တဲ့ အခါမှာတော့ Full Scan နဲ့ စစ်သင့်ပါတယ်..။ Quick Scan ဆိုရင်တော့ C: တပိုင်းထဲကိုပဲ စစ်ပေးမှာ ဖြစ်ပါတယ်..။


အောက်ကပုံကတော့ Quick Scan နဲ့ အရင်စစ်လိုက်တာပဲ ဖြစ်ပါတယ်..။ ကျနော် ဝင်းဒိုးအသစ် တင်ထားတာ ဖြစ်လို့ Spy ဆော့ဝဲလ်တွေ တခုမှ ရှာမတွေ့သေးပါဘူး..။ ဒါကြောင့် ကျနော်က Full Scan နဲ့ ထပ်စစ်လိုက်ပါတယ်..။



Quick Scan နဲ့မှာ မိနစ်ပိုင်းလေးတင်ပဲ ကြာတာဖြစ်လို့ Full Scan မှာတော့ ကျနော့်စက်ထဲ တခြား အပိုင်းတွေမှာ ဆော့ဝဲလ်တွေ များတဲ့အတွက် ၅-နာရီ ကြာတာတောင်မှ မပြီးသေးပါဘူး..။ ရှာတွေ့သမျှကိုတော့ Files Infected 21 လိုပြပေးနေပါလိမ့်မယ်..။ အားလုံးစစ်ပြီးသွားရင်တော့ ရှာတွေ့ထားတဲ့ Spy-ware တွေကို အလိုလို ဖျက်ပစ်ပေးမှာပဲ ဖြစ်ပါတယ်..။


 အပေါ်ကပုံအတိုင်း Spy-ware ဖိုင်တွေကို ဖျက်ပစ်ပြီးသွားရင်တော့ အပေါ်ကပုံအတိုင်း Finish ပေးလိုက်လို့ ရသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ် လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...