Glary Utilities 4.4.0.86 Final


ဒီနောက်ဆုံးထွက် Update လေးကို ဖရီးအသုံးပြုလို့ ရအောင် ထုတ်ဝေပေးထားတာ ဖြစ်ပြီး key, crack, keygen, patch တွေ ထည့်ရတာ စိတ်မပါတဲ့သူများအတွက် ဒီလို ဖရီးဆော့ဝဲလ်တွေက အလွယ်တကူ Install ထည့်ပြီး အသုံးပြုယုံပါပဲ..။ ကျနော့်သူငယ်ချင်းတွေထဲမှာလည်း ဒီလို Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ရတဲ့ ဆော့ဝဲလ်တွေကိုမှ ကြိုက်တဲ့သူများရှိတဲ့အတွက် ဒီနေ့တော့ ဖရီးဆော့ဝဲလ်တွေပဲ ရွေးပြီး တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးမှာ အရင်က Pro ဗါးရှင်းတွေပဲ ထွက်တတ်တာဖြစ်ပြီး ဒီလို ဖရီးဗါးရှင်းမှာတော့ သူ့ရဲ့ Features တွေ အကုန်ယူသုံးလို့ မရအောင် ချုပ်ထားတာဖြစ်တဲ့အတွက် ကျနော်တို့က ဖရီးတွေရဲ့ အသုံးပြုလို့ ရတဲ့ နေရာကနေပဲ ဒီကောင်လေးကို အသုံးပြုရမှာ ဖြစ်ပါတယ်..။ ဒါကြောင့် ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြန်ပြပေးလိုက်ပါတယ်..။ 
လေးနေ ဟမ်းနေတဲ့ စက်တွေကို အမှိုက်တွေ ရှင်းလင်းပေးပြီး ပြန်လည် သွက်လက် မြန်ဆန်လာအောင် လုပ်ပေးနိုင်တဲ့ ဒီဆော့ဝဲလ်ကို အသုံးပြုပြီးတဲ့ အခါတိုင်း စက်ကို Restart ပေးပြီးမှ ဆက်လက် အသုံးပြုရမှာပါ..။ ဒီဆော့ဝဲလ်ကို အသုံးမပြုခင် Restore Point တွေနဲ့ မိမိတို့ ကွန်ပျူတာကို Recover လုပ်ထားသင့်ပါတယ်..။ မိုဇီလာလို Browser တွေကို ဖွင့်ထား၊ အသုံးပြုထားရင်တော့ အရင်ဆုံး ပိတ်ပစ်လိုက်ပါ..။ ပြီးမှ ဒီကောင်လေးကို အသုံးပြုပေးပါ..။ ဒီနောက်ဆုံးထွက် ဖရီးဗါးရှင်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..။
 
(OR)



Install ထည့်ပြီး အသုံးပြုတဲ့ အခါမှာတော့ အောက်ကပုံလေးတွေအတိုင်း ကလစ်ပြီး ပိတ်ပစ်လိုက်ပါ..။



ပြီးရင်တော့ အောက်ကပုံလေးအတိုင်း 1-Click Maintenance နေရာကနေ အမှန်ခြစ် အားလုံးပေးပြီး Scan ကို ကလစ်ပြီး အသုံးပြုနိုင်ပါတယ်..။ ဖရီးဗါးရှင်းကိုပဲ အသုံးပြုမှာ ဖြစ်လို့ မျှားအပြာရောင် နေရာကအတိုင်း Free လို့ပဲ ပေါ်နေမှာ ဖြစ်ပါတယ်..။ ဘာပဲဖြစ်ဖြစ် ဖရီးတွေထဲမှာလည်း ကောင်းတာတွေ အများကြီးမို့ အသုံးပြုသင့်ပါတယ်..။



အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် Repair နေရာကို နှိပ်ပေးပြီး ဆက်လုပ်ပေးလိုက်ပါ..။


မိုဇီလာလို Browser တွေ မပိတ်ရသေးရင်တော့ အောက်ကပုံအတိုင်း Yes ပေးပြီး ပိတ်ပစ်လိုက်ပါ..။ ဆက်လက် အလုပ်လုပ်ပေးပါလိမ့်မယ်..။


အောက်ကပုံအတိုင်း အစိမ်းရောင် စားသားလေးတွေ ပေါ်လာရင်တော့ မျှားပြထားတဲ့ နေရာကနေ ပိတ်ပစ်ပြီး စက်ကို Restart ပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ အရင်ကထက် ပိုမို သွက်လက် မြန်ဆန်ပြီး အသုံးပြုလို့ ကောင်းနေတာကို လက်တွေ့မြင်ရပါပြီ..။

အားလုံးပဲ အဆင်ပြေကြပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...